အခန်း (၁၄၅) - စီမံခန့်ခွဲခ ကောက်ခံတာက ကျိုးကြောင်းဆီလျော်ပါတယ်
ထိုအခိုက်အတန့်တွင်။
ဝမ်မု၏ စိတ်ထဲတွင် ကျယ်ပြောလှသော မြင်ကွင်းတစ်ခုမြင်လိုက်ရသည်။ စိတ်အာရုံကို အနည်းငယ်အာရုံစိုက်လိုက်ရုံဖြင့် မြင့်မားလှသောမျှော်စင်နက်၏ အသေးစိတ် အချက်အလက်အားလုံးကို သူ သိမြင်နိုင်စွမ်း ရှိလာသည်။ သူသည် ဤနေရာ၏ တကယ့် အရှင်သခင်တစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
သူ စိတ်အာရုံကို ပြောင်းလဲလိုက်သည်နှင့် မျက်စိရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားသည်။
လန်ယာဖိုရမ်၏ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ မည်သည့် စာကိုမဆို ကြည့်လိုက်သည်နှင့် ၎င်းကို တင်ခဲ့သည့် အချိန်၊ တင်သူ မည်သူမည်ဝါဖြစ်ကြောင်း၊ သူတို့၏ ကြည့်ရှုမှု ရာဇဝင်နှင့် သီးသန့်စကားဝိုင်းထဲတွင် သူတစ်ပါးနှင့် ပြောဆိုထားသည့် စကားလုံးတိုင်းကိုပါ ချက်ချင်း မြင်နိုင်စွမ်း ရှိသွားသည်။
၎င်းမှာ ဤဧရာမဝင်္ကပာါအစီအရင်၏ ဝိညာဉ်ပင် ဖြစ်သည်။
သူ့အမည်က ချန်ကျီဖြစ်သည်။
သူသည် လန်ယာမော့လ်ဂဏ္ဍများ၏ ဗဟိုချက်လည်း ဖြစ်သည်။ နေ့စဉ် ဖိုရမ်ပေါ်သို့ ရောက်ရှိလာသော ပိုစ့်ပေါင်းသန်းချီနှင့် မှတ်ချက်ပေါင်း ကုဋေကုဋာတို့ကို ဤဝင်္ကပါဝိညာဉ်ကပင် အကုန်လုံးကို အမျိုးအစားခွဲခြားခြင်းနှင့် ထိန်းညှိခြင်းတို့ကို လုပ်ဆောင်ပေးသည်။
၎င်းက လူအင်အား အမြောက်အမြားကို သက်သာစေခဲ့သည်။
ဝမ်မုသည် ဤဝိညာဉ်အပေါ်တွင် အမြင့်ဆုံး ထိန်းချုပ်ပိုင်ခွင့်ရှိပြီး လန်ယာ၏အကြီးအကဲများဖြစ်သော စူးဟုန်ယွမ်နှင့် ရှယောင်ယောင် တို့ကတော့ ဒုတိယ စီမံခန့်ခွဲခွင့် ရှိကြသည်။
“ကောင်းတယ်... ငါ မျှော်လင့်ထားတာထက်တောင် ပိုသာသေးတယ်” ဝမ်မုက လက်ဝှေ့ယမ်းလိုက်ရာ မြင်ကွင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ဒီဝင်္ကပါဝိညာဉ်ရှိနေတော့ ဖိုရမ်ရဲ့ လုပ်ဆောင်ချက်အသစ်တွေကို ဖော်ဆောင်ရတာ ပိုလွယ်ကူသွားပြီ” ဟု စူးဟုန်ယွမ်က ဆိုသည်။
ထို့နောက် သူတို့သည် အပေါ်ဆုံးထပ်မှ ဆင်းလာခဲ့ကြပြီး အခြားအခန်းတစ်ခုသို့ သွားကြသည်။ ထိုအခန်းထဲရှိ စားပွဲပေါ်တွင် လန်ယာဟု အမည်ထိုးထားသော လက်ဖဝါးခန့် သတ္တုကတ်ပြားတစ်ခု ရှိနေသည်။
ဝမ်မု၏မျက်လုံးများ တောက်ပသွားသည်။
“ဒါက မင်းတို့လုပ်နေတဲ့ ငွေကြေးတံဆိပ်ခတ်နှိပ်မှုလား"
စူးဟုန်ယွမ်က ခေါင်းညိတ်ပြလျက် “ဟုတ်ပါတယ် သခင်လေး အမိန့်အတိုင်းပါပဲ။ ဆက်သွယ်ရေးအဆောင်ရဲ့မှတ်တမ်းတင်တဲ့ လုပ်ဆောင်ချက်ကိုဖွင့်ပြီး ဒီတံဆိပ်ကို အဆောင်ပေါ်တင်လိုက်တာနဲ့ သီးသန့် ငွေပေးချေမှု လမ်းကြောင်း ပွင့်သွားပါလိမ့်မယ်။ ဒါပေမဲ့ အခုထိတော့ လူထုကြားကို မထုတ်နိုင်သေးဘူး”
“ဘာလို့လဲ”
ရှယောင်ယောင်က ရှင်းပြသည် - “ကုန်ကျစရိတ်က အရမ်းများလို့ပါ။ ဒီလို ငွေပေးချေမှုအဆင်ပြေဖို့ဆိုရင် ဆက်သွယ်ရေးအဆောင် တွေက တစ်ပြိုင်တည်း ဖြစ်နေရမယ် ။
တစ်ဖက်ကငွေပေးချေလိုက်တာနဲ့ ချက်ချင်းသိပြီး လက်ကျန်ငွေကို ပြင်ပေးရမယ်။ ဒါကို လူနဲ့ လုပ်ဖို့က မဖြစ်နိုင်ဘူး။
ဝမ်မုက မေးစေ့ကို ပွတ်သပ်ရင်း ပြုံးလိုက်သည် - “ခင်ဗျားတို့က လမ်းပိတ်နေပြီပဲ”
ဝမ်မုက စက္ကူနှင့် စုတ်တံကို ယူကာ ပုံဆွဲ၍ ရှင်းပြသည် - “ငါတို့ တည်ဆောက်ဖို့က နေရာအနှံ့မှာ ရှိတဲ့ လန်ယာရုံးခွဲတွေနဲ့ ထျန်းဝမ်အရောင်းဆိုင်တွေကို အချက်အလက် စုဆောင်းတဲ့ နေရာအဖြစ် အသုံးပြုထားလိုက်တာပဲ။
အဲဒီကနေရသမျှ အချက်အလက်တွေ အကုန်လုံးက ဒီမှာရှိတဲ့ ချန်ကျီဆီကိုပဲ စုပြုံရောက်လာတာလေ။
ချန်ကျီရဲ့ စွမ်းဆောင်ရည်က အခုထက် ဆယ်ဆလောက် ပိုများတဲ့ အချက်အလက်တွေကိုတောင် အေးအေးဆေးဆေး ကိုင်တွယ်နိုင်စွမ်း ရှိသေးတယ်”
စူးဟုန်ယွမ်မှာ သဘောပေါက်သွားပြီး - “ဆိုလိုတာကအားလုံးရဲ့ အချက်အလက်တွေကို ငါတို့ရဲ့ဝိညာဉ်ကို သုံးပြီး စီမံပေးမယ်လို့ ပြောတာလား” ဟု မေးလိုက်သည်။
ရှယောင်ယောင်က စိုးရိမ်တကြီးဖြင့် - “ဘဏ်တွေက သဘောတူပါ့မလား သူတို့ရဲ့ ငွေကြေးစီးဆင်းမှု မှတ်တမ်းအားလုံးကို ငါတို့ မြင်နေရမှာလေ”
ဝမ်မုက အေးဆေးစွာပင် “အစပိုင်းမှာတော့ သူတို့ငြင်းကြမှာပဲ။ ဒါပေမဲ့ အချိန်တန်ရင်လန်ယာကနေ အွန်လိုင်းလုပ်ငန်းတစ်ခု တီထွင်လိုက်ပြီ ပူးပေါင်းချင်တဲ့ ဘဏ်တွေ လာခဲ့ကြပါလိမ့်မယ်။
ပထမဆုံးဝင်တဲ့သူတွေကို‘စီမံခန့်ခွဲခသုံးနှစ်စာ ကင်းလွတ်ခွင့်ပေးမယ်လို့ ကြေညာလိုက်”
သူတို့နှစ်ဦးလုံး အံ့သြသွားကြသည်။ “သခင်လေးက သူတို့ဆီက ပိုက်ဆံတောင် ထပ်တောင်းဦးမှာလား”
ဝမ်ရှုက ပုံမှန်အတိုင်းပင် - “တောင်းရမှာပေါ့။ စာရင်းတွေစီမံပေးရတာ အပင်ပန်းခံရတာပဲ၊ ငါတို့ဝိညာဉ်က အလကား အလုပ်လုပ်ပေးရမှာလား”
ဝိညာဉ်ချန်ကျီကပင် ထိုစကားကို ကြားပြီး ခေါင်းကို အဆက်မပြတ် ညိတ်ပြနေတော့သည်။
ရှယောင်ယောင်နှင့် စူးဟုန်ယွမ်တို့မှာ ဆွံ့အသွားကြသည်။ သူတစ်ပါးရဲ့ငွေကြေးမှတ်တမ်းအားလုံးကိုလာပြီး ချုပ်ကိုင်ရုံတင်မကဘူး၊ သူတို့ဆီကနေ ဝန်ဆောင်ခတောင် တောင်းဦးမည့် ဝမ်မု၏ စီးပွားရေးအမြင်ကို သူတို့ လိုက်မမီတော့ပေ။
ရှင်းယွမ်ကျွန်းမှ အပြန်ခရီးတွင် “လီအဘိုးကြီး ထွက်သွားပြီလား” ဟု ဝမ်မုက မေးသည်။
“လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ထွက်သွားပါပြီ။ အခု လီရှောင်းမြို့ကိုရောက်ပြီး မုန့်ရှင်းကျူးနဲ့ ပူးပေါင်းနေပါပြီ”
“အင်း... ပစ္စည်းတွေရော ”ယူသွားရဲ့လား
“ယူသွားပါပြီ သခင်လေး”
“ကောင်းပြီ... ဖိုရမ်က အဖွဲ့ကိုပြောလိုက်၊ လီအဘိုးကြီးအတွက် ကြိုတင်ပြီး နာမည်ကြီးအောင် အရှိန်မြှင့်ထားပေးလိုက်လို့”