အခန်း (၁၁၂) - မြစ်အရှေ့ဘက်သုံးဆယ်
“သခင်လေး... သခင်လေး”
ချင်းလျန်၏ တိုးညှင်းသော ခေါ်သံကြောင့် ထန်ချန်းတစ်ယောက် အတွေးထဲမှ ပြန်လည် နိုးထလာသည်။
သူသည် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ချလိုက်ပြီး သူ၏မျက်ဝန်းများမှာ တစ်ဖန် ပြန်လည် အေးစက်သွားပြန်သည်။ "မင်း ပြောသလိုပဲ လုပ်ပါ။ ဒါပေမဲ့ အဟောင်းတွေကို ပြန်သိမ်းဖို့က ကုန်ကျစရိတ် ရှိတယ်။ အဲဒီတော့ အလဲအထပ်တစ်ခုလုပ်လိုက်ပါ။ အဆောင်အဟောင်းတွေကို တန်ဖိုးဖြတ်ပြီး လက်ခံပေးမယ် ကျန်တဲ့ ငွေအနည်းငယ် ထပ်စိုက်ပြီး အသစ်နဲ့လဲလို့ရအောင် စီစဉ်လိုက်။"
"အဲဒါက လူတွေ အများကြီး မကျေမနပ် ဖြစ်ကြလိမ့်မယ်ထင်တယ်" ဟု ချင်းလျန်က တုံ့ဆိုင်းစွာ ပြောသည်။
"ဒါကတော့ မတတ်နိုင်ဘူး။ ငါတို့က အလကား အသစ်လဲပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ" ဟု ထန်ချန်းက ဆိုသည်။
"ငါ သဘောတူရင်တောင် ကုန်သည်အဖွဲ့ထဲက တခြားသူတွေက သဘောတူမှာ မဟုတ်ဘူး။"
"နားလည်ပါပြီ။" ချင်းလျန်က ခေါင်းညိတ်လိုက်ပြီး တစ်ခုကို သတိရသွားသည်။ "ဒါဆို အသစ်လုပ်မယ့် အဆောင်တွေရဲ့ ကုန်ကြမ်းတွေကို ထျန်းဝမ်အဆောင်တွေအတိုင်း အဆင့်မြှင့်တင်ရမလား"
"မလိုဘူး။" ထန်ချန်းက ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ "အဲဒါက ဈေးကြီးလွန်းသလို မလိုအပ်ဘူး။ ပေါက်ကွဲတာမျိုး ဒါမှမဟုတ် အကြီးအကျယ် ချို့ယွင်းတာမျိုး မရှိရင်ပဲ တော်ပါပြီ။"
ကုန်သည်အဖွဲ့ကြီး ၃ ခုသည် ဆက်သွယ်ရေးအဆောင်ကိစ္စနှင့် ပတ်သက်လျှင် အမြဲတမ်း တစ်သံတည်း ထွက်လေ့ရှိသည်။
ထို့ကြောင့် ဖုန်လိုင်ကုန်သည်အဖွဲ့က ဆုံးဖြတ်ပြီးသည်နှင့် ကျန်အဖွဲ့ ၂ ခုဖြစ်သော ယွမ်ကုန်း နှင့် စီဟိုင်အဖွဲ့တို့ကလည်း လက်ခံလိုက်ကြသည်။
သူတို့သည် အဆောင်အဟောင်းများကို ဈေးလျှော့၍ ပြန်လည်ဝယ်ယူပြီး အသစ်ဖြင့် လဲလှယ်ပေးမည့် ကြေညာချက်ကို ထုတ်ပြန်လိုက်ရာ တစ်မြို့လုံး ဆူညံသွားတော့သည်။
“ဘာလဲကွ ငါ့အဆောင်ကို ပြန်ဝယ်မယ် ဟုတ်လား”
“နောက်နေတာလား ငါ ပြီးခဲ့တဲ့လကမှ ၁၆၈ ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်ထားတာကို အခု ၉၈ ပဲ ပေးမယ် ဟုတ်လား”
“ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်တာပဲ”
“မင်းက တော်သေးတယ်၊ ငါ့ရဲ့ လရောင်အဆင့်က ၁၆၈၈ ပေးထားရတာကို အခု ၉၈၀ ပဲ တန်ဖိုးဖြတ်တယ်တဲ့။ ငါ ၆၀၀ ကျော်လောက် ရှုံးနေပြီ”
လူအများက မကျေမနပ်ဖြစ်နေကြသော်လည်း အချို့ကမူ အသစ်လဲလိုက်လျှင် ဖိုရမ် ပါဝင်လာမည်ဖြစ်ပြီး ပညာရှင်ကြီးများ၏လမ်းညွှန်ချက်များကို ဖတ်ရမည်ဖြစ်သောကြောင့် ငွေအနည်းငယ် ထပ်ပေးရသည်မှာ တန်သည်ဟု ယူဆကြသည်။
သို့သော်လည်း အများစုမှာမူ အရည်အသွေးမြင့်ပြီး ဖိုရမ် အလကားပါဝင်သော ထျန်းဝမ်အဆောင်များကိုသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင်... ထျန်းကျွယ်ကျွန်း၌.
“ဒါက အခုအခြေအနေပါပဲ။ ကျွန်မတို့အဆောင်တွေက လူကြိုက်များပေမဲ့ သူတို့နယ်မြေမှာ သူတို့က အရင်ရှိနေတာဆိုတော့ ဈေးကွက်ဝေစုကို အကုန်မယူနိုင်သေးဘူး”
ဆက်သွယ်ရေးအဆောင်မှ ပေါ်ထွက်လာသော ပုံရိပ်ထဲ၌ အစိမ်းရောင်ဝတ်စုံနှင့် မုန့်ရှင်းကျူး က အရိုအသေပေးလျက် အစီရင်ခံနေသည်။
“မင်း ကြိုးစားခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ် ရှင်းကျူး” ဟု ဝမ်မု က ညင်သာစွာ ပြောလိုက်သည်။
“သခင်လေးက ချီးကျူးလွန်းနေပါပြီ။ ဒါက ကျွန်မရဲ့ တာဝန်ပဲလေ” ဟု မုန့်ရှင်းကျူးက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောသည်။
“လီရှောင်နတ်မြို့တော်မှာ ဆက်ပြီးလုပ်ငန်းချဲ့ထွင်ပါ။ တခြားကုန်သည်အဖွဲ့တွေ ဘာလုပ်လုပ် စိတ်မပူနဲ့။ လန်ယာဖိုရမ်အဖွဲ့က အပိုင်းကဏ္ဍသစ်တွေ ထပ်တိုးဖို့ ပြင်နေပြီ။ သူတို့နဲ့ ပေါင်းပြီး ကြိုတင်ကြော်ငြာထားလိုက်။”
ထိုသို့ပြောပြီးနောက် ဝမ်မုသည် နန်နန်လေး ဆီသို့ ကြည့်လိုက်ရာ - “ဒါကို မစားနဲ့ဦး အဲဒါက မြိုချဖို့ အရမ်းကြီးလွန်းတယ်”
နန်နန်လေးသည် သူမ၏ ကိုယ်ထက်ပင် ကြီးမားသော ကြယ်တာရာ သံရိုင်းတုံးကြီးကို ပါးစပ်ထဲ အတင်းထည့်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဝမ်မုက ၎င်းကို အမြန်လုယူလိုက်သည်။
“ဝမ်မု ငါ စားနိုင်ပါတယ်ဆို” နန်နန်လေးက ခါးထောက်လျက် ရန်တွေ့သည်။
ဝမ်မုက သူမ၏ခေါင်းကို ခေါက်လိုက်ရင်း - “မစားနိုင်ပါဘူး။ မင်း ဒီနေ့ စားထားတာတွေ ကြည့်ဦး၊ ဗိုက်တောင် ပူနေပြီ”
နန်နန်လေးသည် ကောင်းကင်လုဝါးမြိုခြင်း ကျင့်စဉ်ကြောင့် မည်သည့်အရာကိုမဆို ဝါးမြိုနိုင်ပြီး ၎င်းတို့ကို အာဟာရအဖြစ် ပြောင်းလဲနိုင်သည်။
ယခုအခါ သူမသည် လူသားပုံစံရှိသော နဂါးတစ်ကောင်ကဲ့သို့ပင် အစွမ်းထက်နေပြီဖြစ်သည်။
ဝမ်မုအပြင်သို့ ထွက်လာသောအခါ တင်းတင်းက စောင့်ကြိုနေသည်။
“သခင်လေး... ပထမအသုတ် ဝတ္ထုမူကြမ်းတွေ ရပါပြီ။ ကြည့်ပေးပါဦး။”
ဝမ်မုသည် စာသားများကို ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ “အရမ်း ပန်းပန်လွန်းတယ်။ စိတ်လှုပ်ရှားဖို့ မကောင်းဘူး။ စက္ကူနဲ့ စုတ်တံ ယူခဲ့စမ်း။”
ဝမ်မုသည် စုတ်တံကိုယူကာ အရှိန်အဟုန်ဖြင့် စာလုံးရေ တစ်ထောင်ခန့် ရေးသားလိုက်သည်။ ၎င်းမှာ လူငယ်များ အကြိုက်ဖြစ်မည့် ပုံစံမျိုးဖြစ်သည်။
“ဒါကို နမူနာယူပြီး ရေးခိုင်းလိုက်။ ပိုပြီး တက်ကြွပြီး စိတ်အားထက်သန်တဲ့ ပုံစံမျိုး ဖြစ်ရမယ်.”
တင်းတင်း စာကို ဖတ်ကြည့်ရာ “မြစ်အရှေ့ဘက် သုံးဆယ်၊ မြစ်အနောက်ဘက် သုံးဆယ်” (ရှုံးနိမ့်နေသူတစ်ဦးက အချိန်တန်လျှင် ပြန်လည် အောင်မြင်လာမည်ဟူသော အဓိပ္ပာယ်) ဆိုသော စကားစုများကို တွေ့လိုက်ရသည်။ သူမသည် ရင်ထဲမှ အံ့ဩသွားရသည်။
"သခင်လေးက ဘယ်တုန်းက ဝတ္ထုတွေ ရေးတတ်သွားတာလဲ"