အခန်း ၁၈ တုန်လှုပ်ချောက်ချားဖွယ်ရာ နဝမမြေအောက်လိုဏ်ဂူသို့ လူသိရှင်ကြား စစ်ကြေညာခြင်း
"ဒါက တကယ်ပဲ နှစ်ပေါင်းသောင်းချီ သက်တမ်းရှိတဲ့ နဝမမြေအောက်မြွေဟောက်ရဲ့ ဝိညာဉ်အရိုး ဖြစ်နေတာပဲ ပြီးတော့ ဝိညာဉ်အရိုးတွေထဲမှာ အဖိုးတန်ဆုံးဖြစ်တဲ့ ခန္ဓာကိုယ်ကိုယ်ထည်အရိုး ဖြစ်နေသေးတယ်"
"ဒါက စူပါတုန့်လော့တွေအတွက် အလွန်အသုံးဝင်မယ်လို့ ကြော်ငြာထားတဲ့ လေလံပစ္စည်းများလား"
"ဖြစ်နိုင်ချေ အများကြီး ရှိတာပေါ့ ဝိညာဉ်အရိုးက ဘယ်လိုနယ်ပယ်ကလူအတွက်မဆို အသုံးဝင်တာပဲလေ စူပါတုန့်လော့လည်း ချွင်းချက်ဖြစ်မှာ မဟုတ်ဘူး"
"မဖြစ်နိုင်တာ လေလံတင်ဖို့ ပစ္စည်းငါးခု ရှိရမှာ မဟုတ်ဘူးလား ဒါက တတိယမြောက် ပစ္စည်းပဲ ရှိသေးတာကို။"
"ဘယ်သူသိမှာလဲ လန်ယားလေလံစင်က ထုံးစံအတိုင်း မလုပ်ဘဲ အကောင်းဆုံးပစ္စည်းတွေကို အရင်ဆုံး လေလံတင်ပြီး မကောင်းတဲ့အရာတွေကို နောက်မှ ထားခဲ့တာလည်း ဖြစ်နိုင်တာပဲလေ"
"ထားလိုက်ပါတော့ ငါတော့ ဒီဝိညာဉ်အရိုးကို လေလံပွဲမှာ ကျိန်းသေပေါက် ရအောင် ယူမယ်။ နောက်ထပ် ဘာပစ္စည်းပဲလာလာ ဒီနှစ်ပေါင်းသောင်းချီ ဝိညာဉ်အရိုးထက် ပိုပြီး တန်ဖိုးရှိနိုင်မယ်လို့ ငါမယုံဘူး"
လေလံခန်းမအတွင်း၌ လူစုလူဝေးက သူတို့၏ ခံစားချက်များကို အသီးသီး ထုတ်ဖော်ပြောဆိုလိုက်ကြသည်။
သို့သော်လည်း။
အချို့သောလူများကမူ အမှန်တကယ်ပင် စိုးရိမ်တကြီး စကားဆိုကြသည်
"ဒါနဲ့ပတ်သက်ပြီး ပြောရရင် နဝမမြေအောက်မြွေဟောက်တွေက ထိပ်တန်းအဆင့် ဝိညာဉ်သားရဲ မျိုးနွယ်စုတစ်ခုပဲ ပြီးတော့ နဝမမြေအောက်လိုဏ်ဂူကလည်း ဝိညာဉ်သားရဲလောကမှာ လူသားတွေရဲ့ အထက်ဂိုဏ်းခုနစ်ဂိုဏ်းနဲ့ ယှဉ်နိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားစုတစ်ခု။ ဘယ်သူက ဒီလောက်တောင် သတ္တိကောင်းပြီး အဲ့ဒီလို ဝိညာဉ်သားရဲမျိုးကို အမဲလိုက်ရဲတာလဲ"
"မှန်တယ် သူတို့က အမဲလိုက်ခဲ့ရုံတင်မကဘူး ဒီဝိညာဉ်အရိုးကို လူသိရှင်ကြား လေလံတင်ဖို့အထိတောင် ရဲရင့်နေကြသေးတယ်"
"နဝမမြေအောက်မြွေဟောက် မိသားစုမှာ အလွန်ရှည်လျားတဲ့ သမိုင်းကြောင်း ရှိတာ။ နဝမမြေအောက်လိုဏ်ဂူထဲမှာ နှစ်ပေါင်းသောင်းချီ သက်တမ်းရှိတဲ့ နဝမမြေအောက်မြွေဟောက်တွေ အများကြီးရှိသလို နှစ်ပေါင်းသိန်းချီ သက်တမ်းရှိတဲ့ နဝမမြေအောက်မြွေဟောက်တွေလည်း ရှိသေးတယ်။ လန်ယားလေလံစင်က ဒီလိုမျိုး လေလံတင်လိုက်ရင် နဝမမြေအောက်လိုဏ်ဂူက တံခါးဝအထိ လာပြီး ပြဿနာရှာမှာကို မကြောက်ဘူးလား"
"အကယ်လို့ နဝမမြေအောက်လိုဏ်ဂူက ငါတို့တံခါးဝအထိ ရောက်လာရင် အထက်ဂိုဏ်းခုနစ်ဂိုဏ်းတောင် အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရလိမ့်မယ်။ လန်ယားလေလံစင်မှာ တိုက်တန်တုန့်လော့ အယောက်သုံးဆယ်ကျော် ရှိနေပေမဲ့ သူတို့ကို တားဆီးနိုင်ပါ့မလား မသေချာဘူး"
"ဒီဝိညာဉ်အရိုးကို လေလံဆွဲချင်တယ်ဆိုရင် နဝမမြေအောက်မြွေဟောက် မျိုးနွယ်စုရဲ့ ကလဲ့စားချေမှုကို အရင်ဆုံး ထည့်သွင်းစဉ်းစားသင့်တယ်"
ဤကဲ့သို့သော စကားများ ထွက်ပေါ်လာသောအခါ...
အစပိုင်းက ဈေးပြိုင်ခေါ်ဆိုရန် ပြင်ဆင်နေကြသော အချို့သူများသည် ယခုအခါ လက်လျှော့လိုက်ကြတော့သည်။
နောက်ဆုံးတွင် နဝမမြေအောက်မြွေဟောက်နှင့် နဝမမြေအောက်လိုဏ်ဂူဟူသော နာမည်များက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သူတို့ လေလံအောင်သွားပြီး မိမိခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်လျှင်ပင် နဝမမြေအောက်မြွေဟောက် မျိုးနွယ်စုက ထိုဝိညာဉ်အရိုးကို ပြန်လည်ရယူရန်အတွက် သူတို့ကို သတ်ပစ်နိုင်ခြေ ရှိသည်။
လင်ရှူးသည် လေလံခန်းမဆီသို့ ကြည့်ရင်း ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူသည် ဤအရာကို စနစ်၏ မဲနှိုက်မှုမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်း၏ မူလအစကို သူတစ်ဦးတည်းသာ သိရှိပေသည်။
အခြားသူများအတွက်မူ ၎င်းက နဝမမြေအောက်မြွေဟောက် မိသားစုအတွက်ဆိုလျှင် နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသော နဝမမြေအောက်မြွေဟောက်တစ်ကောင်ကို အမဲလိုက် သတ်ဖြတ်ခဲ့သကဲ့သို့ ဖြစ်နေသည်။
၎င်းက သာမန် လွတ်လပ်သော ဝိညာဉ်သားရဲတစ်ကောင်သာ ဖြစ်ပါက သတ်လိုက်ခြင်းက ပြဿနာမဟုတ်ပေ။
သို့သော် ၎င်းက မျိုးနွယ်စုအမွေအနှစ် ရှိပြီး အင်အားကြီးမားသော အင်အားစုတစ်ခုအဖြစ် စုစည်းနေထိုင်ကြသည့် ဝိညာဉ်သားရဲ မျိုးနွယ်စု ဖြစ်သည်။
သူတို့၏ ဝိညာဉ်အရိုးနှင့်ပတ်သက်သော သတင်းအချက်အလက်များ ထွက်ပေါ်လာသည်နှင့် သူတို့သည် ၎င်းကို ပြန်လည်ရယူရန် ကျိန်းသေပေါက် ရောက်လာကြပေလိမ့်မည်။
လင်ရှူး ထိုအချိန်က ဤအချက်ကို သေချာ မစဉ်းစားမိခဲ့ပေ။
မဟုတ်လျှင် ၎င်းကို လေလံတင်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးတွင် ၎င်းကို မိမိဘာသာ အသုံးပြုနိုင်ပြီး ဝိညာဉ်အရိုးတစ်ခု လေလံတင်ရန်အတွက်နှင့် ဝိညာဉ်သားရဲ မျိုးနွယ်စုတစ်ခုနှင့် ရန်သူဖြစ်ရန် မလိုအပ်ပေ။
လေလံစင်တစ်ခု ဖွင့်လှစ်ခြင်းသည်လည်း စီးပွားရေးလုပ်ဆောင်ခြင်းတစ်မျိုး ဖြစ်သည့်အတွက် ငွေရှာရန်ကသာ ပထမဦးစားပေး ဖြစ်သည်။
သို့သော်လည်း ယခုအခါ ကိစ္စရပ်က ပြီးမြောက်သွားခဲ့ပြီဖြစ်ရာ ၎င်းကို လွယ်လွယ်ကူကူဖြင့် ပြန်လည်ရုပ်သိမ်းပြီး လေလံမတင်ဘဲ နေ၍မရတော့ပေ။
အကယ်၍ ထိုသို့လုပ်ဆောင်ပါက လန်ယားလေလံစင်သည် ဆက်လက် ဖွင့်လှစ်နိုင်တော့မည် မဟုတ်ဘဲ ပိတ်သိမ်းလိုက်ရုံသာ ရှိတော့သည်။
ထို့အပြင် ၎င်းကို ပြန်လည်ရုပ်သိမ်းလိုက်လျှင်ပင် နဝမမြေအောက်မြွေဟောက်များက တံခါးဝအထိ လာရောက်ကြဦးမည်သာ ဖြစ်သည်။
သူတို့အတွက်မူ ၎င်းကို လေလံတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ဝိညာဉ်အရိုး ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
လန်ယားလေလံစင်သည် ယခုအခါ နဝမမြေအောက်မြွေဟောက်များ၏ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
လင်ရှူး ဤအချက်ကို တွေးမိသောအခါ စိတ်ကို တင်းလိုက်သည်
ကိစ္စရပ်က ဖြစ်ပျက်သွားခဲ့ပြီဖြစ်ရာ ငါတို့လည်း နဝမမြေအောက်လိုဏ်ဂူနဲ့ အပြတ်အသတ် ရင်ဆိုင်လိုက်ရုံပဲပေါ့
ထို့နောက်။
လင်ရှူးက တိုက်ရိုက်ပင် စကားဆိုလိုက်သည်
"ကျေးဇူးပြုပြီး အားလုံး စိတ်အေးအေးထားကြပါ ဒီနဝမမြေအောက်မြွေဟောက်ကို ငါတို့လေလံစင်ကပဲ အမဲလိုက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်"
"ငါတို့ လေလံစင်ကပဲ အကျိုးဆက်အားလုံးကို အပြည့်အဝ တာဝန်ယူမှာပါ"
"ငါတို့ရဲ့ တိုက်တန်တုန့်လော့ သုံးဆယ့်ခြောက်ယောက်က နဝမမြေအောက်လိုဏ်ဂူကို အနည်းငယ်မျှ မကြောက်ရွံ့ပါဘူး"
"အကယ်လို့ နဝမမြေအောက်လိုဏ်ဂူက ငါတို့ကို တာဝန်တောင်းခံချင်တယ်ဆိုရင်လည်း ငါတို့ဆီကိုပဲ လာခဲ့ခိုင်းလိုက်ပါ"
လင်ရှူး၏ စကားများက နဝမမြေအောက်မြွေဟောက်များအပေါ် တိုက်ရိုက်နှင့် လူသိရှင်ကြား စိန်ခေါ်လိုက်ခြင်းဟု မှတ်ယူနိုင်သည်။
အခြားနည်းလမ်းမရှိပေ ဤကဲ့သို့ အားပေးစကား မပြောပါက လေလံပွဲတွင် ပါဝင်ဆင်နွှဲရဲမည့်သူ အလွန်နည်းပါးသွားပေလိမ့်မည်။
၎င်းက အလွန်နိမ့်ကျသော ဈေးနှုန်းဖြင့်သာ လေလံအောင်သွားပေလိမ့်မည်။
ထိုသို့ဖြစ်လာပါက မိမိအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ရပေလိမ့်မည်။
နဝမမြေအောက်မြွေဟောက်များ၏ ကလဲ့စားချေမှုအတွက်မူ သူတို့ ကလဲ့စားချေချင်က ကလဲ့စားချေပါစေ။
ဤစကားများကို ထုတ်ဖော်မပြောလျှင်ပင် နဝမမြေအောက်မြွေဟောက်များသည် လိုအပ်ပါက ကဲ့လဲစားချေမည့် အပြုအမူများကို ပြုလုပ်ကြဦးမည်သာ ဖြစ်သည်။
လင်ရှူးသည် သူတို့၏ ကလဲ့စားချေမှုကို မကြောက်ရွံ့ပေ။
တိုက်တန်တုန့်လော့ သုံးဆယ့်ခြောက်ယောက်ဆိုသည်မှာ လင်ရှူး လက်ရှိအချိန်အထိ ထုတ်ဖော်ပြသထားသော အင်အားမျှသာ ရှိသေးသည်။
အမှန်တကယ်၌ လင်ရှူးတွင် တိုက်တန်တုန့်လော့ သုံးရာ ရှိနေသည်။
အကယ်၍ သူတို့ တကယ် လာရဲမည်ဆိုပါက မိမိအနေဖြင့် မြွေဟင်းလျာစုံပွဲတော်ကြီးဖြင့် ဧည့်ခံရုံသာ ရှိတော့သည်။
နှစ်ပေါင်းထောင်ချီ သောင်းချီ သို့မဟုတ် သိန်းချီ သက်တမ်းရှိသော နဝမမြေအောက်မြွေဟောက်များကို မြွေဟင်းလျာစုံပွဲတော်အဖြစ် ပြုလုပ်လိုက်ပါက အလွန် အာဟာရပြည့်ဝပေလိမ့်မည်။
ဘယ်သူသိမှာလဲ ဝိညာဉ်အရိုး အပိုင်းအစ အချို့ကိုတောင် ထပ်မံ ရှာဖွေတွေ့ရှိနိုင်သေးတယ်
မသိစိတ်အတွင်းမှာတင် လင်ရှူးသည် သူတို့ ရောက်လာမည့်အချိန်ကို ရုတ်တရက် မျှော်လင့်မိသွားခဲ့သည်။
လင်ရှူး၏ စကားများကြောင့် စိုးရိမ်နေကြသော အချို့သူများ စိတ်သက်သာရာ ရသွားခဲ့ကြသည်။
လန်ယားလေလံစင်က ဤကဲ့သို့သော စကားမျိုးကို ပြောရဲသည်ဆိုကတည်းက သူတို့တွင် နဝမမြေအောက်မြွေဟောက် မျိုးနွယ်စုဖြစ်သော နဝမမြေအောက်လိုဏ်ဂူကို ရင်ဆိုင်နိုင်မည့် အင်အား အမှန်တကယ် ရှိနေ၍ ဖြစ်ပေလိမ့်မည်။
အခြားသူတွေကတောင် မကြောက်ဘဲ ရောင်းရဲနေတာပဲ ငါတို့က ဘာလို့ ဝယ်ဖို့ ကြောက်နေရမှာလဲ
ထို့အပြင် မိမိအနေဖြင့် ဤဝိညာဉ်အရိုးကို လေလံအောင်နိုင်ပါ့မလားဆိုသည်မှာပင် မသေချာသေးပေ။
လေလံပင် မအောင်ရသေးဘဲနှင့် ဘာကြောင့် အပို စိုးရိမ်ပူပန်နေရမည်နည်း
မင်းသမီး ဆူချန်းသည် မိမိ၏ သခင်က ဤကဲ့သို့ ပြုလုပ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
နဝမမြေအောက်လိုဏ်ဂူသည် အင်ပါယာအတွက်တော့ ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။
သို့သော်လည်း လန်ယားလေလံစင်၏ လက်ရှိအနေအထားအရမူ နဝမမြေအောက်လိုဏ်ဂူကို လျစ်လျူရှုထားနိုင်ပုံ မရပေ။
အကယ်၍ နှစ်ဖက်စလုံး ထိပ်တိုက်တွေ့ကြမည်ဆိုပါက လန်ယားလေလံစင်တွင် တိုက်တန်တုန့်လော့ အယောက်သုံးဆယ်ကျော် ရှိနေလျှင်ပင် နှစ်ဦးနှစ်ဖက်လုံး ပျက်စီးခြင်းသို့ ရောက်ရှိသွားနိုင်ခြေ ရှိသည်။
ထိပ်တန်းအဆင့် ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် နဝမမြေအောက်မြွေဟောက်သည် ၎င်း၏ အသက်အရွယ်မရွေး အခြေအနေကြောင့် တိုက်တန်တုန့်လော့များနှင့် ယှဉ်နိုင်စွမ်း မရှိခြင်းမျိုး မဟုတ်ပေ။
နှစ်ပေါင်းငါးသောင်း သို့မဟုတ် ရှစ်သောင်း သက်တမ်းရှိသော အကောင်များသည် အားနည်းသော တိုက်တန်တုန့်လော့အချို့နှင့် ကျိန်းသေပေါက် ယှဉ်ပြိုင်နိုင်သည်။
နှစ်ပေါင်းသိန်းချီ သက်တမ်းရှိသော အကောင်ဆိုလျှင်မူ စူပါတုန့်လော့နှင့် လုံးဝ နှိုင်းယှဉ်နိုင်သည်။
အင်ပါယာသည်လည်း ဝိညာဉ်သားရဲများထဲမှ ထိပ်တန်းအင်အားစုတစ်ခုဖြစ်သော နဝမမြေအောက်လိုဏ်ဂူကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခဲ့သည်။
စုံစမ်းစစ်ဆေးမှုက အလွန်အသေးစိတ်ခြင်း မရှိသော်လည်း အချို့သော အခြေအနေများကို နားလည်ထားသည်။
နဝမမြေအောက်လိုဏ်ဂူထဲတွင် နှစ်ပေါင်းသိန်းချီ သက်တမ်းရှိသော နဝမမြေအောက်မြွေဟောက် အနည်းဆုံး သုံးကောင် ရှိနေသည်။
၎င်းက စူပါတုန့်လော့ သုံးယောက်နှင့် ညီမျှပေသည်
"ထားလိုက်ပါတော့ လန်ယားလေလံစင်က အတော်လေး အင်အားကြီးပြီး လူသားမျိုးနွယ်နဲ့လည်း သက်ဆိုင်နေတာပဲ။ အကယ်လို့ သူတို့က နဝမမြေအောက်လိုဏ်ဂူနဲ့ အသေအလဲ တိုက်ခိုက်ကြရင် အဆုံးစွန်မှာ လူသားမျိုးနွယ်အတွက်ပဲ ဆုံးရှုံးမှု ဖြစ်လိမ့်မယ်"
"လေလံပွဲပြီးရင် ငါ့ရဲ့ အစ်မအချို့ကို ဆက်သွယ်ဖို့ အချိန်ရှာပြီး သူတို့ကို အင်ပါယာကိုယ်စား နဝမမြေအောက်လိုဏ်ဂူနဲ့ ဆက်သွယ်ခိုင်းရမယ်"
"ဘယ်သူသိမှာလဲ ဒါကို အသုံးချပြီး လန်ယားလေလံစင်ကို အင်ပါယာဘက်ပါအောင် ဆွဲဆောင်နိုင်ရင် ဆွဲဆောင်နိုင်မှာ။ ဒီလိုမျိုး နောက်ထပ် အကြိမ်အနည်းငယ်လောက် လုပ်ဆောင်ပေးရင် လန်ယားလေလံစင်ကို အင်ပါယာဆီ သစ္စာခံလာအောင် လုပ်နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတာပဲ"
မင်းသမီး ဆူချန်းသည် လန်ယားလေလံစင်ကဲ့သို့ ကြီးမားသော အင်အားစုမျိုးကို အင်ပါယာဆီ တိုက်ရိုက် သစ္စာခံလာစေရန် မမျှော်လင့်ထားပေ။
နောက်ဆုံးတွင် တိုက်တန်တုန့်လော့ အယောက်သုံးဆယ်ကျော် ရှိနေသည်လေ
အင်ပါယာသည် အတင်းအကျပ် ဖိအားပေးခြင်းမျိုး မပြုလုပ်ဘဲ မိမိသဘောဆန္ဒအလျောက် သစ္စာခံလာခြင်းကို အမြဲတမ်း အားပေးကာ စည်းရုံးသိမ်းသွင်းရေး မူဝါဒကို ကျင့်သုံးသည်။
မိမိအစ်မ၏ ပြောကြားချက်အရဆိုလျှင် ၎င်းက ရေနွေးနွေးထဲတွင် ဖားကို ပြုတ်သကဲ့သို့ စည်းရုံးရေးမူဝါဒကို အသုံးပြုကာ ဤအင်အားစုများကို မသိမသာဖြင့် အင်ပါယာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲပစ်ခြင်း ဖြစ်သည်။
အကယ်၍ သူတို့က အလွန်အကျွံ လုပ်ဆောင်ပါက အင်အားစုအများအပြားကို ပူးပေါင်းသွားစေနိုင်ပြီး ၎င်းက အင်ပါယာအတွက် ခေါင်းခဲစရာ ဖြစ်လာပေလိမ့်မည်။
မင်းသမီး ဆူချန်း ခေါင်းခါလိုက်ပြီး ၎င်းကို အများကြီး ဆက်မတွေးတော့ဘဲ လေလံပွဲကို ဆက်လက် ဦးဆောင်ကျင်းပလိုက်သည်။
"လူကြီးမင်းတို့အားလုံးမှာ အခြားပြောစရာ မရှိတော့ဘူးဆိုရင်တော့ နဝမမြေအောက်မြွေဟောက်အကြောင်း ဒီလောက်နဲ့ပဲ ရပ်နားပါရစေရှင်။ ဒါဆိုရင် နှစ်ပေါင်းသောင်းချီ သက်တမ်းရှိတဲ့ ဝိညာဉ်အရိုး ခန္ဓာကိုယ်ကိုယ်ထည်အရိုးကို လေလံစတင်လိုက်ပါပြီရှင်"
"အစပြုဈေးကတော့ ရွှေဒင်္ဂါး ၅၀၀,၀၀၀ ဖြစ်ပါတယ်ရှင်"