အခန်း (၂၀၀) - အရက်ကောင်းရင် ဆိုင်းဘုတ်မလိုဘူးလား
ကွမ်းဟဲသည် လီရှောင်မြို့တော်ရှိ လက်ခတ်ပန်းချီဆိုင်လေးတစ်ဆိုင်၏ ပိုင်ရှင်ဖြစ်သည်။ ဤဘိုးဘွားစဉ်ဆက် လက်မှုပညာမှာ သူ၏ လက်ထက်တွင် ကိုးဆက်မြောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လက်ခတ်ပန်းချီဆိုသည်မှာ အဆောင်အမျိုးအစားတစ်ခုပင် ဖြစ်သည်။ အဆောင်တစ်ခု၏ အာနိသင်ကို ပိုင်ဆိုင်ထားသည့်အပြင် အနုပညာလက်ရာမြောက်လှသဖြင့် အဆင်တန်ဆာအဖြစ် ဝတ်ဆင်ရာတွင်လည်း အလွန်ပင် လှပလှသည်။
ဤဆိုင်သည် ကုန်သည်ကြီး သုံးခု၏ လက်အောက်ခံမဟုတ်ပေ။ မျိုးဆက်များစွာ စုဆောင်းလာခဲ့သော နာမည်ဂုဏ်သတင်းကြောင့် ဤနယ်ပယ်တွင် သူ၏ အရောင်းအဝယ်မှာ အတော်အတန် ကောင်းမွန်လှပြီး အချို့သော လက်ခတ်ပန်းချီများဆိုလျှင် ကုန်သည်ကြီး သုံးခုထက်ပင် ပို၍ ရောင်းကောင်းတတ်သည်။
“ဟေး... အဘိုးကြီးကွမ်း အဘိုးကြီးကွမ်း”
အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ကွမ်းဟဲ မော့ကြည့်လိုက်ရာ ဘေးအိမ်က လက်ဖက်ခြောက်ရောင်းသည့် အဘိုးကြီးရွှီဖြစ်နေသည်။
“ဘာဖြစ်လို့လဲ” ကွမ်းဟဲက သူ၏ထုဆစ်မှုကို ရပ်တန့်ကာ မော့မေးလိုက်သည်။
“မင်းဟို ကုန်သည်ငွေကြေးတံဆိပ် ဆိုတာကို လုပ်ပြီးပြီလား” အဘိုးကြီးရွှီက မေးသည်။
“မလုပ်ရသေးဘူး။” ကွမ်းဟဲက ခေါင်းပြန်ငုံ့သွားသည်။
“အတော်ပဲ ငါလည်း မလုပ်ရသေးဘူးအဖော်ရအောင် အတူတူသွားလုပ်ကြရအောင်”
“ထားလိုက်ပါတော့ မင်းပဲ သွားပါ” ကွမ်းဟဲက ခေါင်းခါလိုက်သည် - “ငါက အဲဒီလို ဟိတ်ဟန်များတဲ့ အရာတွေကို မကြိုက်တာ မင်းသိသားနဲ့”
အဘိုးကြီးရွှီက နှာခေါင်းရှုံ့လိုက်သည် - “ဒါက ဘာလို့ဟိတ်ဟန်များတာ ဖြစ်ရမှာလဲ ဒါရှိရင် မင်းရဲ့ အရောင်းအဝယ်က ပိုပြီး အဆင်ပြေသွားမှာလေ”
ကွမ်းဟဲက တည်တည်ငြိမ်ငြိမ်ဖြင့် - “ဖောက်သည်တွေက ငါ့ရဲ့လက်မှုပညာနဲ့ ငါ့ရဲ့အဆောင်အတတ်ပညာကြောင့် လာဝယ်ကြတာ။ ပစ္စည်းကောင်းရင် အဲဒီလို အပိုအလုပ်တွေ မရှိလည်း ရောင်းရတာပါပဲ”
အဘိုးကြီးရွှီက ဆက်ပြောသည် - “မင်းကတော့လုပ်ပြန်ပြီ ဒီရက်ပိုင်း ငါ့တို့ဆိုင်နှစ်ဆိုင်လုံး အရောင်းအဝယ် သိပ်မကောင်းတာ မင်းသတိမထားမိဘူးလား ဒီအတိုင်း ဆက်သွားရင် ဆိုင်တွေပိတ်လိုက်ရလိမ့်မယ်”
ကွမ်းဟဲက ခေါင်းမော့မလာဘဲ ဆက်လက် ထုဆစ်နေသည် - “အရောင်းအဝယ်ဆိုတာ အတက်အကျရှိစမြဲပဲ၊ ဒါက သာမန်ပါပဲ ငါ့ကွမ်းမိသားစုက လက်ခတ်ပန်းချီကို မျိုးဆက်ပေါင်းများစွာ လေ့လာလာတာ။ အရက်ကောင်းရင် ဆိုင်းဘုတ်မလိုဘူးတဲ့။ ပစ္စည်းက တကယ်အသုံးဝင်ရင် ရောင်းရမှာ မပူပါနဲ့”
အဘိုးကြီးရွှီမှာ ဘာမှ ဆက်မပြောနိုင်တော့ပေ။ ကွမ်းမိသားစု ကိုးဆက်တိုင်တိုင် လက်မှုပညာတစ်ခုတည်းကို စွဲစွဲမြဲမြဲ လုပ်ကိုင်လာခြင်းမှာ မလွယ်ကူသော်လည်း အလွန်အမင်း စွဲလမ်းလွန်းခြင်းက တစ်ခါတစ်ရံတွင် ခေါင်းမာခြင်းသို့ ကူးပြောင်းသွားတတ်သည်။
ကွမ်းဟဲက ထိုကဲ့သို့သော လူစားမျိုး ဖြစ်သည်။ လက်ခတ်ပန်းချီနှင့် ဘိုးဘွားအဆုံးအမကလွဲလျှင် သူ ဘာကိုမှ နားမဝင်သလို စိတ်လည်းမဝင်စားပေ။
အရင်က ဆက်သွယ်ရေးအဆောင်များ၊ ဖိုရမ်များနှင့် ဝတ္ထုများ ခေတ်စားစဉ်ကလည်း အဘိုးကြီးရွှီက သူ့ကို စမ်းသုံးကြည့်ရန် တိုက်တွန်းခဲ့သော်လည်း သူက ငြင်းပယ်ခဲ့သည်။
ယခုတစ်ကြိမ်လည်း ထူးခြားမည် မဟုတ်ပေ။ အဘိုးကြီးရွှီသည် ခေါင်းခါကာတစ်ယောက်တည်း ထွက်သွားတော့သည်။
အဘိုးကြီးရွှီထွက်သွားသော်လည်း ကွမ်းဟဲ၏ စိတ်ထဲတွင် ဘာမှ မဖြစ်ပေ။ သူပြောသည်မှာ သူ၏စိတ်ရင်းပင် ဖြစ်သည်။
ဟုတ်ပေသည် အရေးကြီးဆုံးအချက်မှာ ပိုက်ဆံရှာလို့ရလျှင် မိမိလက်ထဲတွင် ဆုပ်ကိုင်ထားမှသာ သူ စိတ်အေးရခြင်း ဖြစ်သည်။
သူသည်ခက်ခဲသော ကာလများကို ဖြတ်သန်းလာခဲ့ရသူ ဖြစ်သည်။ ငယ်စဉ်က ဖခင်နှင့်အတူ ငတ်မွတ်ခေါင်းပါးမှုဒဏ်မှ ထွက်ပြေးခဲ့ရဖူးသည်။ သူ့မျက်လုံးထဲတွင် ဘဏ်တွေ၊ ကုန်သည်အသင်းတွေထက် မိမိလက်ထဲတွင် ရှိနေသည့်အရာကသာ အစိတ်အချရဆုံး ဖြစ်သည်။ သူသည် အတွေးများကို ဖယ်ထုတ်ကာ ဆက်လက် ထုဆစ်နေတော့သည်။
နှစ်ရက်အကြာတွင် အမျိုးသမီး ကျင့်ကြံသူ နှစ်ဦးဆိုင်ထဲသို့ လျှောက်ဝင်လာသည်။ တစ်ဦးမှာ အရပ်ရှည်ပြီး ကျန်တစ်ဦးမှာ ပါးဖောင်းဖောင်းလေးနှင့် ချစ်စရာကောင်းသည်။
ကွမ်းဟဲက သူ၏ ထုဆစ်မှုကို ရပ်တန့်ကာ အမှိုက်များကို ခါထုတ်ပြီး မော့ကြည့်လိုက်သည် - “နတ်သမီးလေးတို့ စိတ်ကြိုက် ကြည့်ရှုနိုင်ပါတယ်”
အရပ်ရှည်သော အမျိုးသမီးက ပတ်ပတ်လည်ကို သေသေချာချာ ကြည့်ကာ ခေါင်းညိတ်လိုက်သည် - “ဒီလက်ခတ်ပန်းချီတွေရဲ့ လက်ရာက တကယ့်ကို ထိပ်တန်းပဲ”
သူမက ပါးဖောင်းဖောင်းနှင့် မိန်းကလေးကို လှည့်ကြည့်ကာ - “ဒီမှာပဲ ဝယ်လိုက်ရအောင်လား တစ်နေကုန် လျှောက်ကြည့်နေရတာ ငါ ပင်ပန်းနေပြီ”
ပါးဖောင်းဖောင်းနှင့် မိန်းကလေးက ခေါင်းညိတ်သည် - “ရပါတယ်၊ အဆင်ပြေတယ်။”
ကွမ်းဟဲ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဘိုးဘေးတို့၏စကားက ဘယ်မှားပါ့မလဲ ပစ္စည်းကောင်းရင် ရောင်းရမှာ မပူနဲ့ဆိုတာ ဒါကို ပြောတာပဲ။
သို့သော် မထင်မှတ်ဘဲ သူတို့နှစ်ဦး လိုချင်သော ပစ္စည်းများကို ရွေးချယ်ပြီး ငွေရှင်းမည့်အချိန်တွင် ရုတ်တရက် ကြောင်အမ်းသွားကြသည်။ သူတို့သည် ဆိုင်ပတ်ပတ်လည်ကို ရှာဖွေနေကြသော်လည်း သူတို့ရှာနေသော ဆိုင်းဘုတ်ကို မတွေ့ကြချေ။
“အဲ ဆိုင်ရှင် ဒီမှာ ငွေကြေးတံဆိပ်မရှိဘူးလား”
“ဘာတံဆိပ်လဲ”
“ငွေကြေးတံဆိပ်လေ ဆက်သွယ်ရေးအဆောင်နဲ့ စကင်ဖတ်ပြီး ငွေပေးချေရတာလေ!ယ” ပါးဖောင်းဖောင်းနှင့် မိန်းကလေးက လက်ဟန်ခြေဟန်ဖြင့် ရှင်းပြသည်။
“ဪ... အဲဒါလား မရှိဘူး” ကွမ်းဟဲက ခေါင်းခါလိုက်သည်။
“အာ... ဒါဆို နင် ဝိညာဉ်ကျောက်တုံး ပါလာလား” အရပ်ရှည်သော အမျိုးသမီးက သူမ၏ သူငယ်ချင်းကို မေးလိုက်သည်။
“ပါမလာဘူး ထင်တယ်” ပါးဖောင်းဖောင်းနှင့် မိန်းကလေး၏အသံမှာ တိုးသွားသည် - “ငါ့ပိုက်ဆံတွေ အကုန်လုံး လန်ဟွမ်ကျောက်စိမ်းဆောင်မှာ အပ်ထားတာလေ။”
“ငါလည်း တူတူပဲ။”
“ဒါဆိုရင်တော့ နှမြောစရာပဲနော်”
သူတို့နှစ်ဦးမှာ ရွေးထားသော ပစ္စည်းများကို နဂိုနေရာတွင် ပြန်ထားခဲ့ကာ ဆိုင်ထဲမှ ထွက်သွားကြတော့သည်။
သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ကွမ်းဟဲမှာ ပါးစပ်ပြင်လိုက်သော်လည်း သူတို့ကို ဆွဲမထားခဲ့ပေ။ “ရေစက်မပါလို့ပါ” ဟု မိမိဘာသာ တွေးကာ ဆက်လက် အလုပ်လုပ်နေသည်။
ခဏအကြာတွင် နောက်ထပ် ဧည့်သည်များ ထပ်ရောက်လာပြန်သည်။
* “ဟေး... ဒီဆိုင်က လက်ခတ်ပန်းချီတွေက လက်ရာကောင်းသားပဲ ဝယ်သွားမလား”
* “ကောင်းတော့ ကောင်းသား၊ ဒါပေမဲ့ ငွေကြေးတံဆိပ် မတွေ့ဘူး စကင်ဖတ်လို့ ရပါ့မလား”
“စိတ်မရှိပါနဲ့ မရပါဘူး” ကွမ်းဟဲက ခေါင်းကုတ်ရင်း ဖြေလိုက်သည်။
“ဒါဆိုလည်း ထားလိုက်ပါတော့...” ဧည့်သည်များ ပြန်ထွက်သွားကြပြန်သည်။ ဆိုင်လေးမှာ ပြန်လည် တိတ်ဆိတ်သွားတော့သည်။
နောက်ရက်များတွင်လည်း ထိုကဲ့သို့ပင် ထပ်တလဲလဲ ဖြစ်နေတော့သည်။ ပထမရက်အနည်းငယ်တွင် စကင်ဖတ်ခြင်းနှင့် ကျင့်သားမရသေးသူ အချို့က ဝိညာဉ်ကျောက်တုံးများ သယ်လာတတ်သဖြင့် အရောင်းအဝယ် အနည်းငယ် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းရက်များတွင်မူ အရောင်းအဝယ်တစ်ခုဖြစ်ရန်ပင် ခက်ခဲလာတော့သည်။
လူတိုင်းမှာ ဆိုင်ထဲဝင်လာပြီး ငွေကြေးတံဆိပ် မရှိသည်ကိုမြင်လျှင် လှည့်ထွက်သွားကြသည်သာဖြစ်သည်။ သူလုပ်သော ပစ္စည်းများက မကောင်း၍မဟုတ်ပေ။ လူများ၏ လက်ထဲတွင် ပိုက်ဆံ (ဝိညာဉ်ကျောက်တုံး) ပါမလာကြခြင်းကြောင့် ဖြစ်သည်။
သူ၏ လက်မှုပညာမှာ တကယ့်ကို ပြောင်မြောက်လှသည်။ အပြင်ပန်း လှပရုံသာမက ရှေးဟောင်းနတ်ဘုရားများနှင့် နတ်သားရဲပုံရိပ်များမှာ အသက်ဝင်လှသဖြင့် တူညီသော အဆင့်ရှိ အခြားပစ္စည်းများထက် ၂၀ ရာခိုင်နှုန်းခန့် ပိုမို အစွမ်းထက်လှသည်။
သို့သော် သူ၏ကျင့်ကြံမှုမှာ အကန့်အသတ်ရှိသဖြင့် အလွန်အဆင့်မြင့်သော ပစ္စည်းများကို မထုတ်လုပ်နိုင်ပေ။ ထိုကွာခြားချက်လေးမှာ လူများကို ဘဏ်အထိသွားပြီး ပိုက်ဆံထုတ်လာစေရန် ဆွဲဆောင်နိုင်လောက်သည်အထိ မကြီးမားလှချေ။
“ဒီအတိုင်းဆို မဖြစ်တော့ဘူးနော် အဘိုးကြီးကွမ်း”
အဘိုးကြီးရွှီက စိတ်ပူစွာဖြင့် ပြောလာသည် - “အဲဒီ ငွေကြေးတံဆိပ်က မဈေးကြီးပါဘူး၊ ဝိညာဉ်သလင်းခဲ ၅ ခုပဲ။ ငါ့ကိုကြည့်လေ၊ အဲဒါတပ်ပြီးကတည်းက အရောင်းအဝယ်က အရင်လိုပဲ အရင်ထက်တောင် ကောင်းလာသေးတယ်”
“ငါ့စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေလို့ပါ” ကွမ်းဟဲက သူ၏ လက်ချောင်းများကို ပွတ်ရင်း ပြောလိုက်သည်။
“ဟူး...” အဘိုးကြီးရွှီက ခေါင်းခါကာ ထွက်သွားပြန်သည်။
နောက်ထပ် ငါးရက်ခန့် ကြာသွားသည်။ ကွမ်းဟဲ၏ဆိုင်တွင် အရောင်းအဝယ် တစ်ခုမှ မရှိသေးပေ။ လူများမှာလည်း ဤဆိုင်တွင် စကင်ဖတ်၍ မရကြောင်း သိသွားကြသဖြင့် ဆိုင်ရှေ့က ဖြတ်သွားရုံသာ ရှိပြီးဝင်တောင် မမေးကြတော့ပေ။
ခြောက်ကပ်နေသော ဆိုင်လေးကို ကြည့်ရင်း ကွမ်းဟဲ၏ စိတ်ဓာတ်မှာ တဖြည်းဖြည်း ယိုင်နဲ့လာတော့သည်။ နောက်ထပ် ငါးရက်အကြာတွင် အမျိုးသားတစ်ဦး ဆိုင်ထဲသို့ ဝင်လာပြီး ပတ်ပတ်လည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် - “ဆိုင်ရှင်၊ ဒီဆိုင်မှာ စကင်ဖတ်လို့ရလား”
ကွမ်းဟဲမှာ ဝုန်းခနဲ ထရပ်လိုက်သည်။ မှေးမှိန်နေသော သူ၏ မျက်လုံးများတွင် မကြုံစဖူးသော အလင်းရောင်များ တောက်ပလာသည်။
“ရပါတယ် ရပါတယ် ခဏလေး စောင့်ပါ”
ထိုသို့ပြောပြီးနောက် သူသည် ဘေးအိမ်သို့ လေအဟုန်ဖြင့် ပြေးသွားကာ အဘိုးကြီးရွှီ၏ စားပွဲပေါ်ရှိ ငွေကြေးတံဆိပ်ကို ဆွဲယူလိုက်သည် - “အဘိုးကြီးရွှီ ငါ့ကို ဒါလေး ခဏချေးဦး ပြီးရင် ပြန်ပေးမယ်”
သူ့နောက်တွင်မူအဘိုးကြီးရွှီကအော်ဟစ်ကျန်ရစ်ခဲ့သည် - “ဟေး... မင်းယူသွားတော့ငါကဘာသုံးရမှာလဲငါ့ဆိုင်မှာလည်းဖောက်သည်တွေရှိသေးတယ်ဟတောက်