အခန်း (၉၅) - ပျောက်ဆုံးနေသော မှော်ကျောက်တုံး
“ဒီနေရာမှာပဲ ထားခဲ့တာ သေချာပါတယ်...”
ကီးလ်သည် အာစီမန်းစ်၏ ရုံးခန်းအတွင်း တစ်ခုခု ကို အသည်းအသန် ရှာဖွေနေစဉ် တံခါးခေါက်သံ တစ်ခု ကြားလိုက်ရသည်။သူမ လန့်သွားပြီး ရှာထားသမျှ ပစ္စည်းတွေကို ဗီရိုထဲ အမြန်ထိုးထည့်လိုက်ရင်း ဘာမှမဖြစ်သလို လေသံနဲ့...
“ဘယ်သူလဲ? ဝင်ခဲ့လေ။”
တံခါးပေါ်ရှိ မှော်ကာကွယ်မှုများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“အီဂေးလ်အတွက် ခွင့်စာလေး ကူညီပေးပါဦး။ ကျွန်တော်တို့ အိုင်းရှာ ကို သွားရှာမလို့ပါ”
ဝင်လာသူမှာ ယု ဖြစ်နေသဖြင့် ကီးလ် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
သို့သော် သူ၏နောက်တွင် အီဂေးလ် ပါလာသည်ကို မြင်ချိန်၌တော့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။
ယု ကို သူမ ယုံကြည်သော် လည်း အီဂေးလ် ကိုတော့ စိတ်မချပေ။
အီဂေးလ် ရဲ့ မျိုးရိုးနာမည်က “အိုက်ဇက်” ဖြစ်သည်။ နာမည်တူတာပဲ ဖြစ်နိုင်ပေမယ့်လည်း ဒီအချိန်မှာ ဘယ်သူ့ကိုမှ ယုံကြည်၍ မရနိုင်ပေ။ လက်ရှိ အိုက်ဇက် မိသားစုက အင်ပါယာရဲ့ တပ်မတော်ကို အုပ်ချုပ်ထားတာ ဖြစ်သည့် အတွက် တော်ဝင်မိသားစုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခု ပင် ဖြစ်သည်။
အိုင်းရှာ ကို သွားရှာမလို့လား? သူမ ဘာဖြစ်လို့လဲ?”
ကီးလ် က စိုးရိမ်တကြီး မေးလိုက်မိသည်။သူမ တပည့် ကျော် အသည်းစွဲဖြစ်တဲ့ အိုင်းရှာ သာ တစ်ခုခုဖြစ်သွား ရင် ဒီငတုံးတပည့် ရူးသွားမှာ အသေအချာ ပင်ဖြစ်သည်။
“အိုင်းရှာ က ကျွန်တော်တို့ ကျောင်းက ထွက်သွားတဲ့နေ့မှာပဲ အိမ်ပြန်သွားတာ အခုထိ ပြန်မလာသေးဘူး။ အဲဒါကြောင့် အိမ်အထိ လိုက်သွားကြည့်မလို့။”
ဒါကို ကြားတော့ ကီးလ် မျက်မှောင်ကြုတ်သွားသည်။ အိုင်းရှာ ကို သဘောမကျ လို့ မဟုတ်ပေမယ့် လည်း သူမ ခွင့်ယူသွားတဲ့ အချိန်က အရမ်းကို တိုက်ဆိုင်လွန်း နေဒါသည်။.ဒါပေမဲ့လည်း..
“ကောင်းပြီလေ။ စိတ်အေးအေးနဲ့ သွားရှာကြပါ။ ခွင့်စာကို ငါစီစဉ်ပေးလိုက်မယ်။”
ကီးလ် က ချက်ချင်းပဲ ခွင့်ပြုချက် ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာမ ကီးလ်!”
အီဂေးလ် ဝမ်းသာအားရ ကျေးဇူးတင်လ်ုက်သည်။ ယု က တော်တော်ဩဇာရှိတာပဲ၊ အထူးတန်းက ကျောင်းသားတွေ ခွင့်ယူဖို့ဆိုတာ နတ်ပြည်တက်တာထက်တောင် ခက်တာ... သူကျ ပြောလိုက်တာနဲ့ ချက်ချင်းရတာပဲ လို့ တွေးနေမိသည်။
“ရပါတယ်၊ အီဂေးလ် အဝတ်အစားသွားပြင်တော့။ ငါ ယု နဲ့ သီးသန့် စကားခဏ ပြောဦးမယ်။”
ကီးလ် က အီဂေးလ် ကို အပြင်ထုတ်လိုက်သည်။
အီဂေးလ်ကလည်း ဘာမှမစဉ်းစားဘဲ ထွက်သွားလိုက်သည်။ အပြင်ရောက်မှ... “... ဆရာမ ကီးလ် က ဘာလို့ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ ရောက်နေတာလဲ? “ ဆိုပြီး ပြန်စဉ်းစားမိလိုက်သည်။သို့သော် လိုအပ်သည်များ ကို အချိန်မီ ပြင်ဆင်နိုင် ရန် ဆက် တွေးမနေ တော့ ပေ။
အီဂေးလ် ထွက်သွားပြီးနောက်—
ကီးလ်သည် ယု ကို တင်းမာစွာ ပြောလိုက်သည်။
“မင်းကတော့ တကယ်ကို ငတုံးပဲ! အိုင်းရှာကို ရှာချင်ရင် ကိုယ့်ဘာသာ သွားရှာပေါ့—ဘာလို့ အီဂေးလ်ကိုပါ ခေါ်လာတာလဲ!”
ယု ကတော့ နားမလည်နိုင်စွာ မျက်နှာထား ဖြင့်
“ဘာလို့လဲ... အီဂေးလ် က ဘာဖြစ်လို့လဲ”ဟုပြန်မေး လိုက်မိသည်။
“အီဂေးလ် ရဲ့ မျိုးရိုးက ‘အိုက်ဇက်စ်’ လေ! စစ်သေနာပတိချုပ်ရဲ့ မျိုးရိုး! နာမည်တူတာပဲ ဖြစ်နိုင်ပေမယ့် ဒီအချိန်မှာ ‘အိုက်ဇက်စ်’၊ ‘ကာပယ်လာ’ ဆိုတဲ့ မိသားစုတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ ငါတို့က အင်အားနည်းနေတာ!”
“သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ယုံတယ်။ သူက ကျွန်တော့်သူငယ်ချင်းပဲ။”
ယုကတော့ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“”ဟူး... တော်ပြီ၊ တော်ပြီ... နင့်ကို ပြောရတာ မောရုံပဲ ရှိမယ်။
တစ်ခဏ ငြိမ်သက်သွားပြီးနောက်—
“ဒါနဲ့ ဆရာမ... စောစောက ဘာတွေ ရှာနေတာလဲ?”
ယု ၏ မေးခွန်းကြောင့် ကီးလ်သည် စားပွဲအောက်မှ ကျောက်သေတ္တာလေး တစ်လုံးကို ထုတ်ယူလိုက်သည်။
သေတ္တာသည် မှော်အဝိုင်းများ၊ စာတန်းများဖြင့် အလွန်ရှုပ်ထွေးစွာ ပိတ်ဆို့ထားသည်။
သို့သော်—
အတွင်းတွင် ရှိရမည့် အရာသည် မရှိတော့။
“အာစီမန်းစ် ဝှက်ထားခဲ့တဲ့ မှော်ကျောက်တုံး... ပျောက်နေပြီ”
“”အဲဒီကျောက်တုံးက ဘာအတွက် သုံးတာလဲ?”
“ငါလည်း အသေအချာတော့ မသိဘူး။ ဒါပေမဲ့ အထဲမှာပါတဲ့ မှော်စွမ်းအင်က နှစ်ပေါင်းထောင်ချီ သိပ်သည်းနေတာဆိုတော့ ငါ့ရဲ့ မှော်အင်အား ပြန်ရအောင် သုံးလို့ရမလားလို့ ရှာကြည့် နေတာ။”
ကီးလ် က နှမြောတသဖြစ်သည့် ပုံစံ ဖြင့်ပြောလိုက်သည်။
ယု လည်း စိတ်မကောင်းဖြစ်သွားပြီး
စာရွက်တစ်ရွက်ကို ယူကာ ဆေးဖက်ဝင် အပင်အချို့၏ အမည်များကို ရေးသားလိုက်သည်။
“မှော်စွမ်းအင်က အနှေးနဲ့အမြန် ပြန်ရမှာပါ။ အခု ကျွန်တော် ဆေးနည်းအချို့ ရေးပေးမယ်။ အားတဲ့အခါ ရှာကြည့်ပေါ့။ ကျွန်တော်လည်း အိုက်ရှာ ကို သွားရှာရင်း လမ်းမှာ ရှာပေးမယ်။ ဒီဆေးပင်တွေက ရှားပေမယ့် ရလာရင်တော့ မှော်ဆေးရည်တွေထက် အဆပေါင်းများစွာ ပိုထိရောက်လိမ့်မယ်။”
ကီးလ်သည် စာရွက်ကို ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။
“ဘုရားရေ... ငါဒါတွေကို ဘယ်မှာ သွားရှာရမလဲ!”
ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ဟဲရှိုဝူး’? ‘ထောင်စုနှစ် သက်တမ်းရှိတဲ့ ဂျင်ဆင်း’?! ဒါတွေက အရှေ့တိုင်းတိုက်က ပစ္စည်းတွေ မဟုတ်လား! “
ဒါပေမဲ့လည်း... ဝမ်ဒီ ဆီက ရထားတဲ့ ပိုက်ဆံတွေရှိတော့ ကုန်သည်တွေဆီကနေ မှာလို့ရနိုင်တာမို့ ကီးလ် တစ်ယောက် အားတက်သွားသည်။
“ဒီအတောအတွင်းမှာ ကျန်းမာရေးကို ဂရုစိုက်ဦးနော်! အားကစားတွေ အရမ်းမလုပ်နဲ့ဦး!”
ကီးလ်သည် ခေါင်းငြိမ့်လိုက်ရင်း
“အင်း... နင်လည်း လမ်းမှာ ဂရုစိုက်ဦး။
ဆေးလ်ဖ် ကိုလည်း နင့်နားက မခွာခိုင်းနဲ့ဦး။”
“... အားလုံး အဆင်ပြေမှာပါ၊ စိတ်မပူနဲ့~”
ယု က နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက် တော့သည်။
ထို့နောက် အခန်းအတွင်း တိတ်ဆိတ်မှု ပြန်လည် ကျဆင်းလာသည်။
ကီးလ်သည် လက်ထဲရှိ ကျောက်သေတ္တာကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး မျက်လုံးမှိတ်ကာ အတွေးနယ် ချဲ့နေမိ တော့သည်။
“ အိုင်းရှာ ခွင့်ယူသွားတဲ့ အချိန်က ငါတို့ ကျောင်းက ထွက်သွားတဲ့ အချိန်နဲ့ ကွက်တိပဲ။ အဲဒီအချိန်မှာ ဆရာကြီးလည်း မရှိဘူး၊ ငါလည်း မရှိဘူး... အဲဒီ မှော်ကျောက်တုံးကများ...၊ငါ့အတွေးတွေ လွန်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ...”