အခန်း (၁၈၅) - ဆုကြေးကို ပေးရမယ်
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ခန်းမကြီးတစ်ခုလုံးမှာ သေလူကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။
စာရွက်လှန်သံများသာ ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းနေသည်။ နက္ခပညာရှင်များမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး နှလုံးခုန်သံများ မြန်နေကြသည်၊ အချို့မှာ လက်တုန်လွန်းသဖြင့် ကလောင်တံကိုပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြရသည်။
ကုန်သည်အသင်းမှ အကြီးတန်းအရာရှိများမှာလည်း အသက်ပင် မရှူရဲဘဲ တစ်စုံတစ်ဦးက “ရှာတွေ့ပြီ လွတ်လမ်းရှိတယ်” ဟု အော်ဟစ်ခုန်ပေါက်လာမည့်အချိန်ကိုသာ ဆုတောင်းရင်း စောင့်ကြည့်နေကြသည်။
"သို့သော်"
မည်သူမျှ မပေါ်လာခဲ့ပေ။
အစမှ အဆုံးအထိ တိတ်ဆိတ်ခြင်းကသာ စိုးမိုးထားသည်။ နက္ခပညာရှင်များ၏ ရင်ခုန်သံကိုပင် အတိုင်းသား ကြားနေရသည်။ သူတို့၏ မျက်နှာများမှာ ဖြူလျော့လာပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြမိသည်။
ဝမ်မိသားစုရဲ့ သခင်လေးပြောသမျှက တကယ်ကြီးမှန်နေတာလား ငါ့တို့တွေရဲ့ ထီဂဏန်းတွေမှာ ဖြစ်နိုင်ခြေပေါင်း နှစ်သန်းကျော်ပဲရှိတာ တကယ်လား ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော်လေးနဲ့ အကုန်ဝယ်လို့ ရနေတာလား။
မဖြစ်နိုင်ဘူး။
ဒါကို ငါ့တို့တွေက ဆုကြီးကို သန်း ၃၀ တောင် သတ်မှတ်ထားမိတယ်လား။
အကယ်၍ ဒါသာ အမှန်ဆိုရင်
ကုန်သည်ကြီး သုံးခုဟာ နောင်နှစ်ပေါင်း တစ်သောင်းအထိ လူရယ်စရာကြီး ဖြစ်သွားတော့မည်။
ထိုက်ရှူးထုံ၏ မျက်နှာမှာ အဆိုးဆုံးပင်။ ဤအစီအစဉ်မှာ သူ၏ အကြံဉာဏ် ဖြစ်သည်။
အကယ်၍ ဤကဲ့သို့ ကြီးမားလှသော အမှားအယွင်းသာ ရှိခဲ့လျှင် တာဝန်အားလုံးမှာ သူ၏ ပုခုံးပေါ်သို့ ကျရောက်လာမည် ဖြစ်သည်။
“ဟေး ဒါလေးကတော့ မဝယ်ရသေးဘူး”
ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း၏ အကြည့်များမှာ ထိုသူထံသို့ ရောက်သွားကြသည်။
“မဟုတ်ဘူး အဲဒါကို တစ်ယောက်ယောက် ဝယ်သွားပြီးပြီ ငါ အဲဒီဂဏန်းတွဲကို မြင်ဖူးတယ်” ဟု အခြားနက္ခပညာရှင်တစ်ဦးက ပြန်ပြောလိုက်သည်။
ပထမလူက ပြန်လည်စစ်ဆေးကြည့်ပြီးနောက် ခေါင်းကို ကုတ်ကာ သက်ပြင်းချလျက် သူ၏အလုပ်ကို ပြန်လုပ်နေတော့သည်။
မျှော်လင့်ချက်များ တစ်ဖန် ပျောက်ကွယ်သွားရပြန်သည်။
မကြာမီ နောက်တစ်ဦးက ထပ်မံ အော်ပြန်သည်။ မျှော်လင့်ချက် လင်းခနဲ ဖြစ်သွားသော်လည်း ခဏအကြာတွင် အမှားအယွင်းတစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရပြန်သည်။
ဤသံသရာမှာ အကြိမ်ကြိမ် အခါခါ ဖြစ်နေတော့သည်။
နေဝင်သွားသည်။ ညဉ့်နက်လာပြီး မိုးသောက်အလင်းတိုင်အောင် သုံးရက်တိတိ ကြာသွားခဲ့ပြီ။ မည်သူမျှ ခန်းမထဲမှ မထွက်ကြပေ။
ထိုက်ရှူးထုံမှာလည်း ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ အရိပ်ထဲတွင် မလှုပ်မယှက် ထိုင်နေသည်။
ပညာရှင်အချို့မှာ ပင်ပန်းလွန်းသဖြင့် လဲကျကုန်ကြသည်။ ဆေးလုံးအချို့ကို သောက်ကာ အားမွေးပြီး သူတို့ အလုပ်ကို ဆက်လုပ်ကြရသည်။
လန်ယာကုန်သည်အသင်းရဲ့ သခင်လေး မမြင်မိဘဲ ချန်လှပ်ထားခဲ့မည့် ဖြစ်နိုင်ခြေတစ်ခုကို သူတို့ အသည်းအသန် ရှာဖွေနေကြသည်။
သုံးရက်မြောက်နေ့။
သူတို့မှာ မျက်နှာများ ညိုမည်းကာ နှုတ်ခမ်းများ ဖြူလျော့နေကြပြီ။
“ရှာတွေ့တယ် ဒါလည်း ဝယ်ပြီးသားဒါလည်း ပါပြီးသား အကုန်လုံးပဲ”
“ဖြစ်နိုင်ခြေရှိသမျှ အကုန်လုံးကို လူတွေက ဝယ်သွားကြပြီ။”
စာရွက်လှန်သံများ ရပ်တန့်သွားသည်။ အရာအားလုံး ငြိမ်သက်သွားသည်။
ပညာရှင်တစ်ဦးက ခဲခဲယဉ်ယဉ် ထရပ်လိုက်ကာ အားလုံး၏ ရှေ့တွင်ဒူးထောက်လိုက်ပြီး တုန်ရီသောအသံဖြင့် ပြောလိုက်သည် - “ကျွန်တော်မျိုးတို့ အရည်အချင်း မရှိပါဘူး”
အားလုံး တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည် - “ကျွန်တော်မျိုးတို့ အရည်အချင်း မရှိပါဘူး။”
ထိုက်ရှူးထုံက ဘာမှမပြောပေ။ သူ၏ မျက်နှာမှာ ပြင်ပတွင် တည်ငြိမ်နေသော်လည်း သူ ထိုင်နေသော နဂါးရုပ်ထွင်း ဝိညာဉ်သစ်သား ကုလားထိုင်၏လက်တင်မှာမူ သူ၏ လက်ချက်ကြောင့် အမှုန့်ဖြစ်သွားရရှာသည်။
ဂျောက်
လူတိုင်း ခေါင်းကို ပို၍ ငုံ့လိုက်ကြသည်။
ထိုက်ရှူးထုံက ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ အက်ကွဲသောအသံဖြင့် မေးလိုက်သည် - “ဝမ်မုရဲ့ နည်းလမ်းအတိုင်း ထီဝယ်သွားတဲ့သူ ဘယ်နှစ်ယောက် ရှိသလဲ”
နက္ခပညာရှင်တစ်ဦးက တုန်တုန်ရီရီဖြင့် “တခြားမြို့တွေအတွက်တော့ မသိရသေးပါဘူး ဒါပေမဲ့ လီရှောင်မြို့တော်တစ်ခုတည်းမှာတင် အယောက် ၃၀၀ ကျော် ရှိပါတယ်”
ခန်းမထဲတွင် အံ့သြတုန်လှုပ်သံများ ပျံ့လွင့်သွားသည်။
“အယောက် ၃၀၀ ကျော် ဒီလောက်တောင် များတာလား”
“တစ်ယောက်ကို သန်း ၃၀ စီ ပေးရမယ်ဆိုရင် ငါ့တို့တွေ ဘယ်လောက်တောင် ဆုံးရှုံးမလဲ”
“ဒါက မြို့တစ်မြို့တည်း ရှိသေးတာ၊ တခြား မြို့ကြီးတွေနဲ့ မြို့ငယ်လေးတွေပါ ပေါင်းလိုက်ရင်”
ကိန်းဂဏန်းများမှာ မတွေးရဲစရာပင်။ ထီရောင်းရသမျှ ဝိညာဉ်ကျောက်တုံးများ အကုန်ပြန်ပေးလျှင်ပင် လောက်ငမည် မဟုတ်ပေ။
ပြီးတော့ ဒါက ပထမဆုံးအကြိမ်ပဲ ရှိသေးတာ။
“မဖြစ်ဘူး ဆုကြေးကို မပေးလို့မဖြစ်ဘူး”
“ဒါပေမဲ့ မပေးရင် ငါ့တို့ရဲ့ နာမည်ပျက်သွားလိမ့်မယ်။”
“ဒီထီကို ငါ့တေတို့တွေ လူသိရှင်ကြား အကြီးအကျယ် ကြော်ငြာထားတာ။ ဆုကြေးမပေးရင် လူတွေ ဒေါသထွက်ကုန်ပြီး ကုန်သည်ကြီး သုံးခုရဲ့ ယုံကြည်မှုဟာ ထာဝရ ပျက်စီးသွားလိမ့်မယ်။”
“ဆုကြေးကို ပေးလိုက်ပါ အနည်းဆုံးတော့ ဒီတစ်ခေါက်အတွက်ပေါ့”
ထိုက်ရှူးထုံက ခက်ထန်သောအကြည့်များဖြင့် ပြောလိုက်သည် - “ဒါပေမဲ့ ပထမဆုအတွက် သန်း ၃၀ ပဲ ပေးမယ် အကယ်၍ အယောက် ၁၀၀ က ဆုကြီးပေါက်တဲ့ လက်မှတ်ကို ကိုင်ထားရင် အဲဒီ အယောက် ၁၀၀ က သန်း ၃၀ ကို ခွဲဝေယူကြရမယ်”
အရာရှိများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည် - “ဒါ... ဒါ ဖြစ်နိုင်မလား”
“တစ်ယောက်ကို သန်း ၃၀ ရမယ့်အစား အယောက် ၁၀၀ ခွဲဝေယူရမယ်ဆိုရင် အပြင်ကလူတွေ တို့ကို ဆဲကြလိမ့်မယ်”
“ငါ့တို့မှာ တခြား ရွေးချယ်စရာရှိလို့လား လူတိုင်းကို သန်း ၃၀ ပေးရင် အထက်လူကြီးတွေကို ဘယ်လို ရှင်းပြမလဲ”
“အေးလေ ဆဲတာကိုတော့ သည်းခံလိုက်တာပေါ့။ တစ်ပြားမှ မရတာထက်စာရင်တော့ သူတို့ ကျေနပ်ကြမှာပါ။”
ထိုက်ရှူးထုံက သက်ပြင်းချကာ - “ဒီတစ်ခေါက်ကိုပဲ အချိန်ဆွဲပြီး ပေးလိုက်။ ပြီးရင် ဘဏ်ခွဲအားလုံးမှာ ထီရောင်းတာကို ချက်ချင်း ရပ်လိုက်တော့။ ကျန်တာကိုတော့ နောက်မှ ဆွေးနွေးကြတာပေါ့။”
ဝမ်ဖူထီရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲရမည်။ ဒါပေမဲ့ ဘယ်လိုပြောင်းမလဲဆိုတာကိုတော့ သေသေချာချာ တိုင်ပင်ရဦးမည်။
သူတို့သည် လန်ယာကုန်သည်အသင်းရဲ့ ပုံစံကို နည်းနည်းလေး ပြင်ပြီး ကော်ပီကူးလိုက်လျှင် ရပြီဟု ထင်ခဲ့ကြသော်လည်း ဤမျှ နက်ရှိုင်းသောတွင်းကြီးရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အခြားတစ်နေရာ။ မြောက်ပိုင်းဒေသ၏ ဝေးလံလှသော တောင်တန်းတစ်ခုအတွင်း။
အလောတကြီး ထွင်းထုထားသော ဂူဗိမာန်တစ်ခုထဲတွင်။
အိုရန်ချင်းရွှမ်းသည် ဒဏ်ရာများကြောင့် ဖြူလျော့လျက် ထိုင်နေသည်။ သူမ၏ ဖြူစင်သော ဝတ်ရုံမှာ သွေးများဖြင့် ရွှဲနစ်နေပြီး သူမ၏ အငွေ့အသက်မှာ လေတိုက်လျှင်ပင် လဲကျတော့မတတ် အားနည်းနေသည်။
သူမသည် ကုန်သည်ကြီး သုံးခုမှ ပညာရှင်များ၏ အသည်းအသန် လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရခြင်း ဖြစ်သည်။
ယဲ့မိုချန်ထားခဲ့သော အသက်ကယ်ဆေးလုံးများသာ မရှိပါက သူမ သေသည်မှာ ကြာလှပြီ။ ယခုမူ ထိုဆေးများလည်း ကုန်သွားပြီ ဖြစ်သည်။
သူတို့သည် သူမကို အမြစ်ပြတ် သတ်ရန် ဆုံးဖြတ်ထားပုံရသည်။
“ရှာတွေ့ပြီသူဒီမှာရှိတယ်”