အခန်း (၁၈၇) - နတ်ဘုရားသားတော်ရှေ့မှာ မောက်မာပြချင်တာလား။
ထိုပို့စ်ထဲတွင် အချက်အလက်များကို ရှင်းလင်းပြတ်သားစွာ ရေးသားထားသည်။
ကုန်သည်ကြီးသုံးခုသည် မူလက ဆုကြီးပေါက်သူတိုင်းကို ဝိညာဉ်ကျောက်တုံး သန်း ၃၀ စီပေးမည့် စည်းမျဉ်းကို ပြောင်းလဲလိုက်ပြီး လက်ရှိမြို့ရှိဆုကြီးပေါက်သူ အားလုံးက ထို သန်း ၃၀ ကို ခွဲဝေယူရမည်ဟူသော စည်းမျဉ်းသစ်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဤသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက်
တစ်လောကလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
ပထမဆုံးအနေဖြင့် ထိုပို့စ်၏အောက်ရှိ မှတ်ချက်ကဏ္ဍမှာ ပေါက်ကွဲထွက်သွားသည်။
[မှော်ဝင်အဆင့် ၁]: တောက်... ဘာတွေလဲကွာ
[ကျင့်ကြံသူတစ်ဦး]: အဓမ္မကုန်သည်ကြီး သုံးခု ဒီဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော်ကို ဘယ်လို ခဲရာခဲဆစ် စုဆောင်းခဲ့ရလဲ မင်းတို့သိလား ဘာအကြောင်းနဲ့စည်းမျဉ်းတွေကို စိတ်ကြိုက်ပြောင်းလဲနေတာလဲ ဒီလောကမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား။
[ဒေါသထွက်နေသူ]: သူတို့အမေကို... လိုး...။ ကုန်သည်ကြီး သုံးခုက ယုံလို့မရဘူးဆိုတာ ငါ ကြိုသိသားပဲ။ ဒီအကျင့်ပျက် ကုန်သည်တွေ။
[လမ်းဘေးကျင့်ကြံသူ]: သန်း ၃၀ ကို ခွဲဝေယူရမယ် အဲဒါ တစ်ယောက်ကို ဘယ်လောက်ရမှာလဲ။
[သတင်းပေး]: တခြားမြို့တွေတော့ မသိဘူး၊ လီရှောင်မြို့တော်မှာတင် သခင်လေးပြောတဲ့ နည်းလမ်းအတိုင်း ထီအကုန်ဝယ်ထားတဲ့သူ အနည်းဆုံး ၃၀၀ ရှိတယ်တဲ့။
[တွက်ချက်သူ]: လူ ၃၀၀ က သန်း ၃၀ ကို ခွဲယူရမယ် ဒါဆို တစ်ယောက်ကို တစ်သိန်းကျော်လေးပဲ ရမှာပေါ့။
[ဘဝပျက်သူ]: သူတို့အမေကို... လိုး...။ ငါ့ရဲ့ အရင်းတောင် ပြန်မရတော့ဘူး ကုန်သည်ကြီး သုံးခု မင်းတို့ ဒီလိုလုပ်ရင် ဝဋ်လည်မှာ မကြောက်ကြဘူးလား။
[အစွန်းရောက်]: အား... ငါ ဒီအကျင့်ပျက် ကုန်သည်တွေကို သေချင်းဆိုး သေအောင် သွားသတ်တော့မယ်။
ဖိုရမ်ထဲမှ အကြောင်းအရာများကို ကြည့်ရင်း
လုံဟွမ်နှင့် ကျန့်ယန်ညီအစ်ကို နှစ်ယောက်မှာ လုံးဝ ကြောင်အသွားကြတော့သည်။
ယခင်က နွေးထွေးပြီး နေလို့ကောင်းနေသော ရေပူစမ်းမှာ ယခုမူ ငရဲတွင်းမှ ရေခဲစမ်းကဲ့သို့ အေးစိမ့်သွားကာ သူတို့၏သွေးများပင် ခဲမတတ် ခံစားလိုက်ရသည်။
ထိုက်ဟောင်မြို့တော်၏ အခြေအနေမှာ လီရှောင်မြို့တော်နှင့် အနည်းငယ် ကွဲပြားနိုင်သော်လည်း ရလဒ်ကတော့ သိပ်ထူးမည် မဟုတ်ပေ။
ဤမြို့တွင်လည်း ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော်ဖိုး ထီဝယ်ထားသူဦးရေမှာ လီရှောင်မြို့ထက် မနည်းနိုင်ပေ။
တစ်နည်းအားဖြင့် သူတို့၏ အိပ်မက်များ ပျက်စီးသွားပြီ ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး သန်း ၃၀ နေနေသာသာ... ထီဖိုး စိုက်ထုတ်ထားသည့် နှစ်သိန်းကျော်ကိုပင် ပြန်ရရန် မသေချာတော့ပေ။
သူတို့သည် မဒမ်ရှောင်တို့နှင့် စာချုပ်ချုပ်ဆိုထားသည်ကို သတိရရမည်။ အကယ်၍ ပိုက်ဆံပြန်မပေးနိုင်ပါက သူတို့သည် ထိုမိန်းမများအတွက်ကျင့်ကြံခြင်းအထောက်အကူပြုသူများ ဖြစ်သွားရမည်ဖြစ်ပြီး သူတို့၏အနှစ်သာရများကို ပုံမှန် ပေးအပ်နေရတော့မည် ဖြစ်သည်။
ရှေ့လျှောက် ရင်ဆိုင်ရမည့် မှောင်မိုက်သော နှစ်ရက်များ တွေးကြည့်ရုံနှင့်တင် မျှော်လင့်ချက် အလင်းတိုင် ပျောက်ဆုံးသွားသလို ခံစားရသည်။
“မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး”
ကျန့်ယန်၏ နှုတ်ခမ်းများ ဖြူလျော့သွားသည်။ မိန်းမဆိုးများ၏ စုပ်ယူခြင်းကို ခံရခြင်းမှာ ပျော်စရာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်သွားသည်အထိ အစုပ်ခံရနိုင်ပေသည်။
လုံဟွမ်၏ မျက်လုံးများမှာ သွေးတက်နေသည် - “ကုန်သည်ကြီး သုံးခုက တရားလွန်လွန်းတယ်။ သူတို့ရဲ့ စည်းမျဉ်းတွေက လေပေါသလိုပဲ၊ စိတ်ကြိုက် ပြောင်းနေကြတာ ဒီလောကမှာ တရားမျှတမှု ရှာလို့မရတော့ဘူးလို့ ငါ မယုံဘူး”
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးမှာ အဝတ်အစားများကို ကမန်းကတန်း ဝတ်ဆင်ကာ ရေချိုးခန်းထဲမှ ပြေးထွက်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင်...လီရှောင်မြို့တော်ရှိ ထီဖွင့်ပွဲ ကျင်းပရာနေရာတွင် လူအုပ်ကြီးမှာ ပြည့်နှက်နေသည်။
ယခင်ရက်များကကဲ့သို့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်မျိုး မဟုတ်တော့ပေ။ ယခုမူ ကျင့်ကြံသူတိုင်းမှာ ဒေါသများဖြင့် ပြည့်နှက်နေပြီး စင်ပေါ်ရှိ ကုန်သည်အသင်း အရာရှိများကို သူတို့၏ဘိုးစဉ်ဘောင်ဆက်ကစ၍ ဆဲဆိုနေကြသည်။
“ဒီအကျင့်ပျက် ကုန်သည်တွေ... အောက်ဆင်းခဲ့စမ်း မင်းတို့ဘာသာ စည်းမျဉ်းတွေ သတ်မှတ်ပြီး ဘာလို့ အခုမှ ပြောင်းလဲနေတာလဲ”
“ပိုက်ဆံထုတ်ပေး ဒီနေ့ ငါ့ကိုသန်း ၃၀ မပေးရင် မင်းတို့နဲ့ အသေသတ်မယ်”
“မင်းတို့ အကြိမ်ကြိမ် စော်ကားနေတာပဲ။ ကျင့်ကြံသူတွေမှာ ဒေါသ မရှိဘူး ထင်နေလား”
လူတိုင်း ပေါက်ကွဲနေကြသည်။ အရင်ကဆိုလျှင် ကုန်သည်ကြီးသုံးခုကို သူတို့ ကြောက်ရွံ့ကောင်း ကြောက်ရွံ့ကြလိမ့်မည်။
သို့သော် ယခုမူ မတူတော့ပေ။ အကယ်၍ ပိုက်ဆံပြန်မရပါက သူတို့မှာ သေလမ်းသာ ရှိတော့သည်။
အများစုမှာ ပိုက်ဆံကို ချေးငှားထားကြခြင်း ဖြစ်သည်။ အကယ်၍ ပြန်မပေးနိုင်ပါက သေတာထက် ဆိုးသော နှိပ်စက်မှုများကို ခံရမည် မဟုတ်ပါလား။
ရွှေအမြုတေအဆင့်ကျင့်ကြံသူများအတွက်ပင် ဤပမာဏမှာ ကြီးမားလှသဖြင့် လွယ်လွယ်နှင့် အဆုံးရှုံးမခံနိုင်ကြပေ။
စင်မြင့်ပေါ်တွင်မူ ကုန်သည်အသင်း အရာရှိများမှာ မျက်နှာများ ပျက်နေကြသည်။ အရင်ကဆိုလျှင် အဆင့်နိမ့်ကျင့်ကြံသူများ ဤသို့ အော်ဟစ်နေသည်ကို သူတို့ လုံးဝ သည်းခံမည် မဟုတ်ပေ။ သို့သော် ယနေ့တွင်မူ သူတို့ အောင့်အည်း သည်းခံနေကြရသည်။
နောက်ဆုံးတွင် မန်နေဂျာအချို့ ရှေ့ထွက်လာပြီး လူအုပ်ကို ငြိမ်အောင် လုပ်လိုက်သည်။
“အားလုံးပဲ စိတ်အေးအေးထားပြီး ကျွန်တော့်ရှင်းပြချက်ကို နားထောင်ပေးပါ ဒီတစ်ခေါက် ဝမ်ဖူထီ စည်းမျဉ်းမှာ ကြီးမားတဲ့ အားနည်းချက်တစ်ခု ပေါ်ပေါက်ခဲ့တာဟာ ကျွန်တော်တို့ရဲ့ အမှားဆိုတာ ဝန်ခံပါတယ်။
အားလုံးကို တောင်းပန်ပါတယ်။ အဲဒါကြောင့် အားလုံးကို စိတ်ကျေနပ်မှု ရှိစေဖို့ ထီဖိုးရဲ့ သုံးပုံတစ်ပုံကို ကျွန်တော်တို့ ပြန်အမ်းပေးပါ့မယ်”
ထိုစကားကို ကြားသောအခါ လူအုပ်မှာ ငြိမ်သွားမည့်အစား ပို၍ပင် ဆူညံလာတော့သည်။
“မင်းတို့ရဲ့သုံးပုံတစ်ပုံကို လဒပဲ ကျွေးလိုက် ငါ သန်း ၃၀ ပဲ လိုချင်တယ်”
“သန်း ၃၀ သန်း ၃၀”
“အကျင့်ပျက် ကုန်သည်တွေတေ လူလိမ်တွေ ဒီအခြေအနေ ရောက်နေတာတောင် အမြတ်ထုတ်ဖို့ကြံနေသေးတာလား မင်းတို့ကို ယုံခဲ့မိတဲ့ ငါ့မျက်စိကို ငါ ထိုးဖောက်ချင်တယ်!ယ ငါ့ရဲ့ သန်း ၃၀ ပြန်ပေး”
လူအုပ်ကြီးမှာ ရုန်းရင်းဆန်ခတ် ဖြစ်လာပြီး တစ်နေရာမှ ပစ်လိုက်သော ကျောက်ခဲမှာ စကားပြောနေသည့် မန်နေဂျာ၏ နဖူးဆီသို့ တည့်တည့် ဦးတည်သွားသည်။
ဝုန်း
မန်နေဂျာက အလျှင်အမြန်ပင် လက်ဝှေ့ယမ်းကာ ကျောက်ခဲကို ဖယ်ထုတ်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည် - “ဘယ်သူက ငါ့ကို ခိုးတိုက်ခိုက်ရဲတာလဲ”
“ငါပဲကွာ ဘာဖြစ်လဲ မင်းတို့လို အကျင့်ပျက် ကုန်သည်တွေ သေတာတောင် နည်းသေးတယ်”
“သေစမ်း သေစမ်း”
ကျင့်ကြံသူ အများအပြားမှာ ရုန်းရင်းဆန်ခတ် ဖြစ်လာပြီး စင်ပေါ်သို့ လက်နက်များနှင့် မှော်စွမ်းအားများကို ပစ်လွှတ်ကြတော့သည်။
စင်မြင့်ပေါ်တွင် ကာကွယ်ရေး ခင်းကျင်းမှု တစ်ခု ပွင့်လာပြီး တိုက်ခိုက်မှုများကို ပိတ်ဆို့ထားလိုက်သည်။
မည်သူမျှ ဒဏ်ရာမရသော်လည်း ကုန်သည်အသင်း အရာရှိများ၏ မျက်နှာမှာ အလွန်ပင် ကြည့်မကောင်းတော့ပေ။
“မောက်မာလှချည်လား”
အထက်ကောင်းကင်ယံမှ အဘိုးအိုတစ်ဦး၏ အော်ဟစ်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များမှာ လူအုပ်ဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ ကျရောက်သွားသည်။
အောက်ဘက်ရှိ ကျင့်ကြံသူများမှာ မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ ထိုသူမှာ နတ်သားသန္ဓေအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်သည်။
သူ၏ ဖိအားမှာ တောင်ကြီးတစ်လုံး ပိနေသကဲ့သို့ လူတိုင်းကို အသက်ရှူကျပ်သွားစေသည်။
ကုန်သည်အသင်း အရာရှိများလည်း မတ်တပ်ရပ်လိုက်ကြပြီး - “စည်းမျဉ်းမှာ အမှားအယွင်းရှိသွားလို့ သုံးပုံတစ်ပုံ ပြန်အမ်းပေးတာဟာကုန်သည်ကြီး သုံးခုရဲ့စေတနာပဲ မင်းတို့က နားမလည်ဘဲ ဆက်ပြီး ရိုင်းစိုင်းနေမယ်ဆိုရင်တော့ တို့ဘက်ကလည်း အားနာနေမှာ မဟုတ်ဘူး” ဟု ပြောလိုက်ကြသည်။
သူတို့၏အမြင်တွင် ပိုက်ဆံပြန်ပေးခြင်းမှာ အကြီးမားဆုံးသော အလျှော့ပေးမှု ဖြစ်သည်။
ကုန်သည်ကြီး သုံးခုသမိုင်းတွင် ပိုက်ဆံပြန်ပေးဖူးသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။
ဤသည်မှာ မျက်နှာသာ ပေးထားခြင်း မဟုတ်ပါလား။
သို့သော်လည်း ထိုအချိန်တွင် ကောင်းကင်ထက်မှ အေးစက်သော ရယ်သံတစ်ခု ပေါ်ထွက်လာသည်။
“ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ ကုန်သည်ကြီး သုံးခု ငါ့ နတ်ဘုရားသားတော်အနေနဲ့ မင်းတို့ ဘယ်လောက်တောင် အားမနာတတ်လဲဆိုတာ ကြည့်ချင်မိသားပဲ”
ထိုအသံနှင့်အတူ ညမှောင်မှောင်မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ကောင်းကင်တွင် ရွှေရောင် လှိုင်းတွန့်များ ပေါ်ထွက်လာကာ နေမင်းကြီး ဆင်းသက်လာသကဲ့သို့ တောက်ပလာတော့သည်။
ယဲ့မိုသည် လက်ကို နောက်ပြန်ထားလျက် အစဦး သန့်စင်သောမြေ၏ နတ်ဘုရားသားတော်များသာ ဝတ်ဆင်ခွင့်ရှိသည့် ခရမ်းရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ကာ ကောင်းကင်ယံမှ အေးစက်သောအကြည့်ဖြင့် ငုံ့ကြည့်နေသည်။
ထိုအခိုက်အတန့်တွင်တစ်နေရာလုံးမှာသေလူကဲ့သို့တိတ်ဆိတ်သွားတော့သည်။