အပိုင်း (၅) - မိဘ
ထိုဟည်းဟောက်သံကြီးသည် ရွှန်စံအိမ်တော်တစ်ခုလုံးကို တုန်ခါသွားစေပြီး အိမ်တွင်းရှိ အစေခံများနှင့် ကင်းစောင့်များအားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက်လိုက်ကြရသည်။
စံအိမ်တော်အပြင်ဘက်ရှိ လမ်းသွားလမ်းလာများမှာလည်း ကြောက်ရွံလွန်းသဖြင့် မျက်နှာများ ပြာနှမ်းသွားကြစဉ် ရထားလုံးတစ်စီးသည် စံအိမ်တော်တံခါးဝဆီသို အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။ ရထားလုံးသည် ရွှန်လုံ၏ အနီး မီတာအနည်းငယ်အကွာတွင် ရပ်တန့်သွားပြီးနောက် ရထားမောင်းသမားမှာ မြင်းဇက်ကြိုးကို အမြန်ဆွဲ၍ ဒူးထောက်ချလိုက်သည်။ ထိုစဉ်မှာပင် ရထားလုံးတံခါးသည် အတွင်းမှ ကန်ထုတ်ခြင်းခံလိုက်ရပြီး လေထဲသို လွင့်စင်ကာ စံအိမ်တော်တံတိုင်းနှင့် ရိုက်မိ၍ သစ်သားစများအဖြစ် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။
ရထားလုံးအတွင်းမှ အသက် ၄၀ ကျော်အရွယ် ဒေါသထွက်နေသော အမျိုးသားတစ်ဦး ခုန်ဆင်းလာရာ သူ မြေပြင်ပေါ်သို နင်းလိုက်သည့် အရှိန်ကြောင့် မြေပြင်ပင် အနည်းငယ် တုန်ခါသွားခဲ့သည်။ ထိုသူမှာ ၅ ပေ ၁၁ လက်မ (၁.၈၀ မီတာ) ကျော် အရပ်ရှိပြီး ခန့်ညားထည်ဝါသော အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာသွင်ပြင်မှာ စူးရှထင်ရှားပြီး ထူထဲသော မျက်ခုံးများ၊ ဖြောင့်စင်းသော နှာတံနှင့် သန်မာထွားကြိုင်းသော ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိသည်။ သူ၏ နက်မှောင်သော မျက်လုံးအစုံမှာ ဒေါသကြောင့် နီမြန်းနေပြီး သူ၏ အရှိန်အဝါ ကြောင့် ဆံပင်များပင် ထောင်ထနေသည့်အလား ရှိနေသည်။
သူသည် ရွှန်လုံဆီသို ဒေါသတကြီး လျှောက်လှမ်းလာရာ ခြေလှမ်းတိုင်းတွင် မြေပြင်မှာ သိသိသာသာ တုန်ခါနေ၏။ ရွှန်လုံ တစ်စုံတစ်ရာ မတုံပြန်နိုင်မီမှာပင် သူ၏ ပုခုံးနှစ်ဖက်ကို အားပြင်းစွာ ဆုပ်ကိုင်ခြင်း ခံလိုက်ရပြီး အရိုးများပင် နာကျင်သွားရသည်။
ထိုသူသည် ရွှန်လုံ၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပြီးနောက် ဒူးထောက်နေသော ကင်းစောင့်နှစ်ဦးကို တစ်မြိုလုံး ကြားရလောက်သည့် အသံဖြင့် ဟိန်းဟောက်လိုက်သည်။
"ဆေးပညာရှင် လူး ကို အခုချက်ချင်း သွားခေါ်စမ်း!"
ထိုနောက် ရွှန်လုံ စကားပြောရန်ပင် မစောင့်တော့ဘဲ စံအိမ်တော် ခန်းမဆောင်ကြီးထဲသို ဆွဲခေါ်သွားကာ အစေခံများ ယူဆောင်လာသော ကုတင်ပေါ်တွင် လှဲခိုင်းလိုက်သည်။ ရွှန်လုံ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ တစ်စုံတစ်ရာ ရှိမရှိ သေချာစွာ စစ်ဆေးပြီးနောက် ဘာမှမတွေ့တော့မှသာ ထိုသူသည် အောင့်ထားသော အသက်ကို ပြန်ရှူလိုက်သည့်အလား သက်ပြင်းချနိုင်တော့သည်။
ရှောက်ရှီသည် သူ၏ အတိတ်ဘဝတွင် မည်မျှပင် ခက်ခဲသော ဒုက္ခများ ကြုံခဲ့ရပါစေ၊ အာဟာရချိုတဲ့သော ခန္ဓာကိုယ်ဖြင့် မည်မျှပင် နာကျင်ခဲ့ရပါစေ တစ်ခါမျှ မျက်ရည်မကျခဲ့ဖူးပေ။ သိုသော် ယခု ပထမဆုံးအကြိမ်အဖြစ် သူ၏ မျက်ဝန်းများ နီမြန်းလာကာ မျက်ရည်နှစ်စက်မှာ ပါးပြင်ပေါ်သို လိမ့်ဆင်းလာခဲ့သည်။
ထိုနောက် တိမ်ဝင်နေသော အသံဖြင့် သူ၏ဘဝတွင် တစ်ခါမျှ မခေါ်ဖူးခဲ့သော စကားလုံးတစ်လုံးကို ခေါ်ဆိုလိုက်သည်။
"ဖေဖေ..."
ထိုစကားလုံးမှာ သူ၏ အတိတ်ဘဝတွင် ခေါ်ဆိုခွင့် မရခဲ့ဖူးသလို၊ တစ်သက်လုံးလည်း ခေါ်ဆိုရလိမ့်မည်ဟု မထင်မှတ်ခဲ့သော စကားလုံးဖြစ်သည်။ မူလရွှန်လုံနှင့် မိဘများမှာ နက်ရှိင်းသော ဆက်ဆံရေး ရှိခဲ့သော်လည်း ယခုရွှန်လုံမှာ မူလဝိညာဉ်သက်သက် မဟုတ်တော့ပေ။ မိဘမဲ့တစ်ဦးအဖြစ် ဘဝကို ရုန်းကန်ခဲ့ရပြီး မိသားစုမေတ္တာကို တစ်ခါမျှ မခံစားခဲ့ရသော ရှောက်ရှီအဖို၊ ရွှန်ဖန်း၏ မျက်လုံးထဲက ဒေါသနှင့်အတူ ရောယှက်နေသော စိုးရိမ်ပူပန်မှုနှင့် ချစ်ခြင်းမေတ္တာများကို မြင်လိုက်ရသောအခါ သူ၏ စိတ်ခံတံတိုင်းများ အားလုံး ပြိုလဲသွားရတော့သည်။ ဤအမျိုးသား၏ စစ်မှန်သော ဂရုစိုက်မှုကို သူ အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။
ရွှန်ဖန်းက သူ၏သားအား အခြေအနေကို မေးမြန်းရန် ပြင်နေစဉ်မှာပင် အသက် ၃၀ ကျော်အရွယ် ချောမောလှပသော အမျိုးသားတစ်ဦး ခန်းမထဲသို ဝင်လာခဲ့သည်။ ၎င်းမှာ ရွှန်လုံ၏ မိခင် "ရွှန်အန်း" ပင် ဖြစ်သည်။ သူသည် သားဖြစ်သူ၏ စုတ်ပြတ်နေသော အဝတ်အစားများကို မြင်လိုက်ရသည်နှင့် အဆိုးဆုံးကို တွေးတောကာ ရွှန်လုံကို ဖက်၍ ငိုကြွေးလေတော့သည်။
ရွှန်လုံသည် ရွှန်ဖန်းထံမှ ရရှိသော ခံစားချက်မျိုးကိုပင် ရွှန်အန်းထံမှ ထပ်မံရရှိလိုက်သည်။
"မေမေ..." ဟု သူ စိတ်ထဲမှ ခေါ်ဆိုလိုက်မိပြီး မိခင်မေတ္တာ၏ အရသာကို အမှန်တကယ် ခံစားလိုက်ရကာ သူ၏ မိဘနှစ်ပါးစလုံးကို ပြန်လည် ဖက်ထားလိုက်မိသည်။
ထိုအခိုက်အတန့်တွင် သူ၏ အသိဉာဏ်ထဲ၌ တစ်စုံတစ်ခု ပွင့်သွားသည့် အသံနှင့်အတူ တြိဂံပုံစံကျောက်တုံးဘေးတွင် "ရှေးဟောင်းစာအုပ်" တစ်အုပ် တိတ်ဆိတ်စွာ ပေါ်ပေါက်လာခဲ့သည်။ သိုသော် ရွှန်လုံမှာ ထိုစာအုပ်ကို စစ်ဆေးရန် အချိန်မရှိပေ။ ရွှန်ဖန်းက ဒေါသသံဖြင့် စတင်မေးမြန်းလိုက်သည်။
"ငါ အပြာရောင်သစ်တောမြိုတော်ကနေ ထွက်သွားတာ ၈ ရက်ပဲ ရှိသေးတယ်၊ ဘာတွေဖြစ်ခဲ့တာလဲ? ငါ့သား ဘာလို ဒီလိုဖြစ်ရတာလဲ၊ ပြီးတော့ 'ကုယီ' နဲ့ 'ကုရှီ' ကော ဘယ်မှာလဲ?"
ကုယီနှင့် ကုရှီတိုသည် ရွှန်လုံ၏ အနီးကပ်ကိုယ်ရံတော်များဖြစ်ပြီး သူ မြိုပြင်ထွက်တိုင်း အမြဲ လိုက်ပါစောင့်ရှောက်ရသူများ ဖြစ်သည်။
"ဖေဖေ... ကုယီနဲ့ ကုရှီတို နှစ်ယောက်လုံး သားကို ကာကွယ်ရင်း ဒီနေ့ပဲ အသက်ပေးသွားကြပြီ" ဟု ရွှန်လုံက အေးစက်သော လေသံဖြင့် ပြောလိုက်သော်လည်း ထိုလေသံထဲတွင် ဒေါသများ ကိန်းအောင်းနေသည်။
"ဘာဖြစ်တာလဲ!" ရွှန်ဖန်းနှင့် ရွှန်အန်းတို ထိတ်လန့်သွားကြသည်။
ကုယီမှာ မြေကမ္ဘာအဆင့် ၂ ကျွမ်းကျင်သူဖြစ်ပြီး၊ ကုရှီမှာ မြေကမ္ဘာအဆင့် ၁ အထွတ်အထိပ် ဖြစ်သည်။ တစ်မြိုလုံးတွင်ပင် သူတိုမှာ အတော်အတန် အစွမ်းထက်သူများဖြစ်ရာ သားဖြစ်သူ၏ စကားမဟုတ်ပါက ရွှန်ဖန်း ယုံကြည်မည်မဟုတ်ပေ။
(မှတ်ချက် - ကျင့်စဉ်အဆင့်မှာ ချီစုစည်းမှု အဆင့် ၁ မှ ၉ အထိ ရှိပြီး တစ်ဆင့်ချင်းစီတွင် အစောပိုင်း၊ အလယ်အလတ်နှင့် အထွတ်အထိပ်ဟူ၍ ခွဲခြားထားသည်။ ချီစုစည်းမှုအဆင့်ကို ကျော်လွန်ပါက မြေကမ္ဘာအဆင့် သို ရောက်ရှိမည်ဖြစ်သည်။)
"အပြာရောင်သစ်တော အစွန်အဖျားမှာ တစ်ယောက်ယောက်က 'ထင်းရှူးနီသီး' တွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ် ဖေဖေ" ဟု ရွှန်လုံက ဖြေလိုက်သည်။
"သားရဲ့ သွေးကြောတွေ ပိတ်နေလို ကျင့်စဉ်လေ့ကျင့်လို မရတာ ဖေဖေ သိပါတယ်၊ ဒါပေမဲ့ အဲဒီ ထင်းရှူးနီသီးကို ရရင် ဆရာကြီးလူးကို 'သွေးကြောပွင့်ဆေး' ဖော်ခိုင်းပြီး သား ကျင့်စဉ် စတင်နိုင်လိမ့်မယ်လို တွေးခဲ့မိတယ်"
ရွှန်ဖန်း စကားဖြတ်ပြောရန် ပြင်စဉ် ရွှန်လုံက ဆက်ပြောလိုက်သည်။
"ဖေဖေ ကိုယ်တိုင်လည်း သား ကျင့်စဉ်လေ့ကျင့်လို မရတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ဒီအသီးကို အမြဲ ရှာနေတယ်ဆိုတာ သားသိပါတယ်။"
ရွှန်ဖန်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။ သူသည် သားဖြစ်သူကို မသိစေလိုသော်လည်း ရွှန်လုံအတွက် ဖြေရှင်းနည်းများကို မြိုထဲ၌သာမက နိုင်ငံတော်မြိုတော် အထိ ရှာဖွေခဲ့ဖူးသည်။ သူကိုယ်တိုင်လည်း အပြာရောင်သစ်တောထဲသို အကြိမ်ကြိမ် သွားရောက်ခဲ့သော်လည်း ရွှန်လုံအတွက် လိုအပ်သည့်အရာကို မတွေ့ခဲ့ရပေ။
"ဒါကြောင့် ဖေဖေ မြိုတော်ကို သွားနေတုန်းမှာ အဲဒီအသီးရဲ့ သတင်းကို ကြားတော့ သား မနေနိုင်တော့ဘဲ ကုယီတို နှစ်ယောက်ကို ခေါ်ပြီး သစ်တောအစွန်အဖျားကို သွားခဲ့တာပါ။ မြေကမ္ဘာအဆင့် ကျွမ်းကျင်သူ နှစ်ယောက် ပါနေတော့ အန္တရာယ်မရှိဘူးလို ထင်ခဲ့ပေမဲ့ လမ်းမှာ ဝတ်စုံနက်ဝတ် မျက်နှာဖုံးစွပ်ထားတဲ့ လူ ၅ ယောက်ရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံလိုက်ရတယ်"
ရွှန်ဖန်းနှင့် ရွှန်အန်းတို သဘောပေါက်လိုက်ကြပြီ။ ဤတိုက်ခိုက်မှုမှာ သာမန်ရန်ငြိုးမဟုတ်ဘဲ ရွှန်မိသားစု၏ အမွေဆက်ခံသူကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်။ ရွှန်လုံက သူတိုကို မည်သို ဝိုင်းရံတိုက်ခိုက်ခဲ့ပုံနှင့် နောက်ဆုံးတွင် လျှပ်စီးမုန်တိုင်းကြောင့် သူတို ထွက်ပြေးသွားပုံကို ရှင်းပြလိုက်သည်။
မိဘနှစ်ပါးစလုံး သားဖြစ်သူ ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်လာသည့်အတွက် သက်ပြင်းချနေစဉ်မှာပင် ကင်းစောင့်တစ်ဦး ဝင်လာကာ -
"သခင်ကြီး... ဆေးပညာရှင် ဆရာကြီးလူး ရောက်ရှိလာပါပြီ" ဟု သတင်းပိုလိုက်တော့သည်။