အခန်း (၄၅) : ရင်းနှီးကျွမ်းဝင်သူများ
ဒါက….ကြည့်ရသလောက်ဆိုရင်တော့ သူမပဲ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ဝတ်ဆင်ထားတဲ့ ယူနီဖောင်းကို ကြည့်ရသလောက်ဆိုရင်တော့ ဂီယွန်ဟာ အဲဒီအချိန်မှာ နောက်တန်းဗိုလ်ချုပ် အဆင့်မှာပဲ ရှိနေသေးတယ်။
"မင်းတို့ရဲ့ အတန်းဖော်တွေ ဒီမှာ အများကြီးရှိတာမို့လို့ ငါ့ကိုယ်ငါ အရင် မိတ်ဆက်ပေးပါ့မယ်။ ငါ့နာမည်က ဂီယွန်ပါ၊ မင်းတို့ရဲ့ ဒုတိယအကြီးဆုံး နည်းပြ ဖြစ်ပါတယ်။ မင်းတို့ရဲ့ အဓိကနည်းပြကြီးကတော့ နာမည်ကြီးတဲ့ ဇက်ဖာပဲ။ သူက နေ့စဉ် လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်ရှုပ်နေတတ်တာမို့လို့ မင်းတို့ရဲ့ လေ့ကျင့်ရေးတွေနဲ့ တခြားနေ့စဉ် လှုပ်ရှားမှုတွေကိုတော့ ငါကပဲ တာဝန်ယူပေးသွားမှာ ဖြစ်တယ်"
ဇက်ဖာကို [အနက်ရောင်လက်မောင်း] လို့ လူသိများကြပါတယ်။ သူက ရေတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး ရေတပ်သင်တန်းကျောင်းရဲ့ အဓိကနည်းပြကြီးအဖြစ် တာဝန်ယူထားသူပါ။ ရေတပ်ရဲ့ ထိပ်တန်းအရာရှိကြီးတွေနဲ့ ဗိုလ်ချုပ်တော်တော်များများဟာ သူ့ရဲ့ တပည့်တွေချည်းပါပဲ။
'မထင်မှတ်ထားဘဲ သူက ငါ့ရဲ့ အဓိကနည်းပြ ဖြစ်နေတာပဲ' လို့ လေယင်းက စိတ်ထဲကနေ တွေးလိုက်မိတယ်။
ဂီယွန်က "လေယင်း၊ တန်းစီပြီး မနက်ခင်း လေ့ကျင့်ခန်း စလုပ်တော့" ဟု အမိန့်ပေးသည်။
"ဟုတ်ကဲ့"
ဒီရေတပ်ဌာနချုပ်က လော့ဂ်တောင်းလိုမျိုး အသေးစားနေရာမဟုတ်ဘူးလေ။ ဒီမှာက ထိပ်တန်း အရည်အချင်းရှိသူတွေ အများကြီးရှိတာမို့လို့ လေယင်းတစ်ယောက် ပေါ့ပေါ့ဆဆ မနေရဲခဲ့ဘူး။ လေယင်း တန်းစီလိုက်တဲ့အချိန်မှာ မိန်းကလေးတစ်ယောက်က လွတ်နေတဲ့နေရာဘေးမှာ ရပ်နေတယ်။ နောက်ထပ် လှပတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူမရဲ့ မျက်ဝန်းတွေက မိန်းမဆန်ပြီး နှုတ်ခမ်းတွေကလည်း နီရဲနေတယ်။ ပန်းရောင်ဆံပင်ပိုင်ရှင် ဖြစ်ပြီး သူမရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်အလှက ရေတပ်ဝတ်စုံကို ပိုပြီး ထူးခြားသွားစေတယ်။ သူမက အနာဂတ် ရေတပ်ဗိုလ်မှူးတစ်ဦး ဖြစ်လာမယ့်သူ၊ နောက်တော့လည်း နောက်တန်းဗိုလ်ချုပ်အထိ ရာထူးတိုးသွားမယ့်သူပါ။ အခုတော့ သူမက ရေတပ်သင်တန်းကျောင်းမှာ ဗိုလ်မှူးလောင်း ဖြစ်နေတယ်။
သူမက [အနက်ရောင်လှောင်အိမ်] ဟီနာ မဟုတ်လား။ အဘိုးကြီး ပြောသလိုပဲ၊ ဒီမိန်းကလေးလည်း ရေတပ်သင်တန်းကျောင်းမှာ ရှိနေတာပဲ။ လူကိုယ်တိုင် မြင်မှပဲ သူမရဲ့ အလှက လူတွေပြောတာထက်တောင် ပိုပြီး ဆွဲဆောင်မှုရှိနေမှန်း သိလိုက်ရတယ်။
လေယင်း တွေးတောနေတုန်းမှာပဲ ဟီနာက လွတ်နေတဲ့နေရာမှာ ဝင်ရပ်လိုက်တယ်။ ပြီးတော့ လေယင်းကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်တယ်။ သူမက တပ်ကြပ်ကြီး အဆင့်လောက်ပဲ ရှိတဲ့ လေယင်းကို အထင်သေးနေတာလေ။ သူမနဲ့ အတူ မရပ်ဖို့တောင် လေယင်းကို ပြောလိုက်သေးတယ်။ လေယင်းလည်း ခေါင်းကိုသာ အားမလိုအားမရနဲ့ ခါယမ်းလိုက်တယ်။ သူမက တော်တော်လေး အေးစက်တာပဲ။ ထားလိုက်ပါတော့၊ မိန်းကလေးတစ်ယောက်နဲ့ ရန်ဖြစ်နေဖို့ မလိုပါဘူး။
"ဒီကို လာခဲ့ပါ။ ဒီမှာ နေရာလွတ်ရှိတယ်" လို့ နူးညံ့တဲ့ အသံလေး ထွက်ပေါ်လာတယ်။ လေယင်း ကြည့်လိုက်တော့ နောက်ထပ် မိန်းကလေးတစ်ယောက် ဖြစ်နေပြန်တယ်။ နောက်ထပ် လှပတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ သူမက လှိုင်းတွန့် ပင်လယ်ပြာရောင် ဆံပင်ရှည်တွေကို ပိုင်ဆိုင်ထားပြီး တောက်ပတဲ့ မျက်ဝန်းကြီးတွေ ရှိတယ်။ သူမရဲ့ ခန္ဓာကိုယ်အလှက ဟီနာနဲ့တောင် ယှဉ်လို့ရတယ်။ သူမက အစ်မတစ်ယောက်လို ဖြစ်ပေမဲ့ စရိုက်ကတော့ ကလေးလေးတစ်ယောက်လိုပဲ။ လက်ရှိမှာတော့ ရေတပ်သင်တန်းကျောင်းမှာ အရာခံဗိုလ်လောင်း ဖြစ်နေတယ်။
သူမက အငြိမ်းစား ဗိုလ်ချုပ် ဇက်ဖာရဲ့ အယုံကြည်ရဆုံး တပည့် အိန်း မဟုတ်လား။ လေယင်းက သူမကို ကြည့်ပြီး "ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။ သူလည်း သူမဘေးမှာ သွားရပ်လိုက်တော့ အိန်းက လေယင်းကို ချိုသာစွာ ပြုံးပြတယ်။
......
မနက်ခင်း လေ့ကျင့်ခန်းပြီးတဲ့အခါ လေယင်းနဲ့ ဗယ်ရီဂုဒ် တို့ဟာ ဂီယွန်ရဲ့ အမိန့်အတိုင်း ကွင်းပြင်မှာ အဝိုင်း ၃၀ ပြေးရတယ်။ ဗယ်ရီဂုဒ်မှာ မှိုပုံစံလို ဖောင်းပွနေတဲ့ ဆံပင်၊ မျက်ဝန်းအိမ် နက်နက်နဲ့ မကောင်းဆိုးဝါးလို အပြုံးမျိုး ရှိတယ်။ လေယင်းက သူဟာ [ဘီရီဘီရီ နိုမီ] ဆိုတဲ့ စွမ်းအားရှင် တစ်ဦးဆိုတာကို မှတ်မိနေတယ်။ နောက်နှစ်အနည်းငယ် ကြာတဲ့အခါ သူက ရေတပ်ဗိုလ်မှူး ဖြစ်လာဦးမှာပါ။ အစတုန်းကတော့ နှစ်ယောက်သား ခွဲပြေးနေကြပေမဲ့ နောက်ပိုင်း ဗယ်ရီဂုဒ်က လေယင်းဘေးကို ရောက်လာတယ်။ ပြေးရင်းနဲ့ပဲ လေယင်းကို မကောင်းတဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး "ဟေ့ကောင်၊ ခေါင်းသစ်ကလေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ" လို့ မေးတယ်။
"လေယင်းလေ"
"အေးပါကွာ၊ ဝိုင် ပဲ လေယင်းဘဲဖြစ်ဖြစ်ပေါ့။ ငါပြောချင်တာက ဒီနေ့ မင်းကြောင့် ငါပါ အပြစ်ပေးခံရတယ်။ ပြီးတော့ ဟိုမှာရှိတဲ့ ငါတို့ရဲ့ ပန်းပွင့်လေး အိန်းကို မင်း မျက်လုံးချင်း စကားပြောနေတာကို ငါ မြင်လိုက်တယ်။ အဲ့ဒါက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်"
လေယင်းက အထင်သေးစွာ ပြုံးလိုက်တယ်၊ "ဩော်... မင်းက အိန်းကို စိတ်ဝင်စားနေတာကိုး"
"အပိုတွေ ပြောမနေနဲ့။ ငါပြောမယ်၊ သူမက အရာခံဗိုလ်လောင်း ဖြစ်သလို နည်းပြ ဇက်ဖာရဲ့ အယုံကြည်ရဆုံး တပည့်ပဲ။ ပြီးတော့ သူမက အရမ်းလှတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဦး၊ မင်းက တပ်ကြပ်ကြီးလောက်ပဲ ရှိတာပါ။ သူမနဲ့ ယှဉ်လိုက်ရင် မင်းက မြေကြီးထဲက ထွက်လာတဲ့ ကြက်သွန်မြိတ်လေးလိုပါပဲ" ဗယ်ရီဂုဒ်က စိတ်ထိခိုက်စရာ စကားတွေ ပြောနေတယ်။
လေယင်းလည်း ဒေါသထွက်ပြီး ဗယ်ရီဂုဒ်ကို လက်သီးနဲ့ ထိုးလိုက်တယ်။ ဗယ်ရီဂုဒ်ကတော့ [ဘီရီဘီရီ နိုမီ] စွမ်းအားနဲ့ ခန္ဓာကိုယ်ကို ဖြန့်ကျဲလိုက်ပြီး လေယင်းရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်တယ်။ လေယင်းက နင်ဂျာပညာရပ်ကို သုံးဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ဗယ်ရီဂုဒ်က ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး "ဟေ့ကောင်၊ အပိုတွေ ပြောမနေနဲ့။ ယောက်ျားချင်း လူကြားထဲမှာ တိုက်ရဲလား" လို့ စိန်ခေါ်တယ်။
လေယင်းလည်း အဲ့ဒီစကားကို ကြားတော့ တိုက်ခိုက်ဖို့ ရပ်လိုက်ပြီး "ပြောပါဦး၊ ဘယ်လိုမျိုး တိုက်ချင်တာလဲ" လို့ မေးလိုက်တယ်။
ဗယ်ရီဂုဒ်က "မွန်းလွဲပိုင်း လေ့ကျင့်ရေးပြီးရင် လေ့ကျင့်ရေးကွင်း နံပါတ် (၆) ဘေးက ကွင်းပြင်မှာ တစ်ယောက်ချင်း တိုက်ကြမယ်" လို့ ပြောတယ်။
လေယင်းက "မလာတဲ့သူက လူမိုက်ပေါ့" ဟု ပြန်ပြောလိုက်တယ်။
"မင်းကို ငါ အနိုင်ပိုင်းပြမယ်"
"ဟွန်း" လေယင်းက သူ့ကို လျစ်လျူရှုပြီး ဆက်ပြေးသွားတော့တယ်။
လေယင်း အပြစ်ပေးခံရပြီး ပြန်လာတဲ့အခါ လေ့ကျင့်ခန်း ဆက်လုပ်ရတယ်။ အဲ့ဒီအချိန်မှာပဲ လေယင်းရဲ့ အတန်းဖော် တော်တော်များများဟာ နောင်တစ်ချိန်မှာ နာမည်ကြီး ရေတပ်အရာရှိတွေ ဖြစ်လာမယ့်သူတွေဆိုတာ သတိထားမိလိုက်တယ်။ လေယင်းရဲ့ ရာထူးက နိမ့်နေတာမို့လို့ သူတို့ထဲက တော်တော်များများက လေယင်းကို နှာခေါင်းရှုံ့ကြတယ်။ ဒါပေမဲ့ အိန်းကတော့ သဘောကောင်းပြီး ကြင်နာတတ်သူမို့လို့ လေယင်းနဲ့ ချက်ချင်းပဲ အရင်ကတည်းက ရင်းနှီးတဲ့သူငယ်ချင်းတွေလို ဖြစ်သွားတယ်။ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါမှာလည်း သူတို့နှစ်ယောက် အတူတူ ထိုင်ဖြစ်ကြတယ်။
လေယင်းက ထူးဆန်းစွာနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို မြင်လိုက်ရပြီး အိန်းကို လက်ညှိုးထိုးပြကာ "ငါတို့အားလုံး ရေတပ်ဝတ်စုံ ဝတ်ထားကြတာ၊ သူတစ်ယောက်တည်း ဘာလို့ အဲ့လို ဝတ်ထားရတာလဲ" လို့ မေးလိုက်တယ်။
အိန်းက "ဩော်... အဲ့ဒါ ငါတို့ ရေတပ်သင်တန်းကျောင်းက အတော်ဆုံး သင်တန်းသားပဲ။ သူက ရာထူးအမြင့်ဆုံး အရာရှိလောင်းလည်း ဖြစ်တယ်" လို့ ပြောတယ်။
လေယင်း အနီးကပ် သေချာကြည့်လိုက်တော့ သူ့ရဲ့ မေးစေ့နဲ့ ရင်ဘတ်မှာ "X" ပုံစံ အမှတ်အသားကြီး ပါနေတယ်။ သူက လင်းယုန်နှာခေါင်း၊ မျက်လုံးမှာ ပတ်တီးစ၊ ပြီးတော့ ကြားခေတ်ဓားသမားတွေ ဆောင်းတဲ့ ဦးထုပ်မျိုး ဆောင်းထားတော့ အမေရိကန် ဓားသမားတစ်ယောက်လို ဖြစ်နေတယ်။ သူ့ရဲ့ ညာဘက်မှာ လေးခွသွား ပါဝင်တဲ့ ပုဆိန်တစ်လက် ရှိပြီး ဘယ်ဘက်မှာတော့ ဓားတစ်လက် ရှိတယ်။ ပြီးတော့ မျက်နှာမှာ အနက်ရောင် မက်စ် ကိုလည်း တပ်ထားတယ်။
အဲ့ဒါက?! လေယင်း စိုက်ကြည့်နေမိတယ်။ အိန်းက ဆက်ပြောတယ်၊ "သူ့နာမည်က အိပ်ချ် ဒရိတ်၊ ရေတပ်သင်တန်းကျောင်းရဲ့ တစ်ဦးတည်းသော တပ်မှူးပဲ။ ရေတပ်သင်တန်းကျောင်း စည်းမျဉ်းအရ တပ်မှူးအဆင့်ထက် မြင့်တဲ့ ကျောင်းသားတွေကို အရပ်ဝတ် ဝတ်ဆင်ခွင့်ပြုထားတာမို့လို့ ရေတပ်သင်တန်းကျောင်းတစ်ခုလုံးမှာ သူတစ်ယောက်တည်းပဲ ဒီလိုမျိုး ဝတ်ဆင်ထားတာ"
လေယင်း သိတာပေါ့၊ ဒရိတ်က နောက်ပိုင်းမှာ နောက်တန်းဗိုလ်ချုပ် ဖြစ်လာပြီး နောက်တော့ ရေတပ်ကနေ ထွက်ခွာသွားပြီး ပင်လယ်ဓားပြ ဖြစ်သွားမယ့်သူဆိုတာကိုလေ။ သူက ဆာဘိုဒီကျွန်းစုမှာရှိတဲ့ စူပါနိုဗာ ၁၁ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဆုကြေးငွေ ဘယ်ရီ ၂၂၂ သန်းတောင် ရှိတာလေ။
ဒါပေမဲ့ အဲ့ဒါက နောက်မှ ပြောရမယ့် ဇာတ်လမ်းပေါ့။
လေယင်း နောက်ထပ် သင်တန်းသားတစ်ယောက်ကို မြင်လိုက်ရတယ်။ သူက ငွေရောင်ဆံပင်ပိုင်ရှင်၊ လည်ပင်းမှာ လေကာမျက်မှန် တပ်ထားပြီး ကျောမှာ [ပင်လယ်ကျောက်တုံး] ထိပ်ဖူးပါတဲ့ ဒုတ် ကို ထမ်းထားတယ်။ လေယင်း သူ့ကို ချက်ချင်း မှတ်မိသွားတယ်။
အဲ့ဒါ [အဖြူရောင်မုဆိုး] စမုတ်ကာ မဟုတ်လား?
အိန်းက လေယင်းကြည့်တဲ့ဘက်ကို လိုက်ကြည့်ပြီး "ဩော်... အဲ့လူလား၊ သူ့နာမည်က စမုတ်ကာ၊ ဗိုလ်မှူးလောင်းပါ။ ရေတပ်သင်တန်းကျောင်းမှာ [မိုကု မိုကု နိုမီ] ဆိုတဲ့ လိုဂျီယာ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသောသူပဲ။ သူက အဆင့်သတ်မှတ်ချက် စာမေးပွဲတိုင်းမှာ ထိပ်ဆုံး (၃) နေရာမှာ အမြဲတမ်း ပါနေတတ်ပြီး တော်တော်လေးလည်း သန်မာတယ်" လို့ ပြောတယ်။
အိန်း ပြောတာကို ကြားတော့ လေယင်းက "အဆင့်သတ်မှတ်ချက် စာမေးပွဲ?" လို့ မေးလိုက်တယ်။
အိန်းက "ဟုတ်တယ်၊ မင်း မသိဘူးလား? နောက်နှစ်လဆိုရင် အဆင့်သတ်မှတ်ချက် စာမေးပွဲ ရှိတော့မယ်လေ။ မင်း အနိုင်ရလေလေ၊ အဆင့်မြင့်လေလေ ဖြစ်မှာမို့လို့ တိုးတက်ဖို့ အခွင့်အရေး အများကြီး ရမှာပေါ့" လို့ ပြောတယ်။
အိန်း ပြောတာကို ကြားတဲ့အခါ လေယင်းရဲ့ မျက်နှာကတော့ တည်ငြိမ်နေတယ်။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ စိတ်လှုပ်ရှားမှုတွေ တက်ကြွနေတယ်။ ဒါဟာ သူ့အတွက် အခွင့်အရေးတစ်ခုပဲ၊ သူ ဒီအခွင့်အရေးကို လက်မလွတ်အောင် ဖမ်းဆုပ်ရမယ် ဟုတွေးတောနေသည်။