အူဟာရာနာရာကူသည် သူ၏အဖွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ မြူပုန်းရွာမှ ဓားခုနှစ်လက်နင်ဂျာသုံးဦး၊ သွေးဆက်ခံအတတ်ရှိပြီး ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် လူနှစ်ဦး၊ ထိုထဲတွင်မှ ရောဂါသည်တစ်ဦးပါဝင်နေသည်။ အူဟာရာနာရာကူသည် ကာဂူယာ ကီမီမာရိုကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဒီလမ်းမှာ ထူးဆန်းတဲ့လူတွေ တွေ့ခဲ့သေးလား။ ဥပမာ- မြွေမျက်လုံးနဲ့ လူမျိုးပေါ့..."
နင်ဂျာလောကတွင် မရေးထားသော စည်းမျဉ်းတစ်ခု ရှိသည်။ အရည်အချင်းရှိသည့် ကလေးငယ်များ လမ်းပျောက်နေသည့်အခါတိုင်း ကမ္ဘာ့နံပါတ်တစ် ပြန်ပေးဆွဲသူ အိုရိုချီမာရုမှာ အမြဲလိုလို ပေါ်လာတတ်ပြီး မြွေညိုကြီးတစ်ကောင်ကို စီးကာ ထိုကလေးငယ်များကို ပြန်ပေးဆွဲသွားလေ့ရှိသည်။
"ဟုတ်ကဲ့"
ကာဂူယာ ကီမီမာရိုက ပြန်ဖြေပြီးနောက် ခေါင်းလေးကို ငုံ့ကာ ခဏစဉ်းစားသည်။ ထို့နောက် သူ၏ အကန့်အသတ်ရှိသော ဝေါဟာရများဖြင့် ထိုလူ၏ ရုပ်ရည်ကို ဖော်ပြသည်။
"သူက သန်မာတယ်၊ ကျွန်တော်တွေ့ဖူးတဲ့လူတွေထက် ပိုသန်မာတယ်၊ ပြီးတော့ ကြည့်ရတာလည်း အရမ်းသဘောကောင်းမယ့်ပုံပဲ"
"..."
ဤစကားကို ကြားရသည့်အခါ အူဟာရာနာရာကူ ခဏတာ တွေဝေသွားသည်။ ဒါ တကယ်ပဲ အိုရိုချီမာရုလား။ ဘာလို့ အိုရိုချီမာရုကို ကြည့်ကောင်းတယ်လို့ ပြောရတာလဲ။ မြွေဦးလေးကြီးကနေ မြွေဒေါ်လေးကြီး ဖြစ်သွားတာများလား။
ကာဂူယာ ကီမီမာရိုက ဆက်လက်ပြောပြသည်။
"သူ ပြောတာကို မှတ်မိသေးတယ်၊ အကယ်၍ ကျွန်တော် အသက်ရှင်လျက် ပြန်လာနိုင်ရင် သူက ကျွန်တော့်ကို ဒီကနေ ခေါ်သွားမယ်လို့..."
အူဟာရာနာရာကူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆို သွားကြည့်ကြတာပေါ့၊ သူပြောတဲ့ 'အသက်ရှင်ခြင်းရဲ့ အဓိပ္ပာယ်' ဆိုတာ ဘာလဲဆိုတာကိုလည်း ငါ သိချင်သေးတယ်"
အကယ်၍ သူသာ အိုရိုချီမာရုနှင့် တွေ့ဆုံနိုင်ပါက အခွင့်အရေးယူပြီး 'သုည လက်စွပ်' ကို ပြန်တောင်းယူရမည်။ ထိုလက်စွပ်သည် အာကာဆူကီ၏ တရားဝင်အဖွဲ့ဝင်ဖြစ်ကြောင်း ပြသသည့် သင်္ကေတဖြစ်ပြီး 'အလိမ်အညာကိုယ်ခန္ဓာဂျူဆု' အတွက်လည်း အသုံးပြုနိုင်သည်။ အူဟာရာနာရာကူသည် မြူပုန်းရွာမှ ဓားခုနှစ်လက်နင်ဂျာသုံးဦးနှင့်အတူ သုည လက်စွပ်ကို ကိုင်လျက် အာကာဆူကီဌာနချုပ်သို့ ပြန်သွားမည့်ပုံကို တွေးတောရင်း လက်ကိုပွတ်သပ်ကာ စိတ်လှုပ်ရှားနေသည်။ ဒီတစ်ခါဆိုရင် သူ တရားဝင်အဖွဲ့ဝင်ဖြစ်လာပြီး အာကာဆူကီ၏ 'အနီရောင်တိမ်တိုက် အနက်ရောင်ဝတ်ရုံ' ကို ဝတ်ဆင်နိုင်တော့မည်လား။ ထိုအဝါရောင် လက်သည်းဆိုးဆေးကတော့ မလိုချင်ပါဘူးလေ။
အူဟာရာနာရာကူသည် ထိုဝတ်ရုံကိုဝတ်ပြီး ပိုမို ပေါ်လွင်နေချင်ရုံသာမက ၎င်းနှင့်ဆက်စပ်နေသော တာဝန်အသေး တစ်ခုလည်း ရှိနေသောကြောင့်ဖြစ်သည်။ အူဟာရာ၏ ထင်မြင်ချက်အရ အိုတာကူများစွာတို့သည် ထိုဝတ်ရုံကို ဝတ်ဆင်ချင်ကြမည်ဖြစ်ရာ ဆုလာဘ်မှာလည်း အလွန်ပင် များပြားလိမ့်မည်။
ကံမကောင်းစွာဖြင့် ကိုနန်ကမူ အူဟာရာ၏ အနာဂတ်မှာ တောက်ပစေချင်ပြီး အာကာဆူကီ၏ လက်ရှိကိစ္စရပ်များတွင် ပါဝင်ပတ်သက်စေချင်ခြင်း မရှိပေ။ အူဟာရာက ကိုနန်ကို အာကာဆူကီအကြောင်း ပြောတိုင်း သူမက ထိုအဖွဲ့ဝင်များနှင့် ဝေးဝေးနေစေချင်သည့် အရိပ်အယောင်အား ပြလေ့ရှိသည်။ ဒါက အိုက်တင်ပိုလွန်ခြင်း၏ နောက်ဆက်တွဲရလဒ်ပင်။ အူဟာရာနာရာကူ၏ ကိုယ်ပိုင်လက္ခဏာနှင့် ပြသခဲ့သည့် အရည်အချင်းများကြောင့် ကိုနန်မှာ သူ့ကို 'အာကာဆူကီ' ၏ ဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ပေးရန် အကြံအစည်များ ရှိလာသည်။
သို့သော် အူဟာရာနာရာကူကတော့ ရုရှားရုပ်သေးအရုပ် (Matryoshka) ကစားနည်းလိုမျိုး လျှို့ဝှက်စွာပဲ ကစားချင်နေသည်။
(ဘာသာပြန်သူ၏မှတ်ချက်- ရုရှားရုပ်သေးရုပ်ဆိုတာ အရုပ်တစ်ရုပ်ကို ဖွင့်လိုက်တိုင်း အထဲမှာ နောက်တစ်ရုပ် ရှိနေတဲ့ အရုပ်မျိူးကိုပြောတာပါ)
မြူပုန်းရွာအပြင်ဘက် တောင်တန်းများနှင့် သစ်တောများအတွင်းတွင်ဖြစ်သည်။ ကာဂူယာ ကီမီမာရိုကို လမ်းပြအဖြစ် ခေါ်ဆောင်လာရင်း အူဟာရာနာရာကူ၏အဖွဲ့မှာ အိုရိုချီမာရုနှင့် တင်းမာနေဆဲဖြစ်သော ဟာတကဲကာကာရှီ၊ ကာရင်တို့ကို လျင်မြန်စွာ တွေ့ရှိသွားသည်။ အိုရိုချီမာရုက လှည့်ကြည့်လိုက်ပြီး ကာဂူယာ ကီမီမာရိုကို တွေ့လိုက်ရသည့်အခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ငါလိုချင်တဲ့ ကိုယ်ခန္ဓာက အသက်ရှင်လျက် ပြန်လာခဲ့တာပဲ..."
နောက်တစ်စက္ကန့်တွင် အိုရိုချီမာရု၏ မျက်နှာပေါ်မှ အပြုံးမှာ တဖြည်းဖြည်း တောင့်တင်းသွားသည်။ ကီမီမာရို၏ နောက်တွင် လူအနည်းငယ် ထပ်မံပါလာသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ဒီကောင်လေးက သူ့ဆီလာပေါင်းတာ မဟုတ်ဘဲ သူ့ကို ဒုက္ခပေးမယ့်သူတွေကို ခေါ်လာတာပဲ!
အဖွဲ့၏ နောက်ဆုံးတွင် လူသုံးယောက် ရပ်နေသည်။ တစ်ယောက်စီ၏ ကျောတွင် ထူးဆန်းသော ဓားတစ်ချောင်းစီကို လွယ်ထားကြသည်။ သူတို့မှာ အိုရိုချီမာရု ကြားဖူးထားသည့် မြူပုန်းရွာမှ ဓားခုနှစ်လက်နင်ဂျာများဖြစ်ကြသော မိုမိုချီဇာဘူဇာ၊ ဟိုဇုကီ မန်ဂက်ဆုနှင့် ဟိုရှီဂါကီကီဆာမဲတို့ ဖြစ်ကြသည်။
အိုရိုချီမာရု စကားအနည်းငယ် ပြောဖို့ ပြင်လိုက်စဉ်မှာပင် ကလေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။
"အားလုံးပဲ သေချာကြည့်ထားကြဦး၊ ဒါက ကိုနိုဟာ၏ ဆန်နင်သုံးယောက်ထဲက တစ်ပါးဖြစ်တဲ့ အိုရိုချီမာရုပဲ! ပုံမှန်ဆိုရင် သူ့ကို မြင်ဖို့တောင် မလွယ်ဘူးနော်!"
"..."
အိုရိုချီမာရု၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားသည်။ ဒီမှာ ဒီလိုမျိုးမှတ်ချက်ပေးနေတာ ဘယ်သူလဲ။ သူ့ကို ပြတိုက်ထဲကမျောက်လိုမျိုး ထိုင်ကြည့်ခိုင်းနေတာလား။
မိုမိုချီဇာဘူဇာနှင့် ဟိုဇုကီ မန်ဂက်ဆုတို့က ဘေးသို့ဖယ်ပေးလိုက်ရာ အူဟာရာနာရာကူ ပေါ်လာသည်။ ထိုအခါ အိုရိုချီမာရု၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ အူဟာရာနာရာကူကို မှတ်မိသည်။ အာကာဆူကီ၏ အဖွဲ့ဝင်သစ်နှစ်ဦးထဲက တစ်ဦးဖြစ်ပြီး အသက်အငယ်ဆုံးဖြစ်သောကြောင့် အိုရိုချီမာရု သူ့ကို အနည်းငယ် သတိထားမိသည်။
အူဟာရာနာရာကူက ရှေ့သို့တိုးလာကာ လူတိုင်း၏ရှေ့တွင် ရပ်လိုက်သည်။ သူ၏ အကြည့်တို့မှာ အိုရိုချီမာရုထံတွင် တည်ရှိနေသည်။ သူ၏မျက်နှာပေါ်မှ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရန်လိုသော အမူအရာအဖြစ် ပြောင်းလဲသွားသည်။
"ရှေ့ပြေးနင်ဂျာတစ်ယောက်ရဲ့ အမူအရာကို မြင်တွေ့ပြီးပြီဆိုတော့... နောက်တစ်ဆင့်အနေနဲ့ ဒီနင်ဂျာလောကရဲ့ ရှေ့ပြေးပုဂ္ဂိုလ်ကြီးကို ကောင်းကောင်းဧည့်ခံပေးရမှာပေါ့!"
"..."
အိုရိုချီမာရု၏ မျက်လုံးများထဲတွင် ဒေါသအငွေ့အသက်များ တောက်လောင်သွားသည်။ သူသည် အူဟာရာနာရာကူကို လှောင်ပြောင်သည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
"ကလေးတစ်ယောက်ကများ ငါ့ရှေ့မှာ အရည်အချင်းရှိတယ်လို့ ထင်နေတာလား..."
"အိုရိုချီမာရု ဆန်ပိုင်း!"
အူဟာရာနာရာကူက အိုရိုချီမာရု၏ စကားကို ဖြတ်ပြောသည်။
"အကြည့်တစ်ချက်တည်းနဲ့ အရှုံးပေးခဲ့ရတဲ့သူက ဘာအခွင့်အရေးရှိလို့ ငါ့ရှေ့မှာ ကြွားဝါနေရတာလဲ။ ငါက တခြားသူတွေထက် အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား"
အူဟာရာ၏ အယူအဆမှာ အင်အားကြီးသည့် ရန်သူနှင့်တွေ့သည့်အခါ သူတို့၏ အမာရွတ်များကို ဖော်ထုတ်ကာ ဂုဏ်သိက္ခာကို ဖြိုခွဲပစ်ရမည်ဖြစ်သည်။ ဤသို့ဆိုလျှင်... အူဟာရာ၏ ကိုယ်ပိုင်အရှိန်အဝါမှာ ပိုမိုမြင့်တက်လာလိမ့်မည်။
"အနှောင့်အယှက်ပေးတဲ့ ကောင်စုတ်လေး!"
အူချီဟအီတာချီ၏ အကြည့်တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရခြင်းမှာ အိုရိုချီမာရုအတွက် အလွန်တရာ နာကြည်းစရာကောင်းသည့် ကိစ္စဖြစ်သည်။ ထိုအဖြစ်အပျက်ကပင် သူ့ကို ရှာရင်းဂန်း၏ စွမ်းအားအပေါ် ရူးသွပ်စွာ စွဲလမ်းစေခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက အိုရိုချီမာရုသည် ကာကာရှီကို လာရောက်ဟန့်တားနေစရာ အကြောင်းမရှိပေ။
သို့သော် ကျင်လည်ပြီးသား နင်ဂျာတစ်ယောက်ဖြစ်သည့်အတိုင်း အိုရိုချီမာရု၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ ကောင်းမွန်သည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ကျိန်ဆဲလိုက်ပြီးနောက် ပြန်လည်ပြုံးလိုက်သည်။
"ဟဲဟဲဟဲ... ထားပါတော့၊ ဘာပဲဖြစ်ဖြစ် ငါလိုချင်တာကို ပြန်ပို့ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပေါ့!"
"မင်းက အခြေအနေကို မမြင်နိုင်လောက်အောင် အိုမင်းသွားပြီလား"
အူဟာရာနာရာကူက အိုရိုချီမာရုနှင့် သူ၏နောက်မှ ဟာတကဲကာကာရှီကို ကြည့်ကာ ပြောလိုက်သည်။
"အို... ကိုနိုဟာက ကာကာရှီလည်း ဒီမှာ ရှိနေပါလား..."
ဟာတကဲကာကာရှီ တင်းမာသွားသည်။ အိုရိုချီမာရုနှင့် အူဟာရာနာရာကူတို့ အပြန်အလှန် စကားပြောနေချိန်တွင် ကာကာရှီမှာ အခြေအနေကို မခန့်မှန်းနိုင်ဘဲ မည်သို့ပြောရမှန်း မသိဖြစ်နေသည်။ ကာကာရှီသည် အူဟာရာ၏ ထူးခြားသော လျှပ်စီးဂျူဆုဖြင့် မြူပုန်းရွာနင်ဂျာများကို ဖျက်ဆီးခဲ့သည်ကို ကိုယ်တိုင်မြင်ဖူးသူဖြစ်သည်။ သူ့ဘေးတွင် ဝိုင်းရံထားသော လူငယ်လေးမှာ အလွန်သန်မာသည်။ ထို့အပြင် ဤလူငယ်သည် အိုဘီတိုနှင့်လည်း တစ်စုံတစ်ရာ ပတ်သက်နေပုံရသည်။
မနေနိုင်တော့သည့်အဆုံး ဟာတကဲကာကာရှီက မေးလိုက်သည်။
"မင်းက ဘယ်သူလဲ။ အဲဒီမျက်နှာဖုံးစွပ်ထားတဲ့လူနဲ့ မင်း ဘာပတ်သက်မှုရှိတာလဲ"
အိုရိုချီမာရုက သူ့ဘေးတွင် ရှိနေသည့်အတွက် အိုဘီတိုအကြောင်းကို မပြောချင်ပေ။ သို့သော် အူဟာရာနာရာကူက ကာကာရှီ၏ စိုးရိမ်မှုများကို ဂရုမစိုက်ဘဲ အမှန်တရားကို ဖော်ထုတ်လိုက်သည်။
"ကာကာရှီ၊ မင်းမေးတာ 'တိုဘီ ဆန်ပိုင်း' အကြောင်းဆိုရင်... အခုတော့ သူ့ကို 'အိုဘီတို ဆန်ပိုင်း' လို့ ခေါ်သင့်တယ်မလား"
"အိုဘီတို?"
ထိုနာမည်ကို ကြားလိုက်ရသည့်အခါ အိုရိုချီမာရု၏ အမူအရာ ပြောင်းလဲသွားသည်။ ဟာတကဲကာကာရှီ ထိုရှာရင်းဂန်းကို ဘယ်လိုရခဲ့သလဲဆိုတာ သူ သိသောကြောင့်ပင်။ အိုရိုချီမာရုက ဟာတကဲကာကာရှီနှင့် အူဟာရာနာရာကူကို ကြည့်ကာ အပြုံးဖြင့် ပြောသည်။
"ဒါဆိုရင် အဲဒီရယ်စရာကောင်းတဲ့ တိုဘီဆိုတာ တကယ်တော့ ကိုနိုဟာရဲ့ သူရဲကောင်းအဖြစ် သေဆုံးသွားတဲ့သူပေါ့..."
"..."
ဟာတကဲကာကာရှီ၏ မျက်နှာမှာ မပျော်ရွှင်နိုင်။ အခြားသူတွေ သိတာကိုတော့ သည်းခံနိုင်ပေမယ့် အိုရိုချီမာရုလိုမျိုး အရာရာတိုင်းကို နှောင့်ယှက်တတ်သည့် ရူးသွပ်သူမျိုး သိသွားတာကတော့ မကောင်းပေ။
အူဟာရာနာရာကူက ကာကာရှီ၏ အတွေးကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။
"အိုဘီတို ဆန်ပိုင်းက ဘာလို့ သူ့အကြောင်းကို ဖုံးကွယ်ထားလဲဆိုတာ ကျွန်တော်မသိဘူး။ ငါတို့ရဲ့ ဆက်ဆံရေးကတော့..."
အူဟာရာနာရာကူမှာ မိမိ၏ အချက်အလက်များ ပေါက်ကြားမှုမရှိစေဘဲ အူချီဟအိုဘီတိုကို ဒုက္ခပေးနိုင်မည့် နည်းလမ်းကို စဉ်းစားရင်း ခဏတာ တွေဝေသွားသည်။
"ကာရင်က မင်းနဲ့ ကာကာရှီတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပြထားပြီးပြီ"
ဟာတကဲကာကာရှီ မျက်မှောင်ကြုတ်လိုက်ပြီး အိုဘီတိုအကြောင်းကို ကျော်ဖြတ်ကာ တိတ်ဆိတ်စွာ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ"
"တချို့လျှို့ဝှက်ချက်တွေက မသိတာ ပိုကောင်းပါတယ်"
အူဟာရာနာရာကူက ဟာတကဲကာကာရှီကို စူးစိုက်ကြည့်လိုက်ပြီး အကြောင်းအရာကို အိုချီဟအိုဘီတိုဘက်သို့ စကားပြန်လှည့်လိုက်သည်။
"အကယ်၍သာ ကျွန်တော် အိုဘီတို ဆန်ပိုင်းရဲ့ အကြောင်းကို မသိခဲ့ရင်... ငါတို့နှစ်ယောက်ကြားက ပဋိပက္ခတွေက ဒီလောက်ထိ ကြီးမားလာမှာ မဟုတ်ဘူး..."