အခန်း ၃၅ - ဟိုရှီဂါကီကီဆာမဲကို စည်းရုံးခြင်းအတွက် ဆုလာဘ်များ
"ကောင်းပြီ၊ အချိန်တွေ အလကားဖြုန်းမနေတော့ဘူး။"
အူဟာရာနာရာကူသည် ဟိုရှီဂါကီကီဆာမဲကို မော့ကြည့်ကာ တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်သည်။ "မိုမိုချီဇာဘူဇာက အခုဆိုရင် မီဇူကာဂဲကို လုပ်ကြံဖို့ သွားနေလောက်ပြီ။ ဒါပေမဲ့ သူ လုံးဝစိတ်ကူးယဉ်မိမှာမဟုတ်တာက မြူပုန်းရွာရဲ့ မီဇူကာဂဲဟာ အချိန်အတော်ကြာကတည်းက ဂျန်ဂျူဆုရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတယ်ဆိုတာပဲ။"
အူဟာရာနာရာကူသည် စကားအပိုတွေပြောမနေတော့ဘဲ ဟိုရှီဂါကီကီဆာမဲ၏ စိတ်ထဲတွင် အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သော အမှန်တရားကို တန်းဖော်ထုတ်လိုက်သည်။ ထို့ပြင် မိုမိုချီဇာဘူဇာကိုလည်း နောက်ကွယ်မှ ကျောခိုင်းလိုက်ခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ အနီးအနားတွင် အခြားမည်သူမှမရှိသလို၊ မိုမိုချီဇာဘူဇာဘာလုပ်တော့မည်ကိုလည်း မည်သူမျှမသိပေ။ မြူပုန်းရွာတစ်ရွာလုံးတွင် မီဇူကာဂဲ ယာဂူရာတစ်ယောက် ဂျန်ဂျူဆုဖြင့် ထိန်းချုပ်ခံထားရကြောင်း သိရှိသူမှာ ဟိုရှီဂါကီကီဆာမဲတစ်ယောက်တည်းသာ ရှိသည်။ သူသည် မီဇူကာဂဲကို ထိန်းချုပ်ထားသူထံတွင်ပင် အမှုထမ်းနေသူဖြစ်သည်။
အူဟာရာနာရာကူသည် ဟိုရှီဂါကီကီဆာမဲကို တစ်လုံးချင်းစီ စိုက်ကြည့်ရင်း အသံကိုနှိမ့်ကာ ဆက်ပြောသည်။ "သူက သူ့ကိုယ်သူ အူချီဟမာဒါရာလို့ ကြွေးကြော်နေတယ်... ဟုတ်တယ်မဟုတ်လား။"
"..."
ဟိုရှီဂါကီကီဆာမဲ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ အူဟာရာနာရာကူကို ကြည့်ရသည်မှာ သူ ဘာကိုမှ မယုံနိုင်ဖြစ်နေပုံရသည်။ အူဟာရာနာရာကူက ဒီလောက်အထိ သိနေလိမ့်မည်ဟု သူ လုံးဝစိတ်ကူးယဉ်မထားခဲ့ပေ။ အမှန်တကယ်ပင် မီဇူကာဂဲကို ထိန်းချုပ်ထားသူသည် ဟိုရှီဂါကီကီဆာမဲထံတွင် သူ့ကိုယ်သူ အူချီဟမာဒါရာဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ အူဟာရာက မာဒါရာ၏နာမည်ကို ထုတ်ပြောလိုက်ခြင်းကပင် သူသည် မြူပုန်းရွာ၏ ကိစ္စရပ်များကို အလုံးစုံသိရှိထားကြောင်း သက်သေပြနေသည်။
ဟိုရှီဂါကီကီဆာမဲသည် သူ့စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ "မင်း ဒီလောက်အထိ သိနေမှတော့ ငါ့ဆီက ဘာလိုချင်တာလဲ။ မင်းက အဲဒီလူရဲ့ အထောက်အထားကို သိနေပုံပဲနော်။"
"မှန်တယ်။" အူဟာရာနာရာကူက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး လေသံကိုနှိမ့်ကာ ပြောသည်။ "သူက မင်းကို အစကတည်းက လိမ်ညာနေတာ။ မင်း ခုနက ကြားလိုက်တဲ့အတိုင်းပဲ၊ သူ့ရဲ့ အမည်ရင်းက အူချီဟအိုဘီတို။ အရင်က သူက ကိုနိုဟာရဲ့ ဂျီနင်တစ်ယောက်ပဲ ရှိသေးတာ။ မန်ဂိုကုရှာရင်းဂန်းကို နိုးထလာပြီးတဲ့နောက်မှာ သူက ဒိုဂျူဆုစွမ်းအားကိုသုံးပြီး အူချီဟမာဒါရာလို့ ဟန်ဆောင်ခဲ့တယ်။ နင်ဂျာလောကကို လှည့်ဖြားပြီးတော့ သူ့ရဲ့ မကောင်းတဲ့အတွေးအခေါ်တွေကို ဖြန့်ချိနေတာ... ဥပမာ - လမင်းမျက်လုံးစီမံကိန်းလိုမျိုးပေါ့။"
"..."
ဟိုရှီဂါကီကီဆာမဲ၏ ရင်ထဲတွင် တုန်လှုပ်သွားသော်လည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။ မျက်နှာဖုံးစွပ်ထားသူ၏ အမည်ရင်း ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် လမင်းမျက်လုံးစီမံကိန်းဟုခေါ်သော ထိုအရာကိုလည်း မည်သူမျှ ဖုံးကွယ်ထားနိုင်တော့မည်မဟုတ်ပေ။ ကီဆာမဲ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ခု အစပြုလာသည်။ အူချီဟ 'မာဒါရာ' တစ်ယောက် မီဇူကာဂဲကို လျှို့ဝှက်ထိန်းချုပ်ထားကြောင်း သိလိုက်ရချိန်ကတည်းက သူသည် မြူပုန်းရွာ၏ နောက်ကွယ်မှ အကြီးမားဆုံးသော ကြိုးကိုင်သူဖြစ်ကြောင်း ကီဆာမဲသိခဲ့သည်။ သို့သော် ယခု သူ့ရှေ့တွင်ရှိနေသည့် အသက် ၁၂ နှစ်အရွယ် လူငယ် အူဟာရာနာရာကူမှာမူ အရာအားလုံးကို အသေးစိတ်သိရှိနေပုံရသည်။ ထိုအတုအယောင် 'မာဒါရာ' နှင့်ယှဉ်လျှင် ဤကောင်လေးကသာ စစ်မှန်သော ကြိုးကိုင်သူနှင့် ပိုတူနေလေသည်။
ဟိုရှီဂါကီကီဆာမဲသည် ဤကမ္ဘာကြီးသည် လှည့်ဖြားမှုများသာပြည့်နှက်နေသည်ဟု ခံစားမိသည်။ သူ အမှန်တရားကို နားလည်သွားပြီဟု ထင်လိုက်တိုင်း နောက်ထပ် အမှောင်ဖုံးလွှမ်းနေသော အလွှာတစ်ခု ထပ်ပေါ်လာတတ်ပြီး သူ၏ အသိဉာဏ်မဲ့မှုနှင့် အသေးအဖွဲဖြစ်မှုကိုသာ ပြန်သတိရစေသည်။ သို့သော် ယခုအခါ အမှန်တရားကို ဖော်ထုတ်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ရရှိလာပြန်ပြီ။ အူဟာရာပြောသော အမှန်တရား၏ နောက်ကွယ်တွင် မရေမတွက်နိုင်သော ဖုံးကွယ်ထားသည့် အရာများ ရှိနေဦးမည်မှာ အသေအချာပင်။
ဟိုရှီဂါကီကီဆာမဲသည် ခဏမျှ တွေးတောနေပြီးနောက် ခေါင်းမော့ကာ အူဟာရာနာရာကူကို ပြတ်သားစွာကြည့်လိုက်ပြီး သူ့၏ ငါးမန်းသွားများကို ပေါ်လွင်အောင် ပြုံးလိုက်သည်။ "ဒါဆိုရင် လမင်းမျက်လုံးစီမံကိန်းရဲ့ နောက်ကွယ်က အမှန်တရားက ဘာလဲဆိုတာ ပြောပြပေးနိုင်မလား။"
"တကယ်ပဲ သိချင်တာလား။" အူဟာရာနာရာကူသည် သူ့ကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်ပြီးနောက် စနစ်မျက်နှာပြင်မှ အရာတစ်ခုကို ဝယ်ယူလိုက်သည်။ သူသည် 'အမှောင်လှံ' ဟုခေါ်သော လက်နက်တစ်ခုကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ပြောသည်။ "တကယ်သိချင်ရင် ဒီအမှောင်ရောင်လှံကို ကောက်ကိုင်ပြီး ငါနဲ့ စိတ်ဝိညာဉ်စာချုပ် ချုပ်လိုက်စမ်း။"
အမှောင်လှံ: အမှောင်လှံမှတစ်ဆင့် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ခုကို စတင်နိုင်သည်။ အကယ်၍ သူတို့က သဘောတူပါက အမှောင်ရောင်လှံသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး စိတ်ဝိညာဉ်ကို ချည်နှောင်ထားမည်ဖြစ်သည်။ စာချုပ်ကို ဖောက်ဖျက်ပါက ဖောက်ဖျက်သူ၏ စိတ်ဝိညာဉ်ကို အမှောင်လှံထဲသို့ စုပ်ယူသွားမည်ဖြစ်ပြီး လှံ၏စွမ်းအားကို ပိုမိုတိုးမြှင့်ပေးမည်ဖြစ်သည်။ (လူတစ်ဦးကိုသာ ချည်နှောင်နိုင်ပြီး အလိုအလျောက် ပယ်ဖျက်နိုင်သည်။)
"ဒီကမ္ဘာကြီးရဲ့ အမှန်တရားကို မြင်တွေ့ရဖို့ဆိုရင် သေဆုံးခြင်းက အသေးအဖွဲစျေးနှုန်းတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။"
ဟိုရှီဂါကီကီဆာမဲသည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ ခပ်အေးအေး ရယ်မောလိုက်ကာ မြေပြင်ပေါ်ရှိ အမှောင်ရောင်လှံကို ကောက်ကိုင်လိုက်သည်။ ထိုအခိုက်တွင် မှောင်မိုက်နေသော အစိမ်းရောင်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး နောက်တစ်ဖက်မှာမူ အူဟာရာနာရာကူ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်သွားသည်။ ထိုမှောင်မိုက်သောစွမ်းအင်များက သူတို့နှစ်ဦးကို လွှမ်းခြုံသွားသည့်အခါ နတ်ဘုရားတစ်ပါး၏ သက်ပြင်းချသံကဲ့သို့သော အမျိုးသမီးအသံတစ်ခု သူတို့နားထဲသို့ ဝင်ရောက်လာသည်။
"ကျိန်စာကို လက်မှတ်ရေးထိုးပြီးပါပြီ။"
စိတ်ဝိညာဉ်စာချုပ် ချုပ်ဆိုပြီးနောက် အူဟာရာနာရာကူသည် သူ၏ စနစ်မျက်နှာပြင်ပေါ်တွင် အခြေအနေတစ်ခုနှင့် ကျွမ်းကျင်မှုတစ်ခု အလိုအလျောက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အမှောင်ရောင်လှံ (စာချုပ်ဝင်):
နှစ်ဦးစလုံး၏ အသက်စွမ်းအင် +၁၀% (အသက်ဝင်)
နှစ်ဦးစလုံး၏ ချာကရာစွမ်းအင် +၁၀% (အသက်ဝင်)
ကံကြမ္မာ၏ခေါ်သံ: အကယ်၍ စာချုပ်ဝင်သူက အနီးအနားတွင်ရှိပါက စာချုပ်ဝင်သူကို သင့်ဆီသို့ ဆွဲခေါ်နိုင်သည်။ ထိုအချိန်တွင် စာချုပ်ဝင်သူသည် မည်သူမျှ ရွေးချယ်တိုက်ခိုက်၍မရသည့် 'မသေနိုင်သော' အခြေအနေသို့ ၄ စက္ကန့်ကြာ ရောက်ရှိသွားမည်။ ကြာချိန်မှာ ချာကရာသုံးစွဲမှုအပေါ် မူတည်ပြီး၊ ကျွမ်းကျင်မှုကုန်ဆုံးချိန်တွင် စာချုပ်ဝင်သူကို မည်သည့်ဘက်သို့မဆို ပစ်လွှတ်နိုင်သည်။ အနည်းဆုံး ချာကရာ ၁၀၀ သုံးစွဲရမည်ဖြစ်ပြီး ကြာချိန်မှာ ၁၂၀ စက္ကန့်ဖြစ်သည်။
အသက်စွမ်းအင်နှင့် ချာကရာစွမ်းအင် တိုးတက်လာခြင်းနှင့် 'ကံကြမ္မာ၏ခေါ်သံ' ကျွမ်းကျင်မှုတို့ကြောင့် အူဟာရာနာရာကူသည် သူ အမြတ်အစွန်းများစွာ ရလိုက်သည်ဟု ခံစားရသည်။ သို့သော် သူတွေးမိသည်မှာ 'ကံကြမ္မာ၏ခေါ်သံ' သည် ဟိုရှီဂါကီကီဆာမဲကို ကာကွယ်ပေးရန် ပိုမိုသင့်လျော်နေသဖြင့် သူသည် ဤစိတ်ဝိညာဉ်စာချုပ်ကို နောက်ပိုင်းတွင် ပယ်ဖျက်ပြီး ကိုနန်နှင့် စာချုပ်ချုပ်ရန်ပင် စဉ်းစားမိနေသည်။ ဟိုရှီဂါကီကီဆာမဲမှာမူ ဤအကြောင်းကို လုံးဝမသိရှိပေ။ အကယ်၍သာ သူသာ သိရှိသွားပါက ထိုနေရာတွင်ပင် စာချုပ်ကို ဆွဲဖြဲပစ်ချင်လိမ့်မည်မှာ အသေအချာပင်။
ထို့အပြင် ဘေးထွက်တာဝန်အချို့လည်း ရရှိလာသည်။
ဘေးထွက်တာဝန်: သင်၏ ပထမဆုံး လက်အောက်ငယ်သားကို ရယူပါ (၁/၁) - တာဝန်ပြီးမြောက်သည် (ဆု - ရွှေဒင်္ဂါး ၁၀၀)။
ဘေးထွက်တာဝန်: ကာဂဲအဆင့် ချာကရာစွမ်းအားရှိသော လက်အောက်ငယ်သားကို ရယူပါ (၁/၁) - တာဝန်ပြီးမြောက်သည် (ဆု - ရွှေဒင်္ဂါး ၁၀၀၀)။
တာဝန်ဆုလာဘ်များကို မြင်လိုက်ရသောအခါ အူဟာရာနာရာကူသည် စနစ်ကို ချီးကျူးချင်စိတ်ပေါက်သွားသည်။ ဤဆုလာဘ်များက သူ့ကို ချမ်းသာစေရုံသာမက အချက်အလက်တစ်ခုကိုပါ သိရှိစေခဲ့သည်။ ဟိုရှီဂါကီကီဆာမဲသည် သူ့၏လက်အောက်ငယ်သားအဖြစ် ဖြစ်လာရန် ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပြီဖြစ်၍ စနစ်က သူ့ကို အူဟာရာ၏ လက်အောက်ငယ်သားအဖြစ် သတ်မှတ်လိုက်ခြင်းပင်။ ဤသို့ဆိုလျှင် မည်သူက သူ့လူစစ်စစ်ဖြစ်သည်ကို စနစ်မျက်နှာပြင်မှတစ်ဆင့် အလွယ်တကူ ခွဲခြားသိရှိနိုင်တော့မည်။ သူ ယခင်က လက်အောက်ငယ်သားအဖြစ် ခေါ်ယူထားသည်ဟု ထင်မှတ်ခဲ့သော ဟာကုမှာမူ အူဟာရာကို သူ၏ အထက်လူကြီးအဖြစ် လုံးဝသတ်မှတ်ထားခြင်း မရှိပေ။ ဟာကုအတွက်ဆိုလျှင် အူဟာရာသည် အစားအသောက်အတွက် အတူတကွ တောင်းရမ်းခဲ့ဖူးသည့် သူငယ်ချင်းတစ်ယောက်သာ ဖြစ်နေနိုင်ပေသည်။ ဤခံစားချက်မှာ ထူးဆန်းလှသည်။
အူဟာရာနာရာကူသည် သူ့ရွှေဒင်္ဂါးလက်ကျန်ကို ကြည့်လိုက်ပြီးနောက် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ သူအလွန်လိုချင်နေသော ပစ္စည်းတစ်ခုကို ဝယ်ယူလိုက်သည်။ ၎င်းမှာ ရွှေဒင်္ဂါး ၂၈၅၀ တန်ဖိုးရှိသည့် ရူးသွပ်သူ၏နှလုံးသား ချပ်ဝတ်ဖြစ်သည်။
ရူးသွပ်သူ၏နှလုံးသား:
အသက်စွမ်းအင် +၈၀၀
အခြေခံအသက်ပြန်လည်ဖြည့်တင်းမှု +၂၀၀%
ကျွမ်းကျင်မှုကြာချိန်လျှော့ချခြင်း +၁၀%
Passive Skill: အသက်စွမ်းအင် ၃၀၀၀ အမှတ်သို့ ရောက်ရှိသောအခါ 'ရူးသွပ်သူ၏နှလုံးသား' အာနိသင်ကို အလိုအလျောက် အသက်ဝင်စေသည်။ ၆ စက္ကန့်အတွင်း ထိခိုက်မှု မရရှိပါက တစ်စက္ကန့်လျှင် အမြင့်ဆုံးအသက်စွမ်းအင်၏ ၅% ကို ပြန်လည်ဖြည့်တင်းပေးမည်။ (အသက်ဝင်သည်)
ဤချပ်ဝတ်ကို ရရှိပြီးနောက် အူဟာရာနာရာကူသည် အတော်လေး စိတ်အေးသွားရသည်။ သူတွင် 'မြင့်မြတ်သောတရားစီရင်မှု' ၏ မသေနိုင်သည့်ကျွမ်းကျင်မှုရှိသော်လည်း ၎င်းတွင် ကြာချိန်ကန့်သတ်ချက် ရှိနေသည်။ ယခု 'ရူးသွပ်သူ၏နှလုံးသား' ရှိနေခြင်းက သူ့ကို ပိုမိုလုံခြုံစိတ်ချစေသည်။ အူဟာရာနာရာကူသည် သူ၏ စွမ်းရည်များကို စစ်ဆေးကြည့်လိုက်ရာ သူသည် ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ခံစားလိုက်ရသည်။
အသက်စွမ်းအင် - ၃၃၀၁ (ကာဂဲအဆင့်စံနှုန်း - ၃၀၀၀ ~ ၁၀၀၀၀)
ချာကရာစွမ်းအင် - ၃၅၇၅ (ကာဂဲအဆင့်စံနှုန်း - ၃၀၀၀ ~ ၁၀၀၀၀)
အသက်စွမ်းအင်ပြန်လည်ဖြည့်တင်းမှု - ၆ မှတ်/စက္ကန့်
ချာကရာစွမ်းအင်ပြန်လည်ဖြည့်တင်းမှု - ၃ မှတ်/စက္ကန့်
ကျန်ရှိသော ရွှေဒင်္ဂါး - ၃၂၀
သူ၏ စွမ်းရည်များကို ပြန်လည်စစ်ဆေးပြီးနောက် အူဟာရာနာရာကူသည် စိတ်ဓာတ်အလွန်တက်ကြွနေသည်။ သူ၏ ပထမဆုံး လက်အောက်ငယ်သားကို ကြည့်ရင်း အလွန်ခင်မင်သော အမူအရာဖြင့် မေးလိုက်သည်။
"ကဲ... မင်း သိချင်တာ ဘာတွေရှိသေးလဲ။ အကုန်လုံးကို ငါ ဖြေပေးမယ်!"
ဘာသာပြန်သူ၏မှတ်ချက် - MC က League of Legends ဂိမ်းထဲက items တွေကိုပါရနေတာဖြစ်ပါတယ် ‘)