အခန်း (၁) - ဝမ်းနည်းဖွယ်ကူးပြောင်းခြင်း
အရှေ့ဘက်ပင်လယ် ဟု ခေါ်တွင်သည့် ပင်လယ်ပြင်တစ်နေရာ။
လုလင်ပျိုတစ်ဦးသည် သင်္ဘောကုန်းပတ်ပေါ်တွင် ငြိမ်သက်စွာရပ်ရင်း ပြာလဲ့နေသည့် ပင်လယ်ကမ္ဘာကြီးကို ငေးမောကြည့်ရှုနေသည်။ ပင်လယ်ရေပြင်ထက်တွင် ပါးလျလှသည့် မြူခိုးကြည်လေးများ ဖုံးလွှမ်းနေပြီး လေညင်းကလည်း လတ်ဆတ်သော ရနံ့ကို သယ်ဆောင်လျက် ဖြတ်သန်းတိုက်ခတ်နေသည်။
ထိုလုလင်ပျို၏အမည်မှာ လေယင်း ဖြစ်သည်။ လွန်ခဲ့သော တစ်လခန့်က ဝမ်းပိစ် (anime)အန်နမီ ကြည့်ရှုနေရင်း မည်သို့မည်ပုံ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာမှန်းမသိသော အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် အထက်တန်းကျောင်းသားလေးတစ်ဦး ဖြစ်သည်။ ယခင်ဘဝတုန်းက သူသည် သာမန်မိသားစုမှ ပေါက်ဖွားလာပြီး အရပ်အမောင်းနှင့် အခြားအရာရာတိုင်းတွင် ပျမ်းမျှအဆင့်သာ ရှိခဲ့သည်။ ထူးခြားသည်ဟူ၍ သိပ်မသိသာလှသော ရုပ်ရည်ချောမောမှုတစ်ခုသာ ရှိခဲ့သည်။
သူသည် ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် ကြီးမြတ်သောအရာများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း လက်တွေ့တွင်မူ သူ့ကို စိတ်ပျက်အားငယ်စေသည့် ဝမ်းနည်းဖွယ်ကံကြမ္မာကသာ ဆီးကြိုနေခဲ့သည်။ အခြားသူများ ကူးပြောင်းလာလျှင်မူ ဆင်ဂိုဂု သို့မဟုတ် မန်းကီးဒီ ဂါ့ပ် ကဲ့သို့သော ရေတပ်ဗိုလ်ချုပ်ကြီးများ၏ တိုက်ရိုက်ဆွေမျိုးများအဖြစ်သော်လည်းကောင်း၊ ပင်လယ်ဓားပြဘုရင် ဂိုးလ် ဒီ ရော်ဂျာ ၏ သွေးသောက်ညီနောင်များအဖြစ်သော်လည်းကောင်း ရောက်ရှိလာတတ်ကြသည်။ သို့သော် လေယင်းက သူသည် ပင်လယ်ဓားပြသင်္ဘောတစ်စင်းပေါ်တွင် အဖမ်းခံရပြီး အောက်ခြေအလုပ်သမားတစ်ဦး ဖြစ်လာခဲ့ရသည်။ သင်္ဘောပြင်ခြင်း၊ ကျောက်ဆူးချခြင်း၊ ရွက်လွှင့်ခြင်းနှင့် ကုန်စည်အလေးအပင်များ သယ်ယူခြင်းကဲ့သို့သော အခြေခံအလုပ်ကြမ်းများကိုသာ လုပ်ကိုင်နေရသည်။
ဒါကမှ သနားစရာအကောင်းဆုံးအပိုင်း မဟုတ်သေး။ ထိုသင်္ဘော၏ ကပ္ပတိန်မှာ မိမိကိုယ်ကိုယ် အပိုင်းပိုင်းဖြတ်နိုင်သော နတ်ဆိုးသီးအစွမ်းပိုင်ရှင်ဘတ်ဂီ ဖြစ်နေခြင်းပင်။ လောလောဆယ်တွင် ဘတ်ဂီသည် ဆုကြေးငွေ ခြောက်သန်းဘေလီ သာ အသတ်မှတ်ခံထားရသဖြင့် သိပ်မကျော်ကြားသေးသော ပင်လယ်ဓားပြတစ်ဦးဟု သတ်မှတ်နိုင်သည်။ ဆုကြေးငွေ ဆယ့်ငါးသန်းဘေလီဖြင့် ထူးခြားသော ခံနိုင်ရည်ရှိသည့် ဘတ်ဂီဟူ၍ ဖြစ်လာမည့်အရေးမှာ အနာဂတ်ကာလကျမှသာ ဖြစ်လိမ့်မည်။
ဖြန်းခနဲ မြည်သံပြင်းပြင်းနှင့်အတူ လေယင်း၏ ခေါင်းကို ရိုက်ချခြင်း ခံလိုက်ရသည်။ သူသည် ခေါင်းကိုပွတ်ရင်း လှည့်ကြည့်လိုက်ရာ ဝတုတ်ကြီးတစ်ဦးက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏အမည်မှာ တွမ် ဖြစ်ပြီး ဘတ်ဂီပင်လယ်ဓားပြအဖွဲ့၏ သာမန်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူသည် ခွန်အားဗလအလွန်ကြီးပြီး အားနည်းသူများကို နှိပ်စက်ရသည်ကို သဘောကျသူ ဖြစ်သည်။
"ကောင်လေး... မင်း တော်တော်အားနေတာပဲလား။ ကပ္ပတိန်ဘတ်ဂီ ခိုင်းထားတဲ့ ကျည်ဆန်တွေ ဖြည့်လို့ပြီးပြီလား။ ဒီမှာ ပင်လယ်ကြီးငေးနေရအောင် မင်းက ဘယ်လိုတောင် အားယားနေရတာလဲ" ဟု တွမ်က ဆိုသည်။
လေယင်း ဘာမှပြန်မပြောမိ။ သူသည် ထိုလူကြီး၏ မောင်းနှင်မှုကြောင့် ကုန်းပတ်အောက်ခြေရှိ အခန်းငယ်ထဲသို့ တိတ်တဆိတ် ဆင်းသွားပြီး ဘတ်ဂီ၏ကျည်ဆန်များကို ဆက်လက်ဖြည့်သွင်းနေခဲ့သည်။ လေယင်းအနေဖြင့် ပြန်မချရဲ၍ မဟုတ်ဘဲ အမှန်တကယ်တွင် တတ်နိုင်သည့်အင်အား မရှိခြင်းကြောင့်သာ ဖြစ်သည်။ သူသည် ဤလူကြီးကို မည်သို့မျှ မယှဉ်နိုင်ပေ။
သူ ဖမ်းဆီးခံရသည့် ဒုတိယမြောက်နေ့တွင် တွမ်က သူ့ကို အနိုင်ကျင့်သဖြင့် ပြန်လည်ခုခံခဲ့ဖူးသည်ကို သတိရမိသည်။ သို့သော် သူသည် မြေပြင်ပေါ်သို့ တွန်းလှဲခံရပြီး ထိုလူကြီး၏ အကြမ်းပုတီး ရိုက်နှက်ခြင်းကိုသာ ခံခဲ့ရသည်။ တွမ်၏ ရိုက်နှက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများသည် လွန်ခဲ့သည့်အပတ်ကမှ သက်သာပျောက်ကင်းခဲ့ခြင်း ဖြစ်သည်။ လေယင်းသည် လောကကြီးကို မကြောက်တတ်သူဖြစ်သော်လည်း 'ပညာရှိ လောကဓံစောင့်' ဆိုသကဲ့သို့ ယခုကဲ့သို့ လက်နက်မဲ့အခြေအနေမျိုးတွင် တွမ်ကို အတင်းအဓမ္မ ပြန်လည်တိုက်ခိုက်ခြင်းသည် မိမိကိုယ်ပေါ်တွင် ဒဏ်ရာအသစ်များ တိုးလာခြင်းမှတစ်ပါး အခြားဘာမျှ အကျိုးထူးမည်မဟုတ်ကြောင်း နားလည်ထားသည်။
'ငါ သန်မာလာတဲ့တစ်နေ့ကျရင် မင်းကို အလွတ်မပေးဘူး' ဟု လေယင်းက စိတ်ထဲကနေ ကြုံးဝါးလိုက်သည်။
သို့သော် သူသည် မည်သို့သန်မာလာအောင် လုပ်ရမည်နည်း။ ဒါက ပြဿနာပင်။ စွမ်းအားဆိုသည်မှာ မိုးပေါ်က ကျလာသည့် မုန့်လုံးကဲ့သို့ အလကားရနိုင်သောအရာ မဟုတ်ပေ။
စကားမစပ်... ဤကမ္ဘာရှိ စွမ်းအားများကို ယေဘုယျအားဖြင့် နတ်ဆိုးသီး၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု စွမ်းရည်) နှင့် လက်နက် ဟူ၍ အမျိုးအစား သုံးမျိုး ခွဲခြားနိုင်သည်။
နတ်ဆိုးသီးတစ်လုံးကို ရရှိရန်အတွက် ကျွန်းတစ်ကျွန်းပေါ်တွင် လမ်းလျှောက်ရင်း မတော်တဆ တွေ့ရှိခြင်းကဲ့သို့သော အလွန်ထူးခြားသည့် ကံတရားမျိုး ရှိရမည်။ (စားပြီးနောက်တွင် သာမန်အသီးဖြစ်နေပြီး အသုံးမဝင်ဘဲ ရေကူးမတတ်သည့် ကုန်းပေါ်ကဘဝ ရောက်သွားခြင်းမျိုးကတော့ ဟာသတစ်ခုသာ ဖြစ်လိမ့်မည်။) သို့မဟုတ်ပါက မိမိလက်ထဲတွင် ငွေအမြောက်အမြားရှိပြီး ဘီလီ သန်းတစ်ရာခန့် တန်ဖိုးရှိသည့် ပါရာမီးစီးယား သို့မဟုတ် ဇိုအန် အမျိုးအစားကို ဝယ်ယူနိုင်ရမည်။ သို့မဟုတ်လျှင်လည်း အတိုင်းအတာတစ်ခုအထိ အင်အားရှိပြီး သူတစ်ပါးထံမှ လုယူရမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် လေယင်းတွင် ထိုအချက်များထဲမှ တစ်ခုမျှမရှိသဖြင့် နတ်ဆိုးသီးရရှိရန်မှာ စဉ်းစားစရာပင် မလိုတော့ချေ။ လေယင်းအနေဖြင့် နေ့စဉ် ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်းနှင့် အခြားကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်လျှင်ပင် အလွန်ဆုံးရှိမှ သူ၏ခန္ဓာကိုယ်သည် ပိုမိုသန်မာလာပြီး အရိုက်အနှက် ခံနိုင်ရည်ရှိလာရုံသာ ရှိလိမ့်မည်။ သို့သော် ဘတ်ဂီပင်လယ်ဓားပြအဖွဲ့မှ လူအများအပြားကို အနိုင်ယူရန်မှာမူ မဖြစ်နိုင်သေးပေ။ ထို့အပြင် ဤပင်လယ်ဓားပြသင်္ဘောပေါ်တွင် ကိုယ်ခန္ဓာကြံ့ခိုင်မှု လေ့ကျင့်ရန်နှင့် [ရိုကူရှီကီ - ခြောက်ချက်ဂိုဏ်းသိုင်း] (Rokushiki) ကဲ့သို့သော ကိုယ်ခံပညာရပ်များကို လေ့ကျင့်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုပညာရပ်များကို မည်သို့လေ့ကျင့်ရမှန်း မသိခြင်းကြောင့် ဖြစ်သည်။
အကယ်၍သာ သူသည် [ရိုကူရှီကီ] ကို တတ်မြောက်ထားပြီး [ရှင်းဂန် - လက်ချောင်းဓား] ကဲ့သို့သော ကွက်ကွက်ကွင်းကွင်း လှုပ်ရှားမှုတစ်ခုတည်းကိုသာ တတ်မြောက်ထားလျှင်ပင် လေယင်းသည် တွမ်၏ခန္ဓာကိုယ်ပေါ်တွင် သွေးပေါက်မြောက်မြားစွာ ဖြစ်အောင် ထိုးနှက်နိုင်ခဲ့လိမ့်မည်။ သို့သော် လက်တွေ့လောကကြီးက လေယင်းကို 'အဝေးကိုသာ လစ်ပစ်လိုက်စမ်းပါ' ဟု ပြောနေသကဲ့သို့ပင်။
ဤအတိုင်းသာ ဆက်သွားလျှင် သူသည် မည်သည့်အချိန်တွင် ထိပ်ဆုံးသို့ ရောက်နိုင်ပါမည်နည်း။ သူသည် အသက်ကြီးရင့်ပြီး ဆံပင်ဖြူသည်အထိ ထိုကျိန်စာသင့် လူပြက်အဖွဲ့၏ ဆိုင်ထဲတွင် အနိုင်ကျင့်ခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ပြစ်တင်ရှုတ်ချခံရခြင်းနှင့် အခိုင်းခံရခြင်းတို့ကိုသာ ခံရတော့မည်လော။
ထို့နောက် သူ အသုံးမဝင်တော့သည့်အချိန်တွင် အထီးကျန်ပြီး ဆင်းရဲဒုက္ခရောက်လှသော ဘဝအကြွင်းအကျန်များအတွက် စွန့်ပစ်ခြင်းကို ခံရတော့မည်လော။ သူသည် အဘယ်ကြောင့် ဤမျှအထိ ကံဆိုးရပါသနည်း။
ဤအချက်သို့ ရောက်သောအခါ လေယင်း၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း မှောင်မှောင်မည်းမည်း ဖြစ်လာပြီး သူ၏စိတ်ခံစားချက်သည် စိတ်ပျက်ရုံမျှမကဘဲ အားငယ်ပင်ပန်းခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ တဖြည်းဖြည်းနှင့် သူ၏အားငယ်မှုများနှင့်အတူ လေယင်းသည် အေးစက်လှသော ကုန်းပတ်အောက်ခြေ ကြမ်းပြင်ပေါ်တွင် အိပ်ပျော်သွားခဲ့တော့သည်။
နောက်တစ်နေ့ နံနက်မိုးလင်းစ၊ ကောင်းကင်ယံကြီး ဖြူဖျော့ရောင်သန်းစအချိန်တွင် လေယင်းမှာ အိပ်မောကျနေဆဲဖြစ်ပြီး လူထွားကြီးတစ်ဦးသည် လေယင်း၏ဘေးသို့ ရောက်ရှိလာသည်။ သူသည် အောက်ခြေအခန်းငယ်၏ လှေကားထစ်ပေါ်တွင် ရပ်ရင်း လေယင်းကို နိုးလာစေရန် ရိုင်းစိုင်းစွာ ကန်ကျောက်လိုက်သည်။
ထိုလူထွားကြီးမှာ သူ့ကို အမြဲတမ်းအနိုင်ကျင့်လေ့ရှိသည့် တွမ်ပင် ဖြစ်သည်။ လေယင်း၏ အိပ်ချင်မူးတူးမျက်လုံးများသည် ချက်ချင်းပင် ဒေါသရိပ်များဖြင့် ပြည့်နှက်သွားသည်။ သို့သော် တွမ်သည် ထိုသို့သော ဒေါသမျက်လုံးများကို မြင်သောအခါ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ လေယင်းကို အလွန်စိတ်ဝင်စားသည့်ပုံစံဖြင့် စိုက်ကြည့်နေခဲ့သည်။ ဤကောင်လေး မိမိကို ဘာလုပ်နိုင်မည်နည်းဟု သူက ကြည့်ချင်နေခြင်း ဖြစ်သည်။
လေယင်း၏ မျက်လုံးများထဲမှ အကြည့်သည် အားနည်းသောသူတစ်ဦး၏ ညည်းတွားသံနှင့် ကြောင်တစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့သာ ဖြစ်သည်။ အားနည်းသူတစ်ဦး၏ ဒေါသသည် မည်သူ့ကိုမျှ အနည်းငယ်မျှပင် မခြောက်လှန့်နိုင်ပေ။
တွမ်သည် လေယင်း၏ အမူအရာကို မြင်သောအခါ အော်ဟစ်ရယ်မောလုနီးပါး ဖြစ်သွားပြီး "ဘာဖြစ်လဲ ကောင်လေး... မင်း အဲဒါကို မကျေနပ်ဘူးလား" ဟု ဆိုရင်း လေယင်း၏ဆံပင်ကို ဆွဲကိုင်ကာ တတ်နိုင်သမျှ အားပြင်းပြင်းဖြင့် လှုပ်ရမ်းလိုက်သည်။
လေယင်းသည် အလွန်အမင်း ဒေါသထွက်သွားသဖြင့် တွမ်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သို့သော် လေယင်း၏ သေးငယ်သော ခန္ဓာကိုယ်အချိုးအစားနှင့် ထိုးလိုက်သော လက်သီးမှာ ခြင်ကိုက်ခံရသကဲ့သို့သာ ဖြစ်သည်။ အမှန်တကယ်တော့ ခြင်ကိုက်ခံရသည်ထက်ပင် ပို၍ဆိုးလှသည်။
တွမ်သည် သူ၏လက်ဖဝါးကြီးဖြင့် လေယင်း၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး "ဟွန်း... မင်းက ငါ့ကို ပြန်ချရဲသေးတယ်ပေါ့။ မင်း အသက်ဘေးက လွတ်မလွတ် ကြည့်ကြသေးတာပေါ့" ဟု ဆိုကာ တွမ်သည် သူ၏လက်ဖဝါးကြီးကို လက်သီးအဖြစ် ဆုပ်ကိုင်ပြီး လေယင်း၏မျက်နှာကို ထိုးချလိုက်သည်။
လေယင်းသည် ကုန်းပတ်ပေါ်သို့ လဲကျသွားပြီး သူ၏မျက်နှာပေါ်တွင် နီမြန်းသော အမှတ်အသားတစ်ခု ထင်ကျန်ရစ်ကာ သွားများပင် ကျိုးလုနီးပါး ဖြစ်သွားခဲ့သည်။ တွမ်သည် ဒေါသမပြေသေးဘဲ ခြေထောက်ကိုမြှောက်ကာ လေယင်းကို အားပြင်းပြင်းဖြင့် ကန်ကျောက်လိုက်ပြန်သည်။ ထိုတွန်းကန်မှုကြောင့် လေယင်းသည် လိမ့်ထွက်သွားပြီး အခန်းငယ်၏ နံရံနှင့် စောင့်မိသွားခဲ့သည်။
လေယင်းသည် ရိုက်နှက်ခံရမှုကြောင့် နာကျင်နေသော်လည်း အသံတစ်ချက်မျှပင် မညည်းတွားခဲ့ပေ။
"ဟွန်း... ငါ ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းကို ပြလိုက်တာပဲ။ အခုကစပြီး ငြိမ်ငြိမ်သက်သက်နေ၊ မဟုတ်ရင် မင်းကို တစ်နေ့ သုံးကြိမ် ဒီလိုပဲ ရိုက်ပစ်မယ်"
"ပြီးတော့... သွားပြီး အလုပ်လုပ်စမ်း။ မိန်းမတစ်ယောက်လို ဒီမှာ အချိန်ဖြုန်းမနေနဲ့" ဟု ပြောပြီးနောက် တွမ်သည် သူ၏မျက်မှောင်ကို ဂုဏ်ယူဝင့်ကြွားစွာ ပင့်တင်လိုက်သည်။ သူသည် အောင်ပွဲရဗိုလ်ချုပ်ကြီးတစ်ဦးကဲ့သို့ သူ၏ဝတုတ်သော ခန္ဓာကိုယ်ကြီးကို လှုပ်ခါရင်း သီချင်းတညည်းညည်းဖြင့် အပေါ်ကုန်းပတ်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
လေယင်းသည် နာကျင်မှုကို အံတုရင်း မြေပြင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
အားနည်းသူများသည် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်ရသည်။ သိက္ခာကို အသာထားဦးတော့... အသက်ရှင်သန်ခွင့် ဟူသော အခြေခံအခွင့်အရေးပင်လျှင် ပျောက်ကွယ်လုနီးပါး ဖြစ်နေရသည်။
လေယင်းသည် ပင်လယ်ရေကြောင်း စစ်ဘုရင်ခုနှစ်ဦးထဲမှ တစ်ဦးဖြစ်သော [ခရိုကိုဒိုင်း] ၏ စကားကို မမှတ်မိဘဲ မနေနိုင်ခဲ့ပေ။
'အားနည်းခြင်းက ရာဇဝတ်မှုတစ်ခုပဲ'
မဟုတ်ဘူး... သူ သန်မာလာရမည်။ သန်မာရမည် တဲ့လား။ ဤစကားလုံးသည် လေယင်းကိုယ်တိုင် တွေးမိလျှင်ပင် ရယ်ချင်စရာကောင်းလှသည်ဟု ထင်မြင်မိသည်။ သူသည် ယခုအချိန်တွင် မည်သို့လျှင် ကြီးမားသော စွမ်းအားကို ရရှိနိုင်ပါမည်နည်း။ မည်သို့မျှ မဖြစ်နိုင်ခြေ။
သို့သော်လည်း... လေယင်း၏ စိတ်ထဲတွင် အကြံတစ်ခု ရရှိသွားခဲ့သည်။
'ငါ တွမ်ကို လုပ်ကြံရမယ်။ သူ့ကို အသေအကြေ တိုက်ခိုက်ပြီး အတူတူ သေပစ်လိုက်မယ်'
ဤသို့ဆိုလျှင် သူသည် တွမ်၏ ညံ့ဖျင်းလှသော ဒေါသများကို ဘယ်တော့မှ ထပ်မံခံစားရတော့မည် မဟုတ်ပေ။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သေခြင်းတရားကို ကြောက်ရွံ့နေ၍မဖြစ်။ မတိုက်ခိုက်ဘဲ ပြန်လှည့်သွားမည့် လမ်းဟူ၍လည်း မရှိတော့ချေ။