အခန်း (၉၇) - လောရင့်စ် စံအိမ်တော်
သုံးရက်ကြာ ခရီးနှင်ပြီးနောက်တွင် ရထားလုံး သည် ဂါစတာမြို့ သို့ ရောက်ရှိလာခဲ့သည်။
ယု သည် မြို့ထဲသို့ ရောက်သည်နှင့် အချိန်ဆွဲမနေဘဲ ရထားလုံးမောင်းသမားအား မြို့အနောက်ဘက် ဆင်ခြေဖုံးသို့ တိုက်ရိုက်မောင်းနှင်ရန် ခိုင်းစေလိုက်သည်။
ဒါပေမဲ့ မြို့အနောက်ဘက်ကို ရောက်လေလေ ပတ်ဝန်းကျင်မှာ ပိုမိုခြောက်ကပ်လာပြီး သူတို့ ရှာဖွေနေသော အိမ်တော်သို့ ရောက်ရှိချိန်တွင်မူ အခြေအနေမှာ ထူးဆန်းနေတော့သည်။
အိမ်တော်ကြီး၏ တံခါးမှာ ပျက်စီးယိုယွင်းနေပြီး ဥယျာဉ်တစ်ခုလုံးမှာလည်း ပေါင်းမြက်များဖြင့် ဖုံးလွှမ်းနေ၏။ အိမ်မကြီး၏ ပြတင်းပေါက်များနှင့် တံခါးများမှာလည်း ဆွေးမြည့်နေကာ ကြည့်ရုံနှင့်ပင် သရဲခြောက်သော အိမ်ကြီးတစ်လုံးနှင့် တူနေတော့သည်။
“ဒါ... ဒါက လောရင့် အိမ်တော်လား?”
ယုက မယုံ နိုင်စွာ ဖြင့် မေးလိုက်သည့်အခါ ရထားလုံးမောင်းသမားက -
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီမှာနေတဲ့သူတွေ အားလုံးက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ပျောက်ကွယ်သွားကြတာပါ။ အဲ့ဒီကတည်းက ဒီအိမ်ကြီးက စွန့်ပစ်ခံထားရတာပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အီဂေးလ်သည် ထိုစကားကြောင့် ကြက်သီးဖြန်းဖြန်း ထသွားရ၏။ အိုင်းရှာ ၏ မျိုးရိုးမှာ လောရင့်စ် ဖြစ်ပြီး ထို မိသားစုမှာ လွန်ခဲ့သော ၁၀ နှစ်ကတည်းက ပျောက်ကွယ်သွားသည်ဆိုပါက အိုင်းရှာသည်... သရဲတစ်ကောင်များလား? သူမသည် ကြောက်လန့်တကြားဖြင့် ယု၏ လက်မောင်းကို တင်းကျပ်စွာ ဖက်ထားမိတော့သည်။
ယု ကတော့ ကြောက်ရွံ့ခြင်းမရှိဘဲ အိမ်တော်အတွင်းသို့ လှည့်လည်ကြည့်ရှုလိုက်သည်။ ဤနေရာ၌ လူနေထိုင်ခြင်း မရှိသည်မှာ ကြာပြီဖြစ်ကြောင်း အိမ်ထဲမှာရှိတဲ့ ပရိဘောဂတွေပေါ်က ဖုန်ထူထူတွေကို ကြည့်ရင်း ကောက်ချက် ချလိုက်သည်။
သို့သော် ဧည့်ခန်းထောင့်ရှိ ပုံတူပန်းချီကားတစ်ချပ် ကို စိတ်၀င်တစား ကြည့်လိုက်မိသည်။ ထိုကားထဲတွင် ငွေရောင်ဆံနွယ်နှင့် ခရမ်းရောင်မျက်ဝန်းရှိသော လှပသည့် အမျိုးသမီးတစ်ဦး ရှိနေပြီး သူမ၏ ရုပ်သွင်မှာ အိုင်းရှာ နှင့် ထပ်တူနီးပါး တူညီနေသည်။
သူမ၏ ဘေးရှိ အမျိုးသား၏ မျက်နှာမှာကား တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားသကဲ့သို့ စုတ်ပြဲနေသဖြင့် မည်သူမှန်း ခွဲခြား၍ မရတော့ပေ။
“ဒါ... ဒါက အိုင်းရှာ ရဲ့ အမေများလား”
အီဂေးလ် က ယု ရဲ့ လက်ကို အတင်းဆွဲပြီး မေးလိုက်သည်။
“မသိဘူး.. ဒါပေမဲ့ တစ်ခုတော့ သေချာတယ်၊ ဒီပန်းချီကားထဲက လူက အိုင်းရှာ တော့ မဟုတ်ဘူး။”
ထို့နောက် စံအိမ်က ထွက်လာခဲ့လ်ုက်သည်။ပြီးနောက်မှာတော့ မြို့ထဲက တည်းခိုခန်း တစ်ခုမှာ တည်းပြီး လောရင့်စ် မိသားစုအကြောင်း စုံစမ်းဖို့ ဆုံးဖြတ်လိုက်ကြသည်။
သူတို့တည်းတဲ့နေရာက အပေါ်ထပ်မှာ အိပ်ခန်းရှိပြီး အောက်ထပ်မှာ ဘား ရှိသည့် နေရာမျိုးဖြစ်ရာ သတင်းစုံစမ်းဖို့ အကောင်းဆုံး နေရာပင်ဖြစ်သည်။
ယု၊ ဆေးလ်ဖ် နဲ့ အီဂေးလ် တို့ဟာ ဘားရဲ့ ထောင့်တစ်နေရာမှာ ထိုင်ပြီး... နွားနို့ သောက်ကာ အိုင်းရှာ အကြောင်း ဆွေးနွေးနေကြသည်။
ထို မြင်ကွင်းက ဘေးဝိုင်းက လူမိုက်တွေအတွက်တော့ လှောင်ရယ်စရာဖြစ် နေ တော့သည်။
ထို အချိန်မှာပဲ ခေါင်းပြောင်ပြောင်၊ ကိုယ်လုံးတောင့်တောင့်နဲ့ လူမိုက် တစ်ယောက်က အီဂေးလ် ဘေးမှာ လာထိုင်ကာ...
“ညီမလေး... ဒီနွားနို့သောက်တဲ့ ကောင်လေးနဲ့ မကစားဘဲ ဒီည အကို့အခန်းကို လာခဲ့ပါလား။ အကိုတို့က ‘နွားနို့စစ်စစ်’ ရဲ့ အရသာကို ပြပေးမှာပါ” ဟု ရိသဲသဲ့ ပြောလိုက်လေ သည်။
ပြောပြောဆိုဆိုနဲ့ သူ့လက်က အီဂေးလ် ရဲ့ တင်ပါးဆီကို လှမ်းလိုက်တဲ့အချိန်မှာပဲ... ဝုန်းခနဲ ဆိုတဲ့ အသံနဲ့အတူ အဲဒီလူမိုက်ကြီးဟာ စားပွဲတွေကို ကျော်ပြီး ဘားအလယ်ခေါင်အထိ လွင့်ထွက်သွား လေသည်။
“တောက်!! မင်းတို့လို အမှိုက်တွေက အခုထိ အသက်ရှင်နေသေးတာလား!” ဟု အီဂေးလ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအခါ ဆိုင်အတွင်းရှိ အခြားလူမိုက်သုံးဦးမှာ ချက်ချင်းပင် ထရပ်လိုက်ကြသည်။ မျက်နှာတွင် အမာရွတ်နှင့် ကြောက်စရာကောင်းသော ထိုလူများက အီဂေးလ်အား ဝိုင်းရံထားကြ၏။ ယု က ကူညီရန် ပြင်လိုက်သော်လည်း အီဂေးလ်က တားဆီးလိုက်ပြီး -
“နင်......ဝင်မပါနဲ့! ငါ လွန်ခဲ့တဲ့ ရက်ပိုင်းက လေ့ကျင့်ထားတာတွေကို စမ်းသပ်ကြည့်ဦးမယ်!!”
အီဂေးလ်သည် အင်္ကျီလက်ကို လိပ်တင်လိုက်ကာ သူမ၏ တိုက်ပွဲဝင် ချီ စွမ်းအင်သစ်များကို အသုံးချရန် အားယူလိုက်တော့သည်။
လူမိုက်များကမူသာမန်မိန်းကလေးတစ်ဦးက သူတို့အား ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု ထင်မှတ်ကာ အီဂေးလ်အား အတူတကွ ဝိုင်းဝန်းဖမ်းဆီးရန် ပြင်ဆင်လိုက်ကြတော့သည်။