အခန်း (၁၈၉) ဝမ်မိသားစုရဲ့ သခင်လေးကမှ ရှားပါးတာ
သူတို့သည် တစ်ယောက်တစ်မျိုးစီ ထွက်ဆိုကြတော့သည်။
ဤထီလက်မှတ်များ၏ နောက်ကွယ်မှ လှည့်ကွက်များကို အချက်အလက် ကျကျနနဖြင့် ရှင်းလင်းစွာ ပြောပြလိုက်ကြသည်။
တစ်ခဏချင်းမှာပင် တစ်နေရာလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။
အောက်ဘက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မျက်လုံးပြူးသွားကြပြီး ထိန်းမနိုင်သိမ်းမရသော ဒေါသများမှာ သူတို့၏ ရင်ထဲတွင် ပြည့်နှက်သွားသည်။
“တောက်... တကယ်ကြီး ဒီလိုဖြစ်နေတာလား"
“ငါသိသားပဲ အရင်က လူတွေအများကြီး ဆုပေါက်တယ်ဆိုပေမဲ့ နောက်ပိုင်းမှာ ဘာသတင်းမှ မကြားရတော့ဘူး။ ဘယ်သူကမှ ရုတ်တရက် ချမ်းသာသွားတာတို့၊ ဂူဗိမာန်အသစ်ဝယ်တာတို့၊ ဘဝပြောင်းသွားတာတို့ ငါတစ်ခါမှ မကြားဖူးဘူး အားလုံးက ဟန်ဆောင်မှုတွေပဲ ဖြစ်နေတာကိုး”
“လန်ဟွမ်ကျောက်စိမ်းဆောင်မှာ ဆုပေါက်တဲ့သူတွေကျတော့ တတိယဆု၊ စတုတ္ထဆုပဲ ဖြစ်ဖြစ် အဲဒီလူကို အပြင်မှာ တကယ်ရှာလို့ရတယ်။ ကုန်သည်ကြီး သုံးခုမှာကျတော့ ဆုငွေထုတ်တဲ့ အချိန်ပဲမျက်နှာပြပြီး ကျန်တဲ့အချိန်မှာ လူကရှိကိုမရှိတော့တာ”
“ဒါက တိုက်ဆိုင်မှုလို့ပဲ ငါထင်နေခဲ့တာ။ ဒီလောက်ကြီးတဲ့ ပြဿနာ ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“ဒါကြောင့်လည်း သူတို့က ထီမဖွင့်ခင် တစ်ရက်အလိုမှာ ထီရောင်းတာကို ရပ်ပစ်တာကိုး။ ဂဏန်းတွေကို သူတို့စိတ်ကြိုက် ပြင်ရအောင်လို့လား တိရစ္ဆာန်တွေ၊ ဒီလူတွေက တိရစ္ဆာန်တွေပဲ”
“မင်းတို့အမေကို... လိုး... ကုန်သည်ကြီး သုံးခု ငါ့ကို ဒီလောက်တောင် လိမ်ရက်ကြတယ်”
“လူလိမ်တွေ ဒါတွေအားလုံးက လူလိမ်ဂိုဏ်းပဲ”
“ငါ ထီဝယ်ထားတဲ့ ပိုက်ဆံတွေ အကုန်ပြန်ပေး”
“ပြန်အမ်းပေး ပြန်အမ်းပေး”
“အကျင့်ပျက် ကုန်သည်တွေ”
ထိုနေရာမှာ ချက်ချင်း ပေါက်ကွဲသွားတော့သည်။ ကျင့်ကြံသူအားလုံးမှာ ဒေါသများ ချောင်းချောင်းထွက်နေကြပြီး အံကြိတ်ကာ ကြိမ်းမောင်းနေကြသည်။
စင်ပေါ်ရှိ ကုန်သည်အသင်း အဆင့်မြင့် အရာရှိများကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး စားပစ်ချင်နေကြသည်။
သူတို့သည် ကုန်သည်ကြီး သုံးခုက ဤတစ်ကြိမ်သာ စည်းမျဉ်းကို ပြောင်းလဲလိုက်ခြင်းဟု ထင်ခဲ့ကြသော်လည်း တကယ်တမ်းတွင်မူ အစကတည်းက ၎င်းသည် လူများကို လိမ်လည်လှည့်ဖြားရန် သက်သက်သာ ဖြစ်နေသည် မဟုတ်ပါလား။
အရာရှိများမှာ ချွေးအေးများ ထွက်လာကြသည်။ သူတို့၏ စိတ်နှလုံးမှာ အောက်ခြေသို့ ထိုးကျသွားတော့သည်။
ယဲ့မို၏ မျက်နှာမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။
သူသည် ကုန်သည်အသင်းမှ လူများကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည် - “ဒီ နတ်ဘုရားသားတော်အမုန်းဆုံးအရာဟာ အကျင့်ပျက်ကုန်သည်တွေပဲ မင်းတို့ လုပ်နိုင်လိုက်ကြတာ တကယ့်ကို လုပ်နိုင်ကြတာပဲ.”
“နတ်ဘုရားသားတော်ကျေးဇူးပြုပြီး ရှင်းပြခွင့်ပေးပါ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာ မရှိလို့ပါ”
ယဲ့မိုက ငေါက်လိုက်သည် - “ပါးစပ်ပိတ်ထား တခြားလူတွေ ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး ဒါပေမဲ့ ငါ့ရဲ့အစဦး သန့်စင်သောမြေရဲ့ နာမည်ကို သုံးပြီး လူတွေကို လိမ်လည်တာ မိစ္ဆာတွေလို ကျင့်ကြံတာမျိုးကို ငါ လုံးဝ ခွင့်မပြုနိုင်ဘူး
မင်းတို့ကို ရက်သတ္တပတ် နှစ်ပတ် အချိန်ပေးမယ် လူတွေကို ပိုက်ဆံပြန်အမ်းပြီး တောင်းပန်လိုက် ပြီးရင် အဝေးဆုံးကို ထွက်သွားတော့”
“အကယ်၍ မင်းတို့ မလုပ်နိုင်ရင် ရှန်မိသားစုရဲ့ နေရာမှာ တခြားမိသားစုတစ်ခုကို အစားထိုးလိုက်မယ်”
ထိုစကားကို ကြားသောအခါ ရှန်ကျုန်းမှာ ဝိညာဉ်ပင် လွင့်မတတ် ကြောက်လန့်သွားသည်။ ရှန်မိသားစုသည် ယွန်ကုန်း ကုန်သည်အသင်းကို ထိန်းချုပ်ထားသော အင်အားကြီး မိသားစု သုံးခုထဲမှ တစ်ခုဖြစ်သည်။
အကယ်၍ သန့်စင်သောမြေက သူတို့ကို စွန့်ပစ်လိုက်လျှင် သူတို့မိသားစု၏ ကံကြမ္မာမှာ တွေးရုံနှင့်ပင် သိနိုင်ပေသည်။
“ကျန်တဲ့သူတွေကတော့”
ယဲ့မိုသည် ဖုန်လိုင်နှင့် စီဟိုင်ကုန်သည်အသင်းမှ လူများကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် - “မင်းတို့ ဘာလုပ်ချင်လဲဆိုတာ ငါအများကြီး မပြောတော့ဘူး၊ ဒါပေမဲ့ တစ်ခုတော့ သတိပေးလိုက်မယ် ကောင်းကင်မှာ မျက်စိရှိတယ်။ ဘာကြောင့် မင်းတို့က အဲဒီ လန်ယာ ကုန်သည်အသင်းရဲ့ နည်းလမ်းကို လိုက်ပြီး အကျင့်ပျက်ကုန်သည်တွေ ဖြစ်နေကြတာလဲ နောက်ဆုံးမှာတော့ မင်းတို့ဆိုးကျိုး မင်းတို့ ခံရလိမ့်မယ်”
ထိုက်ရှူးထုံ: “.....”
လူတိုင်း: “.....”
ထိုသို့ပြောပြီးနောက် ယဲ့မိုသည် လူအုပ်ကြားမှ ထွက်ခွာသွားတော့သည်။
ထို့နောက်တွင် ထိုနေရာမှာ တစ်ဖန် ပြန်လည် ဆူညံသွားပြန်သည်။ ယဲ့မို၏အမိန့်အရ ယွန်ကုန်းကုန်သည်အသင်းသည် ပိုက်ဆံပြန်အမ်းခြင်းနှင့် တောင်းပန်ခြင်းများကို စတင်လုပ်ဆောင်သည်။
ဤသည်ကို မြင်သောအခါ အခြား ကုန်သည်အသင်း နှစ်ခုမှ ထီဝယ်ထားသူများမှာလည်း မကျေမနပ် ဖြစ်လာကြသည်။
ယခုအချိန်တွင် ဆုကြေးငွေရရန်မှာ မဖြစ်နိုင်တော့သော်လည်း အရင်းနှီးစိုက်ထားသည့် ပိုက်ဆံတော့ ပြန်ရမှ ဖြစ်မည်။
ထို့ကြောင့် သူတို့သည် ဖုန်လိုင်နှင့် စီဟိုင် ကုန်သည်အသင်းများကိုလည်း ပိုက်ဆံပြန်အမ်းရန် ဝိုင်းဝန်း တောင်းဆိုကြတော့သည်။
ကုန်သည်အသင်း နှစ်ခု၏ အရာရှိများမှာ ထွက်ခွာသွားချင်ကြပြီ ဖြစ်သည်။ ယနေ့ ပြဿနာမှာ အလွန်ပင် ကြီးမားလှသဖြင့် မည်သို့ ပြန်လည် ကုစားရမည်ကို သူတို့ ခေါင်းခဲနေကြသည်။
သို့သော် ယခုအခြေအနေကို ကြည့်လျှင်
မြိုချထားပြီးသား ပိုက်ဆံကို ပြန်ထုတ်ပေးရမည်ဆိုလျှင် သူတို့ လုပ်သမျှ အချည်းနှီး ဖြစ်ကုန်မည် မဟုတ်ပါလား သို့သော် ယွန်ကုန်းကုန်သည်အသင်းက ပြန်အမ်းနေပြီး သူတို့က မအမ်းလျှင် နောင်တွင် လူယုံကြည်မှု ရတော့မည် မဟုတ်ပေ။
“အထက်ကို လှမ်းမေးကြည့်ကြရအောင်”
နောက်ဆုံးတွင် ထိုက်ရှူးထုံက ပြောလိုက်သည်။ အချိန်အတန်ကြာပြီးနောက် အဖြေ ပြန်ရောက်လာသည်။
လူတိုင်း၏မျက်နှာမှာ ကြည့်မကောင်းတော့ပေ အထက်မှ အပြင်းအထန် အဆူခံလိုက်ရသည်မှာ သေချာသည်။
“ပိုက်ဆံပြန်အမ်းလိုက်” ထိုက်ရှူးထုံက လက်ဝှေ့ယမ်းကာ သက်ပြင်းချလိုက်သည်။ ဤအချိန်တွင် သူသည် ရုတ်တရက် အိုမင်းသွားသကဲ့သို့ပင်။ ကျောကြီးမှာ ကုန်းသွားပြီး စိတ်ဓာတ်များလည်း နွမ်းလျနေတော့သည်။
အထက်မှ လာသော သတင်းမှာ ရှင်းလင်းပါသည် - “စီးပွားရေးမှာ ဘယ်လိုနည်းလမ်းပဲ သုံးသုံး အလုပ်ကို ပြေပြေလည်လည် ပြီးအောင်လုပ်ရင် ငါတို့ မျက်စိမှိတ်ပေးထားလို့ရတယ်။ ဒါပေမဲ့ ဒီလိုမျိုး အရှက်တကွဲ အမှားကြီး မလုပ်ရဘူး ဒီတစ်ခေါက်တော့ မင်းတို့ အပြတ်အသတ် ရှုံးနိမ့်သွားပြီ။”
“ငါ တကယ်ပဲ အိုသွားပြီလား” သူကိုယ်သူ ပြန်မေးမိသည်။
သူတို့ ဤအခြေအနေသို့ ရောက်ရခြင်းမှာ မိမိတို့နှင့် လုံးဝ မကျွမ်းကျင်သော နယ်ပယ်ထဲသို့ အလွယ်တကူ ဝင်ရောက်ခဲ့မိသောကြောင့် ဖြစ်သည်။
အဆိုးဆုံးမှာ သူတို့၏အမှားကို သူတို့ကိုယ်တိုင်မမြင်ဘဲ ဝမ်မုက ဖော်ထုတ်သွားနိုင်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ယဲ့မိုသည် ဒဏ်ရာမသက်သာသေးသော အိုရန်ချင်းရွှမ်းကို အနားယူစေရန် အဆင့်မြင့် ဂူဗိမာန်တစ်ခုကို ငှားရမ်းလိုက်သည်။
“ဒီတစ်ခေါက် ဖြစ်သွားတာတွေက ငါ့ကြောင့်ပါ”
ယဲ့မိုသည် အားနည်းနေသော အိုရန်ချင်းရွှမ်းကို ကြည့်ကာ အပြစ်မကင်းသကဲ့သို့ ပြောလိုက်သည်။
အိုရန်ချင်းရွှမ်းက နှစ်သိမ့်သောအားဖြင့် ပြုံးပြလိုက်သည် - “အစ်ကိုယဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အစ်ကိုလည်း ဒါတွေ ဖြစ်လာမယ်မှန်း မသိခဲ့ဘူးပဲ။ ပြီးတော့ အခု ကျွန်မ အဆင်ပြေနေပါပြီ၊ ခဏ အနားယူလိုက်ရင် သက်သာသွားမှာပါ”
ယဲ့မိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် - “ငါ့ဘဝမှာ လန်ယာကုန်သည်အသင်းလို အကျင့်ပျက် ကုန်သည်တွေကို အမုန်းဆုံးပဲ အခု ငါဒါကို သိသွားပြီဆိုတော့ သူတို့နဲ့ တစ်ခါတည်း အပြတ်ရှင်းရမယ်။ မဟုတ်ရင် ငါလည်း အဲဒီ ဝမ်မု ဆိုတဲ့လူနဲ့ ဘာထူးတော့မှာလဲ”
သူ စကားပြောပြီးသည်နှင့် လမ်းချိုးလေးတစ်ခုမှ လူအချို့၏တိုးတိုးတိတ်တိတ် ပြောသံများကို ကြားလိုက်ရသည်။
“ဟင်း ဒီတစ်ခေါက်တော့ တကယ့်ကို ပွဲကြီးပွဲကောင်းပဲ။ ကုန်သည်ကြီး သုံးသပ်စုက ပိုက်ဆံတွေ အကုန်ပြန်အမ်းနေတယ်တဲ့”
“ဟဲဟဲ ဟန်ပြလုပ်နေတာပါကွာ။ ကျားကတော့ ကျားပါပဲ။ မကြာခင် သူတို့ အရင်လို ပြန်ယုတ်မာဦးမှာ မြင်ယောင်သေးတယ်။”
“အစဦး သန့်စင်သောမြေ ရဲ့ နတ်ဘုရားသားတော်ကိုယ်တိုင် ထွက်ရှင်းပေးတာပဲ၊ အရင်လို ပြန်မဖြစ်လောက်ပါဘူး”
“တောက်နတ်ဘုရားသားတော်ဆိုတာလည်း သူတို့နဲ့ တစ်အုပ်စုတည်းပဲလေ ဒီလောကမှာ အာဏာရှိတဲ့သူတွေက အတူတူပါပဲ ပွဲပြရုံသက်သက် လုပ်နေတာ မင်းက သူ့ကို ဝမ်မိသားစုရဲ့ သခင်လေး နဲ့ တူတယ်လို့ ထင်နေတာလား။”
“ဟုတ်ပ နတ်ဘုရားသားတော်ဆိုတာ ဘာကြီးလဲ အရင်က သူဘယ်ရောက်နေလဲ အခု အရှက်ကွဲတော့မယ့် အချိန်ကျမှ လူကောင်းယောင်ဆောင်ပြီး ထွက်လာတာ။ သူက ဘာလို့ ဝမ်မိသားစု သခင်လေးနဲ့ ယှဉ်ချင်နေရတာလဲ”
“ငါ့အမြင်တော့ သူက နာမည်ကြီးချင်လို့ ဟန်ဆောင်ပြနေတာပဲ ကံဆိုးတာက လူယုတ်မာနတ်ဘုရားသားတော်တွေက ပေါလှတယ် ဝမ်မိသားစုရဲ့သခင်လေးကမှ ရှားပါးတာ။ သူကတော့တစ်ဘဝလုံး ဝမ်မိသားစု သခင်လေးလိုလူမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”
ယဲ့မို: “....”