အခန်း (၉၂) - ဝေါ်ကာ ရဲ့ လှုပ်ရှားမှု
လောကကြီးမှာ လူသားတွေရဲ့ အသိဉာဏ်ထက် ကျော်လွန်နေတဲ့ ဖြစ်တည်မှု ၁၂ ခု။
ထို အရာများ ကို လူတွေက “တမန်တော်များ” ဟု ခေါ်ကြသည်။
လူတွေမသိတာက “တမန်တော်” ဆိုတာတွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရကနေ ပေါက်ဖွားလာတဲ့ ပြီးပြည့်စုံတဲ့ သက်ရှိပုံစံပင်ဖြစ်သည်။ အခုဆိုရင် ကမ္ဘာဦးကာလကနေ နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီးနောက်မှာတော့ ‘တမန်တော်’ ဖြစ်လာနိုင်မည့် အလညးအလာ ရှိသော “သန္ဓေသားလောင်း” တစ်ခုဟာ ဒီလောကထဲကို တစ်ကျော့ပြန် ပေါ်ပေါက် လာခဲ့ပြီ ဖြစ်သည်။
ထိုအရာ ကို ... “တမန်တော်ဥ” လို့ ခေါ်တာပေါ့။ထို အမည်မှာ ‘ ယု ‘ က သူ့ စိတ်တိုင်း ကျ ပေးထားခြင်း ဖြစ်သည်။
“ဥ” လေးကတော့ ထို နာမည်ကို သိပ်သဘောကျပုံမရ ပဲ တစ်ကိုယ်လုံးကို မီးတောက်များဖြင့် ဝန်းရံလျက် ‘ ယု ‘ ကို တိတ်တဆိတ် ဆန္ဒပြလျက်ရှိသည်။
နောက်ဆုံးတော့ ယု လည်း လက်လျှော့လိုက်ပြီး အဲဒီဥလေးကို “မီးတောက်လေး” လို့ပဲ နာမည်ပေးလိုက်တော့သည်။ တစ်ကိုယ်လုံး မီးတွေတောက်နေမှတော့ ဒီနာမည်က အလိုက်ဖက်ဆုံးပင် ဖြစ်သည်။
“အား... တောက်!”
ယု က ရထားလုံးပေါ်မှာ ထိုင်ရင်း သူ့ရင်ခွင်ထဲက “ မီးတောက်လေး” ကို အသာအယာ ပွတ်သပ်ပေးရင် စိတ်ပျက် လက်ပျက် ဖြစ်နေသည်။
“ဒီကောင်လေးက မင်းကို တော်တော်ခင်ပုံရတယ်နော်။”
ဘေးက ကီးလ် က ကြည့်ပြီး ပြောလိုက်သည်။။ ယု ရဲ့ လိမ်ညာလှည့်ဖျား အပြော တွေ ကြောင့် ကီးလ် ကတော့ ဒီဥလေးကို “မီးချီလင်” ဖြစ်လာမယ့် ဥလေးလို့ပဲ ထင်နေသည်။ ၎င်းဟာ တမန်တော် တစ်ပါး ဖြစ်လာနိုင်မည် ဆိုတာကိုတော့ စိတ် တောင်မကူးမိ ပေ။
ယု က မျက်မှောင်ကြုတ်ကာ
“ဒါ ခင်တာမဟုတ်ဘူးဗျ... နှိပ်စက်နေတာ!” ဟုပြန်ပြောလိုက်သည်။
တကယ်တော့ လူတွေအာရုံမစိုက်မိအောင် “ယု “ က ဒီဥလေးကို သူ့ရဲ့ အာကာသလက်စွပ် ထဲတွင် ထည့်ထားလေ့ရှိသည်။
“မီး တောက်လေး” သည် လူတွေရှိချိန် ငြိမ်နေပေမယ့် ယု တစ်ယောက်တည်း ရှိချိန်တွင်တော့ လက်စွပ်ထဲမှာ မီးတွေဟုန်းဟုန်းတောက်ပြီး ဆန္ဒပြ နေတတ်သည်။ အပြင်ထုတ်ပေးပြန်ရင်လည်း မီးက ချက်ချင်းမငြိမ်း ပဲ ရင်ခွင်ထဲထည့်ပြီး ပွတ်သပ်ချော့မြှူပေးနေမှ ငြိမ်သက် နေ လေသည်။
“ ကီးလ် “ က “ ယု “ ရဲ့ ပုံစံကိုကြည့်ပြီး ပါးစပ်ပိတ်ကာ ရယ်လိုက်သည်။
“မင်းကသာ ငြီးငြူနေတာ၊ တကယ်တော့ မင်းပုံစံက သမီး ကို ပွေ့ချီထားတဲ့ အဖေတစ်ယောက်နဲ့တောင် တူနေသေးတယ်။ ပြီးတော့ ဒီကလေးကို ပွတ်သပ်ပေးနေတာကြောင့် မင်း ရထားမူးတာ သက်သာနေတာကိုရော သတိထားမိရဲ့လား”
“ဘယ်မှာ ပျော်လို့လဲ! ဟို ချီလင်ကြီးကို သေချာစောင့်ရှောက်ပါ့မယ်လို့ ကတိပေးထားလို့ပါ!”
ယုသည် ကီးလ်၏ စကားကို ငြင်းဆန် နေသော်လည်း “မီး တောက် လေး” ကိုမူ ဂရုတစိုက် ဆက်လက် ပွေ့ပိုက်ထား လေသည်။
သူ ဘယ်လောက်ပဲ ငြင်းငြင်း၊ ဒီဥလေးကိုတော့ သေချာထိန်းထားရမည် ဖြစ်သည်။ “ မီးတောက်လေး “ ကို ယူဆောင်လာရာ မီးတောင် ပတ်၀န်းကျင် မှ တောဝံပုလွေတွေကို “ငရဲမီးဝံပုလွေ” အဖြစ် ပြောင်းလဲ ကုန်သည့် ဖြစ်ရပ် က ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။
ကီးလ်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် -
“မင်းကတော့ ကံကောင်းပါတယ်၊ ချီလင်လေးတစ်ကောင် ရလာခဲ့တယ်ပေါ့။ ငါကတော့ တစ်ခဏချင်းမှာပဲ အရာအားလုံး ဆုံးရှုံးသွားခဲ့ရပြီ” ဟု ညည်းတွားလိုက်သည်။ သူမ၏ မှော်စွမ်းအင်များ ဆုံးရှုံးသွားခြင်းနှင့် ယုံကြည်ရသော ဆရာ၏ သစ္စာဖောက်မှုကြောင့် သူမ၏ လောကကြီးမှာ ပြောင်းပြန် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
“ဘာမှမရှိတော့ဘူးလို့ မပြောပါနဲ့၊ ကျွန်တော် ရှိသေးတယ်လေ! တပည့်အဖြစ်နဲ့ အားမရသေးရင်... ကျွန်တော့်ရဲ့ စေ့စပ်ထားသူအဖြစ်နဲ့ ဆက်ရှိနေလို့ ရတယ်နော်!”
ယု က မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။
ကီးလ်သည် နမ်း ခဲ့သည့် အဖြစ်အပျက်ကို ပြန်လည် သတိရသွားကာ ရှက်ရမ်း ရမ်းပြီး အော် ပြော လိုက် သည်။
“နင်... နင်!! အခုထိ ဘာတွေတွေးနေတာလဲ! အဲဒါတွေ တွေးနေမယ့်အစား ငါ့ရဲ့ မှော်အင်အားတွေ ပြန်ရအောင် ဘယ်ဆေးသောက်ရမလဲဆိုတာပဲ စဉ်းစားစမ်း!”
ယု က ခေါင်းခါပြလိုက်သည်။
“အရင်က ဆေးတွေက ဆရာမအတွက် အာနိသင် မရှိတော့ဘူး။ အခု မှော်အင်အား ပြန်တက်ချင်ရင်တော့... နှစ်ပေါင်းထောင်ချီ မှော်စွမ်းအင်တွေ စိမ့်ဝင်နေတဲ့ ‘နတ်ဆေးပင်’ တွေကို ရှာရလိမ့်မယ်။ အဲဒါတွေက ရှာရခက်သလို အခုချက်ချင်းလည်း ရမှာမဟုတ်ဘူး။”
“ဟူး... တော်တော် ခေါင်းခဲစရာပဲ။” ကီးလ် ခေါင်း ခါကာ စဉ်းစား နေလိုက်သည်။
“သိပ်ပြီး စိတ်ဓာတ်မကျပါနဲ့။ ဆရာမက အသက်အငယ်ဆုံး ပါရမီရှင် မှော်ဆရာမပဲလေ။ အစကနေ ပြန်စရင်လည်း တခြားသူတွေထက် အများကြီး ပိုမြန်မှာပါ။”
“ဒါက မှော်ပညာ တစ်ခုတည်းတင် မဟုတ်ဘူး။ မနက်ဖြန် ကျောင်းပြန်ရောက်ရင် ငါလုပ်စရာတွေ အများကြီး ရှိတယ်။ ဆရာကြီး အာစီမန်းစ် ရဲ့ ပစ္စည်းတွေနဲ့ မှတ်တမ်းတွေကို အမြန် ရှင်းလင်းရမယ်။ ပြီးတော့... သူသေသွားတာကို ဘယ်သူမှမသိအောင် လျှို့ဝှက်ထားရမယ်။”
အာဆီမန်းစ် သည် အင်ပါယာ၏ တည်ငြိမ်မှုကို ထိန်းညှိပေးထားသူ ဖြစ်သဖြင့် သူ ကွယ်လွန်သွားခြင်းကို သိရှိသွားပါက အခြားမိသားစုကြီး သုံးခုက နန်းတော်ကို တိုက်ခိုက်လာနိုင်ခြေ ရှိသည်။ ထို့ကြောင့် ကီးလ်သည် အာဆီမန်းမှာ မှော်ပညာအသစ်ကို သီးသန့်လေ့လာနေသည်ဟု သတင်းမှား လွှင့်ထားခဲ့သည်။
“ဘယ်လောက်ကြာကြာ ဖုံးထားနိုင်မှာလဲ? အဖြစ်အပျက်က ဖြစ်ပြီးတာ နှစ်ပတ်လောက် ရှိနေပြီလေ။” ယု က ဂရုမစိုက်စွာ ပြောလိုက်သည် ။ သူ့အတွက်ကတော့ ကီးလ် နဲ့ အိုင်းရှာ ဘေးကင်းရင် ရပြီ ဖြစ်သည်။
ထူးခြားသည်မှာ ဝမ်ဒီနှင့် ရိုင်ယန်တို့ သေဆုံးသည့်သတင်းကို ဝေါ်ကာ က ထုတ်ပြန်ခဲ့သော်လည်း ယုနှင့် ကီးလ်တို့ အသက်ရှင်ကျန် ခဲ့သည့်အကြောင်းကို တစ်ခွန်းမျှ မဟခြင်းပင် ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ယု ၏ စစ်မှန်သော စွမ်းအားကို မျက်မြင်တွေ့ရှိခဲ့ပြီးနောက် ဝေါ်ကာ တစ်ယောက် သေရမည် ကို ထိတ်လန့်ကာ မီးတောင်အတွင်း ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်တစ်ခုကဲ့သို့ မေ့ပစ်ရန်သာ ဆုံးဖြတ်ထားပုံရသည်။