အခန်း (၅)- အဆင့်- A နင်ဂျူစု
လေယင်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အလယ်တည့်တည့်ရှိ ကတ်ပြားဆီသို့ လက်လှမ်းလိုက်သည်၊၊ သူ၏ရင်ထဲတွင် စကားလုံးဖြင့် ဖော်ပြရန်မစွမ်းသာသည့် စိတ်လှုပ်ရှားမှုမျိုးကို ခံစားနေရသည်၊၊ အလယ်ရှိ ကတ်ပြားသည် တဖြည်းဖြည်း ချာခနဲ လှန်သွားပြီး ၎င်းအပေါ် တွင် စာလုံးအသေးလေးများဖြင့် ရေးသားထားသော စာကြောင်းတစ်ကြောင်းပေါ်လာသည်၊၊
* လျှပ်စီးဓာတ် - ချီဒိုရီ နာဂါရှီ (အဆင့် - A): ဤအတတ်သည် ခန္ဓာကိုယ်အနှံ့ လျှပ်စီးများ ထုတ်လွှတ်ပေးသည့် "ချီဒိုရီ" နင်ဂျုစုကို အခြေခံထားခြင်း ဖြစ်သည်၊၊
စနစ်: "ဂုဏ်ယူပါသည်၊ သင်သည် အဆင့် - A နင်ဂျုစုဖြစ်သော [လျှပ်စီးဓာတ် - ချီဒိုရီ နာဂါရှီ] ကို ရရှိသွားပါပြီ၊၊"
အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် လေယင်းသည် မိမိ၏ ကိုယ်ရေးအချက်အလက်များကို ကြည့်လိုက်သည်၊၊ "နင်ဂျုစု" ကော်လံတွင် "ချီဒိုရီ နာဂါရှီ" ဟု ပေါ်လာပြီး "ချက်ကရာပမာဏ" ကော်လံတွင် မူလက ၀/၀ ရှိရာမှ ၁၀၀/၁၀၀ သို့ ပြောင်းလဲသွားသည်၊၊ ထို့ပြင် "နင်ဂျာအဆင့်" ကော်လံတွင်လည်း "အကယ်ဒမီကျောင်းသား" မှ "ဂီနင် (အခြေခံ)" အဆင့်သို့ ပြောင်းလဲသွားသည်၊၊ လေယင်းသည် ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်... ဤသည်ကား ချက်ကရာ စီးဆင်းမှုပင် ဖြစ်သည်၊၊
လေယင်းသည် စိတ်လှုပ်ရှားစွာဖြင့် စနစ်ကို မေးလိုက်သည်၊၊
"ငါ့ရဲ့ချက်ကရာက ဘာလို့ '၁၀၀/၁၀၀' ဖြစ်နေရတာလဲ၊၊"
စနစ်က "သင်သည် ပထမဆုံးအကြိမ် ကတ်နှိုက်ခြင်းဖြစ်သောကြောင့် သင်ပထမဆုံးသင်ယူသည့် နင်ဂျုစုအပေါ် မူတည်၍ စနစ်က ချက်ကရာပမာဏကို သတ်မှတ်ပေးခြင်း ဖြစ်ပါသည်၊၊ [ချီဒိုရီ နာဂါရှီ] တစ်ကြိမ်ထုတ်လွှတ်ရန် လိုအပ်သော ချက်ကရာပမာဏမှာ ၈၀ ဖြစ်ပြီး စနစ်က သင့်အား အပိုဆောင်းကာ ၁၀၀ အထိ သတ်မှတ်ပေးထားခြင်း ဖြစ်ပါသည်" ဟု ဆိုသည်၊၊
ထို့နောက် လေယင်းက "ဒါဆိုရင် ငါပထမဆုံးနှိုက်လိုက်တဲ့ နင်ဂျုစုကို သုံးဖို့ ချက်ကရာ ၉,၈၀၀ လိုတယ်ဆိုရင် စနစ်က ငါ့ကို ပထမဆုံးအကြိမ်အနေနဲ့ ချက်ကရာ ပမာဏ ၁၀,၀၀၀ ပေးမှာလား" ဟု ထပ်မံမေးမြန်းသည်၊၊
စနစ်က "မှန်ပါသည်၊ ထိုအတိုင်းပင် ဖြစ်ပါသည်" ဟု ပြန်လည်ဖြေကြားသည်၊၊
ချက်ချင်းဆိုသလိုပင် လေယင်း၏ စုစမ်းလိုစိတ်က ကြွတက်လာသည်၊၊
"ဒါဆို ကျန်တဲ့ကတ်နှစ်ချပ်က ဘာနင်ဂျုစုတွေလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား၊၊"
လူ့သဘာဝအရ ရွေးချယ်မှုတစ်ခု လုပ်ပြီးသွားသည့်အခါ မိမိရွေးချယ်ခဲ့သည့် လမ်းကြောင်းက မှန်၊ မမှန်၊ ဝမ်းမြောက်ရမလား၊ နောင်တရရမလားဆိုသည်ကို ပြန်လည်ကြည့်ရှုလိုတတ်ကြသည်၊၊
စနစ်က "အင်း... ကြည့်လို့တော့ ရပါတယ်၊ ဒါပေမဲ့ မင်း တကယ်ပဲ ကြည့်ချင်လို့လား" ဟု ဆိုသည်၊၊
လေယင်းက "ကြည့်ချင်တာပေါ့" ဟု ပြောလိုက်ရာ စနစ်က "ကြည့်ပြီးမှ ငိုမနေနဲ့ဦးလေ" ဟု ဆိုသည်၊၊
လေယင်းက "မင်းကလည်း လေရှည်လိုက်တာ၊ အခုချက်ချင်း ပြစမ်းပါ" ဟု ပြောလိုက်သည်၊၊
ကြမ်းပြင်ပေါ်တွင် ရှိနေသော ရွှေရောင်အလင်း မှိန်ဖျော့သွားသည့် ကျန်ရှိသော ကတ်ပြားနှစ်ချပ်သည် တစ်ဖန်ပြန်၍ တောက်ပလာသည်၊၊ ဘယ်ဘက်ရှိ ကတ်ပြားက ဆတ်ခနဲ အရင်ဆုံး လှန်သွားသည်၊၊
* လေဓာတ် - ရာဆင်ရှုရီကန် (အဆင့် - S): ဇာတ်လိုက်ဖြစ်သူ ဥဇုမာကီ နာရူတို ပထမဆုံး သင်ယူခဲ့သော အဆင့် - S နင်ဂျုစု ဖြစ်သည်၊၊
မူရင်းဇာတ်လမ်းထဲတွင် နာရူတိုသည် သူ၏စွမ်းအား ငါးဆယ်ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြု၍ ကာကူဇု (Kakuzu) ၏ နှလုံးသားနှစ်ခုစလုံးကို ဖျက်ဆီးကာ မလှုပ်ရှားနိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်၊၊
အကယ်၍ ပထမကတ်ပြားကို ဖတ်ပြီးနောက်တွင် နောင်တအနည်းငယ် ရမိသည်ဆိုပါက၊ ဒုတိယကတ်ပြားကမူ လေယင်းကို အိမ်သာထဲဝင်၍ တန်းငိုရလောက်အောင်ပင် ဖြစ်စေသည်၊၊
"ညာဘက်က ကတ်ကကော ဘာလဲ၊၊"
လေယင်း စကားပြောအဆုံးတွင် ညာဘက်ရှိ ကတ်ပြားသည်လည်း ဖြည်းညှင်းစွာ လှန်သွားသည်...
* ဆင့်ခေါ်ခြင်းအတတ် - အနန္တဘဝ ပြန်လည်ဝင်စားခြင်း (အဆင့် - S တားမြစ်ချက်အတတ်!): ဆင်ဂျု ဟာရှီရာမ (Hashirama Senju) ကို တိုက်ရိုက်ဆင့်ခေါ်၍ သင့်အတွက် တိုက်ခိုက်ခိုင်းနိုင်သည်၊၊
၎င်းကို မြင်ပြီးနောက်တွင် လေယင်းတစ်ယောက် မြစ်ထဲသာ ခုန်ချသေချာချင်စိတ် ပေါက်သွားရသည်၊၊
နာရူတိုနှင့် ရင်းနှီးသော လေယင်းအနေဖြင့် ဆင်ဂျု ဟာရှီရာမက မည်သူဖြစ်သည်ကို ကောင်းစွာသိသည်၊၊ သူသည် အုချီဟာ မာဒါရာ ကို အနိုင်ယူခဲ့သည့် ယောက်ျားတစ်ယောက် ဖြစ်သည်၊၊ ဆင်ဂျု ဟာရှီရာမ၏ သစ်သားဓာတ် - သစ်သားလူသားအတတ် သည် အစွမ်းအပြည့်ရှိသော ဆူဆာနူး ၏ စွမ်းအားနှင့်ပင် ယှဉ်နိုင်သည်၊၊
အကယ်၍ သူသာ ဤအတတ်ကို သင်ယူခွင့်ရခဲ့ပါက ဘတ်ဂီ ကဲ့သို့ လူကောင်သေးသေးလေးသာမက ဧကရာဇ်လေးဦးကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် ဖြစ်သည်၊၊
ကတ်နှိုက်စဉ်က လေယင်း၏လက်ကို ညာဘက်သို့ သုံးစင်တီမီတာမျှသာ တိုးလိုက်ပါက ယခုအချိန်တွင် သူသည် ဝမ်းပိ့စ် ကမ္ဘာကို စိုးမိုးထားနိုင်လောက်ပြီ ဖြစ်သည်၊၊
သို့သော်လည်း အများကြီး တွေးနေ၍ အပိုသာ ဖြစ်သည်၊၊ အဆုံးသတ်တွင် သူ နှိုက်မိခဲ့သည်က အဆင့် - A ရှိသော လျှပ်စီးဓာတ် - ချီဒိုရီ နာဂါရှီ သာ ဖြစ်သည်၊၊ အခြားကတ်များကို မကြည့်ခဲ့ရပါက နောင်တရရုံသာ ရှိမည်ဖြစ်သော်လည်း၊ ယခုကဲ့သို့ သိရှိသွားသည့်အခါ နောင်တက ပို၍ပင် ကြီးမားသွားရသည်၊၊
ဤအတတ်နှစ်ခုကို ကြည့်ပြီးနောက် လေယင်းက မခံချင်စိတ်ဖြင့် ပြောလိုက်သည်၊၊
"တောက်... မင်း တမင်သက်သက် လုပ်တာ မဟုတ်လား၊၊"
စနစ်က "မင်း ကံမကောင်းတာလေ၊ ငါ့ကို ဘာလို့ လာအပြစ်တင်နေတာလဲ" ဟု ဆိုသည်၊၊
"..."
လေယင်းသည် စစချင်း ကတ်နှိုက်သည့်အချိန်က စနစ်က ဤကတ်ကိုသာ ရအောင် တမင်သက်သက် လုပ်ထားခြင်း ဖြစ်မလားဟု တွေးတောနေမိသည်၊၊ ထို့ပြင် နောက်ပိုင်းတွင် သူသိရှိလိုက်ရသည့် အရာတစ်ခုက သူ၏အတွေးကို ပို၍ ခိုင်မာသွားစေသည်၊၊
ပထမဆုံးအကြိမ် နင်ဂျုစု ကတ်နှိုက်ခြင်းသည် အခမဲ့ ဖြစ်သည်၊၊
စနစ်က သူ့ကို ဘီလီတစ်သန်း ပေးရမည်ဟုဆိုကာ တမင်သက်သက် စနောက်ခဲ့ခြင်း ဖြစ်သည်၊၊
မည်သို့ပင်ဖြစ်စေ၊ အသစ်ရရှိထားသော နင်ဂျုစုကို စမ်းသပ်ကြည့်ရမည် ဖြစ်သည်၊၊
"လျှပ်စီးဓာတ် - ချီဒိုရီ နာဂါရှီ၊၊"
ထိုသို့ ပြောလိုက်သည်နှင့် လေယင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချက်ကရာများ ပြင်းထန်စွာ ဆူဝေလာသည်ကို ခံစားလိုက်ရသည်၊၊ ထို့နောက် သူ၏ခန္ဓာကိုယ်မှ လျှပ်စီးများ ဖြာထွက်လာပြီး မှောင်မည်းနေသော သင်္ဘောခန်းကို တစ်ဖန်ပြန်၍ လင်းထိန်သွားစေသည်၊၊
အကယ်၍ ယခုအချိန်တွင် လေယင်းကို တစ်စုံတစ်ယောက်က မြင်တွေ့သွားပါက ခန္ဓာကိုယ်အနှံ့ မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံနေသော မိုးကြိုးနတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေလိမ့်မည်၊၊
လေယင်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ကွက်ကွက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်၊၊ ဤနည်းဖြင့် သူသည် ဤကမ္ဘာကို တိုက်ခိုက်ချေမှုန်းနိုင်မည့် အရင်းအနှီးစွမ်းအားကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်၊၊ သူသည်လည်း ပိုမိုသန်မာလာတော့မည် ဖြစ်သည်၊၊
မျှော်လင့်ထားသည့်အတိုင်းပင် ဤကွက်ကွက်ကို စမ်းသပ်ပြီးနောက် ချက်ကရာပမာဏသည် ၂၀/၁၀၀ သို့ ပြောင်းလဲသွားသည်၊၊ [လျှပ်စီးဓာတ် - ချီဒိုရီ နာဂါရှီ] ကို တစ်ကြိမ် တိုက်ခိုက်ရန် ကုန်ကျသော ချက်ကရာမှာ ၈၀ ဖြစ်သည်၊၊ ထို့ကြောင့် လေယင်းသည် သူ၏ခန္ဓာကိုယ်စွမ်းအင် အများစုကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ရသကဲ့သို့ ဖြစ်သွားပြီး၊ နေ့ခင်းဘက်က ပင်ပန်းမှုများနှင့်ပါ ပေါင်းစပ်ကာ ပြင်းထန်သော မောပန်းနွမ်းနယ်မှုက တိုးဝင်လာသည်၊၊ သန်းခေါင်ကျော်၍ မိုးလင်းတော့မည့် အချိန်ဖြစ်သဖြင့် လေယင်းသည် ကြမ်းပြင်ပေါ်တွင် လှဲချလိုက်ကာ အိပ်ပျော်သွားလေသည်...
လေယင်း တစ်ဖန်ပြန်လည်နိုးထလာချိန်တွင် မွန်းတည့်ခွဲနေပြီ ဖြစ်သည်၊၊ သူသည် ကြမ်းပြင်မှ ထထိုင်လိုက်ပြီး သူ၏ချက်ကရာပမာဏကို ကြည့်လိုက်ရာ ၁၀၀/၁၀၀ သို့ ပြောင်းလဲသွားပြီး အပြည့်ပြန်ဖြစ်နေသည်ကို တွေ့ရသည်၊၊ ဤစွမ်းအားကို ရရှိထားပြီဖြစ်သဖြင့် သူသည် ဤနေရာမှ ဖောက်ထွက်သွားရန် ရည်ရွယ်ထားပြီး မည်သူ့နောက်မှ အချုပ်အနှောင် ခံတော့မည် မဟုတ်ပေ၊၊
ပတ်ဝန်းကျင် မှောင်မည်းနေသဖြင့် လေယင်းသည် သင်္ဘောတံခါးဆီသို့ စမ်းတဝါးဝါးဖြင့် လျှောက်လှမ်းသွားသည်၊၊ ထို့နောက် သူသည် သူ၏လက်သီးထဲတွင် ချက်ကရာပမာဏ အနည်းငယ်ကို စုစည်းလိုက်ပြီး သင်္ဘောတံခါးဆီသို့ လွှဲကာ ထိုးချလိုက်သည်၊၊
အောက်ထပ်အခန်း၏ တံခါးသည် မူလကတည်းက အလွန်ခိုင်ခံ့လှသည် မဟုတ်ပေ၊၊ လေယင်း၏ လက်သီးချက်သည် ချက်ကရာစွမ်းအင်ကြောင့် ပြိုင်ဘက်ကင်းနေပြီး တံခါးကို လက်သီးတစ်ချက်တည်းဖြင့် ဝုန်းခနဲ ပွင့်
ထွက်သွားစေသည်၊၊
လေယင်းသည် ကုန်းပတ်ပေါ်သို့ တဖြည်းဖြည်း လျှောက်လှမ်းလာခဲ့သည်၊၊ အမှောင်ထဲမှ ချက်ချင်းထွက်လာခြင်းဖြစ်သဖြင့် နေရောင်ခြည်သည် အလွန်ပင် စူးရှနေသည်ဟု ခံစားရပြီး သူ၏လက်ကို နဖူးပေါ်သို့ မိုးလိုက်
သည်၊၊ ထိုအချိန်တွင် သင်္ဘောသည် ကျွန်းတစ်ကျွန်းသို့ ဆိုက်ရောက်နေပြီး ကမ်းစပ်တွင် ကျောက်ချရပ်နားထားသည်ကို သတိပြုမိလိုက်သည်၊၊
သူ မြင်တွေ့ရသရွေ့တွင် လောင်ကျွမ်းပျက်စီးနေသော အိမ်များနှင့်အတူ အလောင်းချင်း ထပ်နေသည့် ပင်လယ်ပြင်ကြီး ဖြစ်နေသည်၊၊ ကျွန်းပေါ်တွင် ပင်လယ်ဓားပြများ၏ သွေးဆာနေသော အော်ဟစ်သံများကို ကြားနေရသည်၊၊
လေယင်းသည် သူ၏မျက်ခုံးများကို မချိတင်ကတ် တွန့်ချိုးလိုက်မိသည်၊၊ 'ဒါက... အဲဒီနေရာများလား...'
လွန်ခဲ့သော ခြောက်နာရီခန့်က မိုးသောက်အလင်းပျိုးစအချိန်တွင် ဘတ်ဂီ၏သင်္ဘောသည် အော်ရိန်းဂျ်မြို့ သို့ ဆိုက်ရောက်ခဲ့သည်၊၊ မြို့သူမြို့သားများသည် ပင်လယ်ဓားပြအလံကို မြင်လိုက်ရရုံဖြင့် ထိတ်လန့်တုန်လှုပ်သွားကြသည်၊၊ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်အတွင်း သူတို့သည် ပင်လယ်ဓားပြများ၏ ကျူးကျော်မှုကို တစ်ကြိမ်မျှမခံရဖူးဘဲ သက်တောင့်သက်သာနှင့် စည်ပင်ဝပြောစွာ နေထိုင်ခဲ့ကြသူများ ဖြစ်သည်၊၊ မြို့သူမြို့သားများသည် ပင်လယ်ဓားပြများ၏ တည်ရှိမှုကို သတိမထားမိကြဟုပင် ပြောနိုင်သည်၊၊
သို့သော်လည်း ယခုကဲ့သို့ ရိုင်းစိုင်းကြမ်းကြုတ်သော ပင်လယ်ဓားပြများ အစုလိုက်အပြုံလိုက် ရောက်ရှိလာသည့်အခါ နေထိုင်သူအများအပြားသည် မကြောက်ရွံ့ဘဲ မနေနိုင်တော့ပေ၊၊ မြို့သူမြို့သားများအတွက်မူ တလူလူလွင့်ပျံနေသော ပင်လယ်ဓားပြအလံသည် သူတို့၏ ပျက်စီးခြင်းကို ကြေညာနေသကဲ့သို့ ဖြစ်နေသည်၊၊ အလံပေါ်ရှိ လူပြက်ခေါင်းသည် ဝဲပျံနေသော မိစ္ဆာတစ်ကောင်ကဲ့သို့ပင်...
မြို့တွင် ရှိသမျှလူထဲမှ သတ္တိအရှိဆုံး လူနှစ်ဦးမှာ မြို့တော်ဝန် ဘူဒီ နှင့် အိမ်မွေးတိရစ္ဆာန်အစာဆိုင်ပိုင်ရှင် ဟော့ကာ တို့ဖြစ်ပြီး၊ သူတို့သည် လူထုကို ချက်ချင်း စုစည်းကာ ခုခံရန် တိုက်တွန်းကြသည်၊၊ သို့သော်လည်း လူအချို့မှာမူ ကြောက်လန့်တကြား ထွက်ပြေးပုန်းအောင်းကုန်ကြပြီး၊ အချို့ကမူ ကျူးကျော်
သူများကို မောင်းထုတ်ရန် ဆုံးဖြတ်လိုက်ကြသည်၊၊
ဘတ်ဂီသည် သင်္ဘောဦးတွင် ရပ်နေသည်၊၊ သူ၏လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ပိုက်ထားပြီး ညာဘက်ခြေထောက်ကို သင်္ဘောလက်ရန်းပေါ်သို့ နင်းထားလျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်၊၊
"ဒီလောက် အားနည်းပြီး စည်းကမ်းမရှိတဲ့ လူအုပ်စုကများ... ငါ့လို သခင်ကြီးကို တော်လှန်ဖို့ သတ္တိရှိလှချည်လား၊၊"
ပင်လယ်ဓားပြများသည် သင်္ဘောပေါ်ရှိ အမြောက်ငါးလက်ကို သင်္ဘောဦးဆီသို့ တွန်းထုတ်ထားပြီး ဖြစ်သည်၊၊ မှောင်မည်းပြီး အေးစက်လှသော အမြောက်ပြောင်းဝများသည် မြို့သူမြို့သားများရှိရာဆီသို့ ဦးတည်ချိန်ရွယ်လျက် ရှိနေတော့သည်...