အခန်း (၉၆) - တိုက်ပွဲဝင်ချီ လေ့ကျင့်ခြင်း
ပြင်ဆင်စရာများ အားလုံး ပြီးဆုံးသည့်နောက် ယု သည် ဆေးလ်ဖ် နှင့် အီဂေးလ်တို့ကို ခေါ်ကာ ဂါစတာမြို့သို့ ခရီးထွက်လာခဲ့သည်။
ကျောင်းနားရှိ မြို့ငယ်လေးတွင် အဆင့်မြင့် မြင်းပျံရထားလုံးများကို ကြိုတင်မှာယူထားခြင်း မရှိပါက ငှားရမ်းရန် မလွယ်ကူသဖြင့် သူတို့သည် သာမန်ရထားလုံးတစ်စီးကိုသာ ရွေးချယ်ခဲ့ရသည်။
“သာမန်” ဟု ဆိုသော်လည်း အတွင်းပိုင်းမှာ ကျယ်ဝန်းသပ်ရပ်ကာ သားရေဆိုဖာများဖြင့် အလှဆင်ထားပြီး လူအများအပြား အေးအေးဆေးဆေး ထိုင်နိုင်လောက်အောင် ဇိမ်ကျလှသည်။
“အမလေး... ငါ့ဘဝမှာ ဒီလို ရထားလုံးမျိုး တစ်ခါမှ မစီးဖူးဘူး!”
အီဂေးလ်သည် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် လှဲကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
“မင်းကတော့ မီးလျှံစုန်းမရဲ့ တပည့်ဖြစ်ပြီးကတည်းက တကယ်ကို လက်ဖွာလာတာပဲနော်”
တစ်ရက်လျှင် ရွှေဒင်္ဂါး ဆယ်ပြားအထိ ကုန်ကျသော ဤရထားလုံးကို ယခင်ကဆိုလျှင် အီဂေးလ် မတွေးမိခဲ့ပေ။
သို့သော် ယု အတွက်တော့ ထိုငွေပမာဏမှာ လက်ထဲရှိ ကြွယ်ဝမှုနှင့် ယှဉ်လျှင် အရေးမပါတော့ ပေ။
“ဟေ့... နင် သာ မလိုက်လာရင် ငါ ဒီလို စီးနေစရာတောင် မလိုဘူး”
ယု က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူတစ်ဦးတည်းဆိုလျှင် တစ်နာရီအတွင်း ရောက်နိုင်မည့် ခရီးသည် ယခုမူ သုံးရက်ကြာသွားပြီ ဖြစ်သည်။
“ဘာလဲ! အိုင်းရှာ က ငါ့သူငယ်ချင်းပဲဟာ!
သူ့ကို သွားကြည့်ဖို့ ငါလိုက်လာတာ ဘာမှားလို့လဲ!”
အီဂေးလ်က မျက်စောင်းထိုးကာ ပြန်အော်လိုက်သည်။
“ကဲပါ... စိတ်မဆိုးပါနဲ့ဦး။ ခရီးက သုံးရက်တောင် ကြာမှာဆိုတော့ ပျင်းစရာကြီး ဖြစ်နေမှာစိုးလို့ပါ”
ထို စကားကြောင့် အီဂေးလ်သည် တစ်စုံတစ်ခုကို သတိရသွားကာ ဆိုဖာပေါ်မှ ထထိုင်လိုက်ပြီး
“ဒါဆို အချိန်ရှိတုန်း... ငါ့ကို တိုက်ပွဲဝင်ချီနောက်တစ်ဆင့် သင်ပေးလေ!”
“နောက်တစ်ဆင့်လား... နေဦး၊ စဉ်းစားပါရစေဦး...”
-ယု သည် သူလေ့လာခဲ့ဖူးသော ကိုယ်ခံပညာကျမ်းစာများကို ပြန်စဉ်းစားကာ ရှင်းပြလိုက်သည်။
“ ပထမအဆင့်ကအသက်ရှူနည်းနဲ့ မှော်စွမ်းအင်ကို ပေါင်းစပ်ပြီး ချီ အဖြစ် ပြောင်းလဲ ရမှာ ။ ဒုတိယအဆင့်က အဲဒီ ချီ စွမ်းအားတွေကို ခန္ဓာကိုယ်အတွင်းရှိ “ဒန်ထျန်” နဲ့ “သွေးကြောမျှင်ကွန်ရက်” ထဲမှာ လှည့်ပတ်နိုင်ဖို့ ကျင့်ရမှာ။”
ယု က အသေအချာ ရှင်းပြပေမယ့် အီဂေးလ် ကတော့ နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
“ဒန်ထျန်ဆိုတာ ဘာလဲ?”
“သွေးကြောမျှင်ကွန်ယက် ဆိုတာက ကော ဘာကြီးလည်း ?”
ဤတိုက်ကြီးတွင် မှော်ပညာသာ အဓိကဖြစ်နေသဖြင့် ထိုအခေါ်အဝေါ်များသည် သူမအတွက် လုံးဝ မသိသော စကားလုံး အသစ်အဆန်း များပင် ဖြစ်သည်။
ဒါကြောင့်ပဲ ယု တစ်ယောက် ညနေစောင်းအထိ အီဂေးလ် ကို လူ့ခန္ဓာကိုယ် တည်ဆောက်ပုံတွေအကြောင်း “ဇီဝဗေဒ” ဆရာကြီးလို ထိုင်ရှင်းပြနေရတော့သည်။
သို့သော် ယု ကိုယ်တိုင် မသိခဲ့သည့် အချက်တစ်ခုရှိသည်။
သူ သင်ပေးနေသည့် နည်းလမ်းများသည်
အရှေ့တိုင်းတိုက်၏ အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ သိုင်းကျင့်စဉ်တွေ ဖြစ်နေခြင်းပင် ဖြစ်သည်။
အီဂေးလ်အတွက်မူ ဘာကြောင့် အစွမ်းတွေ တိုးတက်နေသည်ကို သေချာ မသိသော်လည်း အစွမ်းတွေ တဟုန်ထိုး တက်လာတာကို သတိထားမိ သော ကြောင့် ယု ပြောသမျှ အတိုင်း တသွေမတိမ်း လေ့ကျင့် နေခဲ့သည်။
ခရီးစဉ်ရဲ့ နောက်ဆုံးရက်မှာတော့ အီဂေးလ် တစ်ယောက် ချီ စွမ်းအားကို အနည်းငယ် ထိန်းချုပ်နိုင်လာပြီ ဖြစ်သည်။
“ဟေ့! အဲ့ဒီနေရာကို လာမထိနဲ့လေ!! ယားတယ်~~ အွန်း~!”
ရထားလုံးအတွင်း၌ အီဂေးလ် ရဲ့ ရှက်ကိုးရှက်ကန်း အသံ ပေါ်ထွက်လာသည်။
“ဘယ်သူက ထိချင် နေလို့လဲ!”မင်းရဲ့ စွမ်းအင်တွေ ဒန်ထျန်မှာ ပိတ်နေလို့ ငါက အပြင်ကနေ ကူပြီး ဖြန့်ပေးနေတာ!”
ယု သည် အီဂေးလ်၏ ဝမ်းဗိုက်အောက်ပိုင်းမှ ရင်ဘတ်ဆီသို့ စွမ်းအင်များကို သူ၏လက်ချောင်းများဖြင့် တွန်းတင်ပေးနေခြင်း ဖြစ်သည်။
သို့သော်—
ထိုခံစားချက်သည် အီဂေးလ်အတွက် ထူးဆန်းစွာ ယားကျိကျိ ဖြစ်နေသည်။
“အား— လူယုတ်မာကြီး!!”
နောက်တစ်ခဏ—
ဝုန်း!
ယု တစ်ယောက် အကန်ခံရပြီး ဆိုဖာတစ်ဖက်သို့ လွင့်ထွက်သွားသည်။
“ဟင်း! ငါက ကူညီပေးတာကို မင်းက ကန်တယ်ပေါ့?!”
သူ ခေါင်းကို ကိုင်ကာ ဒေါသတကြီး အော်လိုက်သည်။
“ဆေးလ်ဖ် နင်ပဲ ကြည့်ပြောစမ်းပါဦး!!”
ဘေးတွင် ထိုင်နေသော ဆေးလ်ဖ် ကတော့ပြတင်းပေါက်အပြင်သို့ ငေးကြည့် လျက်
“သခင်ရဲ့ အချစ်ရေး ကိစ္စတွေမှာ... ကျွန်မ ဝင် မပါ ချင်ပါဘူးရှင်”
ဟု စိတ်မ၀င်စား ဟန် ပုံစံဖြင့် ဖြေလိုက်တော့လေသည်။