အခန်း (၉)- ပင်လယ်ဘုရင်
မိမိ၏ အစွမ်းအစ တိုးတက်လာသည်ကို မြင်တွေ့ရသည့်အခါ လေယင်း သည် အနာဂတ်အတွက် ပိုမို၍ မျှော်လင့်ချက် ရှိလာရသည်၊၊ စနစ်၏ ပြောပြချက်အရ သူ၏ နင်ဂျာအဆင့်သည် ချူးနင် - အလယ်အလတ်နင်ဂျာ) အဆင့်သို့ ရောက်ရှိသွားပါက သူသည် ကက္ကေးဂန်ကိုင် - သွေးဆက်ခံအသက် အစွမ်း) ကို နှိုက်ယူနိုင်မည်ဖြစ်ပြီး၊ ဆေ့ခ်ျမုဒ် ကို လေ့ကျင့်ရန်နှင့် နိုးထစေရန်အတွက် ဆေ့ခ်ျနယ်မြေ သို့ သွားရောက်နိုင်မည် ဖြစ်သည်၊၊ သူ၏ သွေးဆက်ခံအသက်သည်မည်သည့်အရာ ဖြစ်လာပါမည်နည်း၊၊
ကာဂူယာမျိုးနွယ်စုဝင် ကီမီမာရို၏ အရိုးစုပညာအတတ် ဖြစ်လာမလား၊၊ သို့မဟုတ် ဟီယူဂါမျိုးနွယ်စု၏ ဗျာကုဂန်ဖြစ်မလား၊၊ သို့မဟုတ် ရန်မာရု ဖြစ်မလား၊၊ သို့မဟုတ် အုချီဟ မျိုးနွယ်စု၏ ရှာရင်းဂန်း ဖြစ်မလား...၊၊ ၎င်းအပြင် သူ၏ ဆေ့ခ်ျမုဒ်ကို လေ့ကျင့်ရမည့် နေရာသည်ကော ဘယ်နေရာ ဖြစ်ပါမည်နည်း၊၊ မြိုဘိုကု တောင်တန်း ဖြစ်မလား၊၊ သို့မဟုတ် ရှိကောဆု တောအုပ် ဖြစ်မလား၊၊ သို့မဟုတ် ရူချီ ဂူဖြစ်မလား...၊၊
ယခုအချိန်တွင် မည်သည့်အရာကိုမျှ မသိရှိနိုင်သေးချေ၊၊ သို့သော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဤအရာများကို တွေးတောမိရုံမျှနှင့်ပင် လေယင်း၏ သွေးများ ဆူဝေလာရသည်၊၊ သို့သော် ယခုအချိန်တွင် သူသည် ရာဆင်းဂန်းကိုပင် ကျွမ်းကျင်စွာ မတတ်မြောက်သေးကြောင်း ပြန်လည်သတိရသွားသည်၊၊ သွေးဆက်ခံအသက်သို့မဟုတ် ဆေ့ခ်ျမုဒ် ဆိုသည်မှာ သူနှင့် အလွန်တရာ အလှမ်းဝေးကွာနေသေးသည်။ ဤသို့ တွေးလိုက်မိခြင်းက လေယင်းကို စိတ်ကူးယဉ်အိမ်မက်ထဲမှ လက်တွေ့လောကဆီသို့ ဆွဲခေါ်လာခဲ့သည်၊၊ အရင်ဆုံး သေသေချာချာ လေ့ကျင့်ကျင့်ကြံခြင်းကသာ အကောင်းဆုံး ဖြစ်သည်၊၊
လေယင်းသည် ရေတိမ်ပိုင်း ပင်လယ်ပြင်ဆီသို့ တစ်ဖန်ပြန်၍ လျှောက်လှမ်းသွားပြီး ချက်ကရာများကို ခြေဖဝါးတွင် စုစည်းကာ မတွန့်ဆုတ်ဘဲ လှမ်းနင်းလိုက်သည်... ရလဒ်ကမူ... အောင်မြင်သွားခဲ့သည်၊၊
လွန်ခဲ့သော နှစ်ရက်က ချက်ကရာ ထိန်းချုပ်မှု လေ့ကျင့်ခန်းများမှ ရရှိခဲ့သော အတွေ့အကြုံများနှင့် အမြီးနှစ်ချောင်း ဓားသွားစွယ်ခြင်္သေ့အသားကို စားသုံးခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆဲလ်များ လှုံ့ဆော်သက်ဝင်မှုတို့ကြောင့် ယခုအခါ လေယင်း၏ ခြေဖဝါးနှစ်ဖက်သည် ပင်လယ်ရေပြင်ထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေနိုင်ပြီ ဖြစ်သည်၊၊
လေယင်းသည် ပင်လယ်ရေပြင်ပေါ်တွင် သတိကြီးစွာဖြင့် လျှောက်လှမ်းကြည့်သည်၊၊ သေးငယ်သော ရေလှိုင်းဂယက်လေးများ ထွက်ပေါ်လာခြင်းမှလွဲ၍ မြေပြင်ပေါ်တွင် လမ်းလျှောက်ရသည်နှင့် ဘာမှမထူးခြားကြောင်း သူ သိလိုက်ရသည်၊၊ လေယင်းသည် အလွန်ဝမ်းမြောက်သွားသဖြင့် ပင်လယ်ပြင်ထဲသို့ မိုင်အနည်းငယ်မျှအထိ ပြေးထွက်သွားတော့သည်၊၊ သူသည် ကုန်းမြေပေါ်သို့ တည်ငြိမ်စွာဖြင့် ပြန်လည်ရောက်ရှိလာသည့်အခါ သူ၏ ချက်ကရာကို အတိုင်းအတာတစ်ခုအထိ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်၊၊
ပင်လယ်ပြင်ထက်တွင် လွတ်လပ်စွာ လမ်းလျှောက်နိုင်ခြင်းဆိုသည်မှာ ဤကမ္ဘာရှိ မိစ္ဆာအသီးစွမ်းရည်ရှင် အများစုအတွက်မူ ဘယ်သောအခါမှ မရရှိနိုင်မည့် အိပ်မက်တစ်ခုသာ ဖြစ်သည်၊၊ လေယင်းအနေဖြင့် ဤအရာကို လုပ်ဆောင်နိုင်ခြင်းကပင် သူသည် ဤကမ္ဘာတွင် ဂုဏ်ယူဝင့်ကြွားနိုင်မည့် အရည်အချင်း ရှိနေပြီဖြစ်ကြောင်း ပြသနေသည်၊၊
ရေတပ်ဌာနချုပ် ၊ သန့်ရှင်းသောမြေ မာရီဂျွိုင်း၊ ဂရန်းလိန်း၊ ကမ္ဘာသစ်... စစ်သေနာပတိ ၃ဦး ၊ ဧကရာဇ်လေးဦး ၊ ငါးဦးသော သက်ကြီးဝါကြီးများ၊ ခုနစ်ဦးသော ပင်လယ်စစ်ဘုရင် .
ဤကမ္ဘာကြီးရယ်... ငါ လာနေပြီ... ရွက်လွှင့်ကြစို့၊၊
ပင်လယ်ပြင်တွင် သုံးရက်တိုင်တိုင် ရွက်လွှင့်ပြီးနောက် လေယင်းသည် အဝေးဆီတွင် ကျွန်းသုံးကျွန်းကို လှမ်းမြင်လိုက်ရသည်၊၊ ရေတပ်ဖြစ်စေ၊ ပင်လယ်ဓားပြဖြစ်စေ သင်္ဘောပေါ်ရှိ လူတိုင်းသည် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိသည့်အခါ ခေတ္တမျှ အနားယူလေ့ ရှိကြသည်၊၊ ဤသည်မှာ သူတို့၏သင်္ဘောပေါ်တွင် တဖြည်းဖြည်း ရှားပါးလာနေပြီဖြစ်သော စားနပ်ရိက္ခာများနှင့် သောက်သုံးရေများကို ပြန်လည်ဖြည့်တင်းရန်အတွက် ဖြစ်သည်၊၊ သူသည်လည်း ဤကျွန်းပေါ်တွင် ခေတ္တမျှ အနားယူသင့်သည်၊၊
သူ ဤသို့ တွေးလိုက်မိစဉ်မှာပင် ရုတ်တရက် လေယင်း၏ သင်္ဘောရှေ့ ပင်လယ်ပြင်တွင် အချင်း ရှစ်မီတာခန့်ရှိသော ရေဝဲကြီးတစ်ခု ပေါ်လာသည်၊၊ ယင်းနောက်တွင် ထိုရေဝဲကြီးထဲမှ ပင်လယ်သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာတော့သည်၊၊ ၎င်းတွင် အဖြူအမည်း ကွက်များရှိသော ခန္ဓာကိုယ်နှင့်အတူ ကြီးမားလှသော ဖွတ်ခေါင်းကြီး ပါရှိသည်၊၊ ၎င်း၏ ပါးစပ်ထဲတွင် ညီညာထက်မြက်သော သွားများရှိပြီး ကျောပေါ်တွင်မူ ဆူးတောင်အစီအရီ ထွက်နေသည်၊၊ ၎င်း၏ ခန္ဓာကိုယ်အရှည်မှာ ၁၂ မီတာ၊ ၁၃ မီတာခန့် ရှိသည်၊၊
လေယင်း၏ ဝမ်းပိ့စ် ဗဟုသုတအရ ဆိုရလျှင် ဤသည်မှာ ပင်လယ်သတ္တဝါဆိုးမျှသာ ဖြစ်သင့်သော်လည်း၊ ၎င်း၏ အရွယ်အစားကို ကြည့်ရသည်မှာ ပင်လယ်ဘုရင်ဖြစ်ဟန်တူသည်၊၊ အကယ်၍ ၎င်းသာ အရွယ်ရောက်ပြီးသား အကောင်ကြီးဖြစ်ပါက ယခုထက် အဆပေါင်းများစွာ ပိုမိုကြီးမားမည်ဖြစ်ပြီး လေယင်း၏သင်္ဘောကို မှောက်လှန်ပစ်နိုင်လောက်သည်၊၊ ပင်လယ်ဘုရင်များသည် ကမ်းမဲ့ပင်လယ်ပြင်ရ ထဲတွင်သာ ရှိရမည် မဟုတ်ပါလော၊၊ ဤနေရာသို့ ဘယ်လိုလုပ် ရောက်လာရသနည်း၊၊
ပင်လယ်ဘုရင်များ၏ အသိုက်အမြုံ အများစုသည် ဂရန်းလန်းကို ဝန်းရံထားသော ကမ်းမဲ့ပင်လယ်ပြင်ထဲတွင် တည်ရှိကြသည်၊၊ သို့သော်လည်း အခြားပင်လယ်ပြင်များတွင်လည်း အချို့ရှိတတ်ကြပြီး အရေအတွက်အားဖြင့်မူ အလွန်နည်းပါးလှသည်၊၊ စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား - ကောင်းကင်တွင် မမျှော်လင့်သော ရာသီဥတု ရှိတတ်ပြီး၊ လူတို့တွင်လည်း မမျှော်လင့်သော ကံဆိုးမှုများ ရှိတတ်သည်ဟူ၍...၊၊
တစ်ပတ်မပြည့်ခင် အချိန်အတွင်းမှာပင် လေယင်းထံသို့ ကောင်းသောကျိန်စာနှင့် ဆိုးသောကျိန်စာ နှစ်မျိုးလုံး ဆိုက်ရောက်ခဲ့ရသည်၊၊ ပထမတစ်ခုမှာ နာမည်မဲ့ကျွန်းပျက်ပေါ်တွင် ခြင်္သေ့သားကို စားမိပြီး ခန္ဓာကိုယ်ဆဲလ်များ နိုးထလာခြင်း ဖြစ်သည်၊၊ ယခုမူ အရှေ့သမုဒ္ဒရာ၏ ငြိမ်းချမ်းသော ရေပြင်ထက်တွင် ပင်လယ်ဘုရင်နှင့် လာရောက်တိုးနေခြင်း ဖြစ်သည်၊၊ ဤကဲ့သို့သော အခွင့်အလမ်းမျိုးဆိုလျှင် ထီပေါက်သကဲ့သို့ပင် ဖြစ်သည်၊၊
လေယင်း၏ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေစဉ်မှာပင် ဤသတ္တဝါကြီးသည် သွေးညှီနံ့နံနေသော ပါးစပ်ကြီးကို ပြူးပြဲဟလျက် သူ့ဆီသို့ တိုးဝင်လာတော့သည်၊၊ ထိုသတ္တဝါကြီး၏ ပါးစပ်ကြီး ပွင့်လာသည်ကို မြင်လိုက်ရသည့်အခါ သူသည် သင်္ဘောပဲ့ပိုင်းဆီသို့ ဆုတ်ခွာလိုက်သည်၊၊ ထို့နောက် ထိုသတ္တဝါကြီးသည် သင်္ဘောဦးပိုင်းအပါအဝင် သင်္ဘောကိုယ်ထည်၏ တစ်ဝက်ခန့်ကို ကိုက်ခဲဖျက်ဆီးပစ်လိုက်ရာ လေယင်း၏သင်္ဘောမှာ နှစ်ပိုင်း ပြတ်တောက်သွားတော့သည်၊၊
ဤပင်လယ်ဘုရင်၏ စွမ်းအားသည် မျှော်လင့်ထားသလောက် မပြင်းထန်လှချေ၊၊ သို့သော်လည်း ၎င်း၏ ကြီးမားလှသော အရွယ်အစားမှာမူ သာမန်လူတစ်ဦးအတွက် ရင်ဆိုင်ရန် အလွန်ပင် ခက်ခဲလှသည်၊၊ ဤသည်ကား ကျားတစ်ကောင်ကို မြင်လိုက်ရသည့်အခါ သာမန်လူတစ်ယောက်က ကြောက်ရွံ့တုန်လှုပ်သွားတတ်ပြီး၊ တကယ့်စွမ်းအားရှင်များကမူ ရယ်မောကျော်ဖြတ်သွားနိုင်ခြင်းနှင့် အလားသဏ္ဌာန် တူလှသည်၊၊ သို့ဖြစ်၍ ပထမဆုံးအကြိမ် ပင်လယ်ဘုရင်နှင့် တိုးမိသည့်အခါ လေယင်းသည် ၎င်းကို အရေးတယူ လုံးဝမလုပ်ခဲ့ချေ၊၊ ဤသတ္တဝါကြီးက သူ၏သင်္ဘောကို ပါးစပ်နှင့် ကိုက်ခဲလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိခြင်း ဖြစ်သည်၊၊
"နွားကန်းကြီးရယ်... မင်း ငါ့သင်္ဘောကို ဒီလိုဖြစ်အောင် လုပ်ရဲတယ်ပေါ့၊၊"
ဒေါသအဟုန်ကြောင့် လေယင်း၏ ခန္ဓာကိုယ်မှ လျှပ်စီးဓာတ်များမှာ ကြောက်မက်ဖွယ် ဖြာထွက်လာတော့သည်...
"လျှပ်စီးဓာတ် - ချီဒိုရီ နာဂါရှီ၊၊"
လျှပ်စီးများသည် လေယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ဆီသို့ မညှာမတာဘဲ ရိုက်ခတ်ပစ်လိုက်သည်၊၊ ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်သည် လေယင်းနှင့် ထိမိလိုက်သည်နှင့် တပြိုင်နက် ဆတ်ခနဲ တုန်ခါသွားတော့သည်၊၊ ၎င်းအပြင် ၎င်းပတ်ပတ်လည်ရှိ ပင်လယ်ရေများသည်လည်း ခေတ္တမျှအတွင်းမှာပင် မည်းတူးသွားရသည်၊၊ ပြင်းထန်လှသော လျှပ်စီးတိုက်ကွက်အောက်တွင် ကျွမ်းမြှိုက်သွားသော ပင်လယ်ဘုရင်ကြီးသည် ပင်လယ်အောက်ခြေသို့ တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်၊၊
လေယင်း၏ အခြေအနေမှာမူ သိပ်ပြီးမကောင်းလှချေ၊၊ ပင်လယ်ရေပြင်ပေါ်တွင် ပေါ်နေသော သင်္ဘောကိုယ်ထည်၏ ကျန်ရှိသော တစ်ဝက်မှာလည်း တဖြည်းဖြည်း ချာခနဲ နစ်မြုပ်နေပြီဖြစ်ရာ ပင်လယ်ထဲသို့ သေချာပေါက် ရောက်ရှိသွားတော့မည် ဖြစ်သည်၊၊ သို့သော်လည်း လေယင်း၏ ခြေဖဝါးနှစ်ဖက်မှာမူ ပင်လယ်ရေပြင်ထက်တွင် ခိုင်မာစွာ ရပ်တန့်နေနိုင်သည်၊၊ သူ၏ လေ့ကျင့်မှုများမှာ အလဟဿ မဖြစ်ခဲ့ချေ၊၊ သင်္ဘောမရှိတော့သဖြင့် လေယင်းသည် ပင်လယ်ရေပြင်ထက်တွင် ရပ်လျက် ကျွန်းရှိရာ လားရာဆီသို့ ဦးတည်ကာ ပြေးထွက်သွားတော့သည်၊၊
မိုင်အနည်းငယ်မျှ ပြေးပြီးနောက်တွင်မူ သူသည် ခုနကသင်္ဘောပေါ်မှ လှမ်းမြင်ခဲ့ရသော ကျွန်းသုံးကျွန်းအနက် တစ်ကျွန်းသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်၊၊
ကျွန်းပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် လေယင်းသည် ပတ်ဝန်းကျင်တွင် ဆုကြေးငွေထုတ်ထားသော ပင်လယ်ဓားပြများ ရှိ၊ မရှိ စုံစမ်းမေးမြန်းတော့သည်၊၊ ယခုအခါ လေယင်းကို ဆုကြေးငွေရှာသူ တစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်၊၊ သူ၏ လက်ရှိအခြေအနေတွင် စွမ်းအားများ တိုးတက်လာစေရန် ငွေအမြောက်အမြား လိုအပ်နေသည် မဟုတ်ပါလော၊၊ သို့ဖြစ်ရာ လေယင်း၏ ဤကဲ့သို့သော လုပ်ဆောင်ချက်မှာ ပတ်ဝန်းကျင်ရှိလူများအတွက်မူ - ရူးသွပ်ခြင်း - ဟု သတ်မှတ်ခြင်း ခံလိုက်ရသည်၊၊
အသိဉာဏ်ရှိသော မည်သည့်လူကများ ပင်လယ်ဓားပြများ၏ ဆုကြေးငွေအကြောင်း လိုက်လံစုံစမ်းပါမည်နည်း၊၊ လူတို့သည် သူတို့နှင့် ဝေးဝေးနေနိုင်ရန်ပင် ပုန်းအောင်းနေကြရသည် မဟုတ်ပါလား၊၊ သူသည် ဦးနှောက်မကောင်းဘဲ အလုပ်မရှိ အလုပ်ရှာနေသည်နှင့် တူလှသည်၊၊ မည်သည့်ကမ္ဘာတွင်မဆို သာမန်အရပ်သားများကသာ လူဦးရေအများစု ဖြစ်ကြသည်၊၊ ကာတွန်းထဲတွင် မြင်တွေ့ရသကဲ့သို့ လူစွမ်းကောင်းများအကြား တိုက်ခိုက်ကြသည့် ဇာတ်ကွက်များ ရှိနိုင်သော်လည်း၊ ၎င်းတို့မှာ လူနည်းစုသာ ဖြစ်ကြသည်၊၊ သို့မဟုတ်ပါက ဆုကြေးငွေ ဘီလီသန်းဂဏန်းမျှသာ ရှိသော မောက်မာသူအချို့ သို့မဟုတ် စွမ်းအားအနည်းငယ်ရှိသူများက မိမိတို့ကိုယ်မိမိ "သန်မာသောလူသားများ" ဟု ဝင့်ကြွားနေကြမည် မဟုတ်ချေ၊၊
ဤကမ္ဘာတွင် ပင်လယ်ဓားပြအများစုသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ကြသည်ဟု လူသိများကြသည်၊၊ လူဖီ (Luffy) တို့ကဲ့သို့သော ပင်လယ်ဓားပြများကိုမူ တိကျသော အဓိပ္ပာယ်သတ်မှတ်ချက် ပေးရမည်ဆိုလျှင် စွန့်စားသူများဟုသာ ခေါ်ဆိုသင့်သည်၊၊ သို့ဖြစ်၍ လူတို့သည် ပင်လယ်ဓားပြများအကြောင်း ပြောဆိုသည့်အခါ အရှက်ရသိမ်ငယ်ခြင်းများနှင့်အတူ ကြောက်ရွံ့လွန်းသဖြင့် ထုတ်ပင်မပြောရဲကြချေ၊၊ သို့သော်လည်း လေယင်းကမူ ဆုကြေးငွေ အမြောက်အမြားရှိသော ပင်လယ်ဓားပြများကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်၊၊ သာမန်လူများ၏ မျက်စိတွင်မူ ဤသည်မှာ ရူးသွပ်နေခြင်း မဟုတ်ပါလော၊၊
အထူးသဖြင့် သူသည် မိန်းကလေးငယ်တစ်ဦးကို မေးမြန်းလိုက်သည့်အခါ ထိုမိန်းကလေးသည် သူ့ကို မျက်မှောင်ကုတ်ကြည့်ရင်း၊ သူမ၏ သေးငယ်သော ခါးလေးကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ပြောလိုက်သည်၊၊
"မင်းက ဘယ်က ရောက်လာတာလဲ၊၊ ကိုယ့်အစွမ်းကိုယ်လည်း မကြည့်ဘဲနဲ့ ဒီကိုလာပြီး ပင်လယ်ဓားပြတွေအကြောင်း လာမေးနေရတယ်လို့၊၊"
ထိုမိန်းကလေးငယ်၏ အသံမှာ ကြည်လင်ပြတ်သားပြီး နားထောင်လို့ ကောင်းလှသော်လည်း၊ သူမ ပြောလိုက်သော စကားလုံးများမှာမူ စူးရှခါးသီးလှသည်၊၊ ဤသည်ကို ကြားရသည့်အခါ လေယင်းသည် မတတ်နိုင်သည့်အဆုံး ခေါင်းကို ရမ်းလိုက်ပြီး ထိုမိန်းကလေးကို ဂရုမစိုက်ဘဲ ကျော်သွားခဲ့သည်၊၊
သို့သော်လည်း လေယင်းသည် အရှက်မရှိဘဲ ပတ်ဝန်းကျင်သို့ ဆက်လက်စုံစမ်းမေးမြန်းခဲ့ရာ သူ၏ ကြိုးစားမှုသည် အရာထင်ခဲ့သည်၊၊ ဤပတ်ဝန်းကျင်တွင် စုစုပေါင်း ဆုကြေးငွေ ဘီလီ ၁၅ သန်းခန့်အထိ ရှိသော ပင်လယ်ဓားပြများ ရှိနေကြောင်း သူ သိရှိလိုက်ရတော့သည်၊၊