အပိုင်း ( ၁၆ ) – ဧကရာဇ်ဂိုင်ကို ကူးယူခြင်း၊ ကာကာရှိ၏ တန်ဆာဆင်ထားသော ပန်နယ်
“မင်း... ဘယ်လိုလုပ်”
နာရုတို၏ တိုးတိုးလေး ကပ်ပြောလိုက်သော စကားကို ကြားလိုက်ရသည့်အခါ နေဂျီ၏ တည်ငြိမ်နေသော မျက်နှာထားသည် ချက်ချင်း ပျက်သွားသည်။ သူ၏ မျက်စိသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားပြီး အသက်ရှူသံများ ပြင်းထန်မြန်ဆန်လာခဲ့ရသည်။
“မကျေနပ်စရာကောင်းလိုက်တာ။ အမြဲတမ်း နေဂျီ၊ နေဂျီနဲ့။ ငါလည်း အစွမ်းထက်တဲ့သူပဲဟာကို”
နေဂျီက အလျင်အမြန် ပြန်လည်မေးမြန်းရန် ပြင်လိုက်စဉ်မှာပဲ ရော့ခ်လီက မကျေမနပ် အော်ဟစ်ရင်း ကြားဖြတ်ဝင်ရောက်လာခဲ့သည်။
“အေးပါ၊ အေးပါ... မင်းလည်း အစွမ်းထက်တာ ငါသိပါတယ်။ ဒါနဲ့ ဆရာဂိုင်...ဆရာကာကာရှီရဲ့ အိမ်က ဘယ်နားမှာလဲဆိုတာ သိလား”
နာရုတိုသည် နေဂျီနှင့် အဓိပ္ပာယ်ပါသော မျက်န်ချင်းတစ်ချက် ဖလှယ်လိုက်ပြီးနောက် လီ၏ စကားကို ပြီးစလွယ် ပြန်လည်တုံ့ပြန်လိုက်သည်။ ထို့နောက် ရှေ့သို့ တိုးကာ မိုက်ဂိုင်၏ ပုခုံးကို ပုတ်လျက် မေးမြန်းလိုက်သည်။
လီသည် အမှန်တကယ် အစွမ်းထက်သော်လည်း ဆရာဖြစ်သူ မိုက်ဂိုင်နှင့် နှိုင်းယှဉ်လျှင်မူ ကွာခြားချက်က ကြီးမားလွန်းလှသေးသည်။
[အမည် - မိုက်ဂိုင်]
[စွမ်းရည် - ကိုယ်ရောင်ဖျောက်ရွှေ့လျားခြင်းအတတ်၊ ရှေ့ပြေးကြာပွင့်အတတ်၊ နောက်ပြန်ကြာပွင့်အတတ်၊ မနက်ခင်းဒေါင်းမြီးကွက်အတတ်၊ နေ့လယ်ခင်းကျားရဲအတတ်၊ အတွင်းဂိတ်ရှစ်ပေါက်ဖွင့်လှစ်ခြင်းအစီအစဉ်...]
နာရုတို၏ မျက်ဝန်းထဲမှ ဝမ်းသာအားရမှုများမှာ အရှိန်အဟုန်ဖြင့် လျော့ပါးသွားခဲ့ရသည်။ မိုက်ဂိုင်၏ စစ်မှန်သော ခွန်အားက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ဒိုရေးမွန်၏ အသုံးအဆောင်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် အဋ္ဌမမြောက်ဂိတ်၏ စွမ်းပကားမှာ အပျော်ဖတ်စာအုပ်ကဲ့သို့ ဖြစ်နေသော်လည်း၊ အကယ်၍ စတုတ္ထမြောက် နင်ဂျာကမ္ဘာစစ်ပွဲကြီးအတွင်း၌သာ ဤအတွင်းဂိတ်ရှစ်ပေါက်စွမ်းရည်ကို ကန့်သတ်ချက်မရှိ အသုံးပြုနိုင်မည်ဆိုပါက လမ်းစဉ်ခြောက်ပါး မာဒါရာပင်လျှင် ငိုကြွေးရလိမ့်မည်။ သူသည် ဤစွမ်းရည်အားလုံးကို အကုန်အစင် ကူးယူနိုင်ခဲ့ပြီ ဖြစ်သည်။
“ဟားဟားဟား... မင်း လူမှန်ကို လာမေးတာပဲ။ ကာကာရှီက ငါ့ရဲ့ ထာဝရပြိုင်ဘက်လေ၊ သူ့အကြောင်းကို ငါ အသိဆုံးပေါ့။ ဒီရှေ့က လမ်းဆုံကနေ ညာဘက်ကို ကွေ့လိုက်ရင်...”
မိုက်ဂိုင်က သူ၏ ထုံးစံအတိုင်း သွားများပေါ်သည်အထိ ဖြန့်ပြုံးပြလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် တက်ကြွသော အရိပ်အယောင်များ ပြည့်နှက်လာသည်။
“နောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့ ဆရာ။ ငါ့မှာ အရေးကြီးတဲ့ ကိစ္စလေးရှိသေးလို့ အရင်သွားလိုက်ဦးမယ်...”
နာရုတိုတွင် လေ့ကျင့်ခန်းလုပ်ရန် အချိန်မရှိသဖြင့် ကာကာရှီ၏ စွမ်းရည်များကို အမြန်ဆုံး ကူးယူနိုင်ရန်သာ စိတ်လောလျက် လျင်မြန်စွာ နှုတ်ဆက်ထွက်ခွာခဲ့တော့သည်။
“စိတ်တိုစရာကောင်းလိုက်တာ။ ဒီကောင်က ငါ့ကို တကယ်ကြီး လျစ်လျူရှုသွားတာပဲ။ နောက်တစ်ကြိမ်ကျရင်တော့ ငါ မုချ...”
လမ်းမထက်တွင် လီ၏ ဒေါသတကြီး အော်ဟစ်သံများ ပဲ့တင်ထပ်သွားခဲ့သဖြင့် လမ်းသွားလမ်းလာအချို့က ကွက်ကြည့်ကွက်ကြည့်ဖြင့် ဖြတ်သန်းသွားကြသည်။
“ဆရာဂိုင်... ငါ့ကို လေ့ကျင့်ပေးဖို့ တောင်းပန်ပါတယ်”
ဆာဆူကီးသည် မိမိ၏ မကျေမနပ်ဖြစ်နေသော မျက်နှာထားကို ဖုံးကွယ်ကာ မိုက်ဂိုင်ထံသို့ ရိုသေစွာ လျှောက်ထားလိုက်သည်။
“ဒါကမှ တက်ကြွတဲ့ လူငယ်ဘဝရဲ့ သံယောဇဉ်အတ္တပဲ။ ဒါဆိုရင်... ငါတို့ ပထမဆုံး ပန်းတိုင်အဖြစ် ကိုနိုဟာရွာကြီးကို ငါးပတ်ပတ်ပြီး ပြေးကြမယ်...”
မိုက်ဂိုင်က စိတ်အားထက်သန်စွာ ကြုံးဝါးလိုက်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် စတင်ပြေးထွက်သွားတော့သည်။
“ဆရာဂိုင်... ငါ့ကို စောင့်ပါဦး...”
လီကလည်း လက်သီးကို တင်းတင်းဆုပ်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လျက် ဖုန်မှုန့်များ တထောင်းထောင်း ထသွားသည်အထိ နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့သည်။
“ရွာကို ငါးပတ်ပတ်ပြီး ပြေးရမယ် ဟုတ်လား။ ဒါက ဘာလိုမျိုး လေ့ကျင့်ခန်းလဲ...”
ဆာဆူကီးသည် ထိုသူနှစ်ဦး၏ နောက်ကျောကို ကြည့်ကာ မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်မိသည်။ ထိုတဒင်္ဂတွင် ဆာဆူကီး ရင်ထဲ၌ နောင်တရိပ်အချို့ ဖြတ်သန်းသွားခဲ့ရသည်။
“ငါ့မှာ လုပ်စရာလေးတွေ ရှိသေးလို့ အရင်ပြန်နှင့်တော့မယ်...”
နေဂျီသည် နာရုတို၏ စကားကြောင့် တွေးတောမြော်မြင်မှုများစွာ ဖြစ်ပေါ်နေသဖြင့် လေ့ကျင့်ရန် စိတ်ကူးမရှိတော့ဘဲ စကားအနည်းငယ်မှာကြားကာ လှည့်ထွက်သွားခဲ့သည်။ တကယ်တော့ နေဂျီနှင့် တန်တန်တို့အနေဖြင့် အတွင်းဂိတ်ရှစ်ပေါက်ဖွင့်လှစ်ခြင်း၏ နေ့စဉ်လေ့ကျင့်ခန်းများတွင် ပါဝင်ရန် မလိုအပ်ပါ။
ဆာဆူကီးသည် ခဏမျှ ဝေခွဲမရဖြစ်သွားသည်။ သို့သော် ရင်ထဲတွင် ရှိနေသော ပုံရိပ်တစ်ခုကို သတိရမိလိုက်သည့်အခါ သူ၏ မျက်ဝန်းများ ပြတ်သားသွားခဲ့ရသည်။
‘တိုက်ပွဲ... ငါ့မှာသာ အဲဒီလို စွမ်းအားမျိုးရှိရင် အဲဒီလူကို ငါ မုချအနိုင်တိုက်နိုင်လိမ့်မယ်’
ဆာဆူကီးသည် သွားကို တင်းတင်းကိုက်ကာ ဆုံးဖြတ်ချက်ချလျက် ရှေ့သို့ အပြင်းအထန် ပြေးထွက်သွားတော့သည်။
အခြားတစ်ဖက်တွင် နာရုတိုသည် မိုက်ဂိုင် လမ်းညွှန်ပြသခဲ့သည့်အတိုင်း ကာကာရှီ၏ အိမ်ဆီသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။
ကာကာရှီက တံခါးဖွင့်ပေးလိုက်သည့်အခါ သူ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များကို နာရုတို မြင်တွေ့လိုက်ရသည်။ သူသည် ကာကာရှီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး ဘာဖြစ်ခဲ့သည်ကို ရိပ်မိသွားသည်။
“နာရုတို... မင်း ဘာကိစ္စရှိလို့လဲ”
ကာကာရှီသည် သူ၏ ပျင်းရိငြီးငွေ့ဖွယ် မျက်ဝန်းများဖြင့် နာရုတိုကို အံ့သြတကြီး စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။
“ဆရာကာကာရှီ... ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက ငါ့ရဲ့ အမှားတွေမို့လို့ ဆရာ့ကို တောင်းပန်ချင်လို့ လာခဲ့တာပါ”
နာရုတိုက ဆင်ခြေတစ်ခုကို အလွယ်တကူ ပေးလိုက်ရင်း သူ၏ ညာလက်ကို ရှေ့သို့ ဆန့်တန်းပေးလိုက်သည်။
“အာ...”
ကာကာရှီသည် မျှော်လင့်မထားသော အခြေအနေကြောင့် အမှန်တကယ် ဆွံ့အသွားခဲ့ရသည်။ သို့သော် သူသည် နာရုတို၏ တောင်းပန်မှုကို ငြင်းပယ်ခြင်းမရှိဘဲ လက်ဆွဲနှုတ်ဆက်ရန် လက်ကို ပြန်လည်ဆန့်တန်းလိုက်တော့သည်။
[အမည် - ဟာတာကီ ကာကာရှီ]
[စွမ်းရည် - မီး၊ မြေ၊ လျှပ်စီး၊ ရေ၊ လေ၊ ယင်၊ ယန် ဓာတ်သဘာဝများ။ တစ်ဖက်တည်းသော မန်ဂေခရို ရှာရင်းဂန်၊ ရာစင်းဂန်၊ မကောင်းသောအငွေ့အသက်များ ချိတ်ပိတ်ခြင်းအတတ်၊ လူကိုယ်ပွားအတတ်၊ လူကိုယ်ပွားအမြောက်အမြားအတတ်၊ ရှုရီကန်လူကိုယ်ပွားအတတ်...]
[အမြင်အာရုံမှော်အတတ် - နာရာကူမိအတတ်, ရှာရင်ဂန်းအမြင်မှော် အတတ်...]
[ကိုနိုဟာ၏ ထိပ်တန်းကိုယ်ခံပညာလျှို့ဝှက်ချက်များ - နှစ်ပေါင်းတစ်ထောင်ငရဲလက်သီးအတတ်၊ ကိုယ်ရောင်ဖျောက်ရွှေ့လျားခြင်းအတတ်၊ ရှေ့ပြေးကြာပွင့်အတတ်၊ အရိပ်ကနုကမာအတတ်၊ အတွင်းဂိတ်ရှစ်ပေါက်ဖွင့်လှစ်ခြင်းအစီအစဉ်...]
[လျှပ်စီးဓာတ်နင်ဂျုဆု - ချီဒိုရီ၊ ရိုင်ကီရီ၊ လျှပ်စီးလှိုင်းနှစ်ထပ်အတတ်၊ လျှပ်စီးကျားရဲအတတ်၊ လျှပ်စီးမြေပြင်လမ်းလျှောက်အတတ် ၊ လျှပ်စီးတံခါးဝ၊ လျှပ်စီးလူကိုယ်ပွားအတတ်...]
[မြေပုံစံ နင်ဂျုဆု - မြေတံတိုင်းအတတ်၊ မြေပြင်အက်ကွဲ အတတ်၊ မြေလှိုင်းဖြတ်တောက်ခြင်းအတတ်၊ မြေအောက်လှိုဏ်ခေါင်းအတတ်၊ မြေအောက်ခေါင်းဖြတ်အတတ်...]
[မီးပုံစံ နင်ဂျုဆု - မီးလုံးကြီးအတတ်၊ မီးနဂါးမီးလုံးအတတ်၊ နဂါးပျံမီးလျှံအတတ်၊ မီးလုံးအတတ်...]
[ရေပုံစံ နင်ဂျုဆု - ရေနဂါးမီးလုံးအတတ်၊ ရေခန္ဓာကိုယ်အတတ်၊ ရေတံတိုင်းအတတ်၊ ရေငါးမန်းမီးလုံးအတတ်...]
[လေပုံစံ နင်ဂျုဆု - လေ ဖြတ်တောက်ခြင်းအတတ်၊ လေမုန်တိုင်းလက်ဖဝါးအတတ်၊ လေလှိုင်းကြီးအတတ်...]
တစ်ခဏအတွင်းမှာပင် နာရုတိုသည် ကာကာရှီ၏ အံ့မခန်းလှသော စွမ်းရည်အစုအဝေးကြီးကို အကုန်အစင် သဘောပေါက်သွားခဲ့ရသည်။ နင်ဂျုဆုပေါင်း တစ်ထောင်ကျော်ကို ကူးယူထားသော ကူးယူနင်ဂျာ ဟာတာကီ ကာကာရှီဟူသော ဘွဲ့နာမက တကယ့်ကို အလကားမဟုတ်ဘူးပဲ။
ကာကာရှီနှင့် လက်ဆွဲနှုတ်ဆက်မှုသည် တိုတောင်းလှသော အချိန်ကာလမျှသာ ဖြစ်သော်လည်း နာရုတိုအတွက် မိမိအလိုရှိသော စွမ်းရည်များကို ကူးယူရန် လုံလောက်သော အချိန် ဖြစ်ခဲ့သည်။ နာရုတိုသည် အရာရာကို အလွန်အကျွံ ပြုလုပ်ခြင်း၏ ဆိုးကျိုးကို နားလည်ထားသည်။ မူရင်းဇာတ်လမ်း၌ သူသည် အဆုံးသတ်သို့ အလောတကြီး ပြေးလွှားခဲ့ခြင်းမျိုး မဟုတ်ပါ။
ယခုတစ်ကြိမ်တွင်မူ နာရုတိုသည် မိမိ၏ ဓာတ်သဘာဝ အစုံအလင် ဖြစ်ပေါ်စေရန်အတွက် မြေဓာတ်နှင့် ရေဓာတ်သဘာဝများကိုသာ ရွေးချယ်ကူးယူလိုက်သည်။ ယင်နှင့် ယန်ဓာတ်သဘာဝများကိုမူ အာရှုရာနှင့် အင်ဒရာတို့၏ စွမ်းအားများကို စုဆောင်းမိသည့်အခါမှသာ ရယူရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင်မူ တစ်ဖက်တည်းသော မန်ဂေခရို ရှာရင်းဂန်၊ ရာစင်းဂန်၊ ရှုရီကန်လူကိုယ်ပွားအတတ်၊ အမြင်အာရုံမှော်အတတ်များ ဖြစ်ကြသော နာရာကူမိအတတ်နှင့် ရှာရင်းဂန် အမြင်မှော်အတတ်၊ လျှပ်စီးဓာတ်ဖြစ်သော ချီဒိုရီနှင့် ရိုင်ကီရီ၊ မြေဓာတ်ဖြစ်သော မြေတံတိုင်းအတတ်နှင့် မြေလှိုင်းဖြတ်တောက်ခြင်းအတတ်၊ မီးဓာတ်ဖြစ်သော နဂါးပျံမီးလျှံအတတ်၊ ရေဓာတ်ဖြစ်သော ရေနဂါးမီးလုံးအတတ်နှင့် ရေတံတိုင်းအတတ်၊ လေဓာတ်ဖြစ်သော လေဖြတ်တောက်ခြင်းအတတ်နှင့် လေလှိုင်းကြီးအတတ် စသည်တို့ကို အဆင့်ဆင့် ကူးယူလက်ခံလိုက်တော့သည်။