အခန်း (၈၇) - ဝတ်စုံနက်နှင့် ဓားသခင်
ဝေါ့်ဒ် ဝေါ်ကာ ဘ၀ တွင် မေ့ မပျောက်နိုင် သော အရာ သုံးခု ပြောရမည်ဆိုလျှင် ပထမတစ်ခုမှာ ‘ဟင်းလင်းပြင်တံခါး’ ဆိုသည့် မွေးရာပါမှော်စွမ်းရည် ကို တတ်မြောက်ခဲ့ချိန် ဖြစ်သည်။ ထိုစဉ်က သူသည် ဟင်းလင်းပြင်နယ်မြေထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရခဲ့ပြီး ကမ္ဘာသစ်တစ်ခု အ ကြောင်း ကိုစတင် လေ့လာခွင့် ရခဲ့လေသည်။
ဒုတိယအရာ မှာ ဟင်းလင်းပြင်ကမ္ဘာထဲတွင် လုံးဝဥဿုံ စွမ်းအားရှင်ဖြစ်သော ‘ဟင်းလင်းပြင်သခင်’ မိစ္ဆာကြီး နှင့် တွေ့ဆုံခဲ့ခြင်းပင် ဖြစ်သညိ။
ဝေါ်ကာ၏ အမြင်တွင် ဤမိစ္ဆာကြီးမှာ “တမန်တော်” တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သော စွမ်းအားရှိပြီး လူသားတို့ ထက် သာလွန်သော ဉာဏ်ပညာမျိုး ပိုင်ဆိုင်ထား လေသည်။ ကမ္ဘာ့စည်းမျဉ်းများ၏ ကန့်သတ်ချက်ကြောင့်သာ ဤမိစ္ဆာကြီးမှာ ဟင်းလင်းပြင်မှ မထွက်ခွာနိုင်ခြင်းဖြစ်သည်။
ဝေါ်ကာ သည် မိစ္ဆာကြီးထံမှ ဟင်းလင်းပြင်စွမ်းအင်များနှင့် ဟင်းလင်းပြင် ဝဲဂယက် ဖော်ဆောင်နည်းများကို လက်ခံ သင်ယူ ရရှိခဲ့ လေ သည်။ အလဲအလှယ်အနေဖြင့် သူသည် လူသားတစ်ဦးကို ဤမိစ္ဆာကြီးထံ နေ့စဉ် ယဇ်ပူဇော်ကျွေးမွေးခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုမိစ္ဆာကြီးမှာ အဆုံးမဲ့ သက်တမ်းတစ်လျှောက် တစ်ကိုယ်တည်း ဖြစ်နေသဖြင့် လူသားများကို ဝါးမြိုခြင်းဖြင့်သာ သူတို့၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် ဘဝအမှတ်တရများကို ခံစားနိုင်သောကြောင့်ပင် ဖြစ်သည်။
တတိယမြောက် အမှတ်ရဆုံး အရာမှာကားယခု သူ၏ရှေ့မှ မြင်ကွင်းပင် ဖြစ် ပေသည်။
အလွန်ရှုပ်ထွေးလှသော တွက်ချက်မှုများဖြင့်သာ ဖွင့်နိုင်သည့် ဟင်းလင်းပြင်ကမ္ဘာကို ကီးလ်၏ တပည့်ဆိုသော ဤကောင်လေးက လက်ဗလာဖြင့် ဆွဲဖြဲပစ် ခဲ့လေသည်။
ထို့ပြင် သူ အထင်ကြီး အားကိုးခဲ့သော ဟင်းလင်းပြင်သခင်ကြီးမှာလည်း ထိုကောင်လေး၏ ခြေထောက်အောက်တွင် အသားစများအဖြစ် တစ်စစီ ကြေမွ နေပြီ ဖြစ်သည်။
“တောက်! ဒီရေဘဝဲကြီးက လက်တံတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ?!”
ယု သည် သူ၏ မျက်နှာပေါ်မှ အပြာရောင် သွေးများကို သုတ်ရင်း၊ သူ့ခြေထောက်တွင် ရစ်ပတ်နေသော လက်တံ အကြွင်းအကျန်များကို စက်ဆုပ်ရွံရှာစွာဖြင့် ခါထုတ်ပစ်လိုက်သည်။
ဝေါ်ကာ မှာ စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားသလို၊ ဘေးနားရှိ ရိုင်ယန်မှာလည်း ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားသည်။ ‘ဟင်းလင်းပြင်သခင်’ ဆိုသည်မှာ မည်မျှ ကြောက်စရာကောင်းသည်ကို သူသာ လျှင် ကောင်းကောင်းသိ လေ သည်။
အတိတ်တွင် ဝေါ်ကာ သူ့ကို ထိုမိစ္ဆာကြီးနှင့် စတင် မိတ်ဆက်ပေးစဉ်က ကြောက်လန့်လွန်း၍ အသက်ရှု ရပ်မတတ် ဖြစ်ခဲ့ရသည်။ သို့သော် ယခု ထိုနတ်ဘုရားကဲ့သို့သော မိစ္ဆာကြီးမှာ ယု၏ လက်ထဲတွင် ကစားစရာတစ်ခုလို သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယု ဟင်းလင်းပြင် ထဲမှ ခုန်ဆင်းလာချိန်တွင် တော့ လူတိုင်းသည် ကြောက်လန့်တကြား နောက်သို့ ဆုတ်လိုက်ကြသည်။
ယု မြေပြင်ပေါ်သို့ ရောက် ရောက် ချင်း ပထမဆုံး လုပ်သည့်အလုပ်မှာ ကီးလ်ကို ရှာဖွေခြင်း ဖြစ်သည်။ သူသည်ဟင်းလင်းပြင် ထဲတွင် အချိန်အတော်ကြာ ပိတ်မိနေစဉ် အတွင်း ကီးလ် တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။
သူတွေးပူ နေသည့်အတိုင်းပင် သတိလစ်နေသော ကီးလ်ကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် ဒေါသမီးများ ဟုန်းကနဲ တောက်လောင်သွားတော့သည်။
“ဒါ... ဘယ်သူလုပ်တာလဲ?”
ယု၏ အေးစက်လှသော အသံမှာ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။ မီးလျှံချီလင် တစ်ကောင်တည်းနှင့် ကီးလ် ရှုံးနိမ့်စရာ အကြောင်းမရှိမှန်း သူ သိသည်။
ဤသည်မှာ သေချာပေါက် နောက်ကွယ်မှ တစ်စုံတစ်ဦး၏ ချောင်းမြောင်း တိုက်ခိုက်ခံလိုက်ရခြင်းပင် ဖြစ်သည်။
ထိုစကားသံကြောင့် ဂူထဲရှိ လူအားလုံး ကျောချမ်းသွားကြသည်။ တိုက်ခိုက်ခဲ့သူမှာ အာစီမန်းစ် ဖြစ်သော်လည်း သူတို့အားလုံးမှာ ကီးလ်နှင့် ယု ကို သတ်ရန် လာခဲ့ကြသူများ ဖြစ်သောကြောင့် သူတို့၏ အစီအစဉ် ပေါက်ကြားသွားပါက အသက်ပျောက်တော့မည်ကို သိနေကြသည်။
သို့သော် အားလုံး အံ့သြသွားသည်မှာ အာစီမန်းစ် သည် ကီးလ်ကို ယု ၏ ခြေရင်းသို့ ကန်ထုတ်လိုက်ပြီးနောက် ဂရုမစိုက် ဟန်ဖြင့် ပြောလိုက်သည်။
“ငါ လုပ်တာ။ မင်းတို့ ဆရာတပည့် နှစ်ယောက်ရဲ့ ခရီးက ဒီနေ့နဲ့ပဲ အဆုံးသတ်ရတော့မယ်။”
အားလုံးမှာ အာစီမန်းစ် ကို အံ့သြစွာ ကြည့်နေကြသည်။ ယု ပြသခဲ့သော စွမ်းအားမှာ သာမန်လူတစ်ယောက် မစွမ်း ဆောင်နိုင်သည့် အရာ ဖြစ်သည်။
သို့သော် အာစီမန်းစ်ကဲ့သို့ မြေခွေးအိုကြီးက ဝန်ခံရဲသည်ဆိုပါက ယု ကို သတ်နိုင်မည်ဟု သူ လုံးဝ ယုံကြည်နေ၍သာ ဖြစ်မည်။ ယု သည် မည်မျှပင် သန်မာပါစေ အာစီမန်းစ် ကဲ့သို့သော ဆရာကြီးတစ်ဦးကို ယှဉ်နိုင်မည်မဟုတ်ဟု သူတို့ တွေးလိုက်ကြသည်။
အာစီမန်းစ် ၏ ခန္ဓာကိုယ်သည် ရွှေရောင်မီးလျှံများဖြင့် ဖုံးလွှမ်းသွားပြီး၊ မီးလျှံကိုးခုမှာ ရွှေရောင်နဂါးများအဖြစ် ပြောင်းလဲကာ
ယုထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
သို့သော် ယုမှာ ရှောင်တိမ်းခြင်း မရှိပဲ ဓားကို တစ်ချက်မျှသာ ဝေ့ယမ်းလိုက်သည်။ ထိုခဏချင်းမှာပင် နတ်မီးလျှံများဖြင့် ဖွဲ့စည်းထားသော ရွှေရောင်နဂါးကြီးမှာ လေထဲတွင် ဖုန်မှုန့်များအဖြစ် ကြေမွပျောက်ကွယ်သွားတော့သည်။ ဓားတစ်ချက်တည်းဖြင့် နတ်မီးလျှံကို ငြှိမ်းသတ်လိုက်ပြီး လောကစည်းမျဉ်းအားလုံးကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော လူအများစုမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အချို့မှာ မှောင်ခိုဈေးကွက် လေလံပွဲအကြောင်း ကောလာဟလများကို ကြားဖူးထားကြသည်။
ထိုစဉ်က အမျိုးသားတစ်ဦးသည် ငှားရမ်းထားသော ဓားတစ်လက်တည်းဖြင့် အင်ပါယာ၏ အသန်မာဆုံး ရေခဲမှော်ဆရာမ မန်လီနာ အပါအဝင် ကျွမ်းကျင်သူ အားလုံးကို အနိုင်ယူခဲ့ လေ သည်။
ထိုသူသည် ဆံပင်နက်၊ ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး လူငယ်လေးတစ်ဦးသာ ဖြစ်သော်လည်း မည်သည့်မှော်ပညာကိုမဆို ဓားတစ်ချက်တည်းဖြင့် ချေမှုန်းနိုင်သူဟု သိရသည်။ ထို့ကြောင့် လူအများက သူ့ကို “ဝတ်စုံနက်နှင့် ဓားသခင်” ဟု ဘွဲ့ထူးပေးခဲ့ကြသည်။
ယခု ယုကို ကြည့်ရင်း သူတို့အားလုံး သဘောပေါက်သွားကြသည်။ ဆံပင်နက်၊ ဝတ်စုံနက်နှင့် နတ်မီးလျှံကို ဓားတစ်ချက်ဖြင့် ဖြတ်တောက်ပစ်နိုင်သူမှာ ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်မှလွဲ၍ အခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း။
သူတို့အားလုံး ဝမ်ဒီကို မုန်းတီးစွာ စိုက်ကြည့်လိုက်ကြသည်။ ရန်သူက မည်သူမှန်း မသိဘဲ သေတွင်းထဲသို့ သူတို့ကို ခေါ်လာခဲ့ခြင်း မဟုတ်ပါလား။
“မင်းက ဘယ်သူလဲ!”
အာစီမန်းစ် က အေးစက်စွာ မေးလိုက်သည်။
“ကျွန်တော်က ကီးလ်ရဲ့ တပည့်ပါ”
ယုသည် ကီးလ်ကို ညင်သာစွာ ပွေ့ချီလိုက်ပြီး သူမ၏ အသက်ရှူနှုန်းကို စစ်ဆေးလိုက်သည်။ ထို့နောက် အာဆီမန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“မင်း ငါ့ကို လိမ်လို့မရပါဘူး။ အဲ့ဒီနေ့က တောထဲမှာ ဂျက်စတာ ရဲ့ နဂါးနက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တာ မင်းမလား? ဂျက်စတာဆိုတဲ့ ကောင် အိမ်ထဲက အိမ်ပြင် မထွက်ရဲအောင် ကြောက်သွားစေခဲ့တဲ့သူက မင်းပဲ!”
အာစီမန်းစ် သည် ကီးလ်၏ အစီရင်ခံစာကို ဖတ်ဖူးသော်လည်း ယုမှာ ဤမျှ စွမ်းအားကြီးမည်ဟု မထင်ထားခဲ့ပေ။
“ဟုတ်တယ်... အဲ့ဒါ ကျွန်တော်ပဲ”
ယုက အေးစက်စွာ ပြန်ဖြေလိုက်သည်။
ဝေါ်ကာ မှာတော့ ထိုစကားကို ကြားပြီး ပို၍ပင် သွေးပျက်သွားရသည်။ နဂါးနက်ဆိုသည်မှာ အနည်းဆုံး S-rank အဆင့်ရှိသည့် မိစ္ဆာသတ္တဝါ ဖြစ်သည်။
ထိုအရာကို ဓားတစ်ချက်တည်းဖြင့် သတ်နိုင်သူနှင့် ရန်သူ ဖြစ်ခဲ့မိလေပြီ။
“ဒါဆို လေလံပွဲမှာ မန်လီနာရဲ့ မိုင်ထောင်ချီ ရေခဲပြင် စွမ်းအား ကို ဖျက်ဆီးခဲ့တာကလည်း မင်းပဲလား?”
အာဆီမန်းက ဆက်လက်မေးမြန်းလိုက်သည်။
“မန်လီနာ? လေလံပွဲ? ရင်ဘတ်မှာ မှဲ့လေးပါတဲ့ မိန်းကလေးကို ပြောတာလား?”
ယုက မန်လီနာ၏ အမည်ကို မမှတ်မိသော်လည်း သူမ၏ ရင်ဘတ်မှ မှဲ့လေးကိုတော့ ကောင်းကောင်း မှတ်မိနေသည်။
လူအများ မှာတော့ ကြောက်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။ မန်လီနာမှာ အင်ပါယာတွင် အလွန်ကျော်ကြားပြီး စွမ်းအားကြီးလှသူ ဖြစ်သည်။ ထိုမျှ ဂုဏ်မာနကြီးသော မိန်းမပျိုကိုပင် အ၀တ်များ စုတ်ပြတ်စေပြီး အသံတိတ်သွားအောင် လုပ်နိုင်ခဲ့သူမှာ သူ့တို့ရှေ့မှ ဤလူငယ်ပင် ဖြစ်သည်။
ထိုသူတို့ သည် ဝမ်ဒီနှင့် ရိုင်ယန် သားအဖ နှစ်ယောက်ကို ဒေါသတကြီး ကြည့်လိုက်ကြ တော့သည်။ ရန်သူက မည်သူမှန်း သေချာမစုံစမ်းဘဲ ပြဿနာရှာခဲ့မိသဖြင့် ယနေ့ အသက်ရှင်လျက် ပြန်ရပါ့မလားဟု တွေးတော ကြောက်ရွံ့ နေကြတော့သည်။