"ကြည့်ရတာ ဒါဟာ အသင်းကောင်းတစ်သင်း ဖြစ်လာမယ့်ပုံပဲ။"
ဆာတိုရုနှင့် မာဆာဟီရိုတို့ ဆော့ကစားနေသည်ကိုလည်းကောင်း၊ ဘေးမှနေ၍ မြှောက်ပင့်ပေးလိုက်၊ ဖျန်ဖြေပေးလိုက် လုပ်နေသည့် မီဝါကိုလည်းကောင်း ကြည့်ရင်း နာကာဂျီးမားက တွေးတောနေမိသည်။ ဤမြင်ကွင်းများက ဆာတိုရုအား အသင်းထဲသို့ ခေါ်ယူခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း နာကာဂျီးမားကို ခံစားရစေသည်။ နာကာဂျီးမားသည် မာဆာဟီရို၏ စိတ်အခြေအနေကိုလည်း ကောင်းစွာနားလည်ထားသူဖြစ်သည်။ သူသည် မာဆာဟီရိုကို ရံဖန်ရံခါ စကားပြောဆိုပေးပြီး စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပေးခဲ့သော်လည်း ထူးခြားသည့် ရလဒ်တော့ မရှိခဲ့ပေ။ မာဆာဟီရို၏ စိတ်နှလုံးသည် တစ်နေ့ထက်တစ်နေ့ ပို၍ ပိတ်ဆို့လာသကဲ့သို့ ရှိသည်။ သို့သော် ယခုအခါတွင်မူ 'နှောင့်ယှက်သူ' ဟု ဆိုနိုင်သည့် ဆာတိုရု ရောက်ရှိလာခြင်းက အရာအားလုံးကို ကောင်းမွန်သော ဦးတည်ချက်သို့ ပြောင်းလဲပေးနေသည်ဟု ထင်ရသည်။
"ကဲ... အခု စကြစို့။"
လူတိုင်း အနားယူရသည်မှာ လုံလောက်ပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် နာကာဂျီးမားဆဲန်ဆေးက ပြောကြားလိုက်သည်။ ထိုအခါ သူတို့သုံးဦး၏ မျက်နှာအမူအရာများမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားကြသည်။ အကြောင်းမှာ သူတို့သည် သုတ်သင်သတ်ဖြတ်မှုတစ်ခုကို စတင်တော့မည် ဖြစ်သောကြောင့်တည်း။ ဤခရီးတစ်လျှောက်တွင် သူတို့သည် အဆိုပါ ဓားပြအဖွဲ့အကြောင်းကို စုံစမ်းစစ်ဆေးပြီးဖြစ်သည်။ ထိုဓားပြများသည် ယုတ်မာရက်စက်မှုပေါင်းများစွာကို ကျူးလွန်ထားကြသဖြင့် အသက်ချမ်းသာပေးရန် မလိုတော့ပေ။ အကယ်၍ ကျူးလွန်ထားသည့် အပြစ်များမှာ သိပ်မကြီးလေးပါက အရှင်ဖမ်းဆီးရမည် ဖြစ်သော်လည်း ယခုမူ မလိုအပ်တော့ပေ။
သူတို့ ချန်ထားခဲ့သော အညစ်အကြေးများကို ရှင်းလင်းပြီးနောက်တွင် တောအုပ်အတွင်းသို့ တစ္ဆေများကဲ့သို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားကြသည်။ မကြာမီမှာပင် ဓားပြများ ဆောက်လုပ်ထားသည့် ခံတပ်ကို တွေ့လိုက်ရပြီး အတွင်းဘက်မှ ပျော်ပါးရယ်မောနေသံများကိုလည်း ကြားနေရသည်။ ခံတပ်အဝင်ဝတွင် ကင်းစောင့်အချို့ ရှိနေသော်လည်း ဆာတိုရုတို့အတွက်မူ ထိုသူများသည် ကလေးငယ်များသဖွယ်သာ ဖြစ်သည်။
"မစ်ရှင် စပြီ။ မှတ်ထားပါ... အသက်ရှင်သူ တစ်ယောက်မှ မချန်ထားနဲ့။ အကယ်၍ ဓားစာခံတွေနဲ့ တွေ့ရင် ကယ်တင်ဖို့ ကြိုးစားပါ။ မကယ်နိုင်ဘူးဆိုရင်တော့ ထိုနေရာမှာတင် အဆုံးစီရင်လိုက်ပါ။"
နာကာဂျီးမားဆဲန်ဆေးက မစ်ရှင်၏ အကြောင်းအရာကို ထပ်မံအတည်ပြုလိုက်သည်။
"ဟုတ်ကဲ့။"
သုံးဦးသား တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။ ဤသည်မှာ နင်ဂျာလောက၏ ရက်စက်ကြမ်းကြုတ်မှုပင် ဖြစ်သည်။ သင်သည် ဓားစာခံတစ်ဦးဖြစ်စေ၊ သာမန်လူတစ်ဦးဖြစ်စေ၊ မစ်ရှင်ကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အနှောင့်အယှက်ဖြစ်လာပါက သုတ်သင်ရှင်းလင်းခြင်း ခံရမည်သာ ဖြစ်သည်။
"လူကလေး... ငါတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေနဲ့ဦး။"
မာဆာဟီရိုက ဆာတိုရုကို တစ်ချက်လှမ်းကြည့်ကာ ရှေ့ဆုံးမှ ဦးဆောင်ပြေးထွက်သွားသည်။
"ဘယ်သူလဲဟ။"
တံခါးဝတွင် စောင့်နေသည့် ဓားပြအချို့မှာ မာဆာဟီရိုကို ချက်ချင်းပင် မြင်သွားကြသည်။ သူတို့က လက်နက်များကို ဆွဲထုတ်ကာ မေးမြန်းလိုက်သော်လည်း စကားပင် မဆုံးသေးမီမှာပင် အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။ သူတို့၏ ရင်ဘတ်များမှ သွေးများ ပန်းထွက်လာကာ မျက်လုံးများ ပြူးထွက်သွားပြီး မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားကြတော့သည်။
"ကျူးကျော်သူတွေ... ကျူးကျော်သူတွေဟေ့။"
ရုတ်တရက် ခံတပ်အတွင်းရှိ ဓားပြများကလည်း အခြေအနေကို သိရှိသွားပြီး အလန့်တကြား အော်ဟစ်ကြတော့သည်။ ထို့နောက် 'ဒုန်းဒုန်းဒုန်း' နှင့် ပြေးလွှားသံများမှာ ခံတပ်တစ်ခုလုံး ဟိန်းထွက်သွားကာ လူတိုင်း စတင်လှုပ်ရှားလာကြသည်။
"ဆာတိုရု... မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး။"
ထို့နောက် မီဝါလည်း ပြေးဝင်သွားတော့သည်။ သူမသည် ဆေးပညာနင်ဂျာတစ်ဦး ဖြစ်သဖြင့် တိုက်ခိုက်ရေးတွင် သိပ်မကျွမ်းကျင်သော်လည်း နင်ဂျာပင် မဟုတ်သည့် သာမန်လူများကိုမူ အလွယ်တကူ ကိုင်တွယ်နိုင်သည်။
"မင်း မလုပ်နိုင်ဘူးဆိုရင် နောက်ဆုတ်လိုက်ပါ၊ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မတွန်းအားပေးနဲ့။"
ဆာတိုရု တစ်ယောက် အချိန်အတော်ကြာသည်အထိ လှုပ်ရှားမှုမရှိဘဲ ရပ်နေသည်ကို တွေ့ရသဖြင့် နာကာဂျီးမားက ဆာတိုရု၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော် သက်ပြင်းချနေတာပါ။ ကျွန်တော့်အသင်းဖော် နှစ်ယောက်က တကယ်ကို တော်ကြတာပဲလို့ တွေးနေမိလို့။"
ထိုအချိန်တွင် မာဆာဟီရိုနှင့် မီဝါတို့မှာ သေမင်းတမန် နှစ်ဦးကဲ့သို့ပင်။ သူတို့သည် အဆိုပါလူများ၏ အသက်ဇီဝကို မည်သည့်ကရုဏာမျှမရှိဘဲ ရိတ်သိမ်းနေကြပြီး လူတိုင်းကို တစ်ချက်တည်းနှင့် အသက်ပျောက်အောင် သတ်ဖြတ်နေကြသည်။
"သူတို့လက်ထဲမှာ သေဆုံးသွားတဲ့ အသက်ပေါင်းက ရာဂဏန်းထက် မနည်းတော့ဘူး။ သူတို့ရဲ့ စရိုက်ထဲက ကြောက်ရွံ့မှုတွေဟာလည်း တိုက်ပွဲပေါင်းများစွာကြားမှာ အရည်ပျော် ပျောက်ကွယ်သွားခဲ့ပြီ။" ဟု နာကာဂျီးမားဆဲန်ဆေးက ဆိုသည်။ "သူတို့ ပထမဆုံးအကြိမ် ဒီလိုမြင်ကွင်းမျိုးကို မြင်တုန်းက မင်းထက် အများကြီး ပိုဆိုးခဲ့တာ။ သူတို့ကိုယ်တွေဆို ကြောက်လွန်းလို့ တုန်နေတာပဲ။ မင်းကတော့ ငါမြင်ဖူးသမျှ လူတွေထဲမှာ စိတ်အည်ငြိမ်ဆုံးပဲ။"
"ဟုတ်လား... ဒါပေမဲ့ ပထမဆုံး မစ်ရှင်မှာ ကျွန်တော်က ဘေးကြည့်ပရိသတ်ပဲ လုပ်နေလို့ မဖြစ်ဘူးလေ။"
ထိုသို့ပြောပြီးနောက်တွင် ဆာတိုရုသည် 'အပြာရောင်' (Blue) ၏ ဆင့်ပွားအသုံးချမှုတစ်ခုဖြစ်သည့် လျက်တပြတ် ရွှေ့ပြောင်းခြင်း (Instant Movement) ကို တိုက်ရိုက်အသုံးပြုလိုက်သည်။ သူသည် အကွာအဝေး အရှည်ကြီးကို မရွှေ့ပြောင်းနိုင်သေးသော်လည်း ခံတပ်အတွင်းသို့ ဝင်ရောက်ရန်မှာမူ အလွန်လွယ်ကူလှသည်။
"ဒါ... ဒါ ဘာလဲ။"
ဆာတိုရု၏ ဘေးတွင် ရပ်နေခဲ့သည့် နာကာဂျီးမားသည် ဆာတိုရုက တိုက်ပွဲမြေပြင်အလယ်တွင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားသည်။ ခုနလေးတင် ဆာတိုရု၏ လှုပ်ရှားမှုကို သူ လုံးဝ လိုက်မမီခဲ့ပေ။
"ဒါက လျှပ်တပြက်ခန္ဓာလှုပ်ရှားနည်းစနစ် (Body Flicker Technique) လုံးဝ မဟုတ်ဘူး။"
နာကာဂျီးမားသည် သူ၏ အတွေးကို အခိုင်အမာ ယုံကြည်လိုက်သည်။ လျှပ်တပြက်ခန္ဓာလှုပ်ရှားနည်းစနစ် ဆိုသည်မှာ အလွန်လျှင်မြန်သော အရှိန်ဖြင့် ရွှေ့လျားခြင်းသာဖြစ်ပြီး ခြေရာလက်ရာ ကျန်ရှိနေတတ်သည်။ သို့သော် ဆာတိုရု၏ လုပ်ဆောင်ချက်မှာ ဟင်းလင်းပြင် (Space) နင်ဂျုဆု တစ်ခုနှင့်သာ တူနေသည်။
"ဟင်းလင်းပြင် နင်ဂျုဆုလား? ငါ တကယ့်ကို အံ့ဩစရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်တာလား။"
နာကာဂျီးမား တစ်ယောက်တည်း ရေရွတ်နေမိသည်။ အမှန်စင်စစ် 'အပြာရောင်' (Blue) ကို အသုံးပြု၍ လျက်တပြတ် ရွှေ့ပြောင်းခြင်း၏ သဘောတရားမှာ ရိုးရှင်းပါသည်။ 'အပြာရောင်' ပေါ်ထွက်လာမည့် နေရာကို တိကျစွာ သတ်မှတ်နိုင်ပြီး 'နေရာရွှေ့ပြောင်းရန် လိုအပ်သည့် လူ သို့မဟုတ် ပစ္စည်းများအပေါ်တွင်သာ သက်ရောက်မှုရှိစေမည့်' တိကျသည့် ဦးတည်ချက်ရှိသော 'အပြာရောင်' ကို အသုံးပြုကာ မူလနေရာနှင့် ဦးတည်ရာနေရာကြားရှိ အကွာအဝေး သို့မဟုတ် ဟင်းလင်းပြင်ကို ချုံ့လိုက်ခြင်းဖြင့် တယ်လီပို့လုပ်သကဲ့သို့ အကျိုးသက်ရောက်မှုကို ရရှိစေခြင်းပင်။
ထို့ကြောင့် ဤသည်ကို ဟင်းလင်းပြင် နင်ဂျုဆုဟု ခေါ်ဆိုလျှင်လည်း မမှားပေ။
တိုက်ပွဲမြေပြင်အလယ်တွင် ဆာတိုရု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိ ဓားပြများအားလုံး တစ်စက္ကန့်ခန့် ကြောင်သွားကြသည်။ သို့သော် ဆာတိုရု၏ လက်မောင်းတွင် ပတ်ထားသော နင်ဂျာနောက်ခံတံဆိပ်ကို မြင်လိုက်ရသောအခါ ဤကလေးငယ်မှာ ရန်သူဖြစ်ကြောင်း သိသွားကြသည်။ ထို့နောက် လူတစ်အုပ်လုံး ဆာတိုရုထံသို့ ပြေးဝင်လာကြတော့သည်။
"သတိထား ဆာတိုရု။"
မီဝါက ဆာတိုရုကို အကျယ်ကြီး လှမ်းသတိပေးလိုက်သည်။ မာဆာဟီရိုကလည်း ဆာတိုရုကို စိုးရိမ်တကြီး ကြည့်နေသလို၊ နာကာဂျီးမားဆဲန်ဆေးကလည်း တစ်ကိုယ်လုံး တင်းခံထားသည်။ ဆာတိုရု တစ်ခုခုဖြစ်သည်နှင့် သူ ချက်ချင်း ဝင်ရောက်ကူညီတော့မည် ဖြစ်သည်။
"ဟက်... မင်းတို့ရဲ့ လူအင်အားသုံးတဲ့ နည်းဗျူဟာက ငါ့ကို နည်းနည်းလောက် စိတ်ဝင်စားလာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ဆာတိုရုက ပြောလိုက်သည်။ သူ၏ မျက်နှာတွင် စိတ်ကြွနေသည့် အမူအရာတစ်ခု ပေါ်လာပြီး လက်ထဲတွင် ကူနိုင်း နှစ်ချောင်း ချက်ချင်း ပေါ်လာသည်။ ထို့နောက် ဆာတိုရု၏ ပုံရိပ်သည် လူအုပ်ကြားထဲတွင် လျင်မြန်စွာ လှုပ်ရှားသွားတော့သည်။ ဆာတိုရု ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လူများသည် ဒိုမီနိုပြားများကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
"ဒါက ဆာတိုရုရဲ့ ခွန်အားလား။"
ဆာတိုရု၊ မာဆာဟီရိုနှင့် မီဝါတို့ကို စောင့်ကြည့်နေသည့် နာကာဂျီးမားဆဲန်ဆေးမှာ အံ့အားသင့်သွားရသည်။ ယခုပြသနေသည့် ခွန်အားမှာ နင်ဂျာအကယ်ဒမီမှ ဘွဲ့ရကာစ ကလေးတစ်ယောက်နှင့် လုံးဝ မတူပေ။
"တော်လိုက်တာ ဆာတိုရု။"
မီဝါက ဆာတိုရုကို အော်ဟစ်ချီးကျူးလိုက်သည်။
"ဒါက ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းဆောင်ရည်လား။"
မာဆာဟီရိုသည် စိတ်ထဲတွင် အတန်ငယ် မကျေမနပ် ဖြစ်နေမိသည်။ သူ၏ ပါရမီမှာ ညံ့ဖျင်းသည်ဟု မဆိုနိုင်သော်လည်း ပါရမီရှင်အဆင့်တော့ မဟုတ်ဘဲ သာမန်ကာလျှံကာဟုသာ ဆိုနိုင်သည်။ ဟာတကဲဆာတိုရု၏ ပါရမီရှင်ဟူသော ဘွဲ့ထူးမှာ သူတစ်ပါးက လေလုံးထွားနေခြင်းသာ ဖြစ်မည်ဟု သူ အရင်က ထင်မှတ်ခဲ့သော်လည်း ယခုမူ သူ အကြီးအကျယ် မှားသွားကြောင်း သိလိုက်ရပြီ။ ဆာတိုရုတွင် ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်သည့် အရည်အချင်းအစစ်အမှန် ရှိနေသည်။
သူ နင်ဂျာအကယ်ဒမီမှ ထွက်လာပြီး ပထမဆုံးအကြိမ် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့စဉ်က လူသတ်ဖို့ နေနေသာသာ ကြောက်လန့်ပြီး ကြောင်နေခဲ့သည်ကို သူ မှတ်မိနေသေးသည်။
ဆာတိုရု၏ သတ်ဖြတ်မှုများ ရပ်တန့်သွားချိန်တွင် သူ၏ နောက်ကွယ်၌ လူအများအပြား လဲကျနေပြီဖြစ်သော်လည်း ဆာတိုရု၏ ကိုယ်ပေါ်တွင်မူ သွေးစက်တစ်စက်မျှ စွန်းထင်ခြင်း မရှိပေ။ ထိုအချိန်တွင် ဆာတိုရုထံမှ ချဉ်းကပ်ရန် ခက်ခဲသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ဆံပင်ဖြူနှင့် သေမင်းတမန်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
"မကောင်းတော့ဘူး... သူတို့ ထွက်ပြေးတော့မယ်။"
ထိုအချိန်တွင် ကြွင်းကျန်နေသော ဓားပြများအားလုံးသည် အိမ်တစ်လုံးဆီသို့ ဦးတည်ပြေးနေကြသည်ကို မီဝါက သတိပြုမိလိုက်သည်။ မီဝါ၏ အသံကို ကြားလိုက်ရသဖြင့် ဆာတိုရုက ခေါင်းလှည့်ကြည့်လိုက်ပြီး အဆိုပါအိမ်အတွင်းသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။ သို့သော် အိမ်ထဲသို့ ပြေးဝင်လိုက်သည့် ခဏမှာပင် အိမ်အနှံ့တွင် ကပ်ထားသော ယမ်းကပ်ခွာ (Explosive tags) များကို ဆာတိုရု သတိထားမိလိုက်သည်။ ထို့နောက် ယမ်းကပ်ခွာများမှ မီးပွားများ တစ်ခုပြီးတစ်ခု ထွက်လာကာ တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။ ကောင်းကင်သို့ ထိုးတက်သွားသော ပေါက်ကွဲမှုကြီးက အိမ်တစ်လုံးလုံးကို လွင့်စင်သွားစေသည်။
နောက်မှ ရောက်လာကြသည့် မာဆာဟီရို၊ မီဝါနှင့် နာကာဂျီးမားတို့မှာ မီးဟုန်းဟုန်း တောက်နေသည့် အိမ်ပျက်ကြီးကို ကြည့်ရင်း အံ့အားသင့်ကာ ရပ်နေမိကြသည်။ ဆာတိုရု၏ ပထမဆုံး မစ်ရှင်မှာ ယခုကဲ့သို့ မတော်တဆမှုတစ်ခု ဖြစ်လာလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။