"ကျိုးယွန်း၊ အဆင့်နိမ့်မြေဝိညာဉ်အမြစ်၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆုချီးမြှင့်သည်"
"..."
"လော့ရှောင်ယွီ၊ အဆင့်နိမ့်သစ်သားဝိညာဉ်အမြစ်၊ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆုချီးမြှင့်သည်"
လူတန်းကြီးမှာ အရှိန်အဟုန်ဖြင့် ရွေ့လျားနေသည်။ ဝိညာဉ်အမြစ်ပါရမီပါသူ ဆယ်ကျော်သက် အရေအတွက်မှာလည်း တဖြည်းဖြည်း များပြားလာ၏။ ပျမ်းမျှအားဖြင့် လူအယောက်နှစ်ဆယ်လျှင် ဝိညာဉ်အမြစ်ပါသူ တစ်ဦးနှုန်းခန့် ထွက်ပေါ်နေသည်။ သို့သော် ယခုအချိန်အထိ အားလုံးမှာ အဆင့်နိမ့်များသာ ဖြစ်ကြပြီး အဆင့်မြင့်သူ တစ်ဦးတစ်ယောက်မှ မပေါ်သေးပေ။
ဝမ်မုသည် ဤသို့ဖြစ်မည်ကို ကြိုတင်သိထားသော်လည်း လက်တွေ့အချိုးအစားမှာ သူ့ကို အံ့အားသင့်စေဆဲ ဖြစ်သည်။ အရင်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ သူ၏ဘေးပတ်လည်ရှိ လူအားလုံးမှာ အနည်းဆုံးအလယ်အလတ်အဆင့်များသာ ဖြစ်ကြသည်။
အစေခံမလေးများပင်လျှင် ချွင်းချက်မရှိပေ။ ပြင်ပလောကတွင် အလယ်အလတ်ဝိညာဉ်အမြစ်များက ဤမျှအထိ ရှားပါးလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
...
တစ်ချိန်တည်းမှာပင် ဝမ်မု၏စိတ်ထဲ၌ စနစ်မှ အကြောင်းကြားစာများ ဆက်တိုက်တက်လာနေသည်။
【ဂုဏ်ယူပါသည်၊ လျူချန်အပေါ် သင်၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁၀၀% ပြည့်သွားပါပြီ】
【ယခုမှစ၍ လျူချန်၏အနာဂတ် ကျင့်ကြံမှု အကျိုးသက်ရောက်မှု ပြန်အမ်းငွေ ၁၀၀% ကို သင် ရရှိပါတော့မည်】
【ဂုဏ်ယူပါသည်၊ ကျိုးယွန်း အပေါ်သင်၏ ရင်းနှီးမြှုပ်နှံမှုမှာ ၁၀၀% ပြည့်သွားပါပြီ】
【...】
【တိန်း~】
【သင်၏ရင်းနှီးမြှုပ်နှံခံရသူ လင်းယန်သည် ကောင်းကင်ဖြိုခွင်းရှစ်ရပ်လက်သီးကို သင်ယူပြီးမြောက်သွားပြီ ဖြစ်သဖြင့် သူ၏အစွမ်းမှာ သိသိသာသာ တိုးတက်သွားပါပြီ】
【လင်းယန်ထံမှ ကျင့်ကြံမှုအကျိုးသက်ရောက်မှု ပြန်အမ်းငွေကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်】
ရုတ်တရက် ဝမ်မု၏တစ်ကိုယ်လုံးတွင် အပူရှိန်များ စီးဆင်းသွားသည်။ သူ၏စိတ်ထဲတွင် လက်သီးကျင့်စဉ် လျှို့ဝှက်ကျမ်းစာတစ်စောင် ပေါ်လာ၏။
ကောင်းကင်ဖြိုခွင်းရှစ်ရပ်လက်သီး - ပြင်းထန်လှသော လက်သီးကျင့်စဉ်ဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်လျှင် တောင်များကို ဖြိုခွင်းကာ ကောင်းကင်ကိုပင် ဆွဲဖြဲနိုင်စွမ်းရှိသည်။ ၎င်းမှာ မပြည့်စုံသောမိတ္တူမျှသာ ဖြစ်သော်လည်း ဝမ်မုက ဝိညာဉ်စွမ်းအင်ကို လက်သီးတွင် စုစည်းလိုက်သောအခါ ပေါက်ကွဲထွက်လုမတတ် ပြင်းထန်သော အားအင်ကို ခံစားလိုက်ရသည်။ တကယ့်ကို အစွမ်းထက်တဲ့ လျှို့ဝှက်ကျင့်စဉ်ပဲ ဒါကိုလည်း တန်းရွှမ်ကပဲ သင်ပေးလိုက်တာလား။
ဝမ်မုသည် ဝမ်းသာမည့်အစား ပို၍စိုးရိမ်ပူပန်လာမိသည်။ သူရရှိထားသည်မှာ လင်းယန်၏အစွမ်း ၃၀ ရာခိုင်နှုန်းသာ ရှိသေးသည်။ အကယ်၍ လင်းယန်ကိုယ်တိုင်သာ ဤကျင့်စဉ်ကို သုံးမည်ဆိုလျှင် မည်မျှအထိ ကြောက်စရာကောင်းလိုက်မည်နည်း။ လင်းယန်သည် အပြာရောင်တိမ်တိုက်ကျွန်းမှ ထွက်သွားသည်မှာ မကြာသေးသော်လည်း အရှိန်အဟုန်ဖြင့် သန်မာလာနေသည်။
ဤကဲ့သို့သော ကံကြမ္မာသားတော်များသည် အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းရှိကြသည်။ အခြားသော ကံကြမ္မာသားတော်များကရော သူတို့လည်း လင်းယန်ထက် မနိမ့်ပါးနိုင်ပေ။
ဝမ်မုသည် ပွဲတော်ကို ကြည့်လိုက်သည်။ ယနေ့တွင် လူသုံးထောင်ကျော်သာ စစ်ဆေးရသေးပြီး ဝိညာဉ်အမြစ်ပါသူမှာ တစ်ရာပင်မပြည့်သေးပေ။
ဒီအရှိန်နဲ့ဆိုရင် အရမ်းနှေးလွန်းတယ် လူတစ်ရာလောက်က တစ်ရက်ကျင့်လို့ရတဲ့ပြန်အမ်းငွေက သူ့အတွက် ပြောပလောက်စရာ မရှိပေ။
ဝမ်မု၏မျက်လုံးများထဲတွင် ထက်မြက်သော အရောင်တစ်ခု လက်သွားသည်။ သူသည် လီယွမ်ဟွာကို လက်ယမ်းခေါ်လိုက်ပြီး တစ်ခုခုကို တိုးတိုးလေး မှာကြားလိုက်သည်။
ခဏအကြာတွင်...
ရုတ်တရက် ဟင်းလင်းပြင်ထဲမှ လီယွမ်ဟွာ ပြန်ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"သခင်လေး၏အမိန့်အရ ဝိညာဉ်အမြစ်စစ်ဆေးတွေ့ရှိသူတိုင်းကို သက်ဆိုင်ရာ အခြေခံဓာတ်ကြီးငါးပါးကျင့်စဉ် တစ်ခုစီ ပေးအပ်မယ်"
"ထို့အပြင် ဝိညာဉ်အမြစ်မနိုးထသေးသူ အားလုံးကိုလည်း ကိုယ်ခံပညာလေ့ကျင့်ခန်းတစ်ခုစီ ပေးအပ်မယ် အဲ့ကျင့်စဥ်က 【ဟွမ်ယွမ်ငြိမ်သက်ခြင်းကျင့်စဉ်】 ပဲဖြစ်ပါတယ်"
ထိုစကားအဆုံးတွင် သူ၏လက်စွပ်ထဲမှ လျှို့ဝှက်ကျမ်းစာ အမြောက်အမြားမှာ အလင်းတန်းများအဖြစ် ပျံထွက်သွားပြီး စမ်းသပ်မှု ခံယူခဲ့သည့် ကောင်လေး၊ ကောင်မလေး တစ်ဦးချင်းစီ၏ ရှေ့တွင် တိကျစွာ ရပ်တန့်သွားကြသည်။
ရွှေဓာတ်ကျင့်စဉ်: ရွှေမူလအနုပညာ
သစ်သားဓာတ်ကျင့်စဉ်: သစ်သားမူလအနုပညာ
လေဓာတ်ကျင့်စဉ်: လေဟုန်အနုပညာ
"ဝမ်မိသားစု သခင်လေးက တကယ့်ကို ရက်ရောတာပဲ"
"ဒါတွေက ထိပ်တန်းကျင့်စဉ်တွေ မဟုတ်ပေမဲ့ ဈေးကွက်ထဲက အခြေခံ အသက်ရှူကျင့်စဉ်တွေထက်တော့ အများကြီး ပိုအစွမ်းထက်တယ်"
လူအုပ်ထဲရှိ ကျင့်သူများမှာ မနာလိုဖြစ်ကုန်ကြသည်။ သာမန် လေလွင့်ကျင့်ကြံသူစုမှာ ကျင့်စဉ်ကောင်းကောင်း မရှိသဖြင့် အဆင့်တက်ရန် အလွန်ခက်ခဲကြသည်။ ဝမ်မု ပေးအပ်လိုက်သော ကျင့်စဉ်များသည် သူတို့အတွက်တော့ ရတနာများပင် ဖြစ်သည်။
သာမန်လူများကတော့ ဝမ်သခင်လေးက ပစ္စည်းတွေ ထပ်ပေးနေပြန်ပြီဟုသာ တွေးကြသော်လည်း ကျင့်ကြံသူများကတော့ ဤကျင့်စဉ်များ၏တန်ဖိုးကို သိကြသည်။ အထူးသဖြင့် ဈေးကွက်ထဲက အခြေခံ အသက်ရှူကျင့်စဉ်များဖြင့်ကျင့်လျှင် ဝိညာဉ်စွမ်းအင်ခန္ဓာကိုယ်ထဲ သွင်းနိုင်ဖို့ ၃ နှစ်မှ ၅ နှစ်အထိ ကြာတတ်သော်လည်း ဝမ်မုပေးသော ကျင့်စဉ်များက ထိုထက် များစွာ ပိုမို ထိရောက်လှပေသည်။