အခန်း (၁၆၃) ဒါဆိုရင်ထီလက်မှတ်တစ်ခုလောက် လုပ်လိုက်ကြရအောင်
ထိုအချက်ကို တွေးမိသည်နှင့် အစည်းအဝေးခန်းမရှိ လူတိုင်းမှာ စိတ်ထဲတွင် ချမ်းစိမ့်သွားကြတော့သည်။
ကြောက်စရာကောင်းလိုက်တာ။
တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။
ဝမ်မုရဲ့ အကြံအစည်တွေက တကယ်ကို ကြီးမားလွန်းတယ်။
“ဒီကောင်လေးက တကယ့်ကို ကောက်ကျစ်တာပဲ ငါတို့ သူ့ထောင်ချောက်ထဲကို ကျလုနီးပါး ဖြစ်သွားတယ်”
“အကယ်၍ သူသာ အောင်မြင်သွားရင် ငါတို့ ကုန်သည်ကြီးသုံးဖွဲ့ဟာ လုံးဝ ပျက်စီးသွားနိုင်တယ်”
“ကံကောင်းလို့ ထိုက်ရှူးထုံလိုစီနီယာကြီးမှာ မီးရှူးတိုင်လို ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်မျက်စိရှိလို့ ဝမ်မိသားစုသခင်လေးရဲ့ ပူးပေါင်းကြံစည်မှုကို ရိပ်မိလိုက်တာ မဟုတ်ရင်တော့ အကျိုးဆက်က တွေးရဲစရာတောင် မရှိဘူး”
လူတိုင်းမှာ ချွေးစေးများ ထွက်လာပြီး မျက်နှာများမှာ ဖြူလျော့သွားကြသည်။
“ငါတို့ တစ်ခုခု အမြန်လုပ်မှဖြစ်မယ် သူ့ကိုပဲ ဈေးကွက်ကို တစ်ယောက်တည်း စိုးမိုးခွင့် မပေးနိုင်ဘူး”
“စဉ်းစားနေဖို့ အချိန်မရှိတော့ဘူး” ထိုက်ရှူးထုံက မှိုင်းညို့နေသော အကြည့်ဖြင့် ပြောလိုက်သည် “ငါတို့ စဉ်းစားနေတုန်းမှာ အခွင့်အရေးက လွတ်သွားလိမ့်မယ်။ လန်ဟွမ်ကျောက်စိမ်းဆောင်ရဲ့ ပုံစံအတိုင်း တိုက်ရိုက်သာ ကူးချလိုက်တော့ ငါတို့ဘဏ်ကနေ ဝိညာဉ်ကျောက်တုံးတွေ မထုတ်ရသေးတဲ့သူတွေကို ပြောလိုက် ငါတို့ဘဏ်ကလည်း သူတို့နဲ့ တူညီတဲ့ အကျိုးခံစားခွင့်တွေပေးမယ် ဒါကြောင့် ပိုက်ဆံတွေကို လာမထုတ်ကြဖို့ တားလိုက်ကြ”
“ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ ကျွန်တော်တို့ ဆုံးဖြတ်လို့မရဘူး။ အထက်ကို တင်ပြပြီး အမိန့်တောင်းရမယ်”
လူတိုင်း၏ မျက်နှာထားများမှာ ရှုပ်ထွေးနေပြီး ချက်ချင်း သဘောမတူဝံ့ကြပေ။
အကယ်၍လန်ဟွမ်ကျောက်စိမ်းဆောင်၏ နည်းလမ်းအတိုင်း လိုက်လုပ်ပါက ကုန်သည်အသင်းအနေဖြင့် နှစ်စဉ် အတိုးနှုန်းအတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ပေးဆောင်ရမည်ဖြစ်သည်။ သူတို့တွင် ထိုကဲ့သို့ ဆုံးဖြတ်ပိုင်ခွင့် အာဏာမရှိပေ။
အဆိုးဆုံးမှာ ထိုသို့လိုက်လုပ်သည့်တိုင် အမြတ်ရချင်မှ ရမည်ဖြစ်သည်။ လန်ယာကုန်သည်အသင်းနှင့် မတူသည်မှာ သူတို့သည် ဤနယ်မြေတွင် အမြစ်တွယ်နေသည်မှာ ကြာပြီဖြစ်၍ အမြတ်ထုတ်နိုင်သည့် နေရာများမှာ အကန့်အသတ် ရှိနေပြီဖြစ်သည်။
ထိုက်ရှူးထုံက ဘာမှမပြောဘဲ မျက်လုံးမှိတ်ကာ ထိုင်ခုံတွင် မှီနေလိုက်သည်။
ထျန်းကျွယ်ကျွန်း၊ လန်ယာဖောင်ဒေးရှင်း ရုံးချုပ်။
ဝမ်မုသည် ဝိညာဉ်စမ်းရေတွင်းတစ်ခုတွင် တစ်ယောက်တည်း ရေချိုးနေသည်။
သူ၏ လည်ပင်းတွင်ဆွဲထားသောရွှမ်းခုန်းကရတနာမှာ ရဲရဲနီသော အလင်းတန်းများ ထွက်ပေါ်နေပြီး လေထဲတွင် ဝဲပျံနေသည်။
၎င်းမှ ထွက်ပေါ်လာသော ဝိညာဉ်အရှိန်အဝါများက စမ်းရေတွင်းတစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် ဝမ်မု၏ အငွေ့အသက် တစ်စုံတစ်ရာမှ အပြင်သို့ မပေါက်ကြားနိုင်ပေ။
“ရွှေရောင်အမြုတေ ကိုးကြိမ်မြောက် အသွင်ပြောင်းခြင်း အောင်မြင်ပြီ နတ်ဘုရားသန္ဓေသားအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်”
ဝမ်မု မျက်လုံးဖွင့်လိုက်ရာ သူ၏မျက်ဝန်းများထဲမှ နတ်ဘုရားဆန်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။
သူ၏ခန္ဓာကိုယ်မှာ တောက်ပနေပြီး သွေးကြောများမှာအစွမ်းထက်သော အမှတ်အသားများအဖြစ် သူ၏ အရေပြားပေါ်တွင် လင်းလက်နေသည်။
“ငါ့ရဲ့ ခန္ဓာကိုယ်ကျင့်စဉ်ကလည်း တတိယအဆင့်နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ စတုတ္ထအဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး”
သူ ရွှေရောင်အမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ တစ်လခန့်သာ ရှိသေးသော်လည်း ပါရမီရှင်များပင် နှစ်ပေါင်းများစွာ ကြိုးစားရသည့် ခရီးကို သူက အချိန်တိုအတွင်း ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏အနှိုင်းမဲ့ရင်းနှီးမြှုပ်နှံမှု ကျင့်စဉ်ကြောင့်ပင် ဖြစ်သည်။
ဝမ်မု ပြုံးလျက် ရွှမ်းခုန်းကို သိမ်းလိုက်ပြီး အဝတ်အစား လဲလိုက်သည်။အပြင်သို့ ထွက်လာသောအခါ တင်းတင်း လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
“သခင်လေး”
“ပြောပါ”
“စီနီယာလီက သတင်းပို့လိုက်ပါတယ်။ အားလုံးက စီမံကိန်းအတိုင်း အဆင်ပြေပြေ ဖြစ်နေပါတယ်တဲ့”
“ကောင်းပြီ။ နောက်ထပ် ဘဏ်ခွဲတွေ အမြန်ဖွင့်ပြီး ကုန်သည်ကြီးသုံးဖွဲ့ရဲ့မြို့တွေမှာပါ ငါတို့ဘဏ်တွေကို အချိန်တိုအတွင်း အခြေချနိုင်အောင် လုပ်ရမယ် ပြီးတော့ နတ်ဘုရားတင်မြှောက်ခြင်းပွဲတော်ကိုလည်း မရပ်လိုက်နဲ့။ စီနီယာလီကို လူတချို့ထပ်မံ လေ့ကျင့်ပေးခိုင်းလိုက် သူကိုယ်တိုင် နေရာတိုင်း လိုက်သွားနေစရာ မလိုအောင်လို့” ဝမ်မုက တစ်ဆက်တည်း မှာကြားလိုက်သည်။
တင်းတင်းက ခေါင်းညိတ်ရင်း “သခင်လေး နောက်သတင်းတစ်ခုကတော့ ကုန်သည်ကြီးသုံးဖွဲ့ဟာ အခြေအနေကို ရိပ်မိသွားပြီး ငါတို့ဘဏ်ရဲ့ ပုံစံအတိုင်း လိုက်လုပ်နေကြတယ်တဲ့”
ဝမ်ရှုက ထိုင်ခုံတွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်ပြီး - “သူတို့ နည်းနည်းတော့ ပါးနပ်သားပဲ ဒါပေမဲ့ အသုံးမဝင်ပါဘူး စိတ်မပူနဲ့ဘဏ်ကို အရင်ချဲ့ထွင်လိုက် ပြီးရင် ငါတို့ဆီမှာ ပိုက်ဆံအပ်ထားတဲ့ အသေးစား ကုန်သည်အသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေချုပ်။အွန်းလိုင်ငွေပေးချေမှု သာ စတင်နိုင်ရင် သူတို့ ဘယ်လိုပဲ ရုန်းရုန်း နောက်ကျသွားပြီ”
တင်းတင်းက သူမ၏မှတ်စုစာအုပ်လေးကို ကြည့်ကာ - “နောက်ဆုံးတစ်ခုကတော့ မူရွှမ်းက အခုရှိနေတဲ့ဘဏ်လုပ်ငန်းကနေ အမြတ်ရနိုင်မယ့် နည်းလမ်းရှိမလားလို့ မေးလာပါတယ်”
ဝမ်ရှုက မျက်ခုံးပင့်ကာ ပြုံးလိုက်သည် - “အဲဒီ ကောင်မလေးက မနေနိုင်ဘူး ထင်တယ်”
တင်းတင်းက - “သခင်လေးက သူမကို ဒီလောက်ယုံကြည်ပေးထားတာဆိုတော့ သူမလည်း တစ်ခုခု ပြန်လုပ်ပေးချင်တာပေါ့”
ဝမ်မု ခဏစဉ်းစားလိုက်သည်။ ကျင့်ကြံခြင်းလောကတွင် ချေးငွေထုတ်ပေးခြင်းမှာ အန္တရာယ် များလွန်းသည်။ ထို့ကြောင့် ပိုမိုရိုးရှင်းသော နည်းလမ်းကို သူ စဉ်းစားမိသွားသည်။
“ဒါဆိုရင်... ထီတစ်ခုလောက် လုပ်လိုက်ကြရအောင်”
“ရှင်”