အခန်း (၄၄၃) အတိတ်မှ လျှို့ဝှက်ချက်များ
ဝမ်မုချက်ချင်းပင် နားလည်သွားသည်။ သူသည် ပိုင်လျန်၏ အစ်ကိုကြီး ဖြစ်ပေသည်။
ဒီချင်းလျန်က တိုက်ရိုက်ပင် မေးလိုက်သည် အဲ့ဒီလို ဆေးလုံးမျိုး မင်းဆီမှာ ဘယ်လောက်ရှိလဲ။
ဝမ်မုက ရယ်မောကာ "မင်းလိုချင်သလောက် ရှိပါတယ်" ဟု ဖြေသည်။
ဒါဆို ဆေးလုံး တစ်သိန်းကနေ စကြတာပေါ့။ အာနိသင်က မင်းပြောသလိုသာ တကယ်မှန်ရင် ငါတို့ ရေရှည်လက်တွဲလို့ရတယ်။
ငါ့ညီမနဲ့ မင်း ပြောထားတဲ့ ကိစ္စတွေလည်း ညှိနှိုင်းလို့ရတယ်ဟု ဒီချင်းလျန်က ဆိုသည်။
သူသည် ဤဆေးလုံး၏ အရေးပါပုံကို ကောင်းကောင်းနားလည်သည်။
ဆေးလုံးတစ်သိန်းတွင် ပါရမီရှင်တစ်ယောက်သာ ထွက်ပေါ်လာလျှင်ပင် အလွန်အမြတ်ထွက်ပေမည်။
ဈေးနှုန်းညှိနှိုင်းရန်အတွက် ဒီချင်းလျန်က သူ၏ညီမ ဒီပိုင်လျန်ကို လွှဲပေးလိုက်သည်။
သူ၏ညီအစ်ကိုများက "ညီမလေးက အဲ့ဒီကောင်လေးကို စိတ်ဝင်စားနေတာ ဈေးလျှော့ပေးလိုက်ရင် ငါတို့အရှုံးပေါ်မှာပေါ့" ဟု စိုးရိမ်ကြသော်လည်း ဒီချင်းလျန်ကမူ "လူသားမျိုးနွယ် အမျိုးသားတွေက မိန်းကလေးတွေရှေ့မှာ ရက်ရောပြချင်ကြတာကွ ညီမလေးနဲ့ဆို သူ ဈေးကြီးကြီး မခေါ်ရဲတော့ဘူး" ဟု ပါးနပ်စွာ တွေးတောထားသည်။
သို့သော် သူတို့အားလုံး မှားသွားခဲ့သည်။ ဝမ်မုက တစ်လုံးလျှင် စိတ်ဝိညာဉ်ကျောက်တုံး ၈၀၀ ဟု ဈေးလျှော့ပေးသော်လည်း ဒီပိုင်လျန်က "မရဘူး ဒီလောက် အဖိုးတန်တဲ့ဆေးကို ဒီလောက်ဈေးသက်သက်သာသာနဲ့ မရောင်းသင့်ဘူး အစ်ကိုတို့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ် တစ်လုံးကို ၂,၀၀၀ လောက် ရောင်းသင့်တယ်" ဟု ပြန်ပြောလိုက်ရာ အားလုံး ဆွံ့အသွားကြတော့သည်။
နောက်ဆုံးတွင် ဆေးတစ်လုံးလျှင် ၁,၅၀၀ နှုန်းဖြင့် ပထမအသုတ် အော်ဒါကို အခြေချလိုက်ကြသည်။
ဝမ်မုက ထိုဆေးကို မြင့်မြတ်သောသွေးဆေးလုံးဟု အမည်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် လန်ယာဖိုရမ်ပေါ်၌ ကောင်းကင်ပြန်ဆေးလုံး သတင်းက တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။
လန်ယာ ပရဟိတ ဖောင်ဒေးရှင်းမှ တော်လှန်ရေးသစ်ဖြစ်သော ကောင်းကင်ပြန်ဆေးလုံးကို မိတ်ဆက်ပေးလိုက်သည်။
သာမန်လူသားတိုင်း ထာဝရအသက်ကို ရှာဖွေခွင့် ရရှိတော့မည်။
အင်တာနက်ပေါ်တွင် လူအများက မယုံနိုင်အောင် ဖြစ်နေကြသည်။
"သာမန်လူတွေက ဆေးသောက်ရုံနဲ့ ဝိညာဥ် အမြစ်ရနိုင်တာလား လန်ယာကုန်သွယ်ရေးအဖွဲ့က ထုတ်တာဆိုရင်တော့ ယုံရတယ်" စသဖြင့် အမျိုးမျိုး ပြောဆိုနေကြသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ဤဆေးလုံးကို အခမဲ့ပေးဝေမည်ဟူသော အချက်ပင် ဖြစ်သည်။
ဤသတင်းကြောင့် ထိုက်ချူသန့်စင်မြေမှ အကြီးအကဲများမှာ စိုးရိမ်တကြီး ဖြစ်လာကြသည်။
ဝမ်မုက ဘာကြောင့် ဤလောက် အမြတ်ထွက်မည့် အရာကို အခမဲ့ ပေးဝေရသနည်းဟု သူတို့ နားမလည်နိုင်ကြပေ။
ရဲမိုသည် ဖိုရမ်ပေါ်မှ သတင်းကို ကြည့်ကာ ဝမ်မု၏ စိတ်ထားကို အထင်ကြီးနေမိသည်။
သို့သော် သူ၏ဆရာ ကျန်းပိုင်ယီကမူ ဝမ်မု၏ ဂုဏ်သတင်းကို ဖျက်ဆီးရန် နည်းလမ်းရှာနေသည်။
"ဆေးလုံးသောက်ပြီး သေသွားတဲ့ လူနာအတုတွေ ဖန်တီးလိုက်ရင် ဝမ်မိသားစု ဒုက္ခရောက်မှာပဲ" ဟု ကျန်းပိုင်ယီက အကြံယုတ်သည်။
ရဲမိုက "ဆရာ... ကျွန်တော်တို့နဲ့ ဝမ်မိသားစုကြားမှာ ဘာလို့ ဒီလောက် ရန်ငြိုးကြီးနေရတာလဲ" ဟု မေးလိုက်သောအခါ ကျန်းပိုင်ယီက အတိတ်မှ လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်သည်။
ဘာလို့လဲဆိုတော့ အတိတ်က ဝမ်ထျန့်ပါ နဲ့ လော့ရွှမ်းရွမ်းတို့ ရှေးဟောင်း နတ်ဘုရား နယ်မြေထဲမှာ ပိတ်မိသွားအောင် ငါတို့နဲ့ ထိုက်ကျူးသန့်စင်မြေတို့ ပူးပေါင်းပြီး လုပ်ကြံခဲ့လို့ပဲ။
ထိုနယ်မြေမှာ ကျွမ်းကျင်သူများပင် သေချာပေါက် သေဆုံးနိုင်သော နေရာဖြစ်သော်လည်း ဝမ်မု၏ မိဘများမှာ အသက်ရှင်လျက် လွတ်မြောက်လာရုံသာမက ထိုအန္တရာယ်ရှိသော နေရာအတွင်းမှာပင် ဝမ်မုကို မွေးဖွားခဲ့ကြခြင်း ဖြစ်သည်။