အခန်း ၅၃ - ဒိုင်းလွှားဖြင့် ရိုက်ခွဲလိုက်သော အမှန်တရား
ရေတံခွန်တစ်ခုလုံးက... တံခါးပေါက်ကြီးလား?
ဒါ ဘယ်လို ရူးသွပ်စရာကောင်းတဲ့ အဓိပ္ပာယ်မဲ့စကားမျိုးလဲ။ ဒီကောင်လေး ရေခဲပြင်မှာ ကြာကြာနေလိုက်တာ သူ့ဦးနှောက်တွေ ရေခဲတုံးဖြစ်သွားတာလား။
"ဒါ ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့ ဟာသကြီးလဲကွာ!"
ဒီစစ်တလင်းမှာ ကျင်လည်ခဲ့တဲ့ ဝါရင့်စစ်သည်တွေဟာ သူတို့မျက်စိရှေ့က သဘာဝအံ့ဖွယ်ကြီးက အတုကြီးလို့ လက်ခံရတာထက် ရန်သူက နတ်ဘုရားအဖြစ် ပြောင်းလဲသွားတာကို ယုံလိုက်ချင်ပါသေးတယ်။
လူအုပ်ထဲမှာတော့ ချွင်းချက်တစ်ခု ရှိသည်။
လိုဂန်။
ရာစုနှစ်သက်တမ်းရှိတဲ့ ဒီလူသားစက်ရုပ်ကြီးက ရေခဲနံရံကို ပျင်းရိစွာ မှီထားပြီး ရင်ဘတ်မှာ လက်ပိုက်ထားသည်။ လူတစ်ယောက်ကို ဖောက်ထွင်းမြင်နိုင်လောက်တဲ့ သူ့ရဲ့ သားရဲမျက်လုံးတွေက လီဗိုင်းနဲ့ ရေတံခွန်ကြီးကြားမှာ အပြန်အလှန် ရွေ့လျားနေသည်။
အခြားသူတွေလို သရဲတစ္ဆေကို တွေ့လိုက်ရသလိုမျိုး ထိတ်လန့်နေတဲ့ အရိပ်အယောင် သူ့မျက်လုံးထဲမှာ မရှိပေ။ ရှိတာက စူးစမ်းမှုသက်သက်။ လက်တွေ့ကျကျ စစ်ဆေးကြည့်ရှုမှုသာ ဖြစ်သည်။
တိရစ္ဆာန်အာရုံခံနိုင်စွမ်း အထွတ်အထိပ်ရှိတဲ့ မူတန့်တစ်ယောက်အနေနဲ့ သူ ဘာမှ ထူးခြားတာကို အနံ့မရသလို အသံလည်း မကြားရပေ။
ဒီနေရာက သူ့အတွက်တော့ အရာအားလုံး ပုံမှန်အတိုင်းပဲ။
ဒါပေမဲ့ သူ့ရဲ့ အာရုံစိုက်မှု—အသက်နဲ့အမျှ ရင်းပြီး မရေမတွက်နိုင်အောင် လေ့ကျင့်ထားတဲ့၊ ဘယ်စက်ကိရိယာထက်မဆို ပိုတိကျတဲ့ အဲဒီအာရုံကတော့ သူ့ကို အန္တရာယ်ရှိကြောင်း သတိပေးနေသည်။
—လီဗိုင်းလို့ခေါ်တဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့တိုင်းကောင်လေးဟာ သေချာပေါက်မရှိဘဲ ဘာမှလုပ်လေ့မရှိဘူး။
နော်မန်ဒီကနေ ရန်သူ့နယ်မြေအနက်ပိုင်းအထိ ဒီကောင်လေးထုတ်ပြခဲ့တဲ့ "အံ့ဖွယ်" တွေက နည်းနေလို့လား။
ထူးဆန်းတဲ့ တိတ်ဆိတ်မှုကြားမှာ ဟောင်းဝပ် စတာခ်ရဲ့ အသံကတော့ ဆက်သွယ်ရေးကနေတစ်ဆင့် ရေဒီယိုမှတစ်ဆင့် ဆူညံနေသည်။ ကြောက်လန့်နေတဲ့ လူတစ်ယောက်လို သိပ္ပံ၊ ယုတ္တိ၊ အကြောင်းပြချက်ဆိုတဲ့ စကားလုံးဖျော့ဖျော့လေးတွေနဲ့ လီဗိုင်းကို "ရှေးရိုးစွဲဝါဒ" ဆိုတဲ့ ချောက်ကမ်းပါးဆီကနေ ဆွဲခေါ်ဖို့ ကြိုးစားနေသည်။
စတိဗ် ရော်ဂျာကတော့ သူ့ကို ပြန်မဖြေပေ။
ကပ္ပတိန်အမေရိကက လီဗိုင်းကိုပဲ စူးစိုက်ကြည့်နေသည်။ အဲလ်ပ်တောင်တန်းရဲ့ ကောင်းကင်ထက် ပိုပြာလဲ့နေတဲ့ သူ့မျက်လုံးတွေထဲမှာ သံသယဆိုတဲ့ အရိပ်အယောင် လုံးဝမရှိ။ ရှိတာက စင်ကြယ်ပြီး မျက်စိစုံမှိတ် ယုံကြည်မှုသာဖြစ်သည်။
ဒီယုံကြည်မှုက အလကားရလာတာ မဟုတ်။
လီဗိုင်းဟာ တိုက်ပွဲပေါင်းများစွာမှာ မယုံနိုင်စရာ ဟောကိန်းတွေထုတ်ပြီး ရလဒ်တွေ တိကျစွာ ပြသရင်းနဲ့ ဒီယုံကြည်မှုကို ရယူခဲ့တာဖြစ်သည်။
"သက်သေပြလိုက်"
စတိဗ်က နောက်ဆုံးတော့ ပြောလိုက်သည်။
သူ့အသံက မကျယ်ပေမဲ့ မြေပြင်ထဲမှာ ခိုင်မြဲစွာ စိုက်ဝင်နေတဲ့ ကျောက်ဆူးတစ်ခုလို တည်ငြိမ်နေသည်။ ချက်ချင်းဆိုသလိုပဲ ဟောင်းဝပ်ရဲ့ အော်ဟစ်သံတွေနဲ့ လူတိုင်းရဲ့ ရင်ထဲက မငြိမ်သက်မှုတွေကို ဖိနှိပ်လိုက်သည်။
သက်သေပြရမယ်?
လီဗိုင်း ဒီစကားနှစ်ခွန်းကို ကြားလိုက်ရတဲ့အခါ စိတ်ထဲကနေ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
သူစောင့်မျှော်နေတာ ဒါပဲ။
မဟုတ်ရင် မနက်ဖြန် ဟိုက်ဒရာစခန်းကို ဖောက်ခွဲမယ့်အစား သူဟာ ဟောင်းဝပ် စတာခ်ရဲ့ ဓာတ်ခွဲခန်းကို တန်းပို့ခံရပြီး ခွဲစိတ်စားပွဲပေါ်မှာ သုတေသနပစ္စည်းအဖြစ် အပိုင်းပိုင်းအစစ ခွဲစိတ်ခံရမှာ သေချာသည်။
ဒါကြောင့် သူဟာ ရိုးရှင်းပြီး၊ ကြမ်းတမ်းပြီး၊ အလိုအလျောက် သဘောပေါက်နိုင်တဲ့ သက်သေမျိုး လိုအပ်သည်။ လူတိုင်းကို ပါးစပ်ပိတ်သွားစေမယ့်၊ အထူးသဖြင့် သိပ္ပံပညာကို ရူးသွပ်နေတဲ့ ဟောင်းဝပ်ကို အံ့အားသင့်စေမယ့် သက်သေမျိုးပေါ့။
လီဗိုင်းက စတိဗ်ဘက်ကို လှည့်ကာ ကျယ်လောင်စွာ ပြုံးလိုက်သည်။ အေးစက်နေတဲ့ လေထုထဲမှာ သူ့သွားတွေက ပိုလို့တောင် ဖြူစင်နေသလိုပဲ။
"ကပ္ပတိန်၊ သက်သေကတော့ ရိုးရှင်းပါတယ်။"
သူက စတိဗ်ရဲ့ လက်မောင်းမှာရှိတဲ့ အနီ၊ အဖြူ၊ အပြာရောင် ဒိုင်းလွှားကို လက်ညှိုးထိုးလိုက်ပြီး လမ်းသွားလမ်းလာကို မီးခြစ်တောင်းသလို အေးဆေးပြောလိုက်သည်။
"မင်းရဲ့ အဖိုးတန် အိုးဖုံးကို ယူပြီးတော့ အဲဒီအရာဆီကို အစွမ်းကုန် ပစ်ပေါက်လိုက်စမ်းပါ။"
စတိဗ် တောင့်သွားသည်။
ဟောင်လင်းကွန်မန်ဒိုတွေ တောင့်သွားကြသည်။
ဆက်သွယ်ရေးတစ်ဖက်က ဟောင်းဝပ်ကတော့ ပေါက်ကွဲသွားတော့သည်။
"ဒါပဲလား?! လီဗိုင်း! မင်း တကယ်ပဲ ရူးသွားတာလား ဒါမှမဟုတ် ရူးဟန်ဆောင်နေတာလား?!"
သူ့အသံက ဒေါသကြောင့် အသံဝင်နေသည်။
"အဲဒီဒိုင်းလွှားက ဗိုင်ဘရေနီယမ်! ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ အံ့ဖွယ်သတ္တု! ဒါပေမဲ့ အဲဒါက ဒိုင်းလွှားပဲလေ! မင်းက စတိဗ်ကို ရေတံခွန်ထဲ ပစ်ခိုင်းချင်တာလား?! မစ်ရှင်မစခင်မှာပဲ စူပါစစ်သားရဲ့ အရေးအကြီးဆုံး၊ တစ်ခုတည်းသော လက်နက်ကို ငါတို့ လက်လွှတ်ဆုံးရှုံးအောင် လုပ်ချင်တာလား?! အဲဒီအနောက်က ရေကန်ထဲ ပြုတ်ကျသွားပြီး ပြန်မရရင် ဘယ်သူလျော်မှာလဲ?!"
"စမ်းကြည့်လိုက်၊ သိသွားလိမ့်မယ်။"
လီဗိုင်းက ပခုံးတွန့်ရင်း အေးဆေးပဲ ပြောလိုက်သည်။ "ဒီလူတွေကလည်း အရမ်းတွေးပူတာပဲ" လို့ မျက်နှာပေးနဲ့ပေါ့။
စတိဗ်က လီဗိုင်းကို စူးစိုက်ကြည့်သည်။ အဲဒီ အနက်ရောင်မျက်လုံးတွေထဲမှာ သူ အကြွင်းမဲ့ ယုံကြည်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို မြင်လိုက်ရသည်။
သူ့သံသယတွေ ပျောက်ကွယ်သွားသည်။
"အားလုံးပဲ နောက်ဆုတ်ကြ!"
သူ အမိန့်ပေးပြီးနောက် အရှိန်ယူနိုင်ဖို့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
သူ့လက်မောင်းက ဒိုင်းလွှားကို ဖြုတ်ပြီး တင်းတင်းဆုပ်ကိုင်လိုက်သည်။ စူပါစစ်သား ဆေးရည်ကြောင့် လူသားအစွမ်းထက်ဆုံး အဆင့်ထိ ရောက်နေတဲ့ သူ့ရဲ့ ကြွက်သားတွေက ချက်ချင်း ဖောင်းကြွလာသည်။ အမဲလိုက်ဖို့ ပြင်ဆင်နေတဲ့ ကျားသစ်တစ်ကောင်လိုပါပဲ။
ခါးကို လှည့်၊ ဗိုက်ကြွက်သားတွေကို အားသုံး၊ ကျောရိုးကနေ လက်မောင်းဆီ စွမ်းအင်တွေ စီးဆင်းသွားပြီး—
သူ့ခန္ဓာကိုယ်တစ်ခုလုံးက တင်းထားတဲ့ လေးညှို့တစ်ခုလို ဖြစ်သွားသည်။
နောက်တစ်စက္ကန့်မှာပဲ လေးညှို့က လွှတ်လိုက်သလိုမျိုး—
ဝူး—!
အနီ၊ အပြာရောင် စက်ဝိုင်းပုံ ဒိုင်းလွှားက မျက်စိနဲ့မမြင်နိုင်လောက်အောင် လျင်မြန်သွားပြီး လေထုကို ဖြိုခွင်းကာ ပြည့်စုံတဲ့ လမ်းကြောင်းအတိုင်း လည်ပတ်ရင်း ရေတံခွန်ကြီးဆီကို တန်းတန်းမတ်မတ် ပစ်ပေါက်လိုက်သည်။
လိုဂန်အပါအဝင် အဲဒီမှာရှိတဲ့သူအားလုံး အသက်ရှူမှားသွားကြပြီး ဒိုင်းလွှားနောက်ကလိုက်ကြည့်နေကြသည်။
သူတို့မျှော်လင့်တာကတော့ ဒိုင်းလွှားက ရေတံခွန်ကို ဖြတ်ပြီး အနောက်က ရေကန်ထဲကို ပလုံဆိုပြီး ကျသွားမယ့်ပုံစံပါ။
ဒါပေမဲ့ နောက်ဖြစ်လာတဲ့ အဖြစ်အပျက်ကတော့ နှစ်ပေါင်းများစွာ သူတို့ယုံကြည်ထားတဲ့ အသိဉာဏ်တွေကို ဘုရားသခင်ရဲ့ တူနဲ့ ထုလိုက်သလိုမျိုး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတယ်။
ကလန်း—!!!
နားကွဲမတတ် ပြင်းထန်တဲ့ သတ္တုချင်း ထိခိုက်သံကြီးက ချောက်ကမ်းပါးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ဒါက ရေခဲနဲ့ ထိတဲ့အသံ မဟုတ်။ ကျောက်တုံးနဲ့ ထိတဲ့အသံ မဟုတ်။
ပိုပြီး သန့်စင်တယ်။ ပိုမာတယ်။ ပိုပြီး ကြောက်စရာကောင်းတယ်။
ကြယ်နှစ်လုံး အလင်းအမြန်နှုန်းနဲ့ တိုက်မိသွားသလိုပဲ။
ဗိုင်ဘရေနီယမ် ဒိုင်းလွှားက—တင့်ကားတစ်စီးကိုတောင် ဖျက်ဆီးနိုင်လောက်တဲ့ အားနဲ့ ပစ်လိုက်ပေမဲ့—ရေတံခွန်ကို ထိတဲ့အခါ မမြင်ရတဲ့ နံရံကြီးတစ်ခုကို တိုက်မိလိုက်သလိုမျိုး ပြန်ကန်ထွက်လာသည်။
သူပစ်လိုက်တဲ့ အားထက် ပိုပြင်းတဲ့ အားနဲ့ ပြန်ရောက်လာတာပါ။
ထိခိုက်မိတဲ့ နေရာမှာတော့ ရေတံခွန်ကြီးက စွမ်းအင်တွေ ရိုက်ခတ်မှုကြောင့် ပုံရိပ်ယောင်တွေ လှုပ်ခါသွားသည်။
ဟိုလိုဂရမ် ပုံရိပ်က စက်ဟောင်းကြီးတစ်ခုလို မှုန်ဝါးသွားပြီး အနက်ရောင် သတ္တုနံရံကြီးတစ်ခု ပေါ်လာသည်။
အရောင်ပြန်ဟပ်ခြင်း မရှိ။ မှန်လို ပြောင်လက်နေတယ်။
ခဏလေးပဲ ပေါ်လိုက်ပေမဲ့ သူ့ရဲ့ အေးစက်စက် အသွင်အပြင်နဲ့ အဲဒီနံရံမှာ ထွင်းထုထားတဲ့ ရွံရှာဖွယ် ဟိုက်ဒရာ အမှတ်အသားကြီးက လူတိုင်းရဲ့ မျက်စိထဲမှာ စွဲထင်သွားတော့သည်။
"အို... ဘုရားသခင်..."
ဆက်သွယ်ရေးထဲက ဟောင်းဝပ်ရဲ့ အသံကတော့ ယုံကြည်ချက်တွေ ပျက်စီးသွားတဲ့ လူတစ်ယောက်လို တုန်ရီနေသည်။
"အဲဒါ... အဲဒီပစ္စည်း... အဲဒီစွမ်းအင်တုံ့ပြန်မှု... မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး..."
ဟောင်လင်းကွန်မန်ဒိုတွေကတော့ ကျောက်ရုပ်တွေလို တောင့်သွားကြသည်။
ထိတ်လန့်မှုတွေကနေ တစ်ဆင့် လီဗိုင်းကို ကြည့်လိုက်တဲ့အခါမှာတော့ ကိုးကွယ်ယုံကြည်မှုတွေအထိ ဖြစ်လာကြသည်။
ဒါက "ကံကောင်းတာ" သို့မဟုတ် "အာရုံခံနိုင်တာ" လို့ ပြောရမယ့်အဆင့် မဟုတ်တော့ပါ။
ဒါက အံ့ဖွယ်တစ်ခုပဲ။ ပရောဖက်တစ်ယောက်ပဲ။
စတိဗ်က ပြန်ကန်ထွက်လာတဲ့ ဒိုင်းလွှားကို လှည့်ဖမ်းလိုက်သည်။ သူ့လက်မောင်းတွေတောင် ထုံသွားတယ်။ ဒိုင်းလွှားကို ငုံ့ကြည့်လိုက်တော့ အစင်းရာလေးတောင် မရှိဘူး။
သူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတဲ့ ရေတံခွန်ကြီးကို ပြန်ကြည့်ရင်း လေးနက်စွာ မေးလိုက်သည်။
"မင်း ဘယ်လိုသိတာလဲ"
လူတိုင်း သိချင်နေတဲ့ မေးခွန်းပဲ။
"ခန့်မှန်းတာ"
လီဗိုင်းက မျက်တောင်မခတ်ဘဲ ပြန်ဖြေလိုက်ရင်း သူ့မျက်စိရှေ့မှာ ပေါ်လာတဲ့ စနစ်ရဲ့ အကြောင်းကြားစာတွေကို ကြည့်လိုက်သည်။
[ဒင်း! စတိဗ် ရော့ဂျားစ်ဆီက အံ့အားသင့်မှု တန်ဖိုး +100]
[ဒင်း! ဟောင်းဝပ် စတက်ခ်ဆီက ယုံကြည်ချက် ပျက်စီးမှု တန်ဖိုး +500]
[ဒင်း! ဟောက်လင်းကွန်မန်ဒိုများဆီက အံ့ဩမှု တန်ဖိုး +999](အဲ့တာ အပိုထည့်ပေးတာပါမူရင်းစာရေးဆရာက စနစ်ကကော်ပီလို့ပဲရတာပါ )
လှလိုက်တာ။
သူတို့ရဲ့ မျက်နှာအမူအရာတွေကို ကြည့်ရတာ—မယုံနိုင်ပေမဲ့လည်း ငြင်းဖို့မရဲတဲ့ ပုံစံမျိုး—လီဗိုင်း စိတ်ထဲကနေ ရယ်လိုက်သည်။
စတိဗ်: "..."
အားလုံး: "..."
ကောင်းပါပြီလေ။ အနိုင်ရတဲ့သူက အမြဲမှန်တာပဲ။ တံခါးပေါက်ဆိုတော့လည်း ဟုတ်မှာပေါ့။
"ကဲ... လူကြီးမင်းတို့ရေ၊ ကျောက်တိုင်ကြီးလို ရပ်မနေကြပါနဲ့တော့" လီဗိုင်း လက်ခုပ်တီးလိုက်သည်။
"အခုတော့ တံခါးပေါက်မှန်း သိသွားပြီ။ နောက်ထပ် ပြဿနာကတော့..."
သူ ဖဲလ်စ်ဝပ်သ်ကို ကြည့်သည်။
"ဘယ်လိုဝင်ကြမလဲ"
ဖဲလ်စ်ဝပ်သ်က လျှပ်စစ်ရှော့ခ်မိသလို ရေတံခွန်နားကို ပြေးသွားပြီး သူ့အိတ်ထဲက ကိရိယာတွေထုတ်ကာ တိုင်းတာလိုက်သည်။
မိနစ်အနည်းငယ်ကြာတော့ သူ အရာအားလုံးကို ပိတ်လိုက်ပြီး သူတို့ဆီ ပြန်လှည့်လာတယ်။ သူ့မျက်နှာက ရေခဲပြင်ထက်တောင် ဖြူလျော်နေတယ်။
"ကပ္ပတိန်..." သူ့အသံက တုန်ရီနေသည်။ "ငါတို့တော့ ဒုက္ခရောက်ပြီ။"
"အာရုံခံကိရိယာတွေ အားလုံး အမြင့်ဆုံးပြနေတယ်။ တံခါးရဲ့ အထူက အနည်းဆုံး မီတာ ၃၀ ရှိတယ်။ ပစ္စည်းက... ဘာမှန်းတောင် မသိဘူး။ အက်တမ်သိပ်သည်းဆနဲ့ ခိုင်ခံ့မှုက ငါတို့သိထားတဲ့ ဘယ်သတ္တုစပ်ထက်မဆို ထောင်ပေါင်းများစွာ ပိုသာနေတယ်။"
သူ အသက်ရှူသွင်းပြီး ပြောလိုက်သည်။
"ဥရောပတစ်ခုလုံးမှာရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အကုန်စုပြီး တစ်နှစ်လုံး ဖောက်ခွဲရင်တောင် ခြစ်ရာလေးတောင် မကျန်ဘူး။"
မျှော်လင့်ချက်တွေ ပွင့်လန်းလာပြီး ချက်ချင်းပဲ မှေးမှိန်သွားသည်။
ဟုတ်တယ်၊ တံခါးပေါက်ကို တွေ့သွားပြီ။
ဒါပေမဲ့ ဒါဟာ ရိုးရိုးလက်နဲ့ ဖွင့်လို့မရတဲ့ တံခါးပေါက်ပဲ။
ဒါဆို တောင်ကြီးကို ထိုင်ကြည့်နေတာနဲ့ ဘာကွာသလဲ?
အားလုံးရဲ့ အကြည့်တွေက လီဗိုင်းဆီ ပြန်ရောက်သွားကြသည်။
"မင်းအလှည့်ပဲ၊ ကောင်လေး"
လီဗိုင်းက အပြစ်ကင်းတဲ့ မျက်နှာနဲ့ လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
"ကျွန်တော်က ပုစ္ဆာတွေပဲ ဖြေတာ၊ သော့ခလောက်တွေ မဖွင့်တတ်ဘူး။"
အဲဒီလိုပြောနေရင်းနဲ့ပဲ သူက ရေတံခွန်နံရံဘေးမှာ လမ်းလျှောက်ပြီး လက်နဲ့ ပွတ်သပ်ကြည့်နေသည်။ မှော်ဆရာတစ်ယောက်လို ရေရွတ်နေတာပေါ့။
တွေ့ပြီ။
ပထမဆုံးကြည့်ရင်တော့ ပတ်ဝန်းကျင်က ကျောက်ဆောင်တွေနဲ့ ဘာမှမထူးခြားဘူး။
"ဟင်? ဒီမှာ..."
လီဗိုင်း အသာလေး ခေါက်ကြည့်လိုက်သည်။
"ကလောက် ကလောက်" (ခေါက်သံ)
"ဘာဖြစ်တာလဲ" စတိဗ်က ချက်ချင်း ရောက်လာသည်။
"မသိဘူး။ ဒီနေရာကတော့ အသံနည်းနည်း ထူးခြားနေသလိုပဲ။"
လိုဂန်က နားကပ်ပြီး အနံ့ခံလိုက်ပေမဲ့ ခေါင်းခါလိုက်သည်။
"ထူးခြားတာ ဘာမှမရှိဘူး။"
"ငါ့ပေးစမ်း။"
စတိဗ်က ချက်ချင်း လက်အိတ်နဲ့ ရေခဲတွေကို ခြစ်ထုတ်လိုက်သည်။
စူပါစစ်သားတစ်ယောက်အတွက်တော့ ဒါက သုတ်ဆေးအဟောင်းကို ခွာထုတ်သလိုပါပဲ။
မကြာခင်မှာပဲ ရေခဲတွေ ပြုတ်ထွက်သွားပြီး အောက်က အနက်ရောင် ကျောက်ဆောင်ကြီး ပေါ်လာသည်။
ပုံမှန်ပါပဲ။
လီဗိုင်းရဲ့ "မှော်အာရုံ" မှားပြီလို့ လူတိုင်း စတွေးခါနီးမှာပဲ—
စတိဗ်ရဲ့ လက်ချောင်းတွေက အက်ကြောင်းလေးတစ်ခုကို ထိမိသွားသည်။
သူ အားနဲ့ ဆွဲဖွင့်လိုက်တယ်။
ကလစ်။
ကျောက်တုံးပုံစံ ဖုံးထားတဲ့ အဖုံးလေး ပွင့်ထွက်သွားပြီး အနက်ရောင် သတ္တုသေတ္တာလေး ပေါ်လာသည်။
အလယ်မှာ ဟိုက်ဒရာ အမှတ်အသား အနီရောင်လေး လင်းနေတယ်။ အောက်မှာတော့ စွမ်းအင်ကပ် တစ်ခုစာ နေရာလေး။
"ဝင်ပေါက်ပဲ!" ဒူဂန် တိုးတိုးလေး အော်လိုက်သည်။
"မဟုတ်ဘူး" ဖဲလ်စ်ဝပ်သ်က ချက်ချင်း ပြင်ပြောသည်။ "သော့ပေါက်နဲ့ ပိုတူတယ်"
သော့ပေါက်?
လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
အဲဒီအချိန်မှာ လီဗိုင်းက သူ့အိတ်ကပ်ထဲက တစ်ခုခုကို ထုတ်လိုက်သည်။
အပြာရောင် စွမ်းအင်ကပ် (ဘောလုံးေလး)တစ်ခု။ အရည်တွေလို လင်းလက်နေတဲ့ စွမ်းအင်တွေနဲ့။
အစောပိုင်းက ဟိုက်ဒရာ စစ်သားတစ်ယောက်ဆီကနေ သူ ခိုးယူထားခဲ့တာ။
သူက အဲဒီ သော့ပေါက်နေရာကို ကြည့်လိုက်ပြီး ကလေးတစ်ယောက်လို နှုတ်ခမ်းသပ်ကာ ပြုံးလိုက်သည်။
"ကဲ..."
"ဒါနဲ့များ ပွင့်မလားမသိဘူးနော်?”