အခန်း (၁၂၈) ဝတ္ထုကဏ္ဍကို စတင်တော့မယ်
အခန်းတွင်းရှိ လေထုမှာ အေးခဲသွားသည်။
အကြီးအကဲများနှင့် ဝါရင့်အဖွဲ့ဝင်များမှာ တစ်ပြိုင်နက်တည်း မျက်နှာပျက်သွားကြသည်။ သူတို့မှာ လူအူကြောင်ကြောင်များ မဟုတ်ကြသော်လည်း အခြေအနေကို အလေးမထားမိခဲ့ကြပေ။
ယခုအခါ ထိုက်ရှူးထုံက ထောက်ပြလိုက်မှသာ ကိစ္စမှာ မည်မျှကြီးလေးကြောင်း ရုတ်တရက် သဘောပေါက်သွားကြသည်။
ထိုက်ရှူးထုံက သူတို့၏မျက်နှာများကို ကြည့်ကာ အေးအေးဆေးဆေးပင် ဆက်ပြောသည်။
အရင်တုန်းက လန်ယာကုန်သည်အဖွဲ့က ဒီဘက်မှာ အခြေမချနိုင်ခဲ့တာက သူတို့မှာ အသာစီးရမယ့်အချက် မရှိလို့ပဲ။
ဘာလို့လဲဆိုတော့ ငါတို့ ကုန်သည်ကြီးသုံးဖွဲ့မှာ နှစ်ပေါင်းထောင်ချီ စုဆောင်းလာတဲ့ အစဉ်အလာနဲ့ ဂုဏ်သိက္ခာရှိလို့ပဲ။ လူတွေက ငါတို့ကိုပဲ ယုံကြည်ကြတာ။
“ဒါပေမဲ့ အခု သူတို့ရဲ့ ဆက်သွယ်ရေးအဆောင်တွေက ဒီလိုပဲ ဆက်ရောင်းနေရမယ်ဆိုရင် ငါတို့ရဲ့ အားသာချက်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။
အဲဒီအဆောင်လေး တစ်ခုတည်းမှာတင် မြောက်ပင်လယ်က ကျင့်ကြံသူ သန်းပေါင်းများစွာ ရှိနေတယ်။ ဒါဟာ ကမ္ဘာသစ်တစ်ခုကို ဖန်တီးလိုက်တာပဲ”
ထိုက်ရှူးထုံက သက်ပြင်းချရင်း ဝမ်မုကို ချီးကျူးလိုက်သည် - “ဒီကလေးက တကယ့်ကို သူရဲကောင်းပဲ သူက အရမ်းကို ရည်မှန်းချက်ကြီးပြီး အရည်အချင်းရှိတယ်။ သူလုပ်သမျှ ခြေလှမ်းတိုင်းက တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ ဖြစ်နေတယ်။
တစ်နေ့မှာ ဒီအဆောင်လေး တစ်ခုတည်းနဲ့တင် နယ်မြေငါးခုလုံးကို ချိတ်ဆက်လိုက်မယ်ဆိုရင် ဒါဟာ ကမ္ဘာကို တုန်လှုပ်စေမယ့် အလုပ်ဖြစ်လာလိမ့်မယ်”
လူတိုင်းမှာ ထိုစကားကို ကြားပြီးနောက် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ထိုက်ရှူးထုံက ဆက်လက်၍ - “အခု သူတို့ရဲ့ ဖိုရမ်နဲ့ ရှန်းလျောင်ကနေ ပိုက်ဆံမရသေးတာက ပရိယာယ်ပဲ။ တကယ့် လူသတ်ကွင်းက အဲဒီအောက်မှာ ပုန်းကွယ်နေတာ။
ငါတို့သာ အခု ဆက်သွယ်ရေးအဆောင် လုပ်ငန်းကို လက်လွှတ်လိုက်ရင် သူတို့ရဲ့ တကယ့်တိုက်ကွက် လာတဲ့အခါ ငါတို့မှာ ခုခံဖို့ အင်အားတောင် ရှိမှာမဟုတ်ဘူး”
ထန်ချန်းမှာ ရှက်လွန်း၍ မျက်နှာကြီး နီမြန်းနေတော့သည်။ သူက “စီနီယာ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ” ဟု မေးလိုက်သည်။
ထိုက်ရှူးထုံက ပြတ်သားစွာပင် အမိန့်ပေးလိုက်သည် - “ငါတို့ရဲ့အဆောင်တွေကို အကုန်လုံး ပြန်သိမ်းပြီး အဆင့်မြှင့်တင်ရမယ် ကုန်ကြမ်းတွေ၊ အစီအရင်တွေ အားလုံးကို သူတို့နဲ့ ထပ်တူကျအောင် လုပ်ရမယ်။
ဖိုရမ်မှာလည်း ဆုကြေးစနစ်တွေ ထည့်ပြီး လူတွေ ပိုလာအောင် လုပ်ရမယ်။ ဝိညာဉ်ကျောက်တုံးတွေကို အကုန်အကျခံရမယ့်နေရာမှာ မနှမြောနဲ့”
ကုန်သည်ကြီးသုံးဖွဲ့၏အကြီးအကျယ် ပြုပြင်ပြောင်းလဲမှု သတင်းများကြောင့် လူအများမှာ ဒေါသထွက်ကာ ကျိန်ဆဲကြတော့သည်။
“တောက် ဒီလိုပဲ ထပ်လုပ်ပြန်ပြီလား ငါတို့ကို လူအလို့ ထင်နေတာလား”
“အဆောင်တစ်ခုတည်းနဲ့တင် သုံးခါပိုက်ဆံတောင်းနေတာ ကုန်သည်ကြီးသုံးဖွဲ့ပဲ ရှိမယ်”
သို့သော် လူအများစုမှာ ယခင်က စိုက်ထုတ်ထားသော ဝိညာဉ်ကျောက်တုံးများကို မနှမြောသဖြင့် အဆင့်ထပ်မြှင့်ရန် ရွေးချယ်ကြပြန်သည်။ ဤသို့ဖြင့် ထန်ချန်းတို့မှာ ဈေးကွက်ကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားနေကြသည်။
တစ်ချိန်တည်းမှာပင် ထျန်းကျွယ်ကျွန်းပေါ်တွင် ဝမ်မုသည် တင်းတင်း၏ အစီရင်ခံစာကို နားထောင်ရင်း ပြုံးလိုက်သည် - “သူတို့ရဲ့ အရေခွံက တကယ့်ကို ထူတာပဲ။ တကယ့် ကုန်သည်အစစ်တွေပဲ”
တင်းတင်း “သူတို့က ငါတို့နဲ့ အကုန်တူအောင် လိုက်လုပ်နေကြတာပဲ” ဟု ပြောရာ ဝမ်မုက ခေါင်းခါလိုက်သည် - “ဒီပညာကို လိုက်မီဖို့က လွယ်ပေမဲ့ စိတ်ကူးစိတ်သန်းကို လိုက်မီဖို့က မလွယ်ပါဘူး။ခြေလှမ်းတစ်လှမ်း နောက်ကျသွားရင် ဘယ်တော့မှ လိုက်မမီတော့ဘူး”
ဝမ်မုက တင်းတင်းကို ကြည့်ကာ မေးလိုက်သည် - “ဝတ္ထုတွေ အားလုံး အဆင်သင့်ဖြစ်ပြီလား”
တင်းတင်းက - “ဖိုရမ်ရဲ့နောက်ကွယ်မှာထည့်သွင်းပြီးပါပြီ။ နောက်တစ်ခါ အဆောင်ကိုအဆင့်မြှင့်တင်ရင် ထုတ်လွှင့်လို့ ရပါပြီ” ဟု ဖြေလိုက်သည်။
ဝမ်မုက တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည် -“ဒါဆိုရင် မစောင့်နဲ့တော့ သူတို့ အဆင့်မြှင့်နေတုန်းမှာပဲ ဒါကို ချပြလိုက်”