အခန်း (၃၇) - ရေတပ်ဌာနချုပ်သို့ ပြောင်းရွှေ့ခြင်း
ထိုအချိန်ရိုင်ယန်မှာ လေယင်းသည် ဂါပ့် ၏ အချစ်တော်ဖြစ်ကြောင်း သိလိုက်ရသည့်အခိုက်တွင် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကာ လေသံပြောင်းသွားတော့သည်။ "မဟုတ်ပါဘူး၊ အားလုံး ကျွန်တော့်လူတွေအမှားပါ။ သူတို့မှာ မျက်စိရှိပေမဲ့ တောင်ကို မမြင်နိုင်ကြဘူး၊ သူတို့ရဲ့ ခွေးမျက်စိက ရွှေထဲက ကျောက်စိမ်းကို မမြင်နိုင်ကြဘူး။ ကျွန်တော် အခုပဲ မစ္စတာ လေယင်းဆီ သွားပြီး တောင်းပန်လိုက်ပါ့မယ်" ဟု ရိုင်ယန်က အကြောက်အလန့်ဖြင့် ရိုကျိုးစွာ ပြောဆိုလိုက်သည်။ တီဘုန်းက ပြုံးလျက် "တောင်းပန်ဖို့ မလိုပါဘူး။ လေယင်းနဲ့ ကျွန်တော် မကြာခင် ေလာ့ဂ်တောင်းကနေ ထွက်ခွာတော့မှာပါ" ဟု ပြန်ပြောသည်။ တီဘုန်းသည် ဂါပ့်ထံသို့ ဖုန်းဆက်၍ အခြေအနေကို တင်ပြရာ ဂါပ့်မှာ ရယ်မောနေသည်။ ဂါပ့်သည် တရားမဲ့သူများကို မကြိုက်သော်လည်း လေယင်းက ကလေးမလေးတစ်ယောက်ကို ကာကွယ်ရန်အတွက် ဘေကာကို ရိုက်နှက်ခဲ့ခြင်းဖြစ်၍ လေယင်း၏ သဘောထားကို သဘောကျမိသည်။
တစ်ရက်အကြာတွင် တီဘုန်းက လေယင်းကို ဆက်သွယ်၍ ဂါ့ပ်နှင့် စကားပြောစေသည်။ ဂါ့ပ်က "ကောင်လေး၊ မင်း လော့ဂ်တောင်းမှာ အတော်လေး ဆူပူနေတယ်ဆိုပါလား" ဟု မေးသည်။ လေယင်းက "သူတို့က ကျွန်တော့်ကို အရင်စော်ကားတာမို့ ပြန်ပြီး သင်ခန်းစာပေးလိုက်ရတာပါ" ဟု ပြန်ဖြေသည်။ ဂါပ့် က ရယ်မောရင်း "မင်းက ရေတပ်သားနဲ့လည်း မတူပါဘူး။ ဒီလိုလုပ်ပါ၊ တီဘုန်းနဲ့အတူ ရေတပ်ဌာနချုပ်ကို လိုက်ခဲ့တော့" ဟု အမိန့်ပေးသည်။ လေယင်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ရေတပ်ဌာနချုပ် မရိန်းဖို့ဒ်သို့ သွားရမည်ကို စိတ်လှုပ်ရှားနေသည်။ ထိုနေရာသို့ သွားရခြင်းမှာ ကမ္ဘာ့အကြမ်းဆုံးတိုက်ခိုက်ရေးသမားများကို တွေ့ဆုံနိုင်မည့် အခွင့်အရေးပင် ဖြစ်သည်။
နောက်တစ်နေ့တွင် လေယင်းနှင့် တီဘုန်းတို့သည် စစ်သင်္ဘောငယ်တစ်စင်းဖြင့် စတင်ထွက်ခွာကြသည်။ ခရီးသွားနေစဉ်အတွင်း လေယင်းက သူ၏ နင်ဂျာနည်းများကို လေ့ကျင့်နေသည်။ ထိုအချိန်တွင် သင်္ဘောမှာ ရုတ်တရက် တုန်ခါသွားပြီး ပင်လယ်သားရဲတစ်ကောင် ရောက်လာကြောင်း အော်ဟစ်သံများ ကြားလိုက်ရသည်။ ၁၂ မီတာခန့် ရှည်လျားသော ကျားခေါင်းငါးမန်းကြီးတစ်ကောင်က သင်္ဘောကို တိုက်ခိုက်နေသည်။ တီဘုန်းက သူ့ဓားကို ထုတ်လိုက်ပြီး [ချော့ကကူ ဆန်ကို - ဘုန်း ဆွာ] ဟူသည့် နည်းဖြင့် ဓားကို ဝှေ့ယမ်းလိုက်ရာ ငါးမန်းကြီးမှာ တစ်ချက်တည်းနှင့် ပြတ်ထွက်သွားသည်။ တီဘုန်း၏ စွမ်းအားကိုမြင်၍ ရေတပ်သားများမှာ အံ့အားသင့်နေကြသည်။
သို့သော်လည်း ပျော်ရွှင်ချိန်မှာ ခဏသာဖြစ်သည်။ ခဏအကြာတွင် ငါးမန်းကြီးများစွာ ထပ်မံရောက်ရှိလာပြီး သင်္ဘောကို ဝိုင်းရံထားကြသည်။ ၎င်းတို့မှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သည်။ ငါးမန်းတစ်ကောင်က သင်္ဘောပေါ်သို့ ခုန်တက်လာပြီး ရေတပ်သားတစ်ဦးကို ကိုက်ခဲ၍ ပင်လယ်ထဲသို့ ဆွဲခေါ်သွားသည်။ ကျန်ရှိနေသော ရေတပ်သားများမှာ ကြောက်လန့်တုန်လှုပ်နေကြပြီး မည်သို့ ဆက်လက်တုံ့ပြန်ရမည်ကို မသိတော့ပေ။ သင်္ဘောပေါ်တွင် အသုံးမဝင်သော သေနတ်နှစ်လက်သာ ရှိသဖြင့် ရေတပ်သားများမှာ ဘာမှမလုပ်နိုင်ဘဲ ငေးကြည့်နေကြရသည်။ နောက်ထပ် ကျားခေါင်းငါးမန်းတစ်ကောင်က သင်္ဘောပေါ်သို့ ခုန်တက်လာပြီး ရေတပ်သားတစ်ဦးကို ပါးစပ်ဖြင့် ကိုက်ဖမ်းလိုက်သည်။ ထိုရေတပ်သားမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး သင်္ဘောပေါ်သို့ အပိုင်းအစများသာ ကျန်ရစ်ခဲ့သည်။ တီဘုန်းနှင့် လေယင်းတို့အနေဖြင့် ဤအန္တရာယ်ကြီးကို မည်သို့ ရင်ဆိုင်ကြမည်နည်း။
(T/N): မူရင်းကိုကတိုနေတာပါခင်မျ စာဖတ်သူများအတွက်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင်တောင်းပန်ပါတယ်ဗျ။