အခန်း ၁ - နော်မန်ဒီသို့ စတင်ရောက်ရှိခြင်း
လီဗိုင်း နိုးလာတဲ့အချိန်မှာ သူ့စိတ်တွေက ဝေဝါးနေတုန်းပါပဲ။
ကုမ္ပဏီရဲ့ အစည်းအဝေးခန်းထဲမှာ သူဌေးနဲ့ ဖောက်သည်တွေအတွက် အဆိုပြုချက်တစ်ခုကို အပြီးသတ်ဖို့ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခဲ့ရတာကို သူ အထင်အရှားမှတ်မိနေသည်။ အဲဒီအချိန်က သန်းခေါင်ကျော်နေပြီဖြစ်ပြီး သူ့မျက်ခွံတွေက လေးလံလွန်းလို့ ဖွင့်မရတော့သလိုဖြစ်နေကာ ခေါင်းထဲမှာလည်း ဒေတာတွေ၊ ဇယားတွေနဲ့ ပြည့်နှက်နေပြီး သူဌေးရဲ့ တတွတ်တွတ်ပြောနေတဲ့ အသံတွေက သူ့နားထဲမှာ ဆူညံနေပါတယ်။ အဲဒီအချိန်မှာ သူ့စိတ်ထဲမှာ တစ်ခုတည်းသောအတွေးပဲ ရှိခဲ့သည်။
ဒီအလုပ်က လုပ်ရတာထက်သေရတာကမှပိုကောင်းဦးမယ်။
ပြီးတော့ သူ မျက်လုံးတွေကို မှိတ်လိုက်တယ်—ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ ကမ္ဘာကြီးက ပြောင်းလဲသွားခဲ့ပြီ။
သွေးတွေနဲ့ ရောထွေးနေတဲ့ ယမ်းမှုန်နံ့တွေ၊ တိရစ္ဆာန်အနံ့လိုမျိုး၊ သတ္တုနံ့လိုမျိုး ထူးဆန်းတဲ့ အနံ့အသက်တွေက သူ့နှာခေါင်းထဲဝင်ေရာက်လာသည် ။ သူ့နားထဲမှာလည်း ထွန်စက်ရာပေါင်းများစွာ တစ်ပြိုင်နက်တည်း မောင်းနှင်နေသလိုမျိုး အသံတွေ ဆူညံနေပြီး ဗုံးပေါက်ကွဲသံတွေကလည်း မပြတ်မလပ် ထွက်ပေါ်နေသည် ။ပေါက်ကွဲမှုတိုင်းမှာ သူ့အောက်က မြေပြင်က တုန်ခါနေပါဘည်။
ငါ ဘယ်ရောက်နေတာလဲ။
ကုမ္ပဏီက ပြင်ဆင်မွမ်းမံတာလား—ဗုံးခွဲပြီး ဖြိုချတာလား။
သူ မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်သည်။ သူမြင်နေကျ မျက်နှာကျက်နဲ့ မီးလုံးတွေအစား မီးခိုးရောင် တိမ်တွေဖုံးလွှမ်းနေတဲ့ ကောင်းကင်ကို မြင်လိုက်ရသည်။ အနက်ရောင် အစက်အပြောက်အချို့က မီးခိုးတန်းတွေနဲ့အတူ သူ့ခေါင်းပေါ်ကနေ ပျံသန်းသွားနေကြသည်။
သူ့ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်တဲ့အခါ သူက တိမ်ဝင်နေတဲ့ တွင်းငယ်တစ်ခုထဲမှာ မှောက်လျက်သား ဖြစ်နေပြီး အေးစက်စက်၊ စေးကပ်ကပ် ရွှံ့တွေနဲ့ လုံးနေတာကို သတိထားမိလိုက်သည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ နှစ်ပေါင်းများစွာ ရုံးအလုပ်တွေမှာ ဝတ်ဆင်လာခဲ့တဲ့ အင်္ကျီအစား ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတဲ့ ထူထဲပြီး ပွယောင်းယောင်းရှိတဲ့ ခါကီရောင် စစ်ဝတ်စုံကို ဝတ်ထားတဲ့သူကိုတွေ့လိုက်သည်။
သူ့ပတ်လည်မှာလည်း အလားတူ စစ်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူတွေက ပုံလျက်သား သို့မဟုတ် ထိုင်လျက်သား ရှိနေကြသည်သူတို့မျက်နှာတွေမှာ ရွှံ့တွေပေကျံနေပြီး ရွှေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနဲ့ နိုင်ငံခြားသားတွေ မှန်းကြည့်ရုံနဲသိသည် ။ သူတို့ တစ်ယောက်ချင်းစီတိုင်းက သတ္တုလက်နက် ရှည်ကြီးတွေကို တင်းတင်းကျပ်ကျပ် ကိုင်ထားကြသည် ။ တချို့က အသံကုန်ဟစ်နေကြပြီး တချို့ကတော့ မြေပြင်ပေါ်မှာ လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေကြသည်။
လီဗိုင်း ရဲ့ ဦးနှောက်ထဲမှာတော့ ဘာမှစဉ်းစားလို့မရတော့ဘဲ စက်ဆုပ်ဖွယ် တုန်လှုပ်ခြောက်ခြားသွားပီ။
သူက ရိုးရိုးရှင်းရှင်း ရုံးဝန်ထမ်းတစ်ယောက်၊ ငှားထားတဲ့ အိမ်နဲ့ ကုမ္ပဏီကြားမှာ နေ့စဉ်ပုံမှန် သွားလာနေသူတစ်ယောက်ပါ။ သူ့ရဲ့ အကြီးမားဆုံး အိပ်မက်က ထီပေါက်ပြီး စောစောစီးစီး အနားယူဖို့ပါပဲ။ အခု သူမြင်နေရတဲ့အရာတွေက သူ့စိတ်ကူးထဲမှာတောင် မရှိတဲ့အရာတွေပါ။
သူ ပြန်လည်မရခင်မှာပဲ သူ့အနီးအနားမှာ နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပီး မီးတိုင်တစ်ခု ကောင်းကင်ယံကို ထိုးတက်သွားပြီး ပေါက်ကွဲမှုရဲ့ လှိုင်းဒဏ်ကြောင့် မြေကြီးတွေက သူ့ဆီကို မိုးလိုရွာချလာကာ သူ့မျက်စိရှေ့မှာ ကြယ်တွေမြင်သည်အထိ ရိုက်ခတ်သွားတာကိုမြင်လိုက်သည်။
အဲဒီကျမှပဲ သူ အရှိကို အရှိတိုင်း လက်ခံလိုက်သည်။
ဒါ အိပ်မက်မဟုတ်ဘူး။
ဒါ ရုပ်ရှင်ရိုက်ကွင်းမဟုတ်ဘူး။
ဒါ တကယ့် စစ်မြေပြင်ပဲ—ပြီးတော့ အဲဒီဆူညံသံတွေက လက်နက်ကြီးတွေ ပေါက်ကွဲသံတွေပဲ။
"ငါ... ငါ တခြားကမ္ဘာကို ရောက်လာတာလား" လီဗိုင်း ရဲ့ နှုတ်ခမ်းတွေ တုန်ရီနေပြီး သူ့နှလုံးသားက ရေခဲပြင်ထဲ ကျရောက်သွားသလို ခံစားလိုက်ရသည်။
ဘယ်တုန်းကမှ တိုက်ပွဲမဝင်ဖူးတဲ့ ခေတ်သစ် အလုပ်သမားတစ်ယောက်၊ ဘာမှမတတ်စွမ်းနိုင်တဲ့သူကို ဒီလိုနေရာမျိုးမှာ ပစ်ချလိုက်တာဟာ သေဒဏ်ပေးတာနဲ့ ဘာမှမထူးခြားပါဘူး။
ကြောက်ရွံ့မှုတွေက သူ့နှလုံးသားကို ရေခဲလက်ကြီးလို ဖက်တွယ်ထားသည်။ သူ ထပြေးချင်ပေမယ့် သူ့ခြေထောက်တွေက ခေါက်ဆွဲဖတ်တွေလို ပျော့ခွေနေပြီး မနာခံတော့ဘူး။ သူ လုပ်နိုင်တာကတော့ ကျည်ဆန်တွေ သူ့နားနားကနေ ဖြတ်ကျော်သွားတာကို နားထောင်ရင်း၊ ဘယ်အချိန်မဆို သေနိုင်တယ်ဆိုတဲ့ အသိနဲ့ ဗုံးတွင်းငယ်လေးထဲမှာပဲ အသက်ရှူမှားလောက်အောင် ကပ်နေဖို့ပါပဲ။
"ပြီးသွားပြီ... တကယ်ကို ပြီးသွားပြီ" စိတ်ပျက်အားငယ်မှုတွေက သူ့စိတ်ထဲမှာ ပြည့်နှက်သွားတယ်။ "ငါ ရောက်လာတာ မကြာသေးဘူး၊ အခုချက်ချင်း သေရတော့မယ်။ ငါက သမိုင်းမှာ အသက်တိုဆုံး တခြားကမ္ဘာက ကူးပြောင်းလာသူ ဖြစ်လိမ့်မယ်။"
သူ စိတ်ပျက်အားငယ်မှုထဲမှာ နစ်မွန်းနေတုန်းမှာပဲ အေးစက်စက်၊ စိတ်ခံစားမှုမရှိတဲ့ စက်ရုပ်လို အသံတစ်ခုက သူ့ခေါင်းထဲမှာ ပဲ့တင်ထပ်လာပါတယ်။
[ဒင်! အသုံးပြုသူရဲ့ အသက်ရှင်သန်မှုနှင့် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုတို့သည် လိုအပ်ချက်နှင့် ကိုက်ညီသည်။
စူပါပါဝါ ကော်ပီစနစ် တရားဝင် စတင်သည်။]
[ဤစနစ်သည် အသုံးပြုသူအား အကောင်းဆုံး အထောက်အပံ့များ ပေးအပ်ရန် ရည်ရွယ်သည်။
တစ်ပတ်လျှင် တစ်ကြိမ်၊ အသုံးပြုသူသည် ဉာဏ်ရည်ရှိသော မည်သည့်သက်ရှိကိုမဆို ရွေးချယ်ပြီး သူတို့၏ စွမ်းရည်တစ်ခုခုကို အမြဲတမ်း ကူးယူနိုင်ပါသည်။]
[ကူးယူရန်အတွက် ပစ်မှတ်နှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လိုအပ်သည်။]
[ကူးယူမှု အောင်မြင်ပြီးနောက် စနစ်သည် ခုနစ်ရက် (၁၆၈ နာရီ) ကြာ ေစာင့်ဆိုင်းချိန် သို့ ဝင်ရောက်မည် ဖြစ်သည်။]
[ဤသည်မှာ အသုံးပြုသူ၏ ပထမဆုံး ကူးယူမှုဖြစ်သဖြင့် အသုံးပြုသူ၏ အမြင်အာရုံထဲတွင် ရှိသော ပစ်မှတ်ကို ရွေးချယ်နိုင်သည်။]
လီဗိုင်း တုန်လှုပ်သွားပြီးနောက်မှာတော့ စိတ်လှုပ်ရှားမှုတွေက သူ့ဆီကို ရောက်လာပါသည်။
စနစ်တစ်ခု!
လိမ်ညာတဲ့ စွမ်းရည်!
တခြားကမ္ဘာက ရောက်လာသူတွေရဲ့ ပုံမှန် လက်ဆောင်ပဲ!
သူ့စိတ်ထဲမှာ ရှိနေတဲ့ မျှော်လင့်ချက် အစအနလေးက ချက်ချင်းဆိုသလို မီးတောက်တစ်ခုလို တောက်လောင်လာတယ်။ မျှော်လင့်ချက် ရှိတယ်! ကောင်းကင်ဘုံက သူ့ကို မစွန့်ပစ်လိုက်ဘူး!
တစ်ပတ်လျှင် စူပါပါဝါ တစ်ခုလား? အမြဲတမ်းလား?
ဒါဟာ အင်မတန် အားကောင်းတဲ့အရာပဲ! အချိန်လုံလောက်ရင် သူ ဒီစစ်မြေပြင်မှာ ရှင်သန်နိုင်ရုံတင်မကဘဲ အနာဂတ်မှာ သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်မှာပဲ။
ပြဿနာက အချိန်ပဲ။ သူ့မှာ အချိန်မရှိဘူး။
သူ သတိထားပြီး အပြင်ကို ချောင်းကြည့်လိုက်သည် အပြင်မှာ ကျည်ဆန်တွေနဲ့ လက်နက်ကြီးတွေက မိုးလိုရွာနေသည် စွမ်းရည်ကူးယူဖို့ လူရှာဖို့နေနေသာသာ၊ ဗုံးမထိအောင် နေနိုင်ဖို့ပဲ ကံကောင်းရမယ်။ ပြီးတော့ စူပါပါဝါရှိတဲ့သူကို ဘယ်မှာသွားရှာရမှာလဲ? ဒါက ဒုတိယကမ္ဘာစစ် စစ်မြေပြင်လေ၊ စူပါဟီးရိုး ရုပ်ရှင်မဟုတ်ဘူး။
သူ့ရဲ့ ပထမဆုံး စွမ်းရည်က "ပစ်မှတ်မှန်သူ" သို့မဟုတ် "ကိုယ်ခံပညာရှင်" လိုမျိုး ဖြစ်လာမှာလား? အသုံးဝင်ပေမယ့် ရှင်သန်ဖို့အတွက်တော့ လုံလောက်မှာ မဟုတ်ဘူး။
သူ့အတွေးတွေ ရှုပ်ထွေးနေတုန်းမှာပဲ အနီးအနားမှာ အကြမ်းဖက် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ပါသည်။ ဒီတစ်ခါတော့ သူ့ကံမကောင်းပါဘူး။ မီးခိုးတောက်နေတဲ့ သံစအစအနတစ်ခုက သူ့ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပါသည်။
နာကျင်မှုတွေက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ လီဗိုင်း အော်ဟစ်လိုက်ပြီး ပုစွန်ထုတ်ကေလးလို ကွေးကွေးလေး ဖြစ်သွားပါသည်။ သူ့သွေးတွေ အများအပြား ထွက်ကျနေတာကြောင့် အားအင်တွေနဲ့ နွေးထွေးမှုတွေ လျော့နည်းသွားတာကို သူ သိလိုက်ရသည်။
သူ့အမြင်အာရုံတွေ ဝါးတားတား ဖြစ်လာသည်။ လက်နက်ကြီးသံတွေကလည်း အဝေးကို ရောက်သွားသလိုပဲ။
"မ.. မဖြစ်နိုင်ဘူး..." နောက်ဆုံးကျန်ရှိတဲ့ အားအင်နဲ့ သူ ငုံ့ကြည့်လိုက်သည်။ ဒဏ်ရာကနေ သွေးတွေ တောက်လျှောက် ထွက်နေတာကို မြင်လိုက်ရတော့ ခုနကမှ တောက်လောင်လာတဲ့ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားရသည်။ချီတာ စွမ်းရည်ကမှ ရောက်ခါစပဲ ရှိသေးတယ်—သူက သွေးထွက်လွန်ပြီး သေရတော့မှာလား?
ဒါက စမ်းသပ်ဗားရှင်းလား?
သူ့သတိတွေ လွတ်သွားခါနီးမှာပဲ သူ့ဘေးမှာ လဲလျောင်းနေတဲ့ ခပ်တောင့်တောင့် လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
သူ့လိုပဲ စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်တွေ ထူထူ၊ ပါးစပ်မှာ ဆေးပြင်းလိပ် မီးငြိမ်းခါနီး တစ်ခုကို ကိုက်ထားတဲ့ လူတစ်ယောက်ပါ။ သူက လီဗိုင်း ထက်တောင် ပိုဆိုးတဲ့ပုံပဲ။ ခုနက ပေါက်ကွဲမှုမှာ လီဗိုင်း မြင်လိုက်ရတာကတော့ ကျည်ဆန်တစ်ခုက အဲဒီလူရဲ့ ရင်ဘတ်ကို ထိမှန်သွားတာပဲ။
ဒါပေမဲ့ အဲဒီလူက ဘာမှမဖြစ်သလိုပဲ။ သူက ညည်းတွားလိုက်ပြီး သွေးတစ်ပွက် ထွေးထုတ်ကာ ရှေ့တန်းကိုသာ စူးစူးရဲရဲ ကြည့်နေပါတယ်။
လီဗိုင်း ရဲ့ စိတ်ထဲမှာ လျှပ်စီးလက်သွားသလိုပါပဲ။
ရင်ဘတ်ကို ကျည်ဆန်ထိထားတာ... ဘာမှမဖြစ်ဘူးလား?
ဒါ ပုံမှန်မဟုတ်ဘူး။
ဒါ လုံးဝ ပုံမှန်မဟုတ်ဘူး!
ဒါဆိုရင်... ဒီလူမှာ စူပါပါဝါ ရှိနေတာလား?
စဉ်းစားချိန် မရှိတော့ဘူး။ ဒါ သူ့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ကျန်ရှိသမျှ အားအင်ကို စုစည်းပြီး လီဗိုင်း သူ့စိတ်ထဲမှာ အော်ဟစ်လိုက်သည်။
"စနစ်! စနစ်! သူ့ကို! သူ့စွမ်းရည်ကို ကူးယူလိုက်!"
သူ့သတိတွေက လေထဲက ဖယောင်းတိုင်လို တုန်ခါနေသည်။
[ဒင်! ပစ်မှတ်ကို အတည်ပြုသည်။ ပစ်မှတ်၏ စွမ်းရည်များကို စကင်ဖတ်နေသည်…]
စနစ်ရဲ့ အသံက လီဗိုင်း အတွက်တော့ ကောင်းကင်ဘုံကအသံလိုပါပဲ။
[ကူးယူနိုင်သော စွမ်းရည်ကို တွေ့ရှိသည်: အနာကျက်မြန်ခြင်း]
[ကူးယူမည်လား?]
"ကူးလိုက်! အခုချက်ချင်း!" လီဗိုင်း အတွင်းစိတ်ထဲမှာ အော်လိုက်သည်။
[ကူးယူမှု အောင်မြင်သည်။ ဂုဏ်ယူပါသည်။ အသုံးပြုသူ၊
အမြဲတမ်း စွမ်းရည် ရရှိသွားပါပြီ: အနာကျက်မြန်ခြင်း]
[စနစ်သည် စောင့်ဆိုင်းချိန်သို့ ဝင်ရောက်သည်။
ကျန်ရှိသော အချိန်: ၁၆၇ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့်။]
စနစ်ရဲ့ အသိပေးချက် ပြီးဆုံးသွားတဲ့အချိန်မှာပဲ နွေးထွေးတဲ့ စီးဆင်းမှုတစ်ခုက သူ့နှလုံးသားကနေ စတင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပါသည်။
ပြီးတော့ သူ့ဝမ်းဗိုက်က ဒဏ်ရာနေရာကနေ ယားယံလာပါတယ်—ပုရွက်ဆိတ်တွေ အများကြီး သူ့အသားထဲကို တိုးဝင်နေသလိုမျိုးပါပဲ။
သူ မကြည့်ဘဲ မနေနိုင်တော့ဘဲ ငုံ့ကြည့်လိုက်တဲ့အခါ သူ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ အရာတစ်ခုကို မြင်လိုက်ရသည်။
အရိုးအထိ ထိခိုက်ထားတဲ့ ဒဏ်ရာက မျက်စိရှေ့တင်ပဲ ပြန်ကောင်းလာနေတာပါ။ ပြတ်သွားတဲ့ သွေးကြောတွေ ပြန်ဆက်နေပြီး၊ စုတ်ပြဲနေတဲ့ ကြွက်သားတွေ ပြန်ပူးကပ်လာကာ အရေပြားတွေကလည်း အသစ်ပြန်ဖြစ်လာပြီး အနာဖေး ဖြစ်သွားပါတယ်။
တစ်မိနစ်ကျော်ကျော်လောက်မှာပဲ အသက်အန္တရာယ် ရှိတဲ့ ဒဏ်ရာဟာ သွေးခြောက်ပေကျံနေတဲ့ အမာရွတ်လေးတစ်ခုအဖြစ်သာ ကျန်ရှိတော့သည်။ စုတ်ပြဲနေတဲ့ ဝတ်စုံနဲ့ အစွန်းအထင်းတွေကလွဲရင် သူ သေလုမြောပါး ဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မယုံနိုင်တော့မှာပါ။
လီဗိုင်း သူ့ဗိုက်ကို ထိကြည့်လိုက်ပြီး လက်အောက်မှာ ပြန်ကောင်းလာတဲ့ အရေပြားကို ခံစားလိုက်ရသည်။ သူ့စိတ်တွေ ဘာမှမရှိတော့သလိုပဲ။
သူ ရှင်သန်လိုက်နိုင်ပြီ။
သူ တကယ်ကို ရှင်သန်လိုက်နိုင်ပြီ!
သေဘေးကနေ လွတ်မြောက်လာတဲ့ ပျော်ရွှင်မှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပါသည်။ အနာကျက်မြန်ခြင်း ! ဒါက သူ ကူးယူလိုက်တဲ့ စွမ်းရည်ပဲ! စစ်မြေပြင်မှာဆိုရင် ဒါဟာ ဘုရားသခင်ပေးတဲ့ စွမ်းရည်ပါပဲ!
သူ့ရဲ့ ပျော်ရွှင်မှုကို မခံစားရခင်မှာပဲ စစ်မြေပြင်တစ်ခုလုံးမှာ အချက်ပေးသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါသည်။ သူ့ဘေးက စစ်သားတွေက အဒရီနယ်လင်တွေ ထိုးသွင်းထားသလိုပဲ အမြောက်အမြား ထခုန်ထွက်လာကြပြီး အော်ဟစ်ကာ စစ်မြေပြင်ထဲကို ပြေးထွက်သွားကြတယ်။
စတင် တိုက်ခိုက်ခြင်း အမိန့်ပေးလိုက်ပြီ။
လီဗိုင်း ဘာမှမသိသေးခင်မှာပဲ သူ့ဘေးက မုတ်ဆိတ်နဲ့ လူကြီးကလည်း ခုန်ထသွားပါတယ်။ သူက ဆေးပြင်းလိပ်ကို မြေကြီးပေါ် ပစ်ချလိုက်ပြီး သူ့လည်ပင်းကို အသာလှုပ်လိုက်ရာမှာ ကျယ်လောင်တဲ့ အသံတွေ ထွက်ပေါ်လာပါတယ်။
ပြီးတော့ လီဗိုင်း ထူးဆန်းတဲ့ အသံတစ်ခု ကြားလိုက်ရတယ်။
ရှီး!
ဒါဟာ သတ္တုနဲ့ သတ္တု ပွတ်တိုက်တဲ့ အသံပဲ။
သူ အဲဒီအသံဆီကို လှည့်ကြည့်လိုက်တယ်။ အဲဒီ လူကြီးက သူ့ညာဘက်လက်ကို မြှောက်လိုက်တဲ့အခါ သူ့လက်ချောင်းဆစ်ကြားကနေ တောက်ပနေတဲ့ အရိုးလက်သည်း ရှည်ကြီးသုံးခု ထွက်ပေါ်လာပါသည်။
လီဗိုင်း ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
သူ အဲဒီ အရိုးလက်သည်းတွေကို ကြည့်လိုက်ပြီး သူခုနကမှ ကူးယူလိုက်တဲ့ "အနာကျက်မြန်ခြင်း " ကို ပြန်တွေးလိုက်သည်။
သူ ကောင်းကောင်းသိတဲ့ နာမည်တစ်ခုက သူ့စိတ်ထဲမှာ ပေါ်လာပါသည်။
လိုဂန်။ ဝုဗာရင်း။
လီဗိုင်း တစ်ယောက်တည်း ကြောင်တောင်တောင် ဖြစ်နေပြီး အဲဒီ လူကြီးက ဂျာမန်တပ်တွေဘက်ကို အော်ဟစ်ပြီး ပြေးသွားတာကို ကြည့်နေရင်း သူ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။
သေစမ်း ... ငါ ဘာကို ကူးယူလိုက်မိတာလဲ!