အခန်း (၈၈) - ငရဲမီးလျှံ
ယုသည် အခြားလူများ ကြောက်လန့် နေ ကြသည်ကို စိတ်မ၀င်စား ပဲ ကီးလ်အပေါ် ဒဏ်ရာ ရစေခဲ့သော မြေခွေးအိုကြီး အာစီမန်းစ် ကိုသာ ဒေါသတကြီး စိုက်ကြည့်နေ လေသည်။
“မင်း ဝန်ခံပြီးပြီဆိုမှတော့ ငါ နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်။ မင်းက တကယ်တော့ ဘယ်သူလဲ?”
အာဆီမန်းက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။ ဤမျှ စွမ်းအားကြီးမားသောသူတစ်ဦးမှာ သာမန်တပည့်တစ်ဦးမျှသာ ဖြစ်သည်ဆိုသည်ကို မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။
“ကျွန်တော့်ရဲ့ လက်ရှိအဆင့်အတန်းကတော့ ကီးလ်ရဲ့ တပည့်ပါပဲ။ တကယ်လို့ တစ်ခုခု ထပ်ထည့်ချင်တယ်ဆိုရင်တော့... ဇနီးလောင်းရှာဖို့ ဒီကို ရောက်လာတဲ့ သာမန်လူတစ်ယောက်လို့ပဲ မှတ်ထားလိုက်ပါ”
ယု သည် ပထမ တမန်တော် ရာထူးကို စွန့်လွှတ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ တမန်တော်နန်းဆောင်ထဲတွင် ကုန်ဆုံးခဲ့သည့် နှစ်ပေါင်းသောင်းချီသော အချိန်များသည် လူ့လောကတွင် ဖြတ်သန်းခဲ့ရသည့် ပြီးခဲ့သော ခြောက်လတာ ပျော်ရွှင်မှုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
အရာအားလုံးကို ခြေမှုန်းနိုင်သည့် အစွမ်းထက်စွမ်းအားများ ရှိနေသော်လည်း ချစ်ရသူသာ ဘေးမှာမရှိပါက ကမ္ဘာကြီးကို သိမ်းပိုက်နိုင်လျှင်ပင် ဘာမှ အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။
“ဟင်း! မင်း မပြောချင်ဘူးဆိုရင်လည်း အဲဒီလျှို့ဝှက်ချက်တွေကို မြေကြီးထဲအထိ ယူသွားလိုက်တော့!”
အာစီမန်းစ် ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ၏အိတ်ကပ်အတွင်းမှ ခရမ်းနီရောင် မီးလျှံများပါသည့် ဖန်ပုလင်းလေးကို ထုတ်ယူ၍ လက်ဖြင့် ချေဖျက်လိုက်သည်။
ထိုခဏချင်းမှာပင်ခရမ်းနီရောင် မီးလျှံများသည် အာစီမန်းစ် ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။ ထို့နောက်သူ၏ခြေထောက်အောက်တွင် တစ်ခါမျှ မမြင်ဖူးသော မှော်စက်ဝိုင်းတစ်ခု ပေါ်လာပြီး ပြင်းထန်လှသော ခရမ်းနီရောင် မီးလျှံများ ဟုန်းကနဲ ထွက်ပေါ်လာသည်။
ထိုမီးလျှံများ၏ အပူရှိန်မှာ ပြင်းထန်လွန်းလှသဖြင့် ကမ်းပါးအောက်ရှိ ချော်ရည်ပူများပင် အရောင်မှိန်သွားရသည်။ ဝေါ်ကာ သည်ထိုမြင်ကွင်းကို မြင်သည်နှင့် တုန်လှုပ်ချောက်ချားသွားသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ လူသားတို့ ထိန်းချုပ်နိုင်သော “နတ်မီးလျှံ” မဟုတ်တော့ဘဲ တမန်တော်များကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာ ကိုင်တွယ်နိုင်သည့် “ငရဲမီးလျှံ” ဖြစ်နေသောကြောင့် ဖြစ်သည်။ ‘မီးလျှံအပေါင်းတို့၏ အရှင်’ စွမ်းအားကို ရရှိထားသည့် အပြင် “ ငရဲမီးလျှံ “ ကိုပင် ထိန်းချုပ်ထားနိုင် သော လက်ရှိ အာစီမန်းစ် ၏ အစွမ်းမှာ တမန်တော်တစ်ဦးနှင့် မခြားတော့ပေ။
ငရဲမီးလျှံများ သူ့ထံသို့ ရောက်လာတော့မည်ကို သိလိုက်ရသဖြင့် ဝေါ်ကာ သည် သူ၏ နောက်ဆုံးစွမ်းအားကို သုံးကာ ‘ဟင်းလင်းပြင်တံခါး’ ကို ဖွင့်ပြီး ‘ဟင်းလင်းပြင်’ ထဲသို့ လိမ့်ဝင်ကာ ထွက်ပြေးသွားတော့သည်။ ကျန်ခဲ့သူများမှာ ဆွံ့အသွားကြသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရိုင်ယန်က အော်ဟစ်လိုက်သည်။
“ဆရာ! ကျွန်တော်တို့ကို မထားခဲ့ပါနဲ့ဦး!”
သို့သော် ဝေါ်ကာ မှာ အသုံးမကျသော တပည့်ကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။ အရင်ကဆိုလျှင်တော့ ရိုင်ယန်တို့ မိသားစု၏ အရှိန်အဝါက အသုံးဝင်ကောင်း ဝင်နိုင်သော်လည်း၊ အခုလို ယု နှင့် အာစီမန်းစ် တို့ကဲ့သို့ မိစ္ဆာနှစ်ကောင်ကို ရန်စမိထားသည့် အခြေအနေမျိုးတွင် ဘယ်သူပဲ အနိုင်ရရ၊ ရိုင်ယန်တို့ သားအဖမှာ အသက်ရှင်ဖို့ လမ်းမရှိနိုင်တော့ပေ။
ထိုအချိန်တွင် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည့် ဆေးလ်ဖ် သည် လူသားပုံစံသို့ ပြောင်းလဲကာ ယု နှင့် ငရဲမီးလျှံကြားတွင် ဝင်ရပ်လိုက်သည်။ ဆေးလ်ဖ်သည် လူသားမဟုတ်ဘဲ ဓာတ်ကြီးလေးပါးဘုရင် ကိုယ်တိုင် ဖန်တီးထားသည့် လေဓားဝိညာဉ် ဖြစ်သည်။ ထို့ကြောင့် သူမသည် သာမန် လူသားများ မသုံးနိုင်သော အဆင့်မြင့် လေမှော် ‘လေမုန်တိုင်း အကာအကွယ်’ ကို အသုံးပြုကာ ယုနှင့် ကီးလ်တို့ကို ကာကွယ်ပေးလိုက်သည်။
သို့သော် ပြင်းထန်လှသော ငရဲမီးလျှံရှေ့တွင် ဤအကာအကွယ်က မည်မျှ ခံနိုင်မည်ကို ဆပ်ဖ် ကိုယ်တိုင်လည်း မသေချာပေ။
“ ဆေးလ်ဖ်! ကီးလ်နဲ့ ဒီကျောက်မျက်ကို ယူပြီး အခုချက်ချင်း ဒီနေရာကနေ ထွက်သွားတော့!”
ယုက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“မရဘူး သခင်! သခင်ရဲ့ ဓားတစ်လက်အနေနဲ့ ကျွန်မ သခင်ကို ကာကွယ်ရပါမယ်!”
ဆေးလ်ဖ် က အကာအကွယ်ကို ဆက်လက် ထိန်းသိမ်းထားရင်း ငြင်းဆန်လိုက်သည်။
“ဒါဟာ သခင်တစ်ယောက်အနေနဲ့ ပေးတဲ့ အမိန့်ပဲ! အခုချက်ချင်း သွား!”
ယု သည် သူ၏ အရှင်သခင် အာဏာကို သုံးကာ ပြင်းထန်သော အရှိန်အဝါတစ်ခုနှင့်အတူ အော်ဟစ် အမိန့်ပေးလိုက်သည်။
ထို ပြင်းထန်သည့် ဖိအားအရှိန်အဝါကြောင့် ဆေးလ်ဖ်သည် ထပ်မံ၍ မငြင်းဆန်ရဲတော့ဘဲ ကျောက်စိမ်းကို ကိုင်ကာ၊ ကီးလ်ကို ပုခုံးပေါ် ထမ်းတင်ပြီး ဂူဝဆီသို့ အပြင်းအထန် ပြေးထွက်သွားတော့သည်။
“ပြေးကြဟေ့!”
ဝမ်ဒီ နှင့် ကျန်တဲ့သူများလည်း ထွက်ပြေးရန် ကြိုးစား လိုက်ကြ သော်လည်း အာစီမန်းစ် က အခွင့်အရေး မပေးခဲ့ပေ။ သူ၏ ငရဲမီးလျှံများကို ထိုသူများထံသို့ ပစ်လွှတ်လိုက်သည်။ ထိုမီးလျှံများနှင့် ထိတွေ့လိုက်သည်နှင့် သူတို့သည် အငွေ့ပျံကာ အစအနမကျန် ပျောက်ကွယ်သွားကြတော့သည်။
အာစီမန်းစ် သည် ဆေးလ်ဖ် နှင့် ကီးလ်ကိုတော့ တမင် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ဆေးလ်ဖ် ၏ လက်ထဲတွင် အဖိုးတန် ‘ကြက်သွေးရောင် မီးလျှံကျောက်’ ရှိနေသဖြင့် ယု ကို သတ်ပြီးမှ အေးအေးဆေးဆေး ပြန်လုယူမည်ဟု သူက တွေးထားသည်။
“ဝတ်စုံနက်နဲ့ ဓားသခင်” ဆိုတဲ့ ဒဏ္ဍာရီဟာ ဒီနေ့မှာပဲ နိဂုံးချုပ်ရတော့မယ်။
အာဆီမန်းက လက်ကို ဝေ့ယမ်း၍ ငရဲမီးလှိုင်းကြီးဖြင့် ယုကို လွှမ်းခြုံပစ်လိုက်သည်။
“ဟင်း! ‘ဝတ်စုံနက်နဲ့ ဓားသခင်’ ဆိုတာလည်း ငရဲမီးလျှံရှေ့မှာတော့ သာမန်လူတစ်ယောက်ပါပဲလား”
အာစီမန်းစ် သည် သူ၏ စွမ်းအားကို ဂုဏ်ယူရင်း ကျေနပ်စွာ ပြုံးလိုက်သည်။ ဤသည်မှာ ‘တမန်တော်’ များသာ ထိန်းချုပ်နိုင်သည့် မီးလျှံဖြစ်သည်။ သူသည် လူသားဘဝ၏ ကန့်သတ်ချက်များကို ကျော်ဖြတ်ကာ တမန်တော်တစ်ဦး ဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဟု ယုံကြည်နေသည်။
သို့သော် ထိုမီးတောက်များကြားထဲမှ အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာသည် ။
“မီးကို အဲဒီလို အသုံးချရတာ မဟုတ်ဘူး...”
အာဆီမန်းသည် ထိတ်လန့်သွားရ၏။ အရာအားလုံးကို ပြာဖြစ်စေနိုင်သော ငရဲမီးလျှံများကြား၌ ယုမှာ မတ်မတ်ရပ်နေဆဲပင်။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုငရဲမီးလျှံများသည် ယု၏ ဘေးနား၌ အိမ်မွေးတိရစ္ဆာန်လေးများကဲ့သို့ ခုန်ပေါက်နေကြပြီး ၎င်းတို့၏ စစ်မှန်သော သခင်ထံ ပြန်ရောက်သွားသည့်အလား ပြုမူနေကြခြင်း ဖြစ်သည်။
“မ... မဖြစ်နိုင်ဘူး!!!”
အာဆီမန်း ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ လူသားတစ်ဦးက ဤငရဲမီးများကို မည်သို့ ခံနိုင်ရည်ရှိနေသနည်း?
ယု သည် မီးလျှံများ၏ စစ်မှန်သော အရှင်သခင်အလား မီးတောက်များကြားတွင် ရပ်နေရင်း၊ အသက်ရှူရပင် ခက်ခဲစေလောက်သည့် အတိုင်းအဆမရှိသော အရှိန်အဝါဖြင့် အာစီမန်းစ် ကို ဖိနှိပ်ထားလေတော့သည်။