အခန်း (၇၆) - မှော်စွမ်းရည် ဖြည့်တင်းခြင်း
“အား~~ ခင်ဗျားတို့ စကားပြောလို့ ပြီးကြပြီလား??”
ယု က ကီးလ် နှိုးလိုက်တော့မှ နိုးလာပြီး ပျင်းကြောဆန့်လိုက်သည်။ သူသည် အစကတည်းက ကြက်သွေးရောင် မီးလျှံကျောက် ကို စိတ်မဝင်စားသဖြင့် ဝမ်ဒီ စကားများနေသည်ကို ကြည့်ရင်း အိပ်မွေ့ချခံလိုက်ရသလို အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
“ပြီးပြီ။ ဒီည ဒီမှာပဲ တည်းမယ်”
“ဟင်? ဘာလို့လဲ? ကျွန်တော်က...”
ယု စကားမဆုံးခင်မှာပဲ ကီးလ်က သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး နောက်မှ အားလုံး ရှင်းပြမည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။
“တကယ်ကို ကျေးဇူးတင်ပါတယ် မစ္စ ကီးလ်။ ခင်ဗျားလို လူမျိုးက ကူညီပေးမယ်ဆိုတော့ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ မိုးလည်း ချုပ်နေပြီဆိုတော့ ဧည့်သည်ဆောင်မှာ သွားပြီး အနားယူကြပါဦး”
ဝမ်ဒီက ပြောပြောဆိုဆိုဖြင့် မြေအောက်ခန်းထဲမှ ထွက်သွားတော့သည်။
ယု သည် ကီးလ်အနောက်မှ လိုက်လာခဲ့သည်။ သူ့မှာ မေးစရာတွေ အများကြီး ရှိသော်လည်း ကီးလ်က တိတ်ဆိတ်နေသဖြင့် ဘာမှ မမေးတော့ပေ။ ထို့နောက် အစေခံတစ်ဦးက သူတို့ကို ဒုတိယထပ်ရှိ ဧည့်သည်ဆောင်သို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့သည်။
“ဟို... ကျွန်တော့်အခန်းက ဘယ်မှာလဲ?”
ဧည့်သည်ဆောင် တံခါးရှေ့ရောက်သော် ယု က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဒါက ခင်ဗျားတို့ နှစ်ယောက်လုံးအတွက် အခန်းပါပဲ။ ကျွန်တော်တို့ သခင်က ဧည့်သည်သိပ်လက်ခံလေ့မရှိတော့ အိမ်မှာ ဒီတစ်ခန်းပဲ ရှိတာပါ။ ခင်ဗျားတို့က စေ့စပ်ထားတာဆိုတော့ အတူတူနေလည်း ပြဿနာမရှိဘူးလို့ ထင်ပါတယ်”
အစေခံက ပြောပြီး ထွက်သွားတော့ ယု မှာ ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့သည်။
ဒါက ကံကောင်းတာလား ဒါမှမဟုတ် ကောင်းကင်ဘုံက သူ့ကို စမ်းသပ်နေတာလား? သူက ကီးလ်နဲ့ အခန်းအတူတူ နေရမှာလား? အကယ်၍ အိုင်းရှာသာ သိသွားရင်တော့ ဒုက္ခရောက်ပေလိမ့်မည်။
“စကားများမနေနဲ့! ဝင်ခဲ့စမ်း!”
ကီးလ်က ယု ၏ အင်္ကျီကော်လာကို ဆွဲပြီး အခန်းထဲ ထည့်ကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။
‘ဒါ... ဒါက ဟန်ဆောင်စေ့စပ်ထားတာကနေ တကယ် ဖြစ်တော့မှာလား?!’
ကီးလ်က သူမ၏ ဝတ်ရုံကို ချွတ်လိုက်သည်ကို ကြည့်ရင်း ယု ၏ ရင်ထဲတွင် ထူးဆန်းသော စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။
အိုင်းရှာက သူ့ကို ကီးလ်နဲ့ မြန်မြန် နီးစပ်အောင် လုပ်ခိုင်းခဲ့တာ မှန်ပေမဲ့ ဒါက နည်းနည်း မြန်လွန်းမနေဘူးလား? ‘ဒါမှမဟုတ် အိုင်းရှာရဲ့ စကားတွေမှာ မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ ဂါထာတွေ ပါနေတာလား?’
သို့သော် ကီးလ်က ယု ကို ဂရုမစိုက်ဘဲ သူမ၏ ဝတ်ရုံကို ချွတ်ကာ ဓားအဖြစ် ပြောင်းလဲနေသော ဆေးလ်ဖ်ကို စားပွဲပေါ် တင်လိုက်ပြီး ကုတင်ပေါ်တွင် တန်းထိုင်လိုက်သည်။
“ဟို... ကီးလ်၊ ကျွန်တော်တို့ ဘာလို့ ဒီမှာ နေဖို့ ဆုံးဖြတ်လိုက်တာလဲ? မနက်ဖြန် မနက် ကျောင်းကို အမြန်ပြန်ရမှာ မဟုတ်ဘူးလား?”
ယု က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“နင် ခုနက တကယ် အိပ်ပျော်နေတာလား? ငါက နင် ဟန်ဆောင်နေတာ ထင်လို့။ ကောင်းပြီ... ငါ ရှင်းပြမယ်၊ ငါတို့ တစ်နေရာကို သွားရတော့မယ်...”
ကီးလ်က ချီလင်အကြောင်း အစအဆုံး ရှင်းပြလိုက်ပြီး ယု ကို ဘာကြောင့် သူမရဲ့ တပည့်အဖြစ် လက်ခံခဲ့ရသလဲဆိုတဲ့ အကြောင်းရင်းကိုပါ ပြောပြလိုက်သည်။
သူမသည်ချီလင်ကို ရှာတွေ့ရန် အလွန်ခက်ခဲမည်ဟု ထင်ခဲ့သော်လည်း ယခုအခါ အနီးအနားမှာတင် ရှိနေသဖြင့် ယု မှ “သားရဲထိန်းကျောင်းသူ” စွမ်းရည်ဖြင့် ကူညီပေးရန် သူမက မျှော်လင့်နေခြင်း ဖြစ်သည်။
“နေပါဦး... ဒါက နည်းနည်း ထူးဆန်းမနေဘူးလား? မီးလျှံ ချီလင်က ဒီဒေသက သားရဲမှ မဟုတ်တာ။ ပြီးတော့ ချီလင်က ကျောက်မျက်ရတနာကို စောင့်ကြပ်တယ်ဆိုတာလည်း ငါ တစ်ခါမှ မကြားဖူးဘူး”
ယု သည် အပြင်ကို သိပ်မထွက်ဖူးသော်လည်း စာအုပ်ပေါင်းများစွာ ဖတ်ထားသူ ဖြစ်သည်။
ချီလင်ဆိုသည်မှာ အရှေ့ဘက်က နတ်သားရဲ ဖြစ်ပြီး ကြက်သွေးရောင် မီးလျှံကျောက် ဆိုသည်မှာလည်း မီးဝိညာဉ်၏ မျက်ရည်မျှသာ ဖြစ်သည်။ ချီလင်က မျက်ရည်တစ်စက်အတွက် စောင့်ကြပ်နေမည်ဆိုခြင်းမှာ လုံးဝ ယုတ္တိမရှိပေ။
“ဒါကို ငါလည်း စဉ်းစားပြီးသားပါ။ ဒါပေမဲ့ တောက်လောင်နေတဲ့ ကျောက်မျက်ဆိုတာ ကြက်သွေးရောင် မီးလျှံကျောက် ကလွဲလို့ တခြား ဘာဖြစ်နိုင်ဦးမှာလဲ? ပြီးတော့ ဝမ်ဒီက ကျောက်မျက်နဲ့ ငါ့ကို ဆွဲဆောင်ပေမဲ့ နောက်ဆုံးတော့ ချီလင်သွေးကိုပဲ ငါ့ကို ပေးမယ်လို့ ကတိပေးထားတယ်။ ဒါကြောင့် ကျောက်မျက်က အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် အရေးမကြီးဘူး၊ ငါတို့ ပစ်မှတ်က ချီလင်ပဲ”
ကီးလ်က ပြောပြီး ကုတင်ပေါ်တွင် လှဲလိုက်ကာ ယု ကို သူမအနားသို့ လာရန် လက်ဟန်ပြလိုက်သည်။
“ဘာဖြစ်လို့လဲ?” ယု က နားမလည်ဘဲ အနားကပ်သွားသည်။ ထိုအခါ ကီးလ်၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး -
“ဘာဖြစ်ရမှာလဲ? နင်က အခုထိ မှော်ပညာ တစ်စက်လေးတောင် မတတ်သေးဘူး။ ဗဟုသုတတွေသာ အများကြီး ရှိနေတာ၊ မှော်စွမ်းအား တစ်စက်ကိုတောင် စုစည်းနိုင်တာ မဟုတ်ဘူး။ ဒီလို အန္တရာယ်များတဲ့ နေရာကို နင့်ကို ခေါ်သွားလို့ တစ်ခုခု ဖြစ်သွားရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ?”
ကီးလ်၏ မျက်နှာမှာ ရဲတက်နေသော်လည်း ယု ကတော့ သူမ ဘာလုပ်ချင်နေမှန်း အခုထိ ရိပ်မိခြင်း မရှိသေးပေ။
“ရပါတယ်၊ ကျွန်တော်က အစွမ်းထက်ပါတယ်”
ယု က သူ့ကို စိတ်ပူပေးနေသော ကီးလ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ သူ့ရဲ့ ဆရာမက စကားပြောရင်သာ ခက်ထန်ပေမဲ့ တကယ်တော့ စိတ်ထားနွေးထွေးပြီး ချစ်ဖို့ကောင်းလွန်းလှသည်။
“နင့်ရဲ့ ယုံကြည်ချက်တွေက ဘယ်က ရလာတာလဲ? နင့်နဖူးက အမှတ်အသားကို ပြစမ်း!”
ကီးလ်က အော်ပြောလိုက်သည်။
“အမှတ်အသား??” ယု က ကီးလ် ခိုင်းသည့်အတိုင်း သူ၏ နဖူးမှ အမှတ်အသားကို ပြလိုက်သည်။
“ငါ့အနားကို ပိုကပ်ခဲ့ဦး”
ကီးလ် ပြောလိုက်သည့်အခါ သူမ၏ မျက်နှာမှာ ပို၍ နီမြန်းလာပြီး ရင်တွေလည်း တဒိတ်ဒိတ် ခုန်လာတော့သည်။ ယု အနားကပ်သွားစဉ်မှာပဲ ကီးလ်က ရုတ်တရက် ယု ၏ ခေါင်းကို သူမ၏ ပေါင်ကြားထဲသို့ ဆွဲညှစ်ထည့်လိုက်တော့သည်။
“ဝါး~~ ဝါး~~”
ယု တစ်ခုခု ပြောချင်သော်လည်း သူ၏မျက်နှာမှာ ကီးလ်၏ ပေါင်အတွင်းသားထဲသို့ နစ်ဝင်နေသဖြင့် ဘာမှ မပြောနိုင်တော့ပေ။
“တိတ်တိတ်နေစမ်း... နင်သာ မှော်ပညာကို သေသေချာချာ သင်ယူခဲ့မယ်ဆိုရင် ငါ ဒီလို လုပ်နေစရာ မလိုဘူး~~ အင်း~~”
ကီးလ်က သက်ပြင်းကို ဖြည်းညှင်းစွာ ရှူရင်း သူမ၏ မှော်စွမ်းအားများကို အမှတ်အသားမှတစ်ဆင့် ယု ဆီသို့ လွှဲပြောင်းပေးလိုက်သည်။
ဒါဟာ ရှေးကျလှတဲ့ မှော်စွမ်းရည် ဖြည့်တင်းခြင်း နည်းလမ်း ပင်ဖြစ်သည်။ လူသားတွေ မှော်ပညာကို သေသေချာချာ မတတ်မြောက်ခင်က စစ်သည်တော်တွေဟာ သူတို့ကိုယ်တိုင် မှော်စွမ်းအား မထုတ်နိုင်တဲ့အတွက် အစွမ်းထက်တဲ့ မှော်ဆရာတွေနဲ့ စာချုပ်ချုပ်ပြီး မှော်အမှတ်အသားကတစ်ဆင့် စွမ်းအားတွေကို ခေတ္တ ခွဲဝေယူငင်ခဲ့ကြရသည်။
“ဟူး... ဟူး...”
မှော်စွမ်းအား လွှဲပြောင်းပေးခြင်းက ထင်သလောက် မလွယ်ကူလှပေ။ အထူးသဖြင့် ကီးလ်နှင့် ယု တို့၏ အမှတ်အသား တည်နေရာကြောင့် ပို၍ ခက်ခဲစေသည်။ ခဏအကြာတွင် ကီးလ်မှာ မောဟိုက်ကာ ကုတင်ပေါ်သို့ ပုံကျသွားတော့သည်။
“ဘယ်... ဘယ်လိုလဲ? ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအားတွေ ခံစားရလား?”
ကီးလ်က မေးလိုက်သော်လည်း ယု မှာ သူမ၏ ပေါင်ပေါ်တွင် မျက်နှာအပ်လျက် ငြိမ်သက်နေသည်။
“ယု ??? တပည့်လေး??”
ယု ဘာမှ မလှုပ်ရှားသဖြင့် ကီးလ်မှာ ကြောက်လန့်တကြား ထိုင်လိုက်မိသည်။ ထိုအခါမှ သူမ၏ ပေါင်ပေါ်တွင် သွေးကွက်တစ်ခုကို တွေ့လိုက်ရသဖြင့် မှော်လွှဲပြောင်းစဉ် တစ်ခုခု မှားသွားပြီလားဟု စိုးရိမ်သွားသည်။
သို့သော် ယု ၏ ခေါင်းကို မလိုက်သည့်အခါ တွေ့လိုက်ရသည်မှာ— ယု မှာ နှာခေါင်းသွေးတွေ ယိုနေသော်လည်း မျက်နှာမှာတော့ အလွန်အမင်း ပျော်ရွှင်နေသည့် အမူအရာကြီးဖြင့် -
“မွှေးလိုက်တာ... အရမ်း ဇိမ်ရှိတာပဲ...”
ဒါကို မြင်တော့မှ ကီးလ်က ဒေါသထွက်ကာ ယု ကို ကုတင်အောက်သို့ ကန်ချလိုက်တော့သည်။
“နင်... နင် တကယ်ကို လူယုတ်မာပဲ! ငါက စေတနာနဲ့ မှော်စွမ်းအား ဖြည့်ပေးနေတာကို နင်က ဘာတွေ လျှောက်တွေးနေတာလဲ!”
ယု လည်း အကန်ခံရတော့မှ သတိပြန်ဝင်လာပြီး နှာခေါင်းကို အုပ်ကာ မျက်နှာကို သုတ်လိုက်ရသည်။
“မဟုတ်ပါဘူး ကီးလ်ရဲ့... ခင်ဗျားက ရုတ်တရက်ကြီး ဒီလိုလုပ်တော့ ကျွန်တော်က ဘယ်လိုလုပ် မတွေးဘဲ နေနိုင်မှာလဲ”
ယု မှာ တကယ်ကို မခံချင်ဖြစ်ရသည်။ သူ ဘာမှ မလုပ်ရဘဲ အတင်းအကျပ် ပေါင်ကြားထဲ အထည့်ခံရတာ မဟုတ်ပါလား။
“အင်း... ငါလည်း ကြိုမရှင်းပြမိတာ မှားပါတယ်။ ဒါနဲ့... အခု ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအားကို ခံစားရလား?”
ယု က စမ်းသပ်ကြည့်လိုက်ရာ သူ၏ လက်ဖျားမှ မီးတောက်အသေးလေးတစ်ခု ထွက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ တမန်တော်တွေ သုံးတဲ့ မီးလျှံမျိုး မဟုတ်ဘဲ သာမန်လူသားတွေ သုံးတဲ့ မီးလျှံမျိုး ဖြစ်သည်။
“ဒီလိုမျိုးလည်း လုပ်လို့ရတာပဲလား!” ယု က အံ့ဩတကြီး ပြုံးလိုက်သည်။
“အလုပ်ဖြစ်တယ်ဆိုရင် ဆက်လုပ်ကြတာပေါ့။ အန္တရာယ်များတဲ့ နေရာကို သွားမှာဆိုတော့ မှော်စွမ်းအား များများ ဖြည့်ထားလေ ကောင်းလေပဲ။ ဒီနေ့ကစပြီး ငါ နင့်ကို နေ့တိုင်း မှော်စွမ်းအား ဖြည့်ပေးမယ်”
ကီးလ်က ခေါင်းအုံးကို ဖက်ကာ မျက်နှာရဲရဲဖြင့် ပြောလိုက်သည်။ အခုအချိန်မှာ သူမဟာ အေးစက်လှတဲ့ မီးလျှံစုန်းမ မဟုတ်တော့ဘဲ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတစ်ယောက်လို ဖြစ်နေသည်။
“ဒါဆို... ကျွန်တော်တို့ ဆက်လုပ်ကြမလား?”
ယု က မေးရင်း သူ၏ ခန္ဓာကိုယ်က ကီးလ်၏ ပေါင်နားသို့ အလိုအလျောက် တိုးကပ်သွားသည်။
ကီးလ်က ခေါင်းအုံးကို ဖက်ပြီး တိုးတိုးလေး ခေါင်းငြိမ့်ပြလိုက်သော်လည်း ယု ၏ ခေါင်း သူမဆီ မရောက်ခင်မှာပဲ စကားတစ်ခွန်း ပြောလိုက်ပါသေးသည် -
“မီး... မီးလေးတော့ အရင် ပိတ်ပေးလို့ ရမလား?”