အခန်း (၄၀) - နဂါးမင်းသမီးလေးကို စနောက်ခြင်းနှင့် တော်ဝင်စာကြည့်တိုက်
ဒရေးကန်သည် တရားထိုင်ရာမှ ထရပ်ကာ အခန်းထဲသို့ လျှောက်လာခဲ့သည်။ အခန်းထဲတွင် အစေခံမလေးနှစ်ဦးမှာ အလုပ်များလျက် သန့်ရှင်းရေးလုပ်နေကြသည်။ သူတို့ကို ကြည့်ရင်း လီလီယာကို သတိရသွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး မျက်နှာတွင် ခက်ထန်သော အမူအရာတစ်ခု ပေါ်လာသည်။
'အယ်လီနာ!' ဤနာမည်က သူ့စိတ်ထဲတွင် ဟိန်းထွက်နေသော်လည်း နောက်ဆုံးတွင်တော့ သူသည် ပင်ပန်းနွမ်းနယ်သော အမူအရာဖြင့် ခုတင်ပေါ်သို့သာ ပုံကျသွားတော့သည်။ လောလောဆယ်တွင် သူသည် အဆင့်-၇ နဂါးတစ်ဦးကို ယှဉ်နိုင်စွမ်း မရှိသေးပေ။ တကယ်တော့ သူမအပေါ် အငြိုးအတေးကြီးကြီးမားမား မရှိလှပါ၊ လီလီယာကို ဖမ်းထားသည်မှလွဲ၍ပေါ့။ ဘာပဲပြောပြော သူမကြောင့်သာ သူ နဂါးတစ်ဦး ဖြစ်လာခဲ့ပြီး ဤကဲ့သို့ ခမ်းနားသော အခွင့်အရေးများကို ရရှိခဲ့ခြင်း ဖြစ်သည်။ လီလီယာကိုသာ သူ ခေါ်ထုတ်နိုင်ခဲ့လျှင် နောက်နောင် သူမနှင့် ပတ်သက်စရာ အကြောင်းမရှိတော့ပေ။ သို့သော် ထိုပရိယာယ်များလှသော မိန်းမမှာ တစ်ခုခုကို ကြံစည်နေသည်မှာ သေချာသည်။
'သူမသာ လွန်လာမယ်ဆိုရင်တော့...' သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။
"သခင်လေး" အစေခံမလေးနှစ်ဦးမှာ ချက်ချင်းပင် အာရုံရောက်လာပြီး ပြုံးရွှင်စွာဖြင့် သူ့အနားသို့ လျှောက်လာကြသည်။
"ဟားဟား၊ မင်းတို့လည်း တစ်ခါတလေ နားကြပါဦး။ ဒါနဲ့ ငါ မေးစရာရှိလို့"
"ကျွန်မတို့ သိသလောက် အကုန်ဖြေပေးပါ့မယ်ရှင်" ဟု လင်က ပြောပြီး ရင်ကမူ ရှက်ကိုးရှက်ကန်းဖြင့် သူမနောက်တွင် ပုန်းနေဆဲပင်။
"ငါ အခု တတိယစက်၀န်းရဲ့ အထွက်အထိပ်ကို ရောက်နေပြီ။ ဆက်ပြီး တိုးတက်ဖို့ဆိုရင် ငါ့ရဲ့ အတတ်ပညာတွေကို ပိုပြီး နားလည်အောင် လုပ်ရမယ်၊ နောက်ပြီး အသစ်တွေလည်း ထပ်လေ့လာရမယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ?" ဒရေးကန်က တည့်တည့်ပင် မေးလိုက်သည်။
သူသည် အရှိန်အဝါ (Aura) အတတ်ပညာကို သုံးသည်မှာ လျှို့ဝှက်ချက်မဟုတ်သလို၊ ရှေ့ဆက်သွားရန်မှာ မိမိဘာသာ လမ်းစရှာရမည်ကိုလည်း သူတို့ သိကြသည်။ အမှန်တော့ ဒါက အသစ်အဆန်းမဟုတ်ပေ၊ နဂါးမျိုးနွယ်မှ လူငယ်တိုင်း ပိုမိုသန်မာလာစေရန် ဤလမ်းစဉ်အတိုင်းပင် လျှောက်လှမ်းကြရသည်။ နဂါးမျိုးနွယ်တွင် ဘာတစ်ခုမှ အလကား မရချေ။ မြင့်သထက် မြင့်အောင် တက်လှမ်းလေလေ မိမိလမ်းကို မိမိဖောက်ရလေလေ ဖြစ်သည်။ အခြေခံ အတတ်ပညာများကိုသာ အလကား ပေးထားခြင်းဖြစ်ရာ အင်အားကြီး နဂါးတိုင်းတွင် မတူညီသော ကိုယ်ပိုင်အတတ်ပညာများ ရှိကြသည်။
"ဪ... အဲဒါအတွက်ဆိုရင်တော့ နေရာအနှံ့ကနေ အသိပညာတွေ စုဆောင်းရပါလိမ့်မယ် သခင်လေး။ ဒါပေမဲ့ အခု သခင်လေးက မင်းသားလေး ဖြစ်နေပြီဆိုတော့ တော်ဝင်စာကြည့်တိုက်ကို သွားလို့ရနိုင်မလားမသိဘူးနော်"
"တော်ဝင်စာကြည့်တိုက်?" ဒရေးကန်က ခေါင်းငြိမ့်လိုက်သည်။
မကြာမီတွင် သူသည် အခန်းပြင်သို့ ထွက်လာခဲ့ပြီး နန်းတော်အနှံ့ သန့်ရှင်းရေးလုပ်နေကြသော အစေခံများစွာကို တွေ့လိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်က သူ့ကို မြင်သည်နှင့် ရိုသေစွာ ဦးညွှတ်လိုက်ပြီး— "မင်းသားလေးကို ဂါရဝပြုပါတယ်"
"အင်း" ဒရေးကန်က ခံစားချက်မပါဘဲ ခေါင်းငြိမ့်ပြလိုက်ရင်း— "နဂါးဘုရင်ကြီး ဘယ်မှာလဲ သိလား?"
"အဲဒါ... အဲဒါကတော့ ကျွန်တော်မျိုး မသိပါဘူးဘုရား" အစေခံမှာ တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေသည်။
"ဒါဆို ငါ တော်ဝင်စာကြည့်တိုက်ကို သွားလို့ရမလားဆိုတာကော သိလား?"
"မသိပါဘူး မင်းသားလေး၊ တောင်းပန်ပါတယ်" အစေခံမှာ ငိုတော့မည့်ရုပ်ဖြင့် ပြန်ဖြေရှာသည်။
ဒရေးကန် သူ့ခေါင်းသူ ပြန်ကုတ်လိုက်မိသည်။ 'ငါ့ရဲ့ ကိုယ်ပိုင်အစေခံတောင် မသိတာ၊ သူတို့က ဘယ်လိုလုပ် သိမှာလဲ?' ထို့ကြောင့် သူက အစေခံမလေးကို နွေးထွေးသော အပြုံးဖြင့် ပြန်လွှတ်လိုက်ပြီး ရှေ့ဆက် ဘာလုပ်ရမလဲဟု စဉ်းစားနေမိသည်။
စဉ်းစားနေတုန်းမှာပင် အပြာရောင်ဆံပင်နှင့် ရင်းနှီးသော အမျိုးသမီးတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဪ... စင်သီယာ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ?" ဒရေးကန်က သူမကို မြင်သည်နှင့် ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"ဒရေးကန်" သူ့ကို မြင်လိုက်ရသဖြင့် စင်သီယာမှာ မှင်သက်သွားသည်။ ခဏမျှ သူမ ကြောင်ကြည့်နေမိသည်၊ သူ့၏ ပြုံးရွှင်နေသော ချောမောသည့် မျက်နှာမှာ သူမမျက်လုံးထဲတွင် အလွန်ပင် ပြည့်စုံလွန်းနေသည်။
ဒရေးကန်က လက်ဖျောက်တီးလိုက်ပြီး— "နေကောင်းရဲ့လား?"
"အင်း... အင်း၊ ကောင်းပါတယ်" စင်သီယာက ပြန်ထူးသည်။ "မင်း ဘာလို့ အခန်းပြင် ရောက်နေတာလဲ?"
"အမှန်တော့ ငါ တတိယစက်၀န်းရဲ့ အထွက်အထိပ်ကို ရောက်နေပြီ၊ စက်၀န်းထပ်တိုးဖို့အတွက် ငါ့ဘာသာလမ်းစရှာရတော့မယ်လေ။ အဲဒါကြောင့် စာကြည့်တိုက်ကို သွားလို့ရမလား သိချင်လို့"
"ဪ..." စင်သီယာက ပြုံးလိုက်ပြီး ပါးစပ်ကို လက်ဖြင့်ပိတ်ကာ တဟိဟိ ရယ်မောသည်။ "အဲဒါ ပြောချင်ရင် စောစောက ပြောရမှာပေါ့။ ဟားဟား၊ တော်ဝင်စာကြည့်တိုက်ကို မင်း သွားလို့ရပါတယ်၊ အမှန်တော့ ငါလည်း အခု အဲဒီကို သွားမလို့ပဲ"
"ဒါဆို အတူတူ သွားကြတာပေါ့" ဒရေးကန် ပြန်မပြောနိုင်ခင်မှာပင် သူမက သူ့လက်ကို ဆွဲကာ အရှေ့ကနေ ပြေးထွက်သွားတော့သည်။
မကြာမီတွင် သူတို့သည် နန်းတော်အပြင်ဘက် ကောင်းကင်ပြာအောက်သို့ ရောက်လာကြသည်။ နေရာအနှံ့တွင် အစောင့်များ ရှိနေကြပြီး စင်သီယာကို မြင်သည်နှင့် တညီတညွတ်တည်း ဦးညွှတ်ကြသည်။ ဒရေးကန်မှာမူ နန်းတော်၏ ရှုပ်ထွေးလှသော မြေပြင်များအကြား ဆွဲခေါ်ခြင်း ခံနေရသည်။
'အခုမှ စဉ်းစားကြည့်မိတယ်၊ ဒီနေရာက တကယ့်ကို ကျယ်တာပဲ' ဟု သူ တွေးလိုက်မိသည်။ သူ မြင်နိုင်သမျှ မြေပြင်တစ်ခုလုံးမှာ တော်ဝင်ပိုင်နက်များသာ ဖြစ်သည်— သန့်စင်သည့် စက်ရုံများ၊ ထူးဆန်းသော သတ္တဝါ မွေးမြူရေးခြံများနှင့် တခြားသော အဆောက်အအုံများစွာ ပြန့်ကျဲနေသည်။ အရာအားလုံးမှာ တော်ဝင်နယ်မြေ၏ အစိတ်အပိုင်းများသာ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် မြင့်မားသော တောင်ကုန်းတစ်ခုဆီသို့ ရောက်ရှိလာကြသည်။ မြေပြင်တစ်ခုလုံးမှာ ဆူးပင်များဖြင့် ဖုံးလွှမ်းနေပြီး ထိုဆူးချွန်များမှာ ခရမ်းရောင်ဖျော့ဖျော့ဖြင့် တောက်ပနေသည်။
"ဒါက အဆိပ်တွေလား?" ထိုဆူးချွန်များကို ကြည့်ရုံနှင့်ပင် ဒရေးကန်မှာ အသက်အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
"မှန်တယ်၊ ဒါကို အနည်းငယ်လောက်ပဲ ထိမိရင်တောင် ချက်ချင်း သေသွားလိမ့်မယ်" ဟု စင်သီယာက ပြောသည်။ "မင်းက အဆင့်-၇ နဂါးတစ်ယောက် မဟုတ်ရင်တော့ ဒီအဆိပ်မိပြီး တစ်စက္ကန့်တောင် အသက်ရှင်ဖို့ မစဉ်းစားနဲ့"
"ဒါဆို ဒီနေရာကို ငါတို့ ဘယ်လို ဖြတ်မလဲ?" ဒရေးကန် ကျောထဲ စိမ့်သွားသည်။
"ဟိဟိ၊ ဒီကနေ ခုန်ချရမှာလေ"
"မနောက်ပါနဲ့ စင်သီယာ၊ အတည်ပြောစမ်းပါ"
"ဟွန်း..." စင်သီယာက နှာခေါင်းရှုံ့လိုက်ရင်း— "မင်း ရှေ့ဆက်သွားချင်ရင် ငါ့ရဲ့ တောင်းဆိုချက်တစ်ခုကို အရင် ဖြည့်ဆည်းပေးရမယ်"
သူ မျက်ခုံးလှုပ်သွားသည်။ "ဘာတောင်းဆိုချက်လဲ?"
"မင်းကို ငါ့က ယားအောင်လုပ်ခွင့်ပေးရမယ်" စင်သီယာက မျက်ခုံးတစ်ဖက်ကို မြှင့်ပြီး သူ့ကို စိုက်ကြည့်သည်။
"ယားအောင်လုပ်မယ်?" ဒရေးကန် သူ့မျက်နှာသူ ပြန်ရိုက်လိုက်မိပြီးမှ ပြုံးလိုက်သည်။ "ရတာပေါ့ မင်းသမီးလေး၊ ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ" သူက လက်မြှောက်ပြလိုက်ရင်း— "မင်း ကြိုက်သလောက် ကိုင်တွယ်လို့ ရပါတယ်၊ ငါ ပြန်မတွန်းလှန်ပါဘူး"
"မင်း... မင်းကတော့လေ"
"ဘာဖြစ်လို့လဲ?"
"ငါ့ကို လူဆိုးမလေး ဖြစ်အောင် လုပ်နေတာပဲ။ ပြိုင်ပွဲတုန်းက ငါ့ကို အသေအလဲ ယားအောင် လုပ်ခဲ့တာ မင်း မဟုတ်ဘူးလား?"
"အဲဒါကြောင့် အခု အခွင့်အရေး ပြန်ပေးနေတာလေ" ဒရေးကန်က လက်မောင်းနှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ "ကြိုက်သလောက် ယားအောင်လုပ်"
"မင်း ပြောတာနော်" စင်သီယာက နှုတ်ခမ်းဆူလျက် သူ့အနားသို့ လျှောက်လာသည်။ သူမ၏ သွယ်လျသော လက်မောင်းလေးများကို မြှောက်ကာ သူ့ဝမ်းဗိုက်ပေါ်တွင် လက်ချောင်းလေးများဖြင့် အသာအယာ ယားအောင် လုပ်ကြည့်သည်။ သို့သော် သူ့ဝမ်းဗိုက်မှာ ချပ်ဝတ်တန်ဆာကဲ့သို့ပင် မာကျောလှသည်။ သူမ ဘယ်လိုပင် ကြိုးစားသော်လည်း ဒရေကန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရသည့်အပြင် သူမ၏ လက်ချောင်းများသာ နာလာတော့သည်။
"ဟွန်း..." သူမက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ သူမသည် အားခဲကာ သက်ပြင်းချလိုက်ပြီးနောက် သူ၏ အင်္ကျီကို မတင်လိုက်ရာ ဒရေးကန်၏ ဗိုက်သား (Abs) များ ပေါ်လာတော့သည်။ ၎င်းတို့မှာ ထွင်းထုထားသည့် ချပ်ဝတ်တန်ဆာကဲ့သို့ပင် ရှစ်ခုလုံး တိကျသေသပ်လှသည်။
"ဝိုး..." သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြသွားတော့သည်။ "မင်း ဒီလောက် တောင့်တင်းမယ်လို့ ငါ မထင်ထားဘူး"
ဒရေးကန်မှာ မလှုပ်မယှက်ပင် ရှိနေသေးသည်။ "ဒါက ကာအိန္ဒြေ စောင့်ထိန်းမှု ပျက်ပြားတာ (Harassment) လို့ ခေါ်တယ်ဆိုတာ မင်း သိမယ်လို့ မျှော်လင့်ပါတယ် မင်းသမီးလေး။ မင်းက ငါ့ရဲ့ အနာဂတ် သတို့သမီးလောင်း ဖြစ်လို့သာ ကြည့်ခွင့်ပေးထားတာ" သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်း... မင်းကတော့ တကယ့်ကို စိတ်အနှောင့်အယှက် ပေးတဲ့သူပဲ။ ငါက ဘယ်မှာ မင်းကို အခွင့်အရေးယူလို့လဲ?" စင်သီယာက မှုတ်ထုတ်လိုက်သည်။
"မင်းရဲ့ သွားရည်တွေက အမှန်အတိုင်း ပြောနေတယ်လေ"
"ဟင်!" စင်သီယာက သူမ၏ ပါးစပ်ထောင့်ကို အမြန်သုတ်လိုက်ရင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ "ငါ ကလဲ့စားပြန်ချေဦးမှာ" သူမက ပြုံးစစဖြင့် ပြောလိုက်ပြီးမှ သူ၏ ဗိုက်သားများကို ဖြည်းဖြည်းချင်း ထိတွေ့ကြည့်သည်။ ထိုမာကျောသော ကြွက်သားများကို ကိုင်ကြည့်ရင်း သူမ အံ့သြနေမိသည်။ ထို့နောက် တစ်ခုပြီးတစ်ခု စပ်စုသည့်အမူအရာဖြင့် လိုက်ကိုင်ကြည့်နေပြန်သည်။
"ယောက်ျားတစ်ယောက်ရဲ့ ဗိုက်သားတွေက ဒီလောက်အထိ သန်မာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး။ ငါ့ဟာကျတော့ အိအိလေးပဲ"
"ဟေး... ငါက သာမန် ယောက်ျားမှ မဟုတ်တာ" ဒရေးကန်က ပြုံးစစဖြင့် ပြောလိုက်သည်။ "ငါက မင်းရဲ့ ယောက်ျားလေ"
"ဘာပဲဖြစ်ဖြစ်၊ မင်း ပျော်လို့ဝပြီဆိုရင် ငါ့ကို ဒီအတားအဆီးကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ ပြောပြတော့မလား?" ဟု သူက ညည်းညူလိုက်သည်။
"ဪ... အဲဒါက ရိုးရိုးလေးပါ၊ နဂါးအသွင် ပြောင်းလိုက်ရုံပဲ" သူမက မျက်လုံးမလွှဲဘဲ ပြောလိုက်သည်။
ဒရေးကန်၏ ဘယ်ဘက်မျက်လုံးမှာ တဆတ်ဆတ် တုန်သွားတော့သည်။ သူ အလိမ်ခံလိုက်ရပြီဟု ခံစားလိုက်ရသောကြောင့်ပင်!