အခန်း [၁၀၆] : ထိုးစစ်ဆင်ခြင်း
ရှင်းနှင့် သူ၏အဖွဲ့သည် ကိုနိုဟာအခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သော်လည်း နွေးထွေးသော ကြိုဆိုမှုမျိုးနှင့်မူ မကြုံခဲ့ရပေ။ ကိုနိုဟာ၏ ဂျိုးနင်နှင့် ချူးနင်များသည် သူတို့အဖွဲ့ကို သံသယမျက်လုံးများဖြင့် ခပ်စိမ်းစိမ်း စိုက်ကြည့်နေကြသည်။
ထိုသူများက ရှင်းကို မမှတ်မိကြခြင်းဖြစ်သည်။
သို့သော် လူတိုင်းတော့ မဟုတ်ပေ။
ဟိုမူရာ နှင့် ကိုဟာရူ တို့သည် သူတို့ထံသို့ လျှောက်လှမ်းလာကြသည်။ "မင်းက အူဇူမာကီး ရှင်း ဆိုတာလား?" ဟု ဟိုမူရာက ခပ်ပြတ်ပြတ် မေးလိုက်သည်။
သူတို့၏ မောက်မာလှသော အမူအရာကို ရှင်းက တစ်ချက်ကြည့်ကာ သတိပြုမိလိုက်သည်။ သူတို့ပုံစံက သူ့ကို အထင်သေးကြည့် ကြည့်နေသည့်ပုံပင်။
ဟိုမူရာသည် ရှင်း၏ ပေါ့ပျက်ပျက် အမူအရာကို ကြည့်ပြီး စိတ်ထဲမှ ဒေါသထွက်သွားသည်။ သူတို့သည် ကိုနိုဟာ၏ အကြီးအကဲများ ဖြစ်ကြရာ ရှင်းအနေဖြင့် ရိုရိုသေသေ ဆက်ဆံသင့်သည်ဟု သူယူဆနေခြင်းဖြစ်သည်။
သို့သော် ရှင်းထံမှ ထိုသို့သော ရိုသေမှုကို မျှော်လင့်နေခြင်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။ ရှင်းကမူ သူတို့၏ မောက်မာမှုကို ရွံရှာမိသည်။
သူတို့သာ ဒုတိယမြောက် ဟိုကာဂဲ၏ တပည့်များ မဟုတ်ခဲ့လျှင် ဤအကြီးအကဲ နေရာသို့ ရောက်လာစရာ အကြောင်းပင် မရှိပေ။
"ဟီရူဇန်က မင်းကို ငါတို့ကို ကူညီဖို့ လွှတ်လိုက်တာပဲ။ ဒါပေမဲ့ မင်းက စိတ်ပျက်စရာပဲ။ ကီရီ နင်ဂျာလေးတွေ လက်ချက်နဲ့တင် ဒီလောက်ထိ အထိနာသွားရတယ်လို့လား?"
ရှင်းက ခနဲ့တဲ့တဲ့ စကားကို မပြောဘဲ မနေနိုင်ခဲ့ပေ။
"အူဇူမာကီး ရှင်း... မင်း ဘာပြောလိုက်တာလဲ?! မင်း အင်အားတောင့်တင်းရုံနဲ့ ဘဝင်မမြင့်စမ်းနဲ့။ ငါတို့က ကိုနိုဟာ အကြီးအကဲတွေကွ! ငါတို့ကို မရိုမသေလုပ်ရင် ဘာဖြစ်မလဲဆိုတာ မင်းသိရဲ့လား?"
"ညံ့လိုက်တာ..."
ရှင်းက နှာခေါင်းရှုံ့ကာ တစ်ခွန်းတည်း ပြောလိုက်သည်။
ဟိုမူရာနှင့် ကိုဟာရူတို့မှာ ဒေါသကြောင့် မျက်နှာကြီး နီမြန်းရာမှ ဖြူလျော့သွားကြသည်။ ဘေးပတ်ဝန်းကျင်ရှိ ကိုနိုဟာ နင်ဂျာများကမူ ထိုမြင်ကွင်းကို ကျေနပ်အားရစွာ ကြည့်နေကြသည်။
သူတို့သည် အမိန့်သာပေးပြီး တိုက်ပွဲထဲ ဘယ်တော့မှ မပါဝင်သည့် ဤအကြီးအကဲ နှစ်ဦးအပေါ် မကျေနပ်ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကီရီနှင့် တိုက်ပွဲတွင် ကိုနိုဟာဘက်မှ အထိနာခဲ့ရခြင်းသည်လည်း ဤအကြီးအကဲနှစ်ဦး၏ ညံ့ဖျင်းမှုနှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသည်။
"ငါ နားဖို့ နေရာတစ်ခု ပြင်ထားပေးလိုက်ဦး။"
ရှင်းက သူတို့ကို လျစ်လျူရှုကာ အခြားနင်ဂျာများကိုသာ လှည့်ပြောလိုက်သည်။
ရှင်း၏ အသက်အရွယ်က ငယ်သော်လည်း မည်သူမျှ မနာခံဘဲ မနေရဲကြချေ။ သူတို့သည် ရှင်း၏နောက်ကွယ်၌ ရှိနေသော ရှုကူကု (တစ်မြီးရှင်) ၏ ထိတ်လန့်ဖွယ် အရိပ်အယောင်ကို မြင်တွေ့ခဲ့ရပြီးပြီ မဟုတ်ပါလား။
"အူဇူမာကီး ရှင်း... မင်းကတော့..."
"ပါးစပ်ပိတ်ထား၊ မဟုတ်ရင် မင်းကို ငါ အခုပဲ သတ်မိလိမ့်မယ်!"
ရှင်းက ဟိုမူရာကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ ဟိုမူရာ တစ်ကိုယ်လုံး စိမ့်တက်သွားသည်။
"ငါက ကူညီဖို့ ရောက်လာတာ မှန်ပေမဲ့ အမိန့်ပေး ခိုင်းစေတာကိုတော့ အမုန်းဆုံးပဲ။ ဒါကြောင့် ငါ့ကို လာပြီး အမိန့်မပေးနဲ့၊ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်။"
ရှင်းက သူ၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူသည် သူတို့၏ အမိန့်ကို နာခံမည် မဟုတ်ပေ။ သူသည် တတိယမြောက် ဟိုကာဂဲ၏ ထိန်းချုပ်မှုကိုပင် မနှစ်မြို့သူ ဖြစ်သည်။
....
ထို့နောက် သူသည် ကူရှီးနား၊ မီကိုတို နှင့် ကိုနန် တို့ကို ခေါ်ဆောင်ကာ ဟိုမူရာနှင့် ကိုဟာရူတို့၏ မကျေနပ်သော မျက်နှာထားများကို လျစ်လျူရှုပြီး ထွက်ခွာလာခဲ့သည်။
"သူတို့က ကိုယ့်ကိုယ်ကိုယ် ဘယ်သူများ မှတ်နေကြတာလဲမသိဘူး" ဟု ကူရှီးနားက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတို့၏ မောက်မာမှုကြောင့် သူမ တကယ်ပင် စိတ်တိုနေမိသည်။ အကယ်၍ သူတို့၌ ထိုသို့ မောက်မာနိုင်လောက်သည့် အင်အားသာရှိလျှင် တစ်မျိုးဖြစ်သော်လည်း ယခုမူ သူတို့က အားနည်းလွန်းလှသည်။
အကြီးအကဲတွေ ဖြစ်နေရုံနှင့် ရှင်းက သူတို့ကို ရိုသေမည်ဟု ထင်နေကြသည်လား?
အကယ်၍ သူတို့သာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ပါက ရှင်းကလည်း ဤမျှ ရိုင်းစိုင်းခဲ့မည် မဟုတ်ပေ။ သို့သော် သူတို့သည် အာဏာရှိသည့် နေရာတွင် နေသားကျနေကြသူများ ဖြစ်ရာ ရှင်းကမူ သူတို့၏ အလိုကို လိုက်မည့်သူ မဟုတ်ချေ။
မကြာမီ ရှင်းသည် သူနားရမည့် နေရာသို့ ရောက်ရှိလာသည်။ ၎င်းမှာ ရိုးရှင်းသော တဲတစ်လုံးသာ ဖြစ်သော်လည်း စစ်မြေပြင်တွင်မူ ဤမျှသာ ရရှိနိုင်မည် ဖြစ်သည်။
ထို့ပြင် မကြာသေးမီက ရှုံးနိမ့်မှုများကြောင့် ဆုတ်ခွာစဉ်အတွင်း တဲအများအပြား ဆုံးရှုံးခဲ့ရရာ တဲတစ်လုံး ရရှိခြင်းမှာပင် ဇိမ်ခံနိုင်သည့် အခြေအနေ ဖြစ်နေပြီဖြစ်သည်။
"ကီရီရဲ့ လက်ရှိအခြေအနေအရ သူတို့ ခဏလောက်တော့ ပြန်တိုက်လာဦးမှာ မဟုတ်ဘူး" ဟု မီကိုတိုက ခန့်မှန်းလိုက်သည်။
"သူတို့ လာတိုက်မှာကို စောင့်နေဖို့ မဟုတ်ဘူး။ ငါတို့ဘက်က အရင် ထိုးစစ်ဆင်မှာ" ဟု ရှင်းက ဆိုသည်။
သူ ဤကိစ္စကို အမြန်အဆုံးသတ်လိုသည်။ မူရင်းဇာတ်လမ်းတွင် ကီရီသည် ဒုတိယအကြိမ်မြောက် ကမ္ဘာ့နင်ဂျာစစ်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ ယခုမူ ကိုနိုဟာကို စစ်နိုင်အောင် ကူညီရမည့် သူ၏တာဝန်အရ ကီရီသည် သူကျော်ဖြတ်ရမည့် အဟန့်အတားတစ်ခု ဖြစ်လာခဲ့သည်။
"ရှင်း... မင်းက စစ်သူကြီး မဟုတ်ဘူးလေ။ အဲ့ဒါကို မင်းဘာသာ ဆုံးဖြတ်လို့ မရဘူး" ဟု မီကိုတိုက ထောက်ပြသည်။
"သူတို့အကူအညီ လိုတယ်လို့ ဘယ်သူပြောလဲ? ကီရီကို ရှင်းဖို့ ငါ့မှာ အကူအညီလိုမယ် ထင်နေတာလား? သူတို့က ငါ့အတွက် ဘာမှမဟုတ်ဘူး။"
"ငါ တကယ်ပဲ မင်းကို အခု လက်သီးနဲ့ ထိုးချင်လိုက်တာ။"
ကူရှီးနားက ရှင်း၏ မောက်မာသော စကားကြောင့် စိတ်တိုကာ စိုက်ကြည့်လိုက်သည်။
"ငါ့ကို ထိုးမလို့လား? ကူရှီးနား... မင်းကိုယ်မင်း အထင်မကြီးစမ်းပါနဲ့။ ငါ့ကို မင်း နိုင်ပါ့မလား?" ဟု ရှင်းက ပြန်မေးသည်။
"မင်းက ပြန်ချမလို့လား?" ကူရှီးနား၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါပေါ့! မင်း ငါ့ကို လာတိုက်ရင် ငါက ပြန်ချမှာပဲ! မင်းကို ငိုသွားအောင်အထိ ငါ ဆုံးမပစ်မယ်။ စမ်းကြည့်ချင်လား?"
ရှင်းက သွားဖြဲပြလိုက်သည်။
မီကိုတိုနှင့် ကိုနန်တို့က တခိခိ ရယ်မောကြရာ ကူရှီးနား မျက်နှာကြီး ရှုံ့မဲ့သွားသည်။ သူမက ရှင်း၏ လက်မောင်းကို ဆွဲကာ အားရပါးရ ကိုက်ထည့်လိုက်လေသည်။
ရှင်သည် သူမ လွှတ်ပေးလိုက်ပြီးနောက် လက်မောင်းပေါ်ရှိ တံတွေးများကို သုတ်ကာ သူမကို ပြန်စိုက်ကြည့်လိုက်သည်။
"ရှင်း... လူယုတ်မာ! မင်းကို ငါ သတ်မယ်!"
ကူရှီးနားသည် ရှင်း၏နောက်သို့ လိုက်လံ မောင်းနှံနေပြီးနောက် မောဟိုက်သွားမှသာ ရပ်တန့်သွားသည်။ သို့သော် သူမက ရှင်းကို ဆက်လက် မျက်စောင်းထိုးနေဆဲပင်။
...
"အဟမ်း... ကီရီကို သွားရှင်းလိုက်ဦးမယ်" ဟု ရှင်းက ပြောလိုက်ပြီးနောက် ကိုယ်ရောင်ဖျောက်အတတ် (Body Flicker) ကို အသုံးပြုကာ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။
ကူရှီးနားနှင့် မီကိုတိုတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"သူ တကယ်ပဲ ကီရီကို သွားတိုက်မလို့လား?"
"ရှင်းအစ်ကို အဆင်ပြေပါ့မလား?" ကိုနန်က စိုးရိမ်တကြီး မေးလိုက်သည်။
"အဆင်ပြေမှာပါ။ သူ့မှာ ယိုမော့ဆု ဟီရာဆာကာ ရှိတာပဲ။ မနိုင်ရင်တောင် သူ လွတ်အောင် ပြေးနိုင်ပါတယ်" ဟု မီကိုတိုက သူမကို နှစ်သိမ့်လိုက်သည်။
"သူ ရှုံးလိမ့်မယ်လို့ ငါ မထင်ဘူး။ ငါတို့ ကီရီအတွက်ပဲ ဆုတောင်းပေးသင့်တယ်" ဟု ကူရှီးနားက ဆိုသည်။
...
ရှင်းသည် ကီရီအခြေစိုက်စခန်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားသည်။
သူသည် ထိုးစစ်ဆင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
သူသည် သူရဲကောင်းလုပ်လို၍ မဟုတ်ပေ။ ဟိုမူရာနှင့် ကိုဟာရူတို့ကို စော်ကားခဲ့ပြီးဖြစ်ရာ သူတို့၏ အကူအညီကို မျှော်လင့်၍ မရနိုင်တော့ကြောင်း သူသိသည်။ ထို့ပြင် ကိုနိုဟာတပ်ဖွဲ့နှင့် အတူတိုက်လျှင်ပင် သူတို့က သူ့အတွက် အနှောင့်အယှက်သာ ဖြစ်လိမ့်မည်။
ရှင်းသည် ပုန်းလျှိုးကွယ်လျှိုး လုပ်မနေတော့ဘဲ ကီရီစခန်းဆီသို့ ဗြောင်ကျကျ ချီတက်သွားသည်။ ချောင်းမြောင်း တိုက်ခိုက်နေရန် မလိုဟု သူယူဆသည်။
သူတို့သည် မည်သို့ပင်ဖြစ်စေ သူ့ကို ယှဉ်နိုင်စွမ်း မရှိကြချေ။
ဒါသည်ကား သူ၏ အဆမတန် ကြီးမားသော အင်အားအပေါ် ယုံကြည်မှုကြောင့် ဖြစ်သည်။ အကယ်၍ ထိုသို့သော အင်အားသာ မရှိပါက သူ ဤကဲ့သို့ ပြုလုပ်မည် မဟုတ်ပေ။
သူသည် လူမိုက်တစ်ယောက် မဟုတ်ပါချေ။