အခန်း (၁၅၈) - စကားသက်သက်ပဲလား
ထိုစကားကို ကြားသောအခါ စီနီယာလီက မျက်မှောင်ကြုတ်လိုက်ပြီး မေးစေ့ကို ပွတ်သပ်ကာ - “ခေါင်းမော့စမ်း” ဟု အမိန့်ပေးလိုက်သည်။
မူရွှမ်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသော်လည်း မငြင်းဆန်ဝံ့ပေ။ သူမသည် မေးစေ့ကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး စီနီယာလီကို တိုက်ရိုက်ကြည့်လိုက်သည်။
စီနီယာလီက မိန်းကလေးငယ်ကို အကဲခတ်ရင်း တစ်ဦးတည်း ရေရွတ်လိုက်သည်။
“ရုပ်ရည်ကတော့မဆိုးပါဘူး နည်းနည်းတော့ ပိန်တာပေါ့။ ကောင်းကောင်း ပြုစုပျိုးထောင်ပေးရင်တော့ သခင်လေးနောက်ကို လိုက်ဖို့ အရည်အချင်း အနည်းငယ်တော့ ရှိနိုင်တယ်”
“စီနီယာ ဘာပြောလိုက်တာလဲဟင်” မူရွှမ်းမှာ သေသေချာချာ မကြားလိုက်သဖြင့် မေးလိုက်သည်။
စီနီယာလီက ခေါင်းညိတ်လိုက်ပြီး - “သေသေသေချာချာ ဒူးထောက်ထားစမ်း မင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်”
“ရှင်” မူရွှမ်းမှာ ဘာကိုဆိုလိုမှန်း မသိသော်လည်း စီနီယာလီ၏လေးနက်သော မျက်နှာထားကြောင့် ဖြစ်ပေါ်လာသည့် ဖိအားကြောင့် ကျောပြင်ကို ဆန့်ထုတ်ကာ သေသေချာချာ ဒူးထောက်လိုက်ရသည်။
ထို့နောက် စီနီယာလီကိုယ်တိုင် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ဆက်သွယ်ရေးအအဆောင်တစ်ခုကို ဂရုတစိုက် ထုတ်ယူကာ ဆက်သွယ်လိုက်သည်ကို မြင်ရသောအခါ သူမ အလွန်အံ့သြသွားတော့သည်။
“ဝူး...”
နဂါးပြာတစ်ကောင်သည် လေထုကို ခွဲထွက်ကာ ရှေးဟောင်းသားရဲကြီးတစ်ကောင် လောကထဲသို့ ဆင်းသက်လာသကဲ့သို့ ပေါ်ထွက်လာသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် မူရွှမ်းမှာ မျက်လုံးများပြူးသွားရတော့သည်။
သူမသည် ထျန်းဝမ်၏ နဂါးပြာအမျိုးအစား ဆက်သွယ်ရေးအဆောင်များကို မြင်ဖူးသော်လည်း ဤမျှအထိ ထူးခြားဆန်းပြားသော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အဆောင်မှာ ရွှေခရမ်းရောင် အလင်းများ ထွက်ပေါ်နေပြီး နက်မှောင်သော စာလုံးများက ဘေးပတ်လည်တွင် ဝဲပျံနေကာ အလွန်ပင် မြင့်မြတ်လှသည်။
ဒါကတစ်လောကလုံးမှာ အနည်းငယ်ပဲ ရှိတဲ့ အကန့်အသတ်ထုတ်ကုန်အဆောင်ပဲ ဖြစ်ရမယ်။
မကြာမီမှာပင် သူမကို ပို၍ပင် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည့် မြင်ကွင်းတစ်ခုပေါ်လာပြန်သည်။
ထိုမြင့်မြတ်လှသော နဂါးပြာကြီးသည် ကောင်းကင်ယံတွင် ခဏတာ ဝဲပျံပြီးနောက် သူ၏မာနကြီးသော ဦးခေါင်းကို နှိမ့်ချကာ အညံ့ခံသည့် အမူအရာကို ပြုလုပ်လိုက်သည်။
နဂါးပြာ၏ ဦးခေါင်းအထက်တွင် ကြယ်တာရာပေါင်း ကုဋေကုဋာတို့ စုဝေးနေသည့် စကြဝဠာမြေပုံကြီး ပေါ်လာသည်။
ထိုကြယ်စင်ပင်လယ်ကြီး၏ အလယ်တွင် ထိုင်ခုံတစ်ခုပေါ်၌ ပျင်းရိစွာ ထိုင်နေသော လူငယ်တစ်ဦး၏ပုံရိပ်ကို ဝေဝါးစွာ မြင်လိုက်ရသည်။သူသည် ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးနေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ဒါက တစ်လောကလုံးမှာ တစ်ခုတည်းသော စိတ်ကြိုက်ထုတ်လုပ်ထားတဲ့ ဆက်သွယ်ရေးအဆောင် - ဝူလျန်ပဲ မူရွှမ်းမှာ မှင်တက်သွားတော့သည်။
သူမ သိလိုက်သည်မှာ ဤလူငယ်၏ပုံရိပ်သည် သူမ၏ တစ်သက်တာတွင် မည်သည့်အခါမှ မမီနိုင်သော တည်ရှိမှုမျိုး ဖြစ်သည်ဟူ၍ပင်။
“အစေခံအိုကြီးက သခင်လေးကို ဂါရဝပြုပါတယ်” စီနီယာလီက မြေပြင်ပေါ်သို့ ဝပ်စင်ကာ အရိုအသေပြုလိုက်သည်။ မူရွှမ်းသည်လည်း ခေါင်းမဖော်ရဲဘဲ အမြန်လိုက်လုပ်ရတော့သည်။
“ဘာကိစ္စလဲ” ဝမ်မုက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ကျွန်တော်မျိုး သခင်လေးရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမယ့်သူတစ်ယောက်ကို တွေ့ထားလို့ပါ” စီနီယာလီက ပြောရင်း မူရွှမ်းကို အမိန့်ပေးသည် - “ခေါင်းမော့ပြီး သခင်လေးကို ကြည့်စမ်း”
သခင်လေး လန်ယာကုန်သည်အသင်းရဲ့ သခင်လေးလားဝမ်မိသားစုရဲ့ သခင်လေးလား။
မူရွှမ်းမှာ အသက်ရှူပင် မှားသွားပြီး ခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ ကြယ်တာရာကောင်းကင်ယံမှ မျက်လုံးများနှင့် ဆုံကြည့်လိုက်သည်။
“ကျင့်ကြံသူမူရွှမ်းက သခင်လေးကို ဂါရဝပြုပါတယ်”
ဝမ်မုက မူရွှမ်းကို တစ်ချက် အကဲခတ်ပြီးနောက် စီနီယာလီကိုကြည့်လိုက်ရာ စီနီယာလီက မူရွှမ်း၏နောက်ကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ဝမ်မုက မူရွှမ်းကို ကြည့်ကာ - “ငါတို့နဲ့ ပူးပေါင်းရင် နောက်ပိုင်းမှာ ကုန်သည်ကြီးသုံးဖွဲ့နဲ့ ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မယ်ဆိုတာ မင်းသိလား သူတို့က မင်းရဲ့ဘိုးဘွားတွေကို အလုပ်ကျွေးပြုခဲ့တဲ့ အရှင်သခင်တွေပဲ။ မင်းမှာ အဲဒီလောက်အထိ သတ္တိရှိရဲ့လား”
မူရွှမ်းက သွားကို တင်းတင်းကြိတ်ကာ - “ရှိပါတယ် ကျွန်မရဲ့ဘိုးဘွားတွေက မိုးတိမ်ပင်လယ်ကုန်သည်အသင်းအတွက် အလုပ်လုပ်ပေးခဲ့လို့ မူမိသားစုရဲ့ဂုဏ်ဒြပ်တွေ ပေါ်ပေါက်ခဲ့တာပါ။
အခု ကျွန်မက လန်ယာကုန်သည်အသင်းအတွက် အလုပ်လုပ်ပေးရင် မူမိသားစုရဲ့ နောက်ထပ် ကြီးကျယ်ခမ်းနားတဲ့ ခေတ်သစ်တစ်ခုကို ဘာလို့မတည်ထောင်နိုင်ရမှာလဲ”
ဝမ်မု၏မျက်လုံးများတွင် ကျေနပ်သည့် အရိပ်အယောင် ပေါ်လာသည် - “မဆိုးဘူး၊ တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ စီနီယာလီရဲ့ လူရွေးစွမ်းရည်က အရင်အတိုင်း တိကျတုန်းပဲ”
ဝမ်ရှုက မူရွှမ်းကို ဆက်လက်၍ - “မင်းအခု ပြောခဲ့တဲ့စကားတွေကို မှတ်ထားပါ။ မင်းလိုချင်တဲ့ ကြီးကျယ်ခမ်းနားတဲ့ခေတ်ကို ဒီသခင်လေးက မင်းကိုပေးသနားမယ်”
မူရွှမ်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဦးတိုက်လိုက်သည် - “သခင်လေးကို ကျေးဇူးအထူးတင်ပါတယ်”
ဆက်သွယ်မှု ပြီးဆုံးသွားပြီးနောက် စီနီယာလီက မူရွှမ်းကို ထခိုင်းလိုက်သည်။
“ဒီနေ့ကစပြီး မင်းနဲ့ ငါက တစ်ဖက်တည်းသားတွေပဲ”
မူရွှမ်းက ကျေးဇူးတင်စွာဖြင့် - “ကျွန်မရဲ့ ဘိုးဘွားပိုင် အမွေအနှစ်ကို ပြန်လည် ထူထောင်နိုင်ပြီး ကလဲ့စားချေနိုင်မယ်ဆိုရင် စီနီယာကြီးအတွက် အသက်ပေးဖို့ အသင့်ပါပဲ”
စီနီယာလီက ခေါင်းခါလိုက်ပြီး - “မင်းပြောတာ နှစ်ချက်မှားနေတယ်။ ပထမအချက်က ဘိုးဘွားပိုင်အမွေအနှစ်ကို ပြန်ထူထောင်စရာ မလိုဘူး။
သခင်လေးအတွက် အလုပ်လုပ်ပေးရတာက ငါတို့ ဘိုးဘွားတွေထက် အဆပေါင်းများစွာ သာလွန်သွားပြီ။ ဒုတိယအချက်က မင်းက ငါ့အတွက် အသက်ပေးစရာ မလိုဘူး သခင်လေးအတွက်ပဲ ပေးရမှာ”
စီနီယာလီက လေးနက်သော မျက်နှာဖြင့် ဆက်ပြောသည် - “မင်းက သခင်လေးရဲ့ လူဆိုတာ အမြဲမှတ်ထားပါ။ ဒီလောကမှာ သခင်လေးကလွဲရင် ဘယ်သူ့ကိုမှ ဦးညွှတ်နေစရာ မလိုဘူး နားလည်လား”
မူရွှမ်းက ခဏတာ မှင်တက်သွားပြီးမှ - “ဟုတ်ကဲ့ နားလည်ပါပြီ”
“အကယ်၍ တစ်နေ့မှာ မင်းက သခင်လေးအပေါ် သစ္စာဖောက်ခဲ့ရင်တော့ ငါကိုယ်တိုင် မင်းရဲ့ ဝိညာဉ်ကို အမှုန့်ဖြစ်အောင် ချေဖျက်ပစ်မယ်” လီယွမ်ဟွာ၏ အသံမှာ အလွန်ပင် အေးစက်လှသည်။
“မူရွှမ်း မဝံ့ရဲပါဘူး”
“စကားသက်သက်ပဲလား” စီနီယာလီက သူမကို ကြည့်လိုက်သည် - “‘နှလုံးသားမိစ္ဆာ သွေးကတိသစ္စာက ဘယ်မှာလဲ”
“အခုပဲကျိန်ဆိုပါ့မယ်၊ အခုပဲ ကျိန်ဆိုပါ့မယ်”
မူရွှမ်းသည် စီနီယာလီ၏ရှေ့မှောက်တွင် ကတိသစ္စာပေါင်း တစ်ဒါဇင်ကျော်ကို တစ်ခုပြီးတစ်ခု ဆိုလိုက်ရသည်။ အရာအားလုံး စိတ်ချရပြီဆိုမှ စီနီယာလီက ဖိအားများကို ရုပ်သိမ်းလိုက်သည်။
“ကဲအခု အရေးကြီးတဲ့ ကိစ္စကို စကြရအောင်”
“စီနီယာ အမိန့်ပေးပါ”
“ပထမဆုံးအနေနဲ့မင်းတို့ရဲ့ လုံထိန်ဘဏ် နာမည်ကို အရင်ဆုံးပြောင်းရမယ်”