တည်းခိုနေသည့် ဇရပ်မှ မြို့တံခါးကြီးဆီသို့ အကွာအဝေးမှာ အလွန်အမင်း မဝေးလှသော်လည်း... ရွှန်လုံ ထိုနေရာသို့ ရောက်ရှိရန် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့သည်။
လမ်းခရီးတွင် သူသည် မိမိနှင့် လမ်းကြောင်းတူရာ အရပ်မျက်နှာဆီသို့ ဦးတည်ရွေ့လျားနေကြသော တပည့်အမြောက်အမြားကို တွေ့မြင်ခဲ့ရပြီး... အားလုံးမှာ ဂိုဏ်းက သူတို့ကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ဆင့်ခေါ်လိုက်ရသနည်းဟု ဇဝေဇဝါ ဖြစ်နေသည့် ပုံစံမျိုး ရှိကြပေသည်။
သူ မြို့တံခါးအရှေ့သို့ ရောက်ရှိသွားချိန်တွင်... ထိုနေရာ၌ စောင့်ဆိုင်းနေကြသော လူအုပ်ကြီးမှာ အဆမတန် များပြားလှပေပြီ ဖြစ်သည်။
မိနစ် ၄၀ ခန့် ကုန်လွန်သွားသောအခါ စုဝေးရောက်ရှိနေကြသော တပည့်ဦးရေမှာ သေချာပေါက် ဂိုဏ်းသား ၅ သောင်းထက်မနည်း ရှိနေခဲ့ပြီဖြစ်ရာ... ထိုအချိန်တွင် ဝတ်ရုံနက် ဝတ်ဆင်ထားသော ဂိုဏ်း၏ အကြီးအကဲ ၃ ဦးမှာ လူအုပ်ကြီး၏ အရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ကြတော့သည်။
ဦးဆောင်လာသော အကြီးအကဲမှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် ဖြစ်ပြီး... ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးမှာ သူ့ကို မြင်လိုက်ရသည်နှင့် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ကြရာ၊ ထိုအဘိုးအိုက စတင်၍ စကားဆိုခဲ့သည်။
"ငါ့ရဲ့ နာမည်ကတော့ လန်ဟုန် (Lan Hong) ဖြစ်ပြီး၊ ငါတို့ 'မိုးပျံတိမ်တိုက်ဂိုဏ်း' ရဲ့ မဟာအကြီးအကဲ (Grand Elder) ပဲ ဖြစ်တယ်။ မင်းတို့ထဲက အများစုက ဂိုဏ်းက မင်းတို့ကို ဘာဖြစ်လို့ ရုတ်တရက်ကြီး ဆင့်ခေါ်လိုက်ရတာလဲဆိုတာကို သိချင်နေကြလိမ့်မယ်ဆိုတာ ငါ သေချာပေါက် သိပါတယ်။ ငါ အရာအားလုံးကို တစ်ကြိမ်တည်းသာ ရှင်းပြမှာ ဖြစ်လို့... အားလုံးပဲ သေသေချာချာ အာရုံစိုက်ပြီး နားထောင်ကြစမ်း။
၃ နှစ်မှာ တစ်ကြိမ်... ငါတို့ မိုးပျံတိမ်တိုက်ဂိုဏ်းဟာ အသစ်ဝင်ရောက်လာကြတဲ့ တပည့်တွေကို ငါတို့ 'မိုးပျံတိမ်တိုက်မြို့တော်' ရဲ့ အနောက်ဘက်မှာ ရှိနေတဲ့ 'မိစ္ဆာတောင်တန်းဒေသ' (Demonic Mountain Region) ထဲမှာ သွားရောက်ပြီးတော့ အစွမ်းချင်း ထိပ်တိုက်ရင်ဆိုင် စမ်းသပ်လေ့ကျင့်စေလေ့ ရှိတယ်။ အဲဒီ မိစ္ဆာတောင်တန်းဒေသထဲမှာ... မင်းတို့ တပည့်တွေဟာ အချင်းချင်း စျေးပြိုင်ယှဉ်ပြိုင် တိုက်ခိုက်ကြရရုံတင်မကဘူး၊ အသက်ရှင်ကျန်ရစ်ဖို့အတွက် အဲဒီနေရာမှာ ရှင်သန်နေထိုင်ကြတဲ့ မိစ္ဆာသားရဲတွေနဲ့ပါ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြရမှာ ဖြစ်တယ်"
မဟာအကြီးအကဲက ဆက်လက်၍ -
"မင်းတို့ တစ်ယောက်ချင်းစီရဲ့ 'ဂိုဏ်းခွဲခြားသတ်မှတ်ရေး ကျောက်စိမ်းပြား' တွေထဲမှာ... အထူးအမှတ် (Special survival point) တစ်မှတ်စီ ထည့်သွင်းပေးထားလိမ့်မယ်၊ အဲဒီအမှတ်က မင်းတို့ ပုံမှန်သုံးနေကျ ဂိုဏ်းအမှတ်တွေနဲ့ လုံးဝ မသက်ဆိုင်ဘူး။ မင်းတို့အနေနဲ့ အခြားသူတွေရဲ့ ကျောက်စိမ်းပြားကို လုယူနိုင်ခဲ့မယ်ဆိုရင်... အဲဒီအထူးအမှတ်ကို တိုက်ရိုက် လုယူရရှိသွားမှာ ဖြစ်တယ်။ မိစ္ဆာတောင်တန်းဒေသထဲမှာ မင်းတို့ရဲ့ ရည်ရွယ်ချက်ကတော့... အသက်ရှင်ကျန်ရစ်အောင် ကြိုးစားရင်း၊ ဒီနေရာမှာ ရှိနေတဲ့ တခြားတပည့်တွေဆီက အထူးရှင်သန်ခြင်းအမှတ်တွေကို စုဆောင်းဖို့ပဲ ဖြစ်တယ်။
မိစ္ဆာတောင်တန်းဒေသဆိုတာ... မင်းတို့ ပိုမိုသန်မာလာအောင် လုပ်နိုင်ပြီး ကံကောင်းခြင်း အခွင့်အလမ်းတွေကို ရှာဖွေနိုင်တဲ့ နေရာတစ်ခု ဖြစ်သလို၊ မင်းတို့ အသက်ပျောက်သွားနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်တယ်"
မဟာအကြီးအကဲ လန်ဟုန်သည် ထိုနေရာတွင် ခေတ္တမျှ စကားကို ရပ်တန့်လိုက်ပြီးမှ -
"မင်းတို့အနေနဲ့ ဂိုဏ်းက မတရားဘူး၊ ရက်စက်တယ်လို့ ပြောချင်လည်း ပြောနိုင်ပါတယ်... ဒါပေမဲ့ ဘာကိုမှ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး။ မင်းတို့အားလုံးက ကျင့်ကြံသူတွေ ဖြစ်ကြပြီး... မင်းတို့ရဲ့ ရည်မှန်းချက်ဟာ မြို့ထဲမှာတင် သက်တောင့်သက်သာ ပိတ်လှောင်နေထိုင်ဖို့ မဟုတ်ဘဲ၊ ဒီထက်မက ပိုပြီး သန်မာလာအောင် လုပ်ဖို့ပဲ ဖြစ်ရမယ်။ ဂိုဏ်းအနေနဲ့လည်း မြို့ထဲမှာတင် သူတို့ရဲ့ ဘဝကို စိတ်ကျေနပ်နေကြတဲ့ ချီစုစည်းမှုနယ်ပယ်က အားနည်းလွန်းတဲ့ လူအုပ်ကြီးကို အလိုမရှိဘူးွ" ဟု ပြောကြားလိုက်စဉ် သူ၏ လေသံမှာ အလွန်အမင်း တင်းမာခက်ထန်သွားခဲ့ပြီးနောက် ဆက်လက်၍ -
"ဒါပေမဲ့... ယခုနှစ်ရဲ့ 'အပြင်စည်းတပည့် စစ်ဆေးမှု' ကတော့ ပြီးခဲ့တဲ့ နှစ်တွေနဲ့ လုံးဝ ကွဲပြားခြားနားလိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့ မင်းတို့ဟာ မိစ္ဆာတောင်တန်းဒေသထဲမှာ အခြားသော ဂိုဏ်းတွေက တပည့်တွေနဲ့ပါ ထိပ်တိုက်ရင်ဆိုင် စျေးပြိုင်ကြရမှာ ဖြစ်တယ်။ အဲဒါကတော့ ငါတို့ မိုးပျံတိမ်တိုက်ဂိုဏ်းနဲ့ အဆင့်အတန်း တူညီကြတဲ့ အခြားဂိုဏ်းကြီး ၃ ခု ဖြစ်တဲ့ 'မိုးပျံဓားဂိုဏ်း' (Flying Sword sect)၊ 'လေဟုန်ဆောင်' (Roaring Wind Pavilion)... ပြီးတော့ 'သံမဏိစံအိမ်ဂိုဏ်း' (Iron-hardened school) တို့ပဲ ဖြစ်ကြတယ်။ အဲဒီဂိုဏ်းတွေက တပည့်တွေကလည်း မင်းတို့ရဲ့ အထူးရှင်သန်ခြင်းအမှတ်တွေကို လုယူဖို့ ကြိုးစားကြလိမ့်မယ်၊ မင်းတို့ကလည်း ထို့အတူပဲ ပြန်လည်လုပ်ဆောင်ရမယ်။
မိစ္ဆာတောင်တန်းဒေသထဲမှာ... အခြားကျင့်ကြံသူတစ်ယောက်ကြောင့်ဖြစ်စေ သို့မဟုတ် မိစ္ဆာသားရဲတစ်ကောင်ကြောင့်ဖြစ်စေ မင်းတို့ဟာ အချိန်မရွေး အသက်ပျောက်သွားနိုင်တယ်ဆိုတာကို အမြဲတစေ သတိရကြစမ်း၊ ဒါကြောင့် မင်းတို့ အသက်ရှင်ချန်ရစ်ချင်တယ်ဆိုရင်တော့... လုံးဝ ရက်စက်ကြမ်းကြုတ်ဖို့ လိုအပ်တယ်။ မိစ္ဆာတောင်တန်းဒေသရဲ့ နေရာတိုင်းမှာ သေခြင်းတရားက ချောင်းမြောင်းနေတာမို့လို့ မင်းတို့မှာ ရွေးချယ်စရာ လမ်း ၂ သွယ်ပဲ ရှိတယ်... လုံးဝ ရက်စက်တဲ့သူ ဖြစ်လာမလား၊ သို့မဟုတ်... အသက်ပျောက်မလား။ အကြီးအကဲ ကျူး (Elder Zhu) က မင်းတို့ တစ်ယောက်ချင်းစီကို အထူးရှင်သန်ခြင်းအမှတ်တွေ ထည့်သွင်းပေးလိမ့်မယ်"
မဟာအကြီးအကဲ လန်ဟုန်သည် စကားပြော၍ ပြီးဆုံးသွားသောအခါ... ဘေးနားတွင် ရှိနေသော ထိပ်ပြောင်ပြောင်နှင့် အကြီးအကဲ ကျူးထံသို့ လက်ညှိုးညွှန်ပြလိုက်သည်။
တပည့်တိုင်း၏ 'ဂိုဏ်းခွဲခြားသတ်မှတ်ရေး ကျောက်စိမ်းပြား' များအတွင်းသို့ အထူးရှင်သန်ခြင်းအမှတ် တစ်မှတ်စီ ထည့်သွင်းပေးပြီးနောက်တွင်မူ... လန်ဟုန်သည် ရှေ့ဆုံးမှ ဦးဆောင်လျက် မြို့ပြင်ဘက်ရှိ အနောက်ဘက် အရပ်မျက်နှာဆီသို့ စတင်ရွေ့လျားလိုက်ပြီး အော်ဟစ်လိုက်တော့သည်။
"တပည့်များအားလုံး... ငါ့ရဲ့ နောက်ကနေ လိုက်ခဲ့ကြစမ်း!"
တပည့်အများစုမှာမူ အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေကြလျက် လန်ဟုန်၏ နောက်ကနေ လိုက်ပါသွားကြရသည်။
"ငါတို့ ဘာဖြစ်လို့ ဘာအကြောင်းပြချက်မှမရှိဘဲ... ရုတ်တရက်ကြီး ငါတို့ရဲ့ အသက်ကို ရင်းပြီး သွားရမှာလဲဗျာ?"
"ဟုတ်ပဗျာ... ငါလည်း သဘောတူတယ်။ ဘယ်သူမှ ငါတို့ကို ဒီအကြောင်း ကြိုတင်ပြီးတော့ အသိမပေးခဲ့ကြဘူး၊ မဟုတ်ရင် ငါလည်း 'မိုးပျံတိမ်တိုက်ဂိုဏ်း' ထဲကို ဝင်ရောက်ခဲ့မှာ မဟုတ်ဘူး"
"ဂိုဏ်းက တကယ့်ကို ရက်စက်လွန်းပါတယ်။ ငါတို့ရဲ့ သဘောဆန္ဒကိုတောင် တစ်ချက်ကလေးမှ မမေးဘဲနဲ့ ချက်ချင်း ပါဝင်ဖို့ အမိန့်ပေးလိုက်တာပဲွ"
ရွှန်လုံသည် သူ၏ ပတ်ဝန်းကျင်ရှိ ထိတ်လန့်တုန်လှုပ်နေကြသော တပည့်များ၏ တိုးတိုးတိတ်တိတ် ရေရွတ်သံများကို ကြားလိုက်ရသောအခါ တိုးညှပ်စွာ ရယ်မောလိုက်မိသည်။ သူသည် 'အချိန်ကျောက်တုံး' အတွင်းရှိ အမှောင်ထုထဲမှ အသံကြီးနှင့် စကားပြောဆိုပြီးခဲ့ပြီးနောက်တွင်မူ... သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ယခင်ကထက် အဆမတန် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် ယခုအခါတွင် ပိုမိုသန်မာလာစေမည့် အခွင့်အလမ်း မှန်သမျှကို မိမိ၏ ကိုယ်ပိုင်လက်များဖြင့်သာ အမိအရ ဆုပ်ကိုင်သွားတော့မည် ဖြစ်သည်။ သူ ဂိုဏ်းထဲတွင် ကျင့်ကြံခြင်းမှလွဲ၍ ဘာမှမလုပ်ဘဲ နေခဲ့ရသည့် ဤ ၃ လတာ ကာလမှာ သူ့အတွက် အလွန်အမင်း ပိတ်လှောင်အသက်ရှူကျပ်စရာ ကောင်းနေခဲ့ပြီဖြစ်ရာ... ဤကဲ့သို့ ဂိုဏ်းပြင်ပသို့ ထွက်ခွာခွင့် ရရှိခြင်းမှာ ဘေးအန္တရာယ် များပြားလှသည်ဟု ဆိုနိုင်သော်လည်း၊ သူ့အတွက်တော့ အလွန်ကောင်းမွန်သော အခွင့်အရေးကြီးတစ်ခု ဖြစ်ပေသည်။
'ဒါက... ငါ့ရဲ့ "ဘုရင်မင်းမြတ်၏ ထာဝရခန္ဓာကိုယ်" ရဲ့ အစွမ်းကို သေသေချာချာ စမ်းသပ်ကြည့်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲွ' ဟု သူတွေးတောလိုက်ရင်း မိစ္ဆာတောင်တန်းဒေသဆီသို့ ဦးတည်သွားနေသော လူအုပ်ကြီးနောက်သို့ ဆက်လက်လိုက်ပါသွားခဲ့သည်။
လန်ဟုန်သည် တပည့်များ မည်သို့ခံစားနေရသည်ကို ကောင်းစွာ သိရှိသော်လည်း... ၎င်းတို့ကို အများကြီး အာရုံမစိုက်ဘဲ ဆိုလိုက်သည်။
"အကြီးအကဲ လူ (Elder Lu) က မင်းတို့ ရရှိမယ့် ရလဒ်တွေအပေါ် မူတည်ပြီး ဂိုဏ်းက ပေးအပ်မယ့် ဆုလာဘ်တွေအကြောင်းကို ရှင်းပြလိမ့်မယ်"
ဤအကြီးအကဲမှာ အခြားသူမဟုတ်ဘဲ... ရွှန်လုံကို 'ကောင်းကင်ကံကြမ္မာနိုင်ငံတော်' မှ 'မိုးပျံတိမ်တိုက်ဂိုဏ်း' ဆီသို့ ခေါ်ဆောင်လာခဲ့သော အကြီးအကဲ လူချန် (Elder Lu Cheng) ပင် ဖြစ်ပေသည်။
မဟာအကြီးအကဲ၏ နောက်တွင် လိုက်ပါလာသော လူချန်သည်... လှည့်ပင်မကြည့်ဘဲ တပည့်များကို ကျောခိုင်းလျက် စတင်ပြောကြားခဲ့သည်။
"မင်းတို့ ရရှိတဲ့ ရလဒ်တွေအပေါ် မူတည်ပြီး ဂိုဏ်းဆီကနေ မတူညီတဲ့ ဆုလာဘ်တွေကို ရရှိပိုင်ဆိုင်နိုင်ကြလိမ့်မယ်။ စစ်ဆေးမှု ပြီးဆုံးသွားတဲ့အချိန်အထိ မိမိရဲ့ ကိုယ်ပိုင် ရှင်သန်ခြင်းအမှတ် တစ်မှတ်တည်းကိုသာ အောင်မြင်အောင် ထိန်းသိမ်းထားနိုင်တဲ့သူတွေဟာ ဂိုဏ်းအမှတ် ၁၀ မှတ် ရရှိမှာ ဖြစ်ပြီး၊ အမှတ် ၁၀ မှတ်အထိ စုဆောင်းနိုင်တဲ့သူတွေကတော့ ဂိုဏ်းအမှတ် ၁၀၀ ရရှိမှာ ဖြစ်တယ်။
အဆင့် (၁၀၀) အတွင်း ဝင်ရောက်နိုင်တဲ့သူကတော့ ဂိုဏ်းအမှတ် ၁,၀၀၀ ရရှိမှာ ဖြစ်ပြီး... အဲဒီအထက်ကို ရောက်ရှိသွားတဲ့ အဆင့်တစ်ခုချင်းစီအတွက် နောက်ထပ် ဂိုဏ်းအမှတ် ၁၀၀ စီ ပိုမိုရရှိသွားမှာ ဖြစ်တယ်။ အဲဒါအပြင်... ထိပ်သီး ၁၀ ယောက်နဲ့ ထိပ်သီး ၃ ယောက်တို့အတွက် သီးသန့် အထူးဆုလာဘ်တွေ ရှိပါသေးတယ်။
ထိပ်သီး ၁၀ ယောက်စလုံးဟာ... ငွေရောင်အဆင့် စုန်းအင်းအဖွဲ့အစည်း ဆရာကြီးတွေ (Silver grade formation masters) ကိုယ်တိုင် သွန်းလုပ်ထားတဲ့ လက်နက်တွေကို ရရှိမှာ ဖြစ်ပြီး၊ ထိပ်သီး ၃ ယောက်ကတော့ တစ်ယောက်ချင်းစီအလိုက် 'ဟင်းလင်းပြင်လက်စွပ်' (Spatial ring) တစ်ကွင်းစီကို ရရှိပိုင်ဆိုင်ကြမှာ ဖြစ်တယ်ွ"
အကြီးအကဲ လူ စကားပြော၍ ပြီးဆုံးသွားသောအခါ... တပည့်အားလုံးမှာ အံ့ဩမှင်တက် သွားခဲ့ကြရတော့သည်။ ယခုနှစ်၏ ဆုလာဘ်များမှာ ပြီးခဲ့သည့် နှစ်များထက် အဆမတန် သာလွန်ကောင်းမွန်နေခဲ့ခြင်း ကြောင့်ပင်။
"အကြီးအကဲ... ဒါဆိုရင် ပထမနေရာ (First place) ကို ရရှိမယ့်သူအတွက်ရော ဘာဆုလာဘ် ပေးမှာလဲခင်ဗျာ?" တပည့်တစ်ဦးက လှမ်း၍ မေးမြန်းလိုက်တော့သည်။