အခန်း (၉၄) - အိုင်းရှာ ၏ နေရပ်
“အမလေး... တဏှာရူးကြီး! နောက်ဆုံးတော့ ပြန်လာပြီပေါ့!!!”
အီဂေးလ်သည် ယု၏ လည်ပင်းကို လက်မောင်းဖြင့် ချိတ်တွဲကာ အတင်းအကျပ် ဖက်တွယ်လိုက်သည်။ နှစ်လအတွင်း မတွေ့ခဲ့ရသည့်အချိန်ကာလအတွင်း၊ သူမ၏ ခွန်အားမှာ သိသိသာသာ တိုးတက်လာသည်ကို ယု အံ့အားသင့် နေ လေ သည်။
“ဟေး... ဟေး! လွှတ်ပါဦး၊ စကားကောင်းကောင်း ပြောကြရအောင်လေ! တွေ့တွေ့ချင်း သတ်ဖို့ လုပ်နေတာလား!”
ယု သည် ရုန်းကန်ရန် ကြိုးစားလိုက်သော်လည်း၊ သူ၏ခေါင်းမှာ နူးညံ့သည့်အရာတစ်ခုနှင့် တိုးမိသွားသည်ကို သတိထားမိလိုက်သည်။
“အင်း... ဒီအတိုင်း ခဏလောက် ဆက်နေလိုက်လည်း မဆိုးပါဘူးလေ...”
“ဒီနှစ်လအတွင်းမှာ မင်း ဘယ်တွေ သွားနေတာလဲ! မင်း သင်ပေးထားတဲ့ “ တိုက်ပွဲဝင်ချီ “ နောက်တစ်ဆင့်ကို သင်ချင်လွန်းလို့ ငါ့မှာ စောင့်နေရတာ အသည်းယားနေပြီ သိလား!”
ယု သင်ကြားပေးခဲ့သော နည်းစနစ်များကြောင့် အီဂေးလ်၏ စွမ်းအားမှာ အလွန်တိုးတက်လာခဲ့သည်။ ယခင်က “မီးလျှံကျား” တစ်ကောင်ကို တစ်ချက်တည်းဖြင့် အရှုံးပေးခဲ့ရ သူမသည် ယခုအခါ သုံးကွက်တည်းဖြင့် အနိုင်ယူနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“တိုက်ပွဲဝင်ချီ အကြောင်းကို ခဏထားဦး။ အရင်ဆုံး —အိုင်းရှာ ဘယ်သွားလဲ၊ ပြောဦး?”
“ဟင်? အိုင်းရှာ က မင်းတို့၊ ကီးလ်တို့နဲ့ အတူတူ သွားတာ မဟုတ်ဘူးလား?”
အီဂေးလ်၏ စကားကြောင့် ယု အံ့အားသင့်သွားသည်။ ယု မသိလိုက်တာက... သူနဲ့ ကီးလ် ကျောင်းက ထွက်သွားတဲ့နေ့မှာပဲ အိုက်ရှာ ပါ ပျောက်သွားခဲ့တာ ဖြစ်သည်။ထို့ကြောင့် ကျောင်းအတွင်း၌ သူတို့သုံးဦး အတူတူ ခရီးထွက်သွားကြောင်း သတင်းများ ပင် ပျံ့နှံ့နေခဲ့သည်။
“”နေဦး... ဘာလို့ အိုင်းရှာ က ငါတို့နဲ့ ရှိရမှာလဲ? ဆရာကြီး ဂေးလ် ပြောတော့ သူမက အိမ်မှာ ကိစ္စရှိလို့ ခွင့်ယူထားတယ် ဆိုတာပဲ။ ဒါပေမဲ့ နှစ်လနီးပါး ရှိနေပြီကို ဘာလို့ ပြန်မလာသေးတာလဲ?”
အခန်းတွင်းရှိ အိုင်းရှာ ၏ ပစ္စည်းများ အားလုံး ပျောက်ကွယ်နေခြင်းက သူမ အပြီး ပြန်မလာတော့မည့် ပုံ ပင် ဖြစ်သည်။
“”ဟင်? အိမ်မှာ ကိစ္စရှိတယ်? ငါ့ကိုတောင် ဘာမှမပြောသွားပါလား...”
ဒါကို ကြားတော့ အီဂေးလ် လည်း တစ်ခုခုတော့ မှားနေပြီဆိုတာ ရိပ်မိလိုက် လေသည်။
ယုသည် မည်သည့်စကားမျှ မပြောတော့ဘဲ ချက်ချင်းပင် ကျောင်းသား မှတ်တမ်းဌာနသို့ ဦးတည်လိုက်သည်။ “မီးလျှံစုန်းမ” ၏ တပည့်အဖြစ် သူ့တွင် အခွင့်အရေးများ ရှိနေသဖြင့် မှတ်တမ်းများကို လွယ်ကူစွာ ကြည့်ရှုနိုင်သည်။
“တွေ့ပြီ...”
သူသည် စာရွက်တစ်ရွက်ကို ထုတ်ယူကာ အနည်းငယ် အသံထွက်၍ ဖတ်လိုက်သည်။
“အမည် — အိုင်းရှာ လောရင့်စ်
ကျွမ်းကျင်မှော် — ရေခဲ။
နေရပ်လိပ်စာ — ဖရမ်အင်ပါယာ၊ ဂါစတာမြို့ အနောက်ဘက်ဆင်ခြေဖုံး၊ လောရင့်စ် အိမ်တော်။”
“ဂါစတာမြို့လား... ရထားလုံးနဲ့ သွားရင် သုံးရက်လောက် ကြာလိမ့်မယ်” ဟု အီဂေးလ်က ပြောလိုက်သည်။
“သုံးရက်လား... ဒါဆို အခုချက်ချင်း သွားကြစို့”။
“နေပါဦး!”
အီဂေးလ်က ယု လက်မောင်းကို ဆွဲကာ တားထားလိုက်သည်။
“ နင်က ဒီအတိုင်း သွားတော့မလို့လား? ခွင့်ယူဖို့က အဲလောက်မလွယ်ဘူးနော်!”
“ရတယ်၊ ခွင့်တိုင်နေစရာ မလိုပါဘူး။ နင်ပဲ ကျောင်းမှာ စာသေချာသင်နေခဲ့... ငါပြန်လာရင် တိုက်ပွဲ၀င် ချီ အကြောင်း ဆက်သင်ပေးမယ်။”
အီဂေးလ် က ယု ကို လွတ်မ ပေး ပဲ တင်းကြပ်စွာ ကိုင်ထားရင်း ပြောလိုက်သည်။
“တစ်ယောက်တည်း မသွားနဲ့! အိုင်းရှာ က ငါ့သူငယ်ချင်းပဲ၊ ငါလည်း လိုက်ကူညီချင်တယ်!!”
“အား... အား... နာတယ်ဟ! လိုက်ချင်ရင်လည်း ပြောလေ၊ လက်ကို အသားလွတ်ကြီး လာညှစ်မနေနဲ့!”
“နင် ငါ့ကို ခေါ်သွားမယ်လို့ ကတိပေးမှ လွှတ်မှာ။ မဟုတ်ရင် နင်က မြန်မြန်ပြေးသွားမှာ ငါသိတယ်!”
“အေးပါ... အေးပါ... ခေါ်သွားပါ့မယ်...”
စွမ်းအားတွေ ကို စည်းတံဆိပ် ခတ်ထားသောကြောင့် သာမန် လူ ခွန်အားလို ဖြစ်နေသည့် ယုတစ် ယောက် အီဂေးလ် ရဲ့ ခွန်အား ကို မခံနိုင် သဖြင့် နောက်ဆုံးတွင် သဘောတူလိုက်ရ တော့သည်။
ထို့နောက် သူတို့နှစ်ဦးသည် ကျောင်းအုပ်ရုံးခန်းရှိရာသို့ ဦးတည်ခဲ့ကြသည်။
သို့သော် တံခါးရှေ့သို့ ရောက်ရှိသည့်အချိန်တွင်၊ အခန်းအတွင်းမှ ပစ္စည်းများကို ဟိုလှန်ဒီလှန် ရှာဖွေနေသည့် အသံများ ထွက်ပေါ်နေသည်ကို ကြားလိုက်ရ လေသည်...။