အခန်း (၄၄၁) - ထျန့်ကျွယ်ကျွန်း
ဝမ်မု၏ စကားကို ကြားသောအခါ ရွှေယွမ်မှာ ခေတ္တတိတ်ဆိတ်သွားပြီး အခုထိတော့ မင်းပြောတာတွေ မှန်ကန်ကြောင်း ငါ သက်သေမပြနိုင်သေးဘူးဟု ဆိုသည်။
ဝမ်မုသည် ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူကာ အစီအစဉ်တချို့ ပြုလုပ်လိုက်သည်။
ခဏအကြာတွင် မြင်ကွင်းပေါင်းများစွာ ကောင်းကင်ယံ၌ ပေါ်ထွက်လာသည်။
ထိုပုံရိပ်များတွင် လူအုပ်ကြီးကို ယဇ်ပလ္လင်များပေါ်သို့ တွန်းတင်ကာ သွေးဖြင့် ယဇ်ပူဇော်နေသည့် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းများ ပါဝင်နေသည်။
စစ်မြေပြင်တွင်လည်း ဝတ်ရုံရှည်များ ဝတ်ဆင်ထားသူများက ဝိညာဉ်များကို လိုက်လံစုဆောင်းနေကြသည်။
ထို့ပြင် သိမ်းပိုက်ခံထားရသော မြို့ပျက်ကြီးများအတွင်းရှိ တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းများမှာ ကြည့်ရှုသူ၏ ကျောရိုးကို စိမ့်တက်သွားစေသည်။
"အခု သူတို့တွေက ဟန်ဆောင်မနေတော့ဘဲ ဖဲချပ်တွေကို အကုန်ထုတ်ပြနေပြီ" ဝမ်မုက ဆိုသည်။
မင်းမြင်နေရတာက အစိတ်အပိုင်း အနည်းငယ်ပဲ ရှိပါသေးတယ်။ ဘယ်လို ရွေးချယ်မလဲဆိုတာ မင်းရဲ့ နှလုံးသားထဲမှာ အဖြေရှိပြီးသားလို့ ငါယုံကြည်ပါတယ်။
ငါပြောတာတွေ မှန်မမှန်ကိုတော့ အချိန်ယူပြီး စောင့်ကြည့်နိုင်ပါတယ်။
ရွှေယွမ်သည် ဘာမှမပြောသော်လည်း သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။
အချိန်အတော်ကြာမှ သူသည် သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်ပြီး သူ၏ မျက်ဝန်းများမှာ ကြည်လင်တောက်ပလာသည်"ငါ နားလည်ပါပြီ"
ဝမ်မုက သူ၏ ပုခုံးကို ပုတ်ကာ ခေါင်းညိတ်ပြပြီး ထွက်ခွာရန် ပြင်လိုက်သည်။
မထွက်ခွာမီ ရွှေယွမ်၏ နောက်ကွယ်ရှိ ရှေးဟောင်း မိုးမခပင်ကြီးကို ကြည့်ကာ "သစ်ပင်ကောင်းပဲ" ဟု ပြုံးလျက် ဆိုလိုက်သည်။
ထို့နောက် သူသည် ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။
ရွှေယွမ်၏ မျက်ဝန်းတွင် အံ့အားသင့်မှုများ ရိပ်ယောင်သွားသည်။ ကန်စပ်တွင် ပြန်လည် တိတ်ဆိတ်သွားပြီးနောက် မိုးမခပင်ကြီးသည် လေမတိုက်ဘဲ လှုပ်ခတ်လာကာ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်လာသည်။
"သူ... မင်း ရှိနေတာကို သိသွားပုံပဲ" ရွှေယွမ်က မိုးမခပင်ကို ကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။
မိုးမခပင်၏ အစိမ်းရောင် ခက်လက်များက ယိမ်းနွဲ့နေပြီး ရှေးဟောင်းဆန်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည် "အရမ်း ထူးဆန်းတာပဲ။ ဒီလူကို ငါတောင် ထိုးဖောက် မမြင်နိုင်ဘူး"
ထိုစကားကြောင့် ရွှေယွမ်၏ မျက်နှာတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။ "မင်းတောင် မမြင်နိုင်ဘူး ဟုတ်လား"
ရွှေယွမ်သည် သူ၏ကျင့်စဉ်လမ်းသစ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ကောင်းကင်ကျမ်းစာကြောင့်တင် မဟုတ်ဘဲ ဤလျှို့ဝှက်ဆန်းပြားသော မိုးမခပင်၏ ကူညီမှုကြောင့်လည်း ပါဝင်သည်။
သူ၏ အသိထဲတွင် ဤမိုးမခပင်မှာ အလွန်ရှေးကျပြီး ဤကမ္ဘာနှင့်ပင် မသက်ဆိုင်သကဲ့သို့ ထူးကဲလှသည်။
သို့သော် ထိုသစ်ပင်ကပင် ဝမ်မုကို ထိုသို့ အကဲဖြတ်လိုက်ခြင်း ဖြစ်သည်။
ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာ
ဝမ်မု၏ သုတေသနနှင့် တန်ပြန်ဗျူဟာများကြောင့် စစ်မြေပြင်၏ အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
ယခင်ကကဲ့သို့ ဆုတ်ခွာနေရခြင်း မရှိတော့ဘဲ အင်အားချင်း မျှတသော အခြေအနေသို့ ရောက်ရှိလာသည်။
ထိုအချိန်မှာပင် ထိတ်လန့်ဖွယ် သတင်းတစ်ခု ထွက်ပေါ်လာသည်။
နယ်စပ်စစ်မြေပြင်တွင် နာမည်ကြီးသော ရွှေယွမ် သည် ဝမ်မိသားစု၏ဝေမင်းသားနန်းတော် ဘက်တော်သားအဖြစ် ပူးပေါင်းလိုက်ပြီဟူသော သတင်းပင် ဖြစ်သည်။
ထျန့်ကျွယ်ကျွန်း ကြယ်ဆွတ်ခူးမျှော်စင်
ဝမ်မုသည် လက်တစ်ဖက်တွင် ရွှေရောင်မီးတောက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်မှာ ဆေးဖက်ဝင် အပင်ပေါင်းများစွာကို ထိုမီးတောက်ထဲသို့ ပေါင်းစပ်ထည့်သွင်းကာ သန့်စင်နေသည်။
"သား... သူ့ကို ဘာတွေပြောလိုက်တာလဲ" ဆက်သွယ်ရေးအဆောင်မှတစ်ဆင့် ဝမ်မု၏ ဖခင်ဖြစ်သူ ဝမ်ထျန့်ပါ၏ အံ့သြတကြီး အသံထွက်ပေါ်လာသည်။
ဝမ်မုက တည်ငြိမ်စွာပင် ကျွန်တော်က သူ့ကို အကျိုးအကြောင်း ရှင်းပြပြီး စည်းရုံးလိုက်တာပါ အဖေဟု ဖြေသည်။
ဝမ်ထျန့်ပါက "ဒါပဲလား သူက အဲ့ဒါကို ယုံတာလား"
ဝမ်မုက ပြုံးလျက် အဖေ... အခု မြောက်ပိုင်းဒေသမှာ သားရဲ့ယုံကြည်ကိုးစားမှုက နံပါတ်တစ်လို့ ပြောရင် ဘယ်သူမှ ငြင်းရဲမှာ မဟုတ်ပါဘူးဟု ဆိုလိုက်သည်။
ဝမ်ထျန့်ပါမှာ ဆွံ့အသွားတော့သည်။ သူသည် စစ်မြေပြင်တွင် အလုပ်များနေသဖြင့် သားဖြစ်သူ၏ တိုးတက်မှုများကို မယုံနိုင်လောက်အောင် ဖြစ်နေရသည်။
ရွှေယွမ်ကဲ့သို့သော ပါရမီရှင်တစ်ဦးကို မိမိတို့ဘက်သို့ ပါအောင် ဆွဲဆောင်နိုင်ခြင်းမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။
ဝမ်မုက ဖခင်ဖြစ်သူကို စိတ်ချရန် ပြောလိုက်ပြီး သူ၏ ဆေးဖော်စပ်ခြင်းကိုသာ အာရုံစိုက်နေသည်။
မကြာမီ သူ၏ လက်ထဲတွင် နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်နေသော အမည်းရောင် ဆေးလုံးလေးများ ပေါ်ထွက်လာသည်။
"တင်တင်... ကျွန်းပေါ်မှာရှိတဲ့ သာမန်လူတချို့ကို ခေါ်လာခဲ့ပါ"
ခဏအကြာတွင် ဝိညာဥ်အမြုတေလုံးဝ မရှိသော သာမန်လူငယ် သုံးဦးကို ခေါ်ဆောင်လာသည်။
ဝမ်မုက သူဖော်စပ်ထားသော ဆေးလုံးများကို တစ်ယောက်တစ်လုံး တိုက်ကျွေးလိုက်သည်။
ခဏအကြာတွင် ထိုသာမန်လူများ၏ ခန္ဓာကိုယ်မှ ကျင့်ကြံခြင်း အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
ဆေးလုံးကအလုပ်ဖြစ်သွားပြီဝမ်မု၏နှုတ်ခမ်းတွင်အပြုံးတစ်ခုပေါ်လာသော်လည်းဘေးရှိတင်းတင်းနှင့်အခြားသူများမှာမူမယုံနိုင်လောက်အောင်မျက်လုံးအဝိုင်းသားဖြစ်နေကြတော့သည်။