အဝေးတစ်နေရာတွင် အင်အားကြီးမားလှသော လူအုပ်ကြီး နှစ်စု ပေါ်ထွက်လာခဲ့ပြီး... ၎င်းတို့ထဲမှ တစ်စုချင်းစီ၏ အင်အားမှာ 'မိုးပျံတိမ်တိုက်ဂိုဏ်း' ထက် အနည်းငယ်မျှ လျော့နည်းခြင်း မရှိချေ။ ထိုအဖွဲ့များကို ဦးဆောင်လာသူများမှာ... ဆံပင်နက်အရှည်ကြီးနှင့် လှပချောမောလှသော အမျိုးသမီးတစ်ဦးနှင့် အရပ် ၆ ပေခွဲခန့် မြင့်မားကာ ကြွက်သားအမြှောင်းမြှောင်းနှင့် ကတုံးတုံးထားသော သန်မာထွားကျိုင်းလှသည့် အလတ်ပိုင်းအရွယ် ယောက်ျားကြီးတစ်ဦးတို့ ဖြစ်ကြသည်။
သေချာပါသည်... စောစောက ယောက်ျားပီသလှသော အသံဖြင့် လှမ်း၍ စကားပြောလိုက်သူမှာ ထိုကတုံးနှင့် ယောက်ျားကြီးပင် ဖြစ်ပေသည်။
"ဂိုဏ်းချုပ် ဒါချောင် (Sect master Da Chao)... မင်းရဲ့ 'သံမဏိစံအိမ်ဂိုဏ်း' (Iron-hardened school) ထဲမှာ ကျင့်ကြံခြင်းအဆင့်တူတူချင်းမှာ ငါ့ရဲ့မြေးလေးကို အနိုင်တိုက်နိုင်တဲ့သူ ရှိတယ်လို့ တကယ်ပဲ ထင်နေတာလား? အဲဒီလိုလူ ရှိရင်လည်း အပြင်ကို ခေါ်ထုတ်လာပြီးတော့ ငါ့မြေး ဟွေ့မင်နဲ့ အစွမ်းချင်း ပြိုင်ခိုင်းကြည့်လိုက်လေဗျာ"
"ဟားဟားဟားဟား... ငါ့ဘက်ကတော့ အဆင်ပြေတာပေါ့! ဒါချုံ (Da Chong)... သွားစမ်း၊ အဲဒီကလေးကို သူ့အဖိုးတောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ပြန်မမှတ်မိနိုင်တော့တဲ့အထိ အလဲလဲအပြားပြား သွားပြီးတော့ ထုရိုက်ပေးလိုက်စမ်းွ"
ဂိုဏ်းချုပ် ဒါချောင် စကားပြော၍ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက်... သူ၏ နောက်ကွယ်မှနေ၍ ရုပ်ရည်ချင်း အတော်ပင် ဆင်တူလှပြီး အရပ်ရှည်ရှည်၊ ထွားထွားကျိုင်းကျိုင်းနှင့် လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ ထိုလူငယ်သည် ဝတ်ရုံညိုကို ဆင်ယင်ထားပြီး အရပ်အမောင်းမှာ ဒါချောင်နီးပါးခန့်ပင် မြင့်မားကာ... သူ၏ လက်ဖဝါးများနှင့် ခြေဖဝါးများမှာ ဒါချောင်ထက်ပင် ပိုမို၍ ကြီးမားလှပေသေးသည်။
အခြေအနေများမှာ ပိုမိုဆိုးရွားပြီး တင်းမာလာလုနီးပါး ဖြစ်နေစဉ်မှာပင်... ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော ချောမောလှပသည့် အမျိုးသမီးကြီးက သူမ၏ ချိုသာလှသော အသံဖြင့် ကြားဖြတ်၍ ဆိုလိုက်သည်။
"ဒီနေရာမှာ ရှိနေတဲ့သူတွေအားလုံးဟာ... ယခုနှစ်ရဲ့ စစ်ဆေးမှုကြီး စတင်ဖို့အတွက် စိတ်အားထက်သန်စွာနဲ့ စောင့်ဆိုင်းနေကြပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းစစ်ဆေးမှုဆိုတာ... ကြမ်းတမ်းတဲ့ ခန္ဓာကိုယ်အင်အား တစ်ခုတည်းကိုတင် စမ်းသပ်တာမဟုတ်ဘဲ၊ တပည့်တစ်ယောက်ရဲ့ ကြိုတင်စီမံတွေးတောနိုင်စွမ်းနဲ့ ၎င်းတို့ရဲ့ ရှင်သန်ခြင်း ဗီဇတွေကိုပါ စမ်းသပ်တာ မဟုတ်လားရှင်။ လူလည်း စုံလင်သွားပြီဆိုတော့... အခုပဲ ဂိုဏ်းစစ်ဆေးမှုကို စတင်လိုက်ကြရင် မကောင်းဘူးလားရှင်?"
ထိုလှပသောအမျိုးသမီးသည် မဟာအကြီးအကဲ လန်ဟုန်ထံသို့ မျက်လုံးချင်းလှမ်းပြလိုက်ရာ... လန်ဟုန်ကလည်း ခေါင်းညိတ်ပြလိုက်ရင်း ဆိုခဲ့သည်။
"'လေဟုန်ဆောင်' (Roaring Wind Pavilion) ရဲ့ ဒုတိယဆောင်မှူး လီဟွန့်အန်း (Li Huian) နဲ့ ဂိုဏ်းချုပ် ဒါချောင်တို့လည်း ရောက်ရှိလာပြီဆိုတော့... ငါတို့အားလုံး ဂိုဏ်းစစ်ဆေးမှုကို စတင်လိုက်ကြတာပေါ့။ အကယ်၍ မင်းတို့အနေနဲ့ အခုပဲ ဆက်ပြီးတော့ တိုက်ခိုက်ချင်သေးတယ်ဆိုရင်လည်း... မင်းတို့ 'မိုးပျံဓားဂိုဏ်း' နဲ့ 'သံမဏိစံအိမ်ဂိုဏ်း' တို့ပဲ ဒီနေရာမှာ ကျန်ခဲ့ပြီး ရလဒ်တွေကို စောင့်ကြည့်နေလိုက်ကြပေါ့"
ဒါချောင်နှင့် ဟွေ့ကျုန်းတို့ နှစ်ဦးစလုံးမှာ နှာခေါင်းတစ်ချက်စီ ရှုံ့လိုက်ကြသော်လည်း... လက်ရှိအချိန်တွင် အရေးကြီးဆုံးအရာမှာ မိမိတို့တပည့်များ၏ အစွမ်းကို စမ်းသပ်ရန်ဖြစ်ကြောင်း ကောင်းစွာ သိရှိကြသဖြင့်၊ အားလုံးက မိမိတို့အဖွဲ့များကို မိစ္ဆာတောင်တန်းဒေသ၏ ဝင်ပေါက်အရှေ့သို့ အသီးသီး စုစည်းလိုက်ကြတော့သည်။
လန်ဟုန်သည် 'မိုးပျံတိမ်တိုက်ဂိုဏ်း' အဖွဲ့၏ အရှေ့သို့ လျှောက်လှမ်းလာပြီးနောက် ဆိုလိုက်သည်။
"မင်းတို့အားလုံးဟာ... နောက်ထပ် တစ်လတာ အချိန်ကာလကို ဒီမိစ္ဆာတောင်တန်းဒေသထဲမှာ ကုန်ဆုံးကြရမှာ ဖြစ်တယ်။ အချိန်စေ့သွားတဲ့အခါ... မင်းတို့ရဲ့ 'ဂိုဏ်းခွဲခြားသတ်မှတ်ရေး ကျောက်စိမ်းပြား' တွေက အရောင်တောက်လာပြီး ငါရှိနေတဲ့ တည်နေရာဆီကို လမ်းညွှန်ပြသပေးလိမ့်မယ်။ အဲဒီအချိန်အထိ... မင်းတို့ တတ်နိုင်သမျှ ရှင်သန်ခြင်းအမှတ်တွေကို အများဆုံးစုဆောင်းပြီး... အသက်ရှင်ကျန်ရစ်အောင်လည်း အစွမ်းကုန် ကြိုးစားကြစမ်း။ ဒါပါပဲ"
လန်ဟုန် စကားပြောပြီးသွားသည်နှင့်တစ်ပြိုင်နက်... အခြားသော ဂိုဏ်းခေါင်းဆောင် ၃ ဦးကလည်း ၎င်းတို့၏ တပည့်များကို အသီးသီး မိန့်ခွန်းပြောကြားပြီးနောက်၊ လူအုပ်ကြီးအားလုံးမှာ မိစ္ဆာတောင်တန်းဒေသ၏ အတွင်းပိုင်းဆီသို့ အလုအယက် ဦးတည်ဝင်ရောက်သွားကြတော့သည်။
ရွှန်လုံသည် စိတ်လှုပ်ရှားနေမိသလို တပြိုင်နက်တည်းမှာပင် အနည်းငယ် စိုးရိမ်စိတ်လည်း ရှိနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူ ဤကဲ့သို့သော ပွဲမျိုးတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွှဲခြင်း ဖြစ်သောကြောင့်ပင်။ ဒါက တကယ့် လက်တွေ့ ရှင်သန်ခြင်း စစ်ဆေးမှုကြီး ဖြစ်ပေလိမ့်မည်။
ရွှန်လုံသည် အခြားသော တပည့်များနှင့်အတူ မိစ္ဆာတောင်တန်းဒေသ၏ အတွင်းပိုင်းဆီသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သော်လည်း... လူတိုင်းမှာ တိတ်ဆိတ်သော သဘောတူညီချက်တစ်ခု ရှိနေကြသကဲ့သို့ ဝင်ပေါက်အနီးတွင် မည်သူမျှ စတင်တိုက်ခိုက်ခြင်း မပြုကြချေ။
'လူတိုင်းကတော့... တခြားတစ်ယောက်ယောက်က အရင်စပြီး တိုက်ခိုက်လာမှာကိုပဲ စောင့်နေကြတာ နေမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ အရင်ဆုံး စပြီး တိုက်ခိုက်တဲ့သူဟာ နောက်ဆုံးကျရင် တခြားသူတွေရဲ့ ချောင်းမြောင်း အမဲလိုက်ခြင်းကို ခံရမှာ ဖြစ်လို့ပဲွ'
သူသည် မိစ္ဆာတောင်တန်းဒေသ၏ အတွင်းပိုင်းဆီသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်နှင့်အမျှ... သူ၏ ပတ်ဝန်းကျင်တွင် ရှိနေသော တပည့်ဦးရေမှာ တဖြည်းဖြည်း နည်းပါးသွားခဲ့သည်။ သူသည် သူ၏ ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများပေါ်တွင် ကောင်းမွန်သော နေရာတစ်ခု ရှာဖွေရန် ပြင်ဆင်လိုက်စဉ်မှာပင်... ရုတ်တရက် သူ၏ စိတ်ဝိညာဉ်ဟင်းလင်းပြင်အတွင်းရှိ အနက်ရောင်ဥကြီးဆီမှနေ၍ ဆန်းပြားသော စိတ်ဝိညာဉ်လှိုင်းတစ်ခု (Spiritual fluctuation) ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။
ဗြုန်းခနဲဆိုသလိုပင်... သူရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရှိနေသော ချီစွမ်းအင်များအားလုံးမှာ သူ၏ ခန္ဓာကိုယ်ဆီသို့ တရဟော ပြေးဝင်လာခဲ့ကြတော့သည်... ပိုမို၍ တိတိကျကျ ပြောရလျှင် ထိုအနက်ရောင်ဥကြီး ရှိနေသည့် 'အချိန်ကျောက်တုံး' ဆီသို့ ဖြစ်ပေသည်။
ဤအရာက ရွှန်လုံ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသော ချီစွမ်းအင်များသာမကဘဲ... ကမ္ဘာမြေကြီး၏ အတွင်းပိုင်းနှင့် လေထုထဲတွင် ရှိနေသော ချီစွမ်းအင်အားလုံးမှာပါ သူ့ထံသို့ ရူးသွပ်စွာ စီးဆင်းလာခြင်း ဖြစ်သည်။
ထိုအနက်ရောင်ဥကြီးက ချီစွမ်းအင်များကို ပိုမို၍ စုပ်ယူနေသည်နှင့်အမျှ... ရွှန်လုံသည် မိစ္ဆာတောင်တန်းဒေသ၏ အတွင်းပိုင်းဆီသို့ ပိုမို၍ အရှိန်အဟုန်ဖြင့် ပြေးဝင်ခဲ့ရတော့သည်။
သူ၏ ခန္ဓာကိုယ်အမြန်နှုန်းမှာမူ 'ဘုရင်မင်းမြတ်၏ ထာဝရခန္ဓာကိုယ်' ၏ ပထမအဆင့်သို့ ဝင်ရောက်ပြီးနောက်တွင် ထိတ်လန့်စရာကောင်းလှသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ... မြေကမ္ဘာအဆင့် ၃ အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးထက်ပင် အဆမတန် ပိုမို၍ လျင်မြန်လှပေသည်။
ရုတ်တရက် ရွှန်လုံ အတွင်းပိုင်းသို့ အသည်းအသန် ပြေးဝင်နေစဉ်... သစ်ပင်တစ်ပင်၏ ထိပ်ဖျားဆီမှနေ၍ အရောင် ၉ ပေခန့် ရှည်လျားသော မြွေကြီးတစ်ကောင်က သူ့ထံသို့ ဝုန်းခနဲ ခုန်အုပ်လာခဲ့သည်။ ထိုမိစ္ဆာသားရဲကြီးသည် ရွှန်လုံ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ပြည့်လျှံနေသော ချီစွမ်းအင်များကို အာရုံခံမိသဖြင့်... ၎င်းတို့ကို မိမိကိုယ်တိုင်အတွက် ရူးသွပ်စွာ စုပ်ယူလိုနေခြင်း ကြောင့်ပင်။
ရွှန်လုံသည် ထိုမိစ္ဆာသားရဲကို ချက်ချင်းပင် မှတ်မိသွားခဲ့သည်။
'ဒါက... အဆင့် ၂ "အဆိပ်နက်မြွေကြီး" (Dark-venom snake) ပဲွ' ရွှုံလုံသည် ဘေးဘက်သို့ အမြန်ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း... ထိုမြွေကြီးက လျှပ်စီးလက်သည့် အလား အရှိန်အဟုန်ဖြင့် သူ၏ ခါးပတ်ပတ်လည်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်ပြီး ဖြစ်သည်။ ထို 'အဆိပ်နက်မြွေကြီး' က သူ၏ အဆိပ်စွယ်များကို ရွှန်လုံ၏ ရင်ဘတ်ထဲသို့ စိုက်သွင်းရန် ပြင်ဆင်လိုက်စဉ်မှာပင်... ရွှန်လုံသည် 'ဘုရင်မင်းမြတ်၏ နာရီမှန်' (Monarch's Hourglass) ကို ချက်ချင်း အသက်သွင်းလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်ရှိ အင်အားနှင့် ချီစွမ်းအင်အားလုံးကို ညာလက်ဖဝါးတွင် စုစည်းလျက်... ၎င်း၏ အားအနည်းဆုံးနေရာဖြစ်သော မြွေ၏ လည်ပင်းဆီသို့ ဓားကဲ့သို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
ရွှန်လုံသည် သူ၏ လက်ဖဝါးများပေါ်သို့ ပူနွေးလှသော အရည်များ စီးဆင်းလာသည်ကို ခံစားလိုက်ရပြီး... ထိုမြွေကြီး၏ ဦးခေါင်းမှာ ပြတ်တောက်သွားခဲ့ကာ စိမ်းညို့သော သွေးများက သူ၏ လက်မောင်းများနှင့် ဝတ်ရုံများကို စွန်းထင်းသွားခဲ့ရတော့သည်။
ဤ 'အဆိပ်နက်မြွေကြီး' မှာ အဆင့် ၂ မိစ္ဆာသားရဲတစ်ကောင် ဖြစ်သော်လည်း... ၎င်း၏ အစွမ်းမှာ မြေကမ္ဘာအဆင့်၏ အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့်သာ တူညီပေသည်။
ဒါက ရွှန်လုံ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သက်ရှိသတ္တဝါတစ်ခုကို သတ်ဖြတ်ဖူးခြင်း ဖြစ်သော်လည်း... သူ၏ ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့အပြားမှ မိစ္ဆာသားရဲများ၏ အော်ဟစ်ကြိမ်းမောင်းသံများ ထွက်ပေါ်လာနေခဲ့သဖြင့် သူ အရှိန်အဟုန်ဖြင့် ဆက်လက်ထွက်ပြေးနေခဲ့ရသည်။
သူသည် မိမိ၏ နောက်ကွယ်မှနေ၍ ပိုမိုများပြားလှသော မိစ္ဆာသားရဲများက ဘက်ပေါင်းစုံမှ လိုက်လံအမဲလိုက်နေကြသည်ကို ခံစားနေရသည်။ မရှေးမနှောင်းကပင် သူ၏ ပတ်ဝန်းကျင်တွင် ရှိနေခဲ့ကြသော တပည့်များအားလုံးမှာလည်း... ရွှန်လုံ၏ နောက်သို့ ရူးသွပ်စွာ လိုက်ပါလာကြသည့် သားရဲအုပ်ကြီးကို မြင်တွေ့လိုက်ရသောအခါ သွေးပျက်တုန်လှုပ်သွားကြရလျက် တတ်နိုင်သမျှ ဝေးရာသို့ အသက်လု ထွက်ပြေးသွားကြတော့သည်။
အထိတ်လန့်ဆုံး အချက်မှာမူ... ထိုသားရဲအုပ်ကြီးထဲတွင် အဆင့် ၂ အထွတ်အထိပ် မိစ္ဆာသားရဲအချို့ပင် ပါဝင်နေခြင်းပင် ဖြစ်သည်။ အဆင့် ၂ အထွတ်အထိပ် မိစ္ဆာသားရဲတစ်ကောင်၏ အစွမ်းမှာ အနည်းဆုံး မြေကမ္ဘာအဆင့် ၉ အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးကဲ့သို့ သန်မာလှပေရာ... ယခုအခါ ထိုသားရဲကြီးများသည် ရွှန်လုံကို အရသာအရှိဆုံး ကမ္ဘာ့အကောင်းဆုံး အစားအစာတစ်ခုကဲ့သို့ သဘောထားကာ ရူးသွပ်စွာ လိုက်လံဖမ်းဆီးနေကြခြင်း ဖြစ်သည်။
တော်ပါသေးသည်... ရွှန်လုံ၏ ခန္ဓာကိုယ်မှာ 'အတွင်းပိုင်းဖျက်ဆီးခြင်းဆေးလုံး' ကို စားသုံးခဲ့ပြီးဖြစ်သလို 'ဘုရင်မင်းမြတ်၏ ထာဝရခန္ဓာကိုယ်' ၏ ပထမအဆင့်သို့ ရောက်ရှိထားသဖြင့် အဆမတန် သန်မာလှပေသည်။
သို့သော်လည်း ထိုသားရဲကြီးများ၏ မရေမတွက်နိုင်သော တိုက်ခိုက်မှုများကြောင့်... ရွှန်လုံသည် နောက်ဆုံးတွင် 'ဘုရင်မင်းမြတ်၏ နယ်ပယ်' (Monarch's Domain) ကို ထုတ်ဖော်အသုံးပြုရန် အတင်းအကျပ် ဖိအားပေးခြင်း ခံလိုက်ရတော့သည်။
သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အဆင့် ၈ အစောပိုင်းအဆင့်များသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း... အဆုံးသတ်တွင်မူ သူသည် ချီစုစည်းမှုနယ်ပယ်က အစပျိုးသူတစ်ဦးသာ ဖြစ်နေသေးသဖြင့်၊ ထို 'ဘုရင်မင်းမြတ်၏ နယ်ပယ်' ကို အသက်ရှူအကြိမ် ၁၀၀ စာ ကာလထက် ပိုမို၍ ကြာရှည်စွာ အသက်သွင်းမထားနိုင်ချေ။
ဤကဲ့သို့ 'ဘုရင်မင်းမြတ်၏ နယ်ပယ်' ထွက်ပေါ်လာမှုကို အာရုံခံမိလိုက်သည့်အလား... အချိန်ကျောက်တုံးအတွင်းရှိ အနက်ရောင်ဥကြီးမှာ ပိုမို၍ ပြင်းထန်စွာ တုန်ရင်လာခဲ့ပြီး ၎င်း၏ အရွယ်အစားမှာလည်း အဆမတန် ကြီးမားလာခဲ့သည်။ ရွှန်လုံ 'ဘုရင်မင်းမြတ်၏ နယ်ပယ်' ကို အသက်သွင်းပြီးနောက် အသက်ရှူအကြိမ် ၄၉ ကြိမ်စာ ကာလ ကုန်လွန်သွားသောအခါ... ယခုအခါ အရွယ်အစားမှာ ၁၀ ပေခန့်အထိ မြင့်မားကြီးမားလာခဲ့ပြီဖြစ်သော ထိုဥကြီး၏ ထိပ်ဖျားပိုင်းမှာ ဂျွတ်ခနဲ အသံနှင့်အတူ ဖြည်းညင်းစွာ ကွဲအက်သွားခဲ့ရပြီး... ၎င်း၏အတွင်းမှနေ၍ အနက်ရောင် သက်ရှိသတ္တဝါတစ်ကောင် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့တော့သည်။