အခန်း (၁၁၉) ငါကိုယ်တိုင်ပဲ လုပ်မယ်
“တောက်”
မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူက တံတွေးအကြိမ်ကြိမ် ထွေးလိုက်ပြီး မကျေမချမ်း ဖြစ်နေသည် “ဘာစီနီယာလဲ အပိုတွေ ငါတို့လို ရိုးသားတဲ့ ကျင့်ကြံသူတွေကိုပဲ အနိုင်ကျင့်တတ်ကြတာပဲသိတဲ့သူ”
သူ့အမည်မှာကျန်းကျဲဖြစ်သည်။ သူသည် ဝိညာဉ်အမြစ်ပါရမီလည်း သာမန်သာရှိပြီး ကံကောင်းမှုလည်း မရှိခဲ့ပေ။
တစ်သက်လုံး ကျင့်ကြံလာသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင်ပင် ရပ်တန့်နေခဲ့သည်။
ထို့ကြောင့် ဂိုဏ်းမှ သူ့အား ဝိညာဉ်စပါးခင်းများကို စောင့်ကြည့်စီမံရန် တာဝန်ပေးထားခြင်း ဖြစ်သည်။
သူ၏လစာမှာ တစ်လလျှင် ဝိညာဉ်ကျောက်ခဲ ၅၀ သာရသော်လည်း အထက်လူကြီးများက အဆင့်ဆင့် ဖြတ်တောက်ကြသဖြင့် နောက်ဆုံးတွင် သူ့လက်ထဲ၌ ၂၅ လုံးသာ ကျန်တော့သည်။
“ဒီဂိုဏ်ကတော့ ပြဿနာပေါင်းစုံပဲ၊ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ပြည့်နေတာပဲ”
ကျန်းကျဲသည် စပါးခင်းဘေးရှိ တဲလေးထဲတွင် ထိုင်လိုက်ပြီး ချန်ရှင်းအဆင့်အဆောင်ကို ထုတ်ကြည့်လိုက်သောအခါ မျက်နှာမှာ ကြည်နူးသွားသည် “အင်အားကြီးဂိုဏ်းက နတ်သမီးလေးကတော့ တကယ်ကို အမြင်ကျယ်ပြီး စကားပြောတာလည်း နားဝင်ချိုလိုက်တာ”
သူသည် ဖိုရမ်ပေါ်တွင် အင်အားကြီးဂိုဏ်းတစ်ခုမှ နတ်မင်းကြီးတစ်ပါး၏ တပည့်ရင်းဖြစ်သော 【ယွီယောင်နတ်သမီးလေး】နှင့် ဆုံတွေ့ခဲ့သည်။ သူမသည် လှပရုံတင်မကဘဲ စိတ်ထားလည်း အလွန်ကောင်းမွန်လှသည်။
【ယွီယောင်နတ်သမီးလေး - ရှင်အနိုင်ကျင့်ခံရပြန်ပြီလား သူတို့က ဘယ်လိုတောင် လုပ်ရက်ကြတာလဲ】
【ယွီယောင်နတ်သမီးလေး - စိတ်မကောင်းမဖြစ်ပါနဲ့။ ဒီလိုတွေးကြည့်လိုက်ပါ ရှင်က ဝိညာဉ်ကျောက်ခဲတွေ ဆုံးရှုံးသွားပေမဲ့ သူတို့ ဆုံးရှုံးသွားတာကတော့ လူသားဆန်မှုနဲ့ ကိုယ်ကျင့်တရားတွေပဲ】
ကျန်းကျဲသည် ထိုစာသားကို ဖတ်ပြီးနောက် ရင်ထဲတွင် အားမာန်များ ပြန်လည်ပြည့်ဝသွားသည်။
"ဟုတ်တယ် ငါက ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်နေတာ သူတို့ကတော့ မှောင်ခိုကြွက်တွေပဲ" ဟု တွေးကာ နတ်သမီးလေးကို ကျေးဇူးတင်စကား ပြန်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ဖုန်လိုင်ကုန်သည်အဖွဲ့၌။
“သခင်လေး... ထျန်းဝမ်အဆောင်က ရှန်းလျောင်ဆိုတဲ့ စနစ်သစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ အသုံးပြုသူအချင်းချင်း မိတ်ဆွေဖွဲ့ပြီး စကားပြောလို့ရတာပါ” ဟု ချင်းလျန်က ထန်ချန်းကို အစီရင်ခံသည်။
ထန်ချန်းက အနည်းငယ် စဉ်းစားပြီး - “အလောတကြီး မလုပ်နဲ့ဦး။ အရင်တစ်ခါက ငါတို့ ဝမ်မုနောက်ကို အမီလိုက်ရင်း အမှားလုပ်ခဲ့ဖူးတယ်။ အခုတစ်ခါတော့ သင်ခန်းစာယူရမယ်။ ဝမ်မုရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ အရင်သိဖို့လိုတယ်။ ဒီတစ်ခါတော့ ငါကိုယ်တိုင်ပဲ လုပ်မယ်” ဟု ဆိုကာ ထျန်းဝမ်အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
ထန်ချန်းသည် အဆောင်ကိုဖွင့်ကာ လန်ယာဖိုရမ်ကိုစတင်ကြည့်ရှုသည်။ ဖိုရမ်၏ အသွင်အပြင်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်း ဗဟုသုတများတင်မကဘဲ ကျင့်ကြံသူများ၏ နေ့စဉ်ဘဝများကိုပါ ဝေမျှနေကြသည်။
“ဝမ်မုမှာ တကယ်ပဲ စွမ်းရည်ရှိတာပဲ၊ ဒါပေမဲ့ ဒါတွေက လှည့်ကွက်အသေးလေးတွေပါ” ဟု သူက ရေရွတ်လိုက်သော်လည်း ဖိုရမ်ပေါ်တွင် တာအိုလက်တွဲဖော်တွေ့သွားကြသူများ၏ စာများကို မြင်သောအခါ သူ၏နှုတ်ခမ်းတွင် အထင်သေးသော အပြုံးတစ်ခု ပေါ်လာသည်။
“မဖြစ်နိုင်တာ၊ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစွမ်းထက်နိုင်မှာလဲ”
ထိုသို့ပြောပြီးသည်နှင့် သူ၏အပြုံးမှာ အေးခဲသွားသည်။ ဖိုရမ်ပေါ်တွင် 【လျိုဖန်း နတ်သမီးလေး 】 ဆိုသူ တင်ထားသောစာတစ်ခုကို သူ မြင်လိုက်ရသည်။
“ကျင့်ကြံလာတာ နှစ်ပေါင်း ရှစ်ရာကျော်ပြီ လောကကြီးက အေးစက်တယ်လို့ ခံစားရတယ်။ ကိုယ့်ပန်းတိုင်အတွက် ဘာမဆို လုပ်ခဲ့ပေမဲ့ ညသန်းခေါင်မှာ နိုးလာတိုင်း ရင်ထဲမှာ တစ်ကိုယ်တည်းဖြစ်နေသလို ခံစားရတယ်”