အပိုင်း (၉) - ကျင့်စဉ်အဆင့် အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်း
ရွှန်လုံသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စတင်တရားမှတ် လေတော့သည်။ သူသည် တြိဂံပုံစံ ကျောက်တုံးကလေးကို စဉ်းစားလိုက်သည်နှင့် သူ၏ စိတ်အာရုံမှာ ဦးခေါင်းအတွင်းရှိ စမ်းချောင်းလေးတစ်ခုအလား ပြောင်းလဲသွားပြီး၊ ကျောက်တုံးကလေး၏ ဘေးတွင် ရွှေရောင်စာအုပ်တစ်အုပ် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
ရွှန်လုံ အံ့သြသွားသည်။ ထိုရွှေရောင်စာအုပ် မည်သိုပေါ်လာမှန်း သူ မသိပေ။ ထိုနောက်မှ သူ သတိရလိုက်သည်မှာ - အစောပိုင်းက သူ၏ ဦးနှောက်ထဲတွင် ကြားလိုက်ရသော အသံနှင့်အတူ သူ၏ ဝိညာဉ်ကို ချည်နှောင်ထားသည့် သံခြေကျင်းများ ပြုတ်ထွက်သွားသကဲ့သို ခံစားချက်မျိုး ဖြစ်သည်။ ရွှန်လုံသည် သူ၏ စိတ်အာရုံကို ရွှေရောင်စာအုပ်ဆီသို ပိုဆောင်ကြည့်သော်လည်း မည်သည့်တုံပြန်မှုမျှ မရှိပေ။
ခေတ္တမျှ ကြိုးစားကြည့်ပြီးနောက် သူသည် တြိဂံပုံစံကျောက်တုံးဆီသို အာရုံပြန်လွှလိုက်သည်။ သူ၏ စိတ်အာရုံကို ကျောက်တုံးကလေးက စုပ်ယူလိုက်သလို ခံစားရပြီးနောက် ရွှန်လုံသည် ဟာလာဟင်းလင်းဖြစ်နေသော နေရာလွတ်တစ်ခုအတွင်းသို ရောက်ရှိသွားတော့သည်။
"မင်းမှာ နောက်ထပ် ဘယ်လိုလျှိဝှက်ချက်တွေ ရှိနေသေးတာလဲ" ဟု ရွှန်လုံက ကျောက်တုံး၏ ထူးဆန်းသော စွမ်းအားများ၊ 'ဧကရာဇ်၏ အချိန်တိုင်းနာရီ' နှင့် 'ရွှေရောင်စာအုပ်' တိုကို တွေးတောရင်း ရေရွတ်လိုက်သည်။
ထိုနောက် ရွှန်လုံသည် "ဧကရာဇ်၏ အချိန်တိုင်းနာရီ" ကျင့်စဉ်ကို စတင်လည်ပတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝေဝါးသော အချိန်တိုင်းနာရီ ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။ ရွှန်လုံသည် ထိုကျင့်စဉ်၏ အသက်ရှူစနစ်ကို လိုက်နာလိုက်သည်နှင့် သူ၏ သွေးကြောများက လေထုထဲရှိ ချီ စွမ်းအားများကို စုပ်ယူတော့သည်။
၎င်းမှာ ချီစုစည်းမှုအဆင့် ရှိသူများ ကျင့်ကြံပုံပင် ဖြစ်သည်။ သူတိုသည် လေထုထဲမှ ချီစွမ်းအားများကို သွေးကြောများမှတစ်ဆင့် စုပ်ယူကာ ကျင့်စဉ်၏ အကူအညီဖြင့် မိမိကိုယ်ပိုင် စွမ်းအင်အဖြစ် ပြောင်းလဲကြခြင်း ဖြစ်သည်။
ရွှန်လုံသည်လည်း ထိုသဘောတရားအတိုင်းပင် လုပ်ဆောင်သော်လည်း သူ စုပ်ယူလိုက်သမျှ စွမ်းအင်အားလုံးကို သူ၏ ညာဘက်လက်ဖဝါးထဲသို စုစည်းလိုက်သည်။ စက္ကန့်တိုင်းတွင် ကြီးမားလာသော ချီစွမ်းအင်လုံးကြီး ဖြစ်ပေါ်လာ၏။ ထိုစွမ်းအင်လုံးကြီးမှာ အမြင့်ဆုံးအထိ ပြည့်ဝသွားပြီဟု ခံစားရသောအခါမှ သူသည် ၎င်းကို သူ၏ ဦးခေါင်းထက်ရှိ ဟာလာဟင်းလင်း ပြင်ပသို ပင့်တင်လိုက်သည်။
အချိန်တိုင်းနာရီ၏ အောက်ဘက်ပိုင်းတွင် ရောက်နေသည်ဟု စိတ်ကူးကြည့်ပါ။ သင်သည် လက်ထဲတွင် စွမ်းအင်လုံးကြီး တစ်လုံးကို ဖန်တီးပြီးနောက် အပေါ်ဘက်နှင့် အောက်ဘက်ကို ဆက်သွယ်ထားသော သဲများစီးဆင်းသည့် အပေါက်ငယ်လေးထဲသို ထိုစွမ်းအင်လုံးကို အတင်းတွန်းထည့်လိုက်ခြင်းမျိုးပင်။
ဤအချိန်တိုင်းနာရီတွင်မူ သဲများမရှိဘဲ ထိုစွမ်းအင်လုံးကြီးမှာ အပေါက်ငယ်နှင့် မမျှအောင် ကြီးမားနေသည်။ သိုသော် ရွှန်လုံက အတင်းအကြပ် ဖိသိပ်တွန်းပိုလိုက်သောအခါ စွမ်းအင်လုံးမှာ ကျုံဝင်သွားပြီး အပေါက်ငယ်မှတစ်ဆင့် အပေါ်ဘက်သို ရောက်ရှိကာ ရွှန်လုံ၏ ဦးခေါင်းပေါ်တွင် တည်ငြိမ်စွာ လွင့်မျောနေတော့သည်။
ထိုစွမ်းအင်လုံး အပေါ်သို ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရွှန်လုံသည် ထိုစွမ်းအင်များအားလုံး သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားပြီး သူ၏ ကိုယ်ပိုင်စွမ်းအင် ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။ ရွှန်လုံသည် မရပ်နားဘဲ ဤဖြစ်စဉ်ကို နှစ်ကြိမ်ထပ်မံ ပြုလုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်အတွင်းမှ "ဘုန်း" ခနဲ အသံတစ်ခု ထွက်ပေါ်လာတော့သည်။
ရွှန်လုံသည် ချွေးများရွှနစ်နေသော်လည်း အလွန်ဝမ်းသာသွားသည်။ သူသည် ချီစုစည်းမှု အဆင့် ၁ အစောပိုင်းသို ရောက်ရှိသွားပြီဖြစ်သည်။ သူသည် မရပ်မနား ဆက်လက်ကျင့်ကြံရာ ၅ နာရီခန့်အကြာတွင် အဆင့် ၂ ၏ အထွတ်အထိပ် သို ရောက်ရှိသွားခဲ့သည်။
အဆင့် ၃ သို ရောက်ရန် အနည်းငယ်သာ လိုတော့သော်လည်း၊ စွမ်းအင်လုံးများကို အပေါက်ငယ်ထဲသို တွန်းပိုသည့်အခါတိုင်း အစောပိုင်းက ရောက်နှင့်ပြီးသား စွမ်းအင်လုံးများ၏ ဖိအားကို ခံစားရသဖြင့် ရှေ့ဆက်တိုးရန် ပိုမိုခက်ခဲလာကြောင်း ရွှန်လုံ သတိပြုမိလိုက်သည်။ ထိုကြောင့် ယနေ့အတွက် ကျင့်ကြံခြင်းကို ရပ်နားလိုက်တော့သည်။
သူသည် ကျောက်တုံးအတွင်းရှိ နေရာလွတ်မှ ထွက်လာရန် စိတ်ကူးလိုက်သည်နှင့် သူ၏ အခန်းထဲသို ပြန်ရောက်လာသည်။ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကြောင့် သူသည် အိပ်စက်အနားယူလိုက်ရာ ပြန်နိုးလာသောအခါ နေ့လယ်ပင် ကျော်နေပြီဖြစ်သည်။
ရွှန်လုံသည် အစားအသောက် စားသောက်ပြီးနောက် ဖခင်ဖြစ်သူထံ သွားတွေ့သည်။ အံ့သြစရာကောင်းသည်မှာ ရွှန်ဖန်းသည် ရွှန်လုံ၏ အဆင့် ၂ အထွတ်အထိပ်သို ရောက်နေခြင်းကို မသိရှိဘဲ သူ၏ စာကြည့်ခန်းသို ခေါ်သွားကာ ကျင့်စဉ်တစ်ခု ရွေးခိုင်းခြင်းဖြစ်သည်။ ရွှန်လုံသည် သူကိုယ်တိုင် အရှိန်အဝါကို ထုတ်မပြသရွေ့ အခြားသူများ ခန့်မှန်းရခက်မည်ဟု ယူဆလိုက်သည်။
ရွှန်လုံတွင် "ဧကရာဇ်၏ အချိန်တိုင်းနာရီ" ရှိပြီးဖြစ်သော်လည်း ထိုကျင့်စဉ်အကြောင်း ဖခင်ဖြစ်သူကို ရှင်းပြရန် ခက်ခဲသဖြင့် သူသည် "မြေခွဲဆွဲငင်အား ကျင့်စဉ်" ကို ဟန်ဆောင်ရွေးချယ်လိုက်သည်။
အခန်းထဲသို ပြန်ရောက်သောအခါ ရွှန်လုံသည် သူ၏ စိတ်အာရုံရှိ နေရာလွတ်မှာ "ဝိညာဉ်အာကာသ" ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုနေရာကို ကျောက်တုံးကလေးက သူနှင့် ပေါင်းစည်းစဉ်က အတင်းအကြပ် ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ကျင့်စဉ်အဆင့် တစ်ဆင့်တက်တိုင်း သူ၏ ဝိညာဉ်စွမ်းအားများလည်း လျင်မြန်စွာ တိုးတက်လာကြောင်း သူ ခံစားရသည်။
၅ ရက်တာ အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပြီး ရွှန်လုံမှာ အဆင့် ၅ သို ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ အကယ်၍ ရွှန်ဖန်းသာ သိပါက ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။ သာမန်ကျင့်ကြံသူတစ်ဦးသည် အဆင့် ၄ ရောက်ရန် အနည်းဆုံး ၂ လခန့် ကြာသော်လည်း ရွှန်လုံမှာ ၅ ရက်အတွင်း အဆင့် ၄ အထွတ်အထိပ်သို ရောက်နေခြင်းဖြစ်သည်။
နောက်ထပ် ၇ ရက် ကုန်ဆုံးသွားသောအခါ ရွှန်လုံသည် အဆင့် ၆ အထွတ်အထိပ် သို ရောက်ရှိခဲ့သည်။ အခြားသူများ ၇ လ၊ ၈ လ ကြာမည့် ခရီးကို သူက ၁၂ ရက်အတွင်း ရောက်ရှိခဲ့ခြင်းမှာ တကယ့်ကို မွန်းစတား ဆန် သော တိုးတက်မှုနှုန်းပင်။
နောက်ဆုံးတွင် ၅၅ လုံးမြောက် စွမ်းအင်လုံးကို တွန်းပိုရန် ကြိုးစားသောအခါ ဖိအားမှာ အလွန်ပြင်းထန်သဖြင့် အဆင့် ၇ သို မတက်နိုင်ဘဲ ဖြစ်နေသည်။ ရွှန်လုံသည် သူ၏ အင်အားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးမှန်း သိလိုက်ရသည်။ အခန်းထဲတွင် ကျင့်ကြံနေရုံနှင့် မလုံလောက်ဘဲ ခန္ဓာကိုယ်ကို ဖိအားပေးရန် လိုအပ်နေပြီဖြစ်သည်။
လုပ်ကြံခံရပြီးနောက် ရွှန်လုံသည် ကျင့်စဉ်ရွေးပြီးကတည်းက အခန်းထဲမှ တစ်ခါမျှ မထွက်ခဲ့သည်မှာ လဝက်နီးပါး ရှိခဲ့ပြီ။ အစေခံများက တံခါးရှေ့တွင် အစားအစာများ ထားခဲ့ကြပြီး စံအိမ်အတွင်း၌ "သခင်လေးမှာ စိတ်ဒဏ်ရာရပြီး အပြင်မထွက်ရဲတော့ဘူး" ဟူသော သတင်းများပင် ထွက်ပေါ်နေသည်။ ရွှန်ဖန်းတို ဇနီးမောင်နှံမှာ ထိုကောလာဟလများကို မတားမြစ်ဘဲ ရွှန်လုံအတွက် အကာအကွယ်အဖြစ် အသုံးချထားသည်။
နောက်ဆုံး ၁၃ ရက်မြောက်နေ့တွင် ရွှန်လုံသည် အခန်းထဲမှ ထွက်လာပြီး သူ၏ အင်အားကို ၁၀၀ ရာခိုင်နှုန်း ထုတ်သုံးနိုင်ရန် ကိုယ်ရံတော်များနှင့် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ အဆင့် ၇ သို တက်လှမ်းရန် သူ လုပ်ဆောင်ရမည့် အရာဖြစ်သည်။
သိုသော် ရွှန်လုံ လူရှာရန် မပြင်မီမှာပင် မိခင်ဖြစ်သူ၏ အစေခံမလေး ရောက်လာကာ "လင်း မိသားစု ဧည့်သည်လာနေကြောင်းနှင့် ဖခင်ဖြစ်သူက ခန်းမဆောင်သို ခေါ်နေကြောင်း" လာရောက်အကြောင်းကြားသည်။
ရွှန်လုံသည် လင်းမိသားစုနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားရင်း ခန်းမဆောင်သို လျှောက်လာခဲ့သည်။ ခန်းမတံခါးဝသို ရောက်ခါနီးတွင် သူ ရုတ်တရက် ရပ်တန့်လိုက်ပြီး ကိုယ့်ဘာကိုယ် ရေရွတ်လိုက်သည်။
"အော်... ငါ့မှာ စေ့စပ်ထားတဲ့ ဇနီးလောင်း ရှိတာပဲ။ စိတ်ဝင်စားဖို ကောင်းသားပဲ"
သူသည် ပြုံးလိုက်ရင်း တံခါးကိုဖွင့်ကာ ခန်းမထဲသို ဝင်ရောက်သွားတော့သည်။