အခန်း (၁၈၂) ငါ တကယ်ကြီး မခံနိုင်တော့ဘူး
နောက်တစ်သုတ် မဒမ်ရှောင်သည် ဆက်လက်၍ မျက်စပစ် ပြုံးပြနေဆဲ။
နောက်တစ်သုတ် မဒမ်ရှောင်၏ အပြုံးများ ရှိနေဆဲ။
အဲဒီနောက် နောက်ထပ် တစ်သုတ် မဒမ်ရှောင်၏အပြုံးများ... ပျောက်ကွယ်သွားပြီ
မဟုတ်သေးဘူး။
ငါ တကယ်ကြီး မခံနိုင်တော့ဘူး။
ဘယ်လောက်ပဲ ကောင်းမွန်တဲ့ လယ်ကွင်းဖြစ်ပါစေ ဒီလောက်အပတ်တကုတ် ထွန်ယက်နေတာကိုတော့ မခံနိုင်ပေ။
သူတို့၏ ဟယ်ဟွမ်ဂိုဏ်းကျင့်စဉ်အရ စုပ်ယူထားသော စွမ်းအင်များကို ပြန်လည်သန့်စင်ရန် အချိန်လိုအပ်သည်။
ယခုမူ သူမတွင် အချိန်လုံးဝမရှိပေ။ သူမ၏ ခန္ဓာကိုယ်မှာ အချိန်မရွေး ပေါက်ကွဲထွက်တော့မတတ် ခံစားနေရပြီး ဝမ်းဗိုက်မှာပင် ဖောင်းကားလာတော့သည်။
သူမသည် အမွှေးနံ့သာနံ့သင်းသော ချွေးများဖြင့် ရွှဲနစ်လျက် အသက်ကို ပြင်းပြင်းရှူရင်း အပြင်ဘက်သို့ လှမ်းအော်လိုက်သည် - “လူကုန်ပြီလား”
“မကုန်သေးဘူး အစ်မ၊ နောက်ထပ် သခင်လေး အယောက်နှစ်ဆယ်ကျော် တန်းစီနေတုန်းပဲ”
ငါ လုပ်လေလေ လူတွေက ပိုများလာလေပါလား။
“အစ်မ... တခြားညီမလေးတွေကို ဝိုင်းကူခိုင်းလိုက်ရမလား”
“မလိုဘူး ဒီအဘွားကြီးက မြစ်ပေါင်းစုံ စီးဝင်ရာ သမုဒ္ဒရာကြီးနဲ့ တူတယ်။ ဒီလောက်လေးက ဘာစာနာလို့လဲ ငါ နောက်ထပ် အနည်းငယ်ကို တောင့်ခံနိုင်သေးတယ်”
မဒမ်ရှောင်သည် သွားကြိတ်ကာ ဆက်လက်၍ ဇွဲနပဲဖြင့် ကြိုးစားနေခဲ့သည်။ ညဉ့်နက်သော်လည်း လူမကုန်သဖြင့် သူမ ထပ်မေးပြန်သည် - “အခုရော အပြင်မှာ ဘယ်သူမှ မကျန်တော့ဘူးမလား”
“အဲ ကျန်သေးတယ် နောက်ထပ် အယောက်လေးဆယ်ကျော်တောင်”
မဒမ်ရှောင်: “....”
ေနာက်ဆုံးတွင်တော့ မဒမ်ရှောင်သည် အရှုံးပေးလိုက်ရတော့သည်။
သူမ တစ်ယောက်တည်း တောင့်မခံတော့ဘဲ ဘဏ်ရှိ အခြားသော ဟယ်ဟွမ်ဂိုဏ်းဝင် အမျိုးသမီးများကိုပါ ဤကြီးမားလှသော စီးပွားရေးကို ဝိုင်းဝန်းကိုင်တွယ်ရန် ခေါ်လိုက်ရသည်။
ဘဏ်တစ်ခုလုံးမှာ ပျော်ရွှင်မှု အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
ထိုအမျိုးသမီးများသည် အစပိုင်းတွင် အသားစားရတော့မည်ဟု ထင်ကာ ပျော်နေကြသည်။
ယနေ့ အိမ်အရောက်လာပို့သော ဖိုမဓာတ်များမှာ လွန်ခဲ့သော လအတော်ကြာကထက်ပင် ပိုများနေသည်။ အရည်အသွေးမှာလည်း အလွန်မြင့်မားသည်။
သို့သော် မကြာမီမှာပင် ထိတ်လန့်စရာကောင်းသော အမှန်တရားကို သူတို့ သိလိုက်ရသည်။
အပြင်ဘက်တွင် တန်းစီနေသူများမှာ ပို၍ပို၍ များလာသည်။ လူတိုင်း ချေးယူသည့် ပမာဏမှာလည်း တထပ်တည်း တူညီနေသည်။
နှစ်သိန်းခြောက်သောင်း ဝိညာဉ်ကျောက်တုံး တစ်လုံးတောင် မပိုဘူး။
သူတို့ချေးပေးရန် သဘောတူထားသော ကျင့်ကြံသူများမှာလည်း အရည်အချင်းရှိသူများဖြစ်ရာ သူတို့ထံမှ စွမ်းအင်စုပ်ယူခြင်းမှာ အလုပ်များလှသည်။
အတွေ့အကြုံမရှိသူများမှာ မခံနိုင်ပေ။ မိန်းမပျိုတိုင်းမှာ အစွမ်းကုန် ကြိုးစားနေရသော်လည်း လူဦးရေမှာ များလွန်းလှသဖြင့် ဘဏ်တစ်ခုလုံးရှိ အမျိုးသမီးများ အသေအလဲ လုပ်လျှင်ပင် မလောက်ငတော့ပေ။
ထို့အပြင် နောက်ထပ် ပြဿနာကြီးတစ်ခု ရှိသေးသည်။ ဟယ်ဟွမ်ဂိုဏ်းမှာ ပိုက်ဆံမရှားသော်လည်း ဤမျှများပြားသော ပမာဏကို တစ်ပြိုင်နက် ချေးပေးပြီး ချက်ချင်း ပြန်မရနိုင်ပါက ကြွေးမြီဆိုးများ ဖြစ်သွားနိုင်သည်။
“တော်ပြီ တော်ပြီ”
မဒမ်ရှောင်က အရေးပေါ် အမိန့်ထုတ်ကာ ချွေးရွှဲနစ်လျက် အခန်းထဲမှ ထွက်လာသည်။
“အားလုံးပဲတော်ကြတော့ ဒီနေ့အတွက် ဆိုင်ပိတ်ပြီ။ နောက်မှ ထပ်ပြောကြတာပေါ့”
အပြင်မှ ဖောက်သည်များက စိုးရိမ်တကြီးဖြင့် - “နောက်မှ ထပ်ပြောမယ် ဟုတ်လား ဒါပေမဲ့ ကျွန်တော်တို့က မရသေးဘူးလေ”
သို့သော် မဒမ်ရှောင်တို့က ဆုံးဖြတ်ချက် ခိုင်မာသွားပြီဖြစ်သည်။ သူတို့၏ အငွေ့အသက်များကို ရုတ်တရက် ထုတ်လွှတ်လိုက်ရာ လေပြင်းကြီးကဲ့သို့ တိုက်ခတ်သွားပြီး ကျင့်ကြံသူ အမျိုးသားများမှာ ယိုင်တိုင်တိုင် ဖြစ်ကုန်ကြသည်။
ဤဆွဲဆောင်မှုရှိသော အမျိုးသမီးကြီးမှာ ထိတ်လန့်စရာကောင်းသော ကျင့်ကြံခြင်း အဆင့်ရှိကြောင်း သိလိုက်ရသဖြင့် သူတို့မှာ မကျေမနပ်ဖြင့်သာ ပြန်လှည့်သွားကြရတော့သည်။
“တောက် ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ”
မဒမ်ရှောင်မှာ ဝေခွဲမရဖြစ်နေပြီး အစေခံတစ်ဦးကို ခေါ်လိုက်သည် - “သွားစမ်း. တကယ် ဘာတွေဖြစ်နေတာလဲဆိုတာ သွားစုံစမ်းချေ”
တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ။
ထိုက်ဟောင် နတ်မြို့တော် ရှိ ကုန်သည်ကြီး သုံးလုပိုင် ချင်းယဲ့ဘဏ်ခွဲတစ်ခု။
ခြေလှမ်းများ မခိုင်ဘဲ အားအင်ကုန်ခမ်းနေသော လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး တွဲကူလျက် ဝင်လာကြသည်။ သူတို့၏ မျက်ကွင်းများမှာ ပန်ဒါဝက်ဝံကဲ့သို့ ညိုမည်းနေပြီး အကုန်အစင် စုပ်ယူခံထားရသည့်ပုံစံမှာ မည်သူမဆို လှည့်ကြည့်ရလောက်သည်။
ဆိုင်မန်နေဂျာမှာ ကြောင်သွားပြီး - “လူကြီးမင်းတို့ကထီလက်မှတ် လာဝယ်တာလား”
“မဟုတ်ရင် ဘာလာလုပ်မှာလဲ”
ကျန့်ယန်က ခါးကို နှိပ်ရင်း ခပ်ကြွားကြွား ပြောလိုက်ကာ သိုလှောင်အိတ် နှစ်လုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
သိုလှောင်အိတ်များကို ပိတ်မထားသဖြင့် မန်နေဂျာက နတ်အာရုံဖြင့် ကြည့်လိုက်ရာ ဝိညာဉ်ကျောက်တုံး တောင်ပုံရာပုံကို မြင်ပြီး မျက်စိပင် ပြာသွားတော့သည်။ ဘုရားရေ ဒါ အကြီးစား ဖောက်သည်တွေပဲ။
“အို... ကြွပါ လူကြီးမင်းတို့ ဝိညာဉ်လက်ဖက်ရည်နဲ့ သစ်သီးတွေ ယူခဲ့ကြစမ်း”
မန်နေဂျာမှာ အလွန် စိတ်လှုပ်ရှားနေသည်။ အိတ်ထဲတွင်အနည်းဆုံး ဝိညာဉ်ကျောက်တုံး သိန်းနှင့်ချီ ရှိနေသည်။ လွန်ခဲ့သော နှစ်ရက်အတွင်း ထီရောင်းအားကောင်းခဲ့သော်လည်း ဤလူနှစ်ဦးကဲ့သို့ တစ်ခါတည်း အလုံးအရင်းနှင့် လာဝယ်သူမျိုး တစ်ခါမှ မမြင်ဖူးပေ။
ကျန့်ယန် နှင့် လုံဟွမ်တို့ ထိုင်လိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ကျောက်စိမ်းအဆောင်တစ်ခုကို ကမ်းပေးလိုက်သည် - “ငါတို့ ဝယ်ချင်တဲ့ ထီဂဏန်းတွေ အားလုံး အဲဒီထဲမှာ ရှိတယ်။ မြန်မြန်ပြင်ပေးစမ်း”
မန်နေဂျာက ကြည့်လိုက်ရာ စာလုံးများစွာ စီတန်းနေသည်ကို တွေ့ရသည်။ ဂဏန်းတွဲပေါင်း သိန်းနှင့်ချီ ရှိပေလိမ့်မည်။ သူက တွေးလိုက်သည်။ ဒီလို ငတုံးတွေသာ နေ့တိုင်းလာရင် ငါတော့ ဆုလာဘ်တွေနဲ့ ချမ်းသာပြီ။
“လူကြီးမင်းတို့ ဝယ်ချင်တဲ့ အရေအတွက်က အရမ်းများလို့ အမှားအယွင်း မရှိအောင် ဝန်ထမ်းတွေ အများကြီးနဲ့ စစ်ဆေးပြင်ဆင်ပေးရပါမယ်။ ခဏလောက် စောင့်ပေးပါဦး”
“အေး မြန်မြန်လုပ်”
လုံဟွမ်က ခြောက်ကပ်ညိုမည်းနေသော နှုတ်ခမ်းများကို လက်ဖက်ရည်ဖြင့် စိုစွတ်စေလိုက်သည်။ သူနှင့် ကျန့်ယန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ နှစ်ဦးလုံး၏ မျက်လုံးထဲတွင် စိုးရိမ်မှုနှင့် စိတ်လှုပ်ရှားမှုများကို မြင်နေရသည်။
ဤဝိညာဉ်ကျောက်တုံးများကို ရရှိရန် သူတို့ မလွယ်ကူခဲ့ပေ။ အဖျက်ဆီးခံရပြီးနောက် သူတို့မှာ မတ်တတ်ပင် မရပ်နိုင်တော့ချေ။
ကံကောင်းထောက်မစွာဖြင့် စွမ်းအင်ပြန်ပြည့်ဆေးများကို ကြိုတင်ပြင်ဆင်ထားခဲ့၍သာ အသက်မပျောက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဖိုရမ်ပေါ်မှ နည်းလမ်းအတိုင်း ဖြစ်နိုင်ခြေရှိသော ဂဏန်းတွဲအားလုံးကို မကျန်ရအောင် ကျောက်စိမ်းအဆောင်ပေါ်တွင် ရေးထွင်းခဲ့ရသည်။
ဤသည်မှာ သူတို့အသက်နှင့်လဲ၍ ရထားသော အရင်းအနှီး မဟုတ်ပါလား။ ဆုကြီးသာ မပေါက်ခဲ့လျှင် သူတို့ ဘဝဆုံးပြီ။
သူတို့သည် မူးမေ့လဲတော့မတတ် ပင်ပန်းနေသော်လည်း ထီလက်မှတ်များ အားလုံး စစ်ဆေးပြီးသည်အထိတော့ ဇွဲဖြင့် တောင့်ခံထားရမည်။
လက်မှတ်ပေါင်း နှစ်သန်းကျော် ရှိနေသည်။ ဘဏ်မန်နေဂျာသည် လူအင်အားသုံး၍ အချိန်အတော်ကြာ ပြင်ဆင်ပြီးနောက်တွင်တော့ တောင်ပုံရာပုံ ရှိနေသော ထီလက်မှတ်များ ရရှိလာခဲ့သည်။
ကျန့်ယန် နှင့် လုံဟွမ်တို့သည် ဆေးလုံးအချို့ကို ထပ်သောက်ကာ အားမွေးလိုက်ပြီး ထီလက်မှတ်ပါ အချက်အလက်များကို အသေသေချာချာ စစ်ဆေးကြတော့သည်။
“တစ်ယောက် တစ်ဝက်စီ စစ်ရအောင်”
“ကောင်းပြီ”
မန်နေဂျာမှာလည်း မလောဘဲ အနားတွင် စောင့်နေပေးသည်။ သူတို့အားလုံး စစ်ဆေးပြီးသွားသောအခါ မန်နေဂျာက ပြုံးပြီး မေးလိုက်သည် - “ကဲလူကြီးမင်းတို့ အမှားအယွင်း ကျန်သေးလားခင်ဗျာ”
ထိုနှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး တညီတညွတ်တည်း ပြောလိုက်သည်။
“နောက်တစ်ခေါက် ထပ်စစ်ဦးမယ်။”
မန်နေဂျာ: “......”