အခန်း (၁၈၁) - ငါ့ရဲ ဟယ်ဟွမ်ဂိုဏ်းမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်
ညဉ့်ဦးယံ။
ထိုက်ဟောင်မြို့တော်၏ မြေအောက်ဘဏ်တစ်ခု။
ဆွဲဆောင်မှုအပြည့်ရှိသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အရွယ်တင်နုပျိုနေသော အမျိုးသမီးတစ်ဦးသည် လက်ကိုင်ယပ်တောင်လေးကို ခတ်နေသည်။
သူမ၏ပါးပြင်ပေါ်တွင် သာယာမှု၏ အကြွင်းအကျန် အနီရောင်သန်းနေဆဲဖြစ်ပြီး ပွယောင်းနေသော သိုလှောင်အိတ်တစ်လုံးကို ပိန်ချောင်နေသော ကျင့်ကြံသူနှစ်ဦးထံ ပစ်ပေးလိုက်သည်။
“ရော့... ရေကြည့်လိုက်ဦး။ ပမာဏ မှန်ရဲ့လား”
ကျန့်ယန်က အိတ်ကို ဖမ်းယူလိုက်ပြီး သူ၏ နတ်အာရုံဖြင့် အထပ်ထပ်အခါခါ စစ်ဆေးပြီးနောက် လုံဟွမ်ထံ ကမ်းပေးလိုက်သည်။
အခြားတစ်ယောက်ကလည်း အတည်ပြုပြီးမှသာ သူက ခေါင်းညိတ်ပြသည် - “မှန်ပါတယ်၊ ဝိညာဉ်ကျောက်တုံး နှစ်သိန်းခြောက်သောင်း တိတိပါပဲ”
ထိုအမျိုးသမီးက တဟားဟား ရယ်မောလိုက်ပြီး - “ငါ မဒမ်ရှောင်တို့က စီးပွားရေးလုပ်ရင် ကတိတည်ပြီးသား။ မင်းတို့ကို ဒီလောက် ချေးမယ်လို့ ပြောပြီးသားပဲ ဝိညာဉ်ကျောက်တုံး တစ်ဝက်တောင် မလျော့စေရဘူး”
“ကျေးဇူးအများကြီးတင်ပါတယ် မဒမ်ရှောင်”
“ဘာတွေ ကျေးဇူးတင်နေတာလဲ” သူမက မျက်စပစ်ပြရင်း - “နောက်တစ်ခါ ပိုက်ဆံလိုရင် အစ်မကြီးဆီကိုပဲ လာခဲ့နော်။ တို့ဆီမှာ တခြားအရာတွေ မရှိပေမဲ့ ဝိညာဉ်ကျောက်တုံးဆိုရင်တော့ ပေါနေတာပဲ”
“အဟမ်း... အဟမ်း... ရပါပြီ ကျေးဇူးတင်ပါတယ်”
“ကျွန်တော်တို့ သွားခွင့်ပြုပါဦး... သွားစို့ သွားစို့”
ပြီးခဲ့သည့်ညက အဖြစ်အပျက်ကို ပြန်တွေးမိသည်နှင့် ထိုနှစ်ဦးမှာ မျက်နှာများ ပို၍ပင် ဖြူလျော့သွားကြသည်။
သူတို့၏ စွမ်းအင်များမှာ အကုန်အစင် စုပ်ယူခံလိုက်ရသဖြင့် တစ်ချိန်က သန်စွမ်းသော ဆံပင်နက်များမှာ ကျဲပါးပြီး ဖြူဖျော့ကုန်ကာ၊ အသားအရေများ တွန့်လိပ်လျက် မျက်တွင်းများ ချိုင့်ဝင်နေတော့သည် တစ်ညတည်းနှင့် အသက်တစ်ရာလောက် အိုမင်းသွားသကဲ့သို့ပင်။
မဒမ်ရှောင်၏စကားကြောင့် သူတို့ တုန်လှုပ်သွားကြပြီး ခေါင်းများကို အသည်းအသန် ခါယမ်းကာ အသက်လု၍ ထွက်ပြေးသွားကြတော့သည်။
“တောက်... ယောက်ျားတွေ တကယ်ကို နှလုံးသားမရှိတဲ့ သတ္တဝါတွေပဲ။ မနေ့ညကတော့ ငါ့ရဲ့အလှကို ချီးကျူးနေကြပြီး အခု အဝတ်အစားလဲပြီးတာနဲ့ ထွက်ပြေးဖို့ပဲ ချောင်းနေကြတယ်” မဒမ်ရှောင်က သူတို့၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
သူမ၏နောက်မှ အတွေ့အကြုံမရှိသေးသော မိန်းကလေးငယ်တစ်ဦးက နားမလည်စွာ ထွက်လာပြီး - “အစ်မရှောင် သူတို့က အခြေခံအဆင့်ကျင့်ကြံသူတွေပဲလေ။ သူတို့ရဲ့ စွမ်းအင်ကို အကုန်စုပ်လိုက်ရင်တောင် ဒီလောက်များပြားတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ တန်ပါ့မလား ကျွန်မတို့တွေရှုံးနေတာ မဟုတ်ဘူးလား”
မဒမ်ရှောင်က ပြုံးလိုက်ပြီး - “မင်း ဘာနားလည်လို့လဲ ဒါက ရေရှည်ရင်းနှီးမြှုပ်နှံမှုပဲ။ ငါ့တို့တွေ စာချုပ်ချုပ်ထားပြီးသား သူတို့ ပိုက်ဆံပြန်မဆပ်နိုင်ရင် သတ်မှတ်ထားတဲ့ အချိန်ပိုင်းအလိုက် သူတို့ရဲ့ စွမ်းအင်တွေကို တို့ဆီ လာအပ်ရမယ်။
ငါ့တို့ဟယ်ဟွမ်ဂိုဏ်းရဲ့ ကျင့်စဉ်နဲ့ဆိုရင် ဒီလို စွမ်းအင်တွေကိုရတာနဲ့ ငါ့တို့ရဲ့ စွမ်းအားတွေ တဟုန်ထိုး တက်လာမှာပဲ။ အင်အားကြီးလာရင် ဒီလောက် ပိုက်ဆံလေး ရှာရတာ ဘာခက်လို့လဲ”
မိန်းကလေးက မျက်မှောင်ကြုတ်ဆဲပင် - “ဒါပေမဲ့ သူတို့ရဲ့ စွမ်းအင်တွေက ဒီလောက် မြန်မြန် ပြန်ပြည့်ပါ့မလား”
“စိတ်မပူနဲ့” မဒမ်ရှောင်က ရှင်းပြသည် - “ငါ့တို့ဂိုဏ်းရဲ့လူကြီးတွေက လျှို့ဝှက်ဆေးလုံး ဖော်စပ်ထားပြီးသား။
အဲဒီဆေးကို သောက်ပြီး ငါ့တို့သင်ပေးထားတဲ့ ကျင့်စဉ်လေးကို ကျင့်လိုက်ရင် ရက်ပိုင်းအတွင်းမှာပဲ သူတို့ရဲ့ အသက်စွမ်းအင်တွေကို လောင်မြိုက်ပြီး စွမ်းအင်အသစ်တွေ ထပ်ထွက်လာမှာပဲ”
မိန်းကလေးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည် - “ငါ့တို့တွေက တကယ့်ကို ဒီလို စီးပွားရေးလုပ်နေတာလား ကျွန်မက ပြည့်တန်ဆာရုံကပဲ ပိုက်ဆံရတယ် ထင်နေတာ” သူမ ခေတ္တရပ်ကာ - “ဒါပေမဲ့ ဖြောင့်မတ်တဲ့ ဂိုဏ်းတွေက တို့တွေကို မိစ္ဆာတွေလို့ သတ်မှတ်ကြမှာ မဟုတ်ဘူးလား”
မဒမ်ရှောင်က ရယ်မောလိုက်သည် - “ဖြောင့်မတ်တာပဲဖြစ်ဖြစ်၊ မိစ္ဆာပဲဖြစ်ဖြစ် ဘာထူးလို့လဲ အဲဒီဖြောင့်မတ်ပါတယ်ဆိုတဲ့ ဂိုဏ်းတွေက လူကြီးတွေနဲ့ တပည့်ကျော်တွေ ဘယ်လောက်တောင် တို့ဆီမှာ တိတ်တဆိတ် လာပျော်ပါးနေကြလဲ သိလားကာမဂုဏ်ဆိုတာ လူသားတို့ရဲ့ သဘာဝပဲ အဲဒီ နတ်ဘုရားကြီးတွေကိုသာ မေးကြည့်လိုက်၊ တို့တွေကို ဒီလောကကနေ တကယ် ဖျောက်ဖျက်ပစ်ချင်ကြရဲ့လားလို့”
“နားလည်ပါပြီ” မိန်းကလေးက ခေါင်းညိတ်လိုက်သည်။
“တော်ပြီ။ မင်းက အသစ်မို့လို့ ဖြည်းဖြည်းချင်း လေ့လာသွားပေါ့။ ငါတော့ နားပြီး ခုနက ရထားတဲ့ စွမ်းအင်တွေကို သန့်စင်လိုက်ဦးမယ်” မဒမ်ရှောင်က သူမ၏တင်ပါးကို လှုပ်ခါရင်း ထွက်သွားရန် ပြင်လိုက်သည်။
ရုတ်တရက် အပြင်ဘက်မှ အော်သံတစ်ခု ကြားလိုက်ရသည် - “အစ်မရှောင်... နောက်ထပ် ဖောက်သည်တစ်ယောက် ရောက်လာပြန်ပြီ”
“ဟင်” သူမ ရပ်လိုက်ပြီး ဝမ်းသာအားရဖြင့် - “အို... တစ်ယောက်ပြီးတာနဲ့ နောက်တစ်ယောက်ပဲ။ ကောင်းပြီလေ”
သန်မာထွားကျိုင်းသော ခန္ဓာကိုယ်လေ့ကျင့်သူတစ်ဦးသည် စိုးရိမ်တကြီးဖြင့် ဝင်လာသည် - “ကျွန်တော်... ကျွန်တော် ပိုက်ဆံချေးချင်လို့”
သူ၏ သန်မာလှသော ခန္ဓာကိုယ်မှာ ရွှေအမြုတေအဆင့်နှင့်ပင် ယှဉ်နိုင်သည်ကို မြင်လိုက်ရသောအခါ မဒမ်ရှောင်၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားသည် “အေးအေးဆေးဆေးပါ မောင်လေးရဲ့။ ဘယ်လောက်လဲ”
ထိုလူကြီးက - “ဝိညာဉ်ကျောက်တုံး အနိမ့်စား နှစ်သိန်းခြောက်သောင်း” ဟု ဟိန်းဟောက်လိုက်သည်။
သူမ ခဏတော့ ကြောင်သွားသည်။ ဂဏန်းက တူလှချည်လား။ သို့သော် သူမသည် ချက်ချင်းပင် မျက်စပစ်ပြကာ - “ဝိညာဉ်ကျောက်တုံးတွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဒီလောက် ပမာဏကိုတော့... အထဲမှာ သေသေချာချာ ဆွေးနွေးရအောင်လေ”
နာရီဝက်ခန့်အကြာ ထိုကျင့်ကြံသူကြီးမှာ နှုတ်ခမ်းများ ဖြူလျော့ကာ၊ ခြေလှမ်းများ မခိုင်ဘဲ သိုလှောင်အိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ယိုင်တိုင်တိုင်ဖြင့် ထွက်လာခဲ့သည်။
တံခါးဝတွင် မှီကာ ကျေနပ်အားရနေသော မဒမ်ရှောင်က - “ဒီနေ့တော့ တကယ် အမြတ်ထွက်တာပဲ နေ့တိုင်းသာ ဒီလိုဆိုရင် ငါ နောက်ခြောက်လအတွင်း အဆင့်တက်တော့မှာပဲ”
သူမ စကားမဆုံးသေးမီမှာပင် နောက်ထပ် အော်သံ ကြားရပြန်သည် - “အစ်မရှောင်... ဖောက်သည်တွေ ထပ်ရောက်လာပြန်ပြီ”
သူမ လှမ်းကြည့်လိုက်ရာ လူအုပ်စုလိုက် လာနေသည်ကို မြင်ပြီး အံ့သြသွားသည် - “ဒီနေ့က ဘာနေ့မို့လို့လဲ”
နောက်ထပ် မိန်းကလေးတစ်ဦးက - “ဘာနေ့မှ မဟုတ်ပါဘူး အစ်မ”
“ထူးဆန်းလိုက်တာ ငါ တကယ်ပဲ ကံပွင့်နေတာလား” သူမသည် မျက်လုံးများ လင်းလက်လျက် ရှေ့သို့ တိုးသွားကာ - “အို... သခင်လေး သုံးယောက်ပါလား”
နောက်ထပ် နာရီဝက် မဒမ်ရှောင် စတင် ပင်ပန်းလာပြီဖြစ်သည်။
သို့သော် သူမ အသက်ရှူပင် မဝသေးမီ နောက်ထပ် အုပ်စုတစ်စု ရောက်လာပြန်သည်။ သူမသည် ချွေးများကို သုတ်ကာ မျက်နှာကို ပြုံးစစဖြင့် ပြန်လည် ကြိုဆိုလိုက်ရသည်။
အရိပ်ထဲမှ အခြားသော အမျိုးသမီးများက မနာလိုစွာ ကြည့်နေကြသည် - “အစ်မရှောင်ကတော့ ကံကောင်းလိုက်တာ။ သူမ တာဝန်ကျတဲ့နေ့မှ လူတွေ အုပ်စုလိုက် လာကြတယ်၊ တို့တွေဆို တစ်နေ့မှ နှစ်ယောက် သုံးယောက်ပဲ တွေ့ရတာ”
ဘဏ်သည် မည်သူ့ကိုမဆို ပိုက်ဆံမချေးပေ။
အဆင့်နိမ့်ကျင့်ကြံသူဆိုလျှင် (အလွန်ချောမောလှပခြင်း မရှိပါက) လှည့်ပင်မကြည့်ပေ။ သို့သော် ယနေ့ လာသမျှလူတိုင်းမှာ ဝိညာဉ်ကျောက်တုံး သိန်းနှင့်ချီ၍ ချေးကြပြီး အားလုံးမှာအခြေခံအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့်ပညာရှင်များ ဖြစ်ကြသည်။
ထိုသို့သော စွမ်းအင်များကို စုပ်ယူရခြင်းမှာ နှစ်ပေါင်းများစွာ ကျင့်ကြံရခြင်းနှင့် ညီမျှပေသည်။
မဒမ်ရှောင်သည် သူမ၏ အစွမ်းအစအားလုံးကို အသုံးပြု၍ ဖောက်သည်များကို စံချိန်တင် အချိန်တိုအတွင်း ပြန်လွှတ်ပေးနေရသည်။
သူမသည် ဆိုဖာပေါ်တွင် မှီကာ ခဏနားရန် ပြင်လိုက်စဉ်မှာပင် “အစ်မ... နောက်ထပ် ဧည့်သည် ရောက်လာပြန်ပြီ၊ တွေ့ဦးမလား”
မဒမ်ရှောင်: “...”
ဒီလောက်တောင်လား ငါ့ကို အသေသတ်မလို့လား။
အရသာရှိလှသော အစားအစာပင်ဖြစ်စေ အတိုင်းအထက်အလွန် စားလျှင်မခံနိုင်ပေ။
သူမသည် အခြားသူများကို အကူအညီတောင်းရန် စဉ်းစားလိုက်သော်လည်း ချက်ချင်းပင် လက်လျှော့လိုက်သည်။
ဤကဲ့သို့သော နေ့မျိုးမှာ တစ်နှစ်မှ တစ်ခါသာ ကြုံရသဖြင့် အခြားမြေခွေးမတွေကို အခွင့်အရေး မပေးနိုင်ပေ။
“အထဲကို လွှတ်လိုက်တော့”
“အားလုံးကိုလား”
“အားလုံး”
“ဟုတ်ကဲ့ဒီတစ်ခါတော့ သခင်လေး ခြောက်ယောက်တောင်”
သူမ၏မျက်နှာ တောင့်ခဲသွားသော်လည်း ကျွမ်းကျင်သူပီပီ မျက်နှာကို ပြန်လည် ပြုပြင်လိုက်ကာ ပြုံးပြုံးလေး စောင့်ကြိုနေတော့သည်။