အခန်း (၇) - ဝံပုလွေပါးစပ်ရှေ့က နတ်မိမယ်
ငွေရောင်ဆံနွယ်ပိုင်ရှင် မိန်းကလေးဟာ သူမကို ငေးကြည့်နေသူတို့ကို ဂရုစိုက် မ နေပဲ ဝံပုလွေအုပ်စုထဲက တစ်ကောင်ကို လူစုကွဲသွားအောင် ဆွဲထုတ် လိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ကို မြှောက်ကာ လက်ဖဝါးပေါ်မှာ အဖြူရောင် မှော်အစီအရင် ကို ဖော်ထုတ်လိုက်သည်။
အဲ့ဒီအချိန်မှာပဲ ခန်းမထဲမှာရှိတဲ့ လူတိုင်း အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။ အေးမြတဲ့ လေထုနဲ့အတူ ငွေရောင်ဆံနွယ်လေးရဲ့ ရှေ့မှာ မရေမတွက်နိုင်တဲ့ ရေခဲပွင့်လေးတွေ ကခုန်နေတာကို မြင်လိုက်ရပြီး၊ ပြင်းထန်တဲ့ အအေးလှိုင်းလေပြေက ဝံပုလွေ ဆီ အရှိန်အဟုန် နဲ့ ပြေး၀င်သွားတော့ သည်။
မီးလျှံ ဝံပုလွေ ရဲ့ ခန္ဓာကိုယ်မှာ တောက်လောင်နေတဲ့ မီးလျှံတွေဟာ အအေးလှိုင်း အရှိန်ကြောင့် မှိန်ဖျော့သွား ကြသည်။မီးမရှိသော ခြေထောက်လေးဖက်စလုံးမှာလည်း မြေပြင် မှာ ရေခဲရိုက်ပြီး အေးခဲကုန်ကြသည်။
'အခုပဲ !!'
မိန်းကလေးက အော်ဟစ်လိုက်ရင်း သူမရဲ့ ရေခဲဓားကို မြှောက်ကာ ဝံပုလွေဆီကို ပြေးဝင်သွားသည်။တစ်ချိန်တည်းမှာပင် အသင့်ပြင်ထားသော ကျောင်းသားများကလည်း သူတို့၏ မှော်ပညာများကို ဝံပုလွေထံသို့ ပစ်လွှတ်လိုက်ကြသည်။
ရေခဲတူများ၊ ကျောက်တုံးဆူးများ၊ လေဓားများ စသည့် မှော်ပညာပေါင်းစုံ ဝံပုလွေပေါ်သို့ ကျရောက်သွားသည်။ အခြေခံမှော်များသာ ဖြစ်သော်လည်း အရေအတွက် များပြားသဖြင့် ဝံပုလွေမှာ မလှုပ်နိုင်တော့ပေ။
မိန်းကလေးကတော့ ထို အခွင့်အရေးကို အရယူပြီး လေထဲကို ခုန်တက်ကာ ဝံပုလွေရဲ့ နဖူးတည့်တည့်ကို ရေခဲဓားနဲ့ ပိုင်းချလိုက် လေသည်။
သူမရဲ့ ဓားချက် ဝံပုလွေဆီ မရောက်ခင်မှာပင်မီးလုံးကြီးတစ်လုံးက ဝံပုလွေဆီကို ပျံသန်းလာလေသည်။ မီးလုံးနဲ့ ထိတွေ့လိုက်တာနဲ့ ဝံပုလွေများရဲ့ မီးတောက်တွေဟာ အရင်ကထက် ပိုမိုပြင်းထန်စွာ ပြန်လည်တောက်လောင်လာတော့သည်။
"တောက်! ဘယ်သူက မီးလျှံဝံပုလွေကို မီးမှော်နဲ့ သွားပစ်တာလဲ?!"
အနီးနားရှိ ကျောင်းသားများက ဒေါသတကြီး ဆဲဆိုလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သာမန်မီးလျှံများသည် မီးလျှံဝံပုလွေအတွက် ခွန်အားဖြစ်စေပြီး ၎င်းကို ပို၍ သန်မာလာစေသောကြောင့် ဖြစ်သည်။
!''ဒုက္ခပဲ
မိန်းကလေးက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်နှင့် ရှောင်တိမ်းဖို့ ကြိုးစား လိုက်သည်။သို့သော် လေထဲမှာ ရောက်နေတာကြောင့် အချိန်မီ မလှုပ်ရှားနိုင်တော့ပေ။
မီးတောက်တွေ ဟုန်းဟုန်းတောက်နေတဲ့ ဝံပုလွေက မိန်းကလေးဆီကို ခုန်အုပ်လိုက်သည်။ ထိုအရေးကြီးတဲ့ အချိန်မှာပဲ ပြင်းထန်တဲ့ လေလှိုင်းတစ်ခုက မိန်းကလေးနဲ့ ဝံပုလွေကြားမှာ လေအကာအရံ တစ်ခုအဖြစ် ပေါ်လာ လေသည်။ဒါကတော့ စောစောက ရွှေရောင်ဆံပင်နဲ့ လူငယ်လေးရဲ့ လက်ချက် ပင် ဖြစ်သည်။
'ဒီ လေအကာအရံ က အခြေခံမှော် အဆင့် မဟုတ်တာတော့ သေချာတယ်!'
လူတိုင်းဟာ အားကောင်းလှတဲ့ လေအကာအရံကြီးကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။ အကာအကွယ်က အနားကို ချဉ်းကပ်လာသမျှကို ပြန်ကန်ထုတ်နိုင်စွမ်း ရှိတာကြောင့် မိန်းကလေး လွတ်မြောက်သွားပြီလို့ အားလုံးက ထင်မှတ်နေကြသည်။
"ဟင်း!"
ယု ကမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ငွေရောင်ဆံပင်နှင့် မိန်းကလေးမှာ အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း သူ သိလိုက်သည်။
လူတိုင်းထင်သလို လေကာရံက ယခင်ဝံပုလွေများကို တားနိုင်ကောင်း တားနိုင်လိမ့်မည်။ယခု မီးစွမ်းအား ပိုကောင်းလာသော ဝံပုလွေကိုမူ အကြာကြီး တားထားနိုင်လိမ့်မည် မဟုတ်ပေ။
ယု တွေးနေ သည့် အတိုင်းပင် ဝံပုလွေ၏ ဦးခေါင်းမှာ လေတံတိုင်းကို ဖောက်ထွက်လာသည်။ တစ်စက္ကန့်အတွင်းမှာပင် ဝံပုလွေ၏ ပါးစပ်ကြီးမှာ မိန်းကလေး၏ လည်ပင်းဖြူဖြူလေးကို ကိုက်တော့မည် ဖြစ်သည်။
ထို အဆုံးအဖြတ် အခိုက်အတန့်မှာပင် ယု ဟာ မိန်းကလေးရဲ့ အနားကို ရုတ်တရက် ရောက်ရှိလာ လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ချိတ်ပိတ်ထားသော စွမ်းအားကို အနည်းငယ် ဖြေလျော့လိုက်သည်။
စွမ်းအင် တွေ တိုးလာတဲ့ တခဏ အတွင်း မိန်းကလေးကို ဖက်ထားရင်း နှင့် ဝံပုလွေရဲ့ ခေါင်းကို အားကုန် ကန်ထုတ်လိုက် တော့သည်။ နှစ်မီတာနီးပါးရှိတဲ့ ဝံပုလွေကြီးဟာ ခန်းမရဲ့ တစ်ဖက်ခြမ်းကို လွင့်ထွက်သွားတော့သည်။
ရုတ်တရက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား လေသည်။
"မင်း အဆင်ပြေရဲ့လား??"
ယု က မိန်းကလေးကို အသာအယာလေး ဖက်ထားရင်း သူမရဲ့ လှပတဲ့ မျက်နှာလေးကို စိုးရိမ်တကြီး ကြည့်ရင်း မေးလိုက်သည်။
ယု တစ်ယောက် သူရဲကောင်းတစ်ယောက်လို အထင်ကြီးခံရ ဖို့မျှော်လင့်ထား ပေမယ့်လည်း မိန်းကလေးရဲ့ ပုံစံမှာ တုန်ရင် နေပြီး မျက်ရည်တွေ ဝဲနေတော့သည်။
'ဟင်? ငါထင်ထား သလိုမျိုး မဟုတ်ပါလား။ ငါ့ကို အားကိုးတဲ့ အကြည့်တွေနဲ့ ကြည့်ရမှာ မဟုတ်ဘူးလား? ဒါမှမဟုတ် ဝံပုလွေကို ကြောက်လွန်းလို့ ငိုနေတာလား??'
ယု ဝေခွဲမရဖြစ်နေတုန်းမှာပဲ သူ့ရဲ့ လက်ဖဝါးထဲမှာ နူးညံ့အိစက်တဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရ လေသည်။ သူ တစ်ခါမှ မခံစားဖူးတဲ့ နူးညံ့မှု၊ တင်းရင်းမှုနဲ့ အိစက်မှုတွေပါပဲ။ အဲ့ဒီ အထိအတွေ့က သူ့ရဲ့ စိတ်ခံစားမှုကို မြင့်တက်သွားစေသလိုပင်။
သူ မထိန်းနိုင်ဘဲ လက်ကို အသာလေး ဆုပ်နယ်လိုက်မိ တော့သည်။
"အာ~~"
ညှို့ယူဖမ်းစားနိုင်တဲ့ ညည်းတွားသံလေးတစ်ခုက ယု ရဲ့ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
နီရဲနေတဲ့ ပါးပြင်နဲ့ မျက်ရည်ဝဲနေသော မိန်းက လေး ရဲ့ မျက်လုံးများကို မြင်မှ ယု ချက်ချင်း သတိဝင်လာသည်။
'နေ...နေပါဦး! ငါ တမင်လုပ်တာ မဟုတ်ပါဘူး... အထိအတွေ့က ကောင်းလွန်းလို့ လက်က အလိုလို ဖြစ်သွားတာပါ!!'
'သွားပြီ! အထင်ကြီးအောင် လုပ်မလို့ပါဆိုမှ အကုန်ပျက်စီးကုန်ပြီ။'
ယု ဟာ အမြန်ပဲ လက်ကိုလွှတ်ပြီး နောက်ကို ဆုတ်လိုက် သည်။
"..."
မိန်းကလေးမှာ ရှက်လွန်းသဖြင့် ဘာမှ မပြောနိုင်ပေ။ လူ အယောက် ၃၀ နဲ့ ဝံပုလွေ ၄ ကောင်ရှေ့မှာတင် သူမရဲ့ ရင်သားကို အကိုင်ခံလိုက်ရတာ ဖြစ်သည်။
ထိုစဉ် ဘေးက ကျောင်းသားများက ယု ကို စတင် ဆဲဆိုကြတော့သည်။
"ယုတ်မာလိုက်တာ! အန္တရာယ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး နတ်သမီးလေးကို စော်ကားတယ်!"
"ဟုတ်တယ်! ခုနကတော့ ဘာမှ မလုပ်ဘဲ အခု အခြေအနေ အေးဆေးသွားမှ လာပြီး နှိုက်နေတာ!"
ယု ရဲ့ လှုပ်ရှားမှုက မြန်ဆန်လွန်းတာကြောင့် သူ ဝံပုလွေကို ကန်ထုတ်လိုက်တာကို ဘယ်သူမှ သတိမထားမိကြပါဘူး။ သူတို့ မြင်လိုက်တာကတော့ အခွင့်ကောင်းယူနေတဲ့ နှာဘူး တစ်ယောက်ကိုပါပဲ။
"နတ်သမီးလေးရဲ့ ရင်သားက မင်းလိုကောင်မျိုး ကိုင်ဖို့ မဟုတ်ဘူး!"
"အောက်တန်းစား! လေတံတိုင်းက ဝံပုလွေကို ကန်ထုတ်လိုက်တာကို အခွင့်ကောင်းယူပြီး မိန်းကလေးကို လာနှိုက်နေတာ! မင်းမှာ အရှက်မရှိဘူးလား?!"
"တောက်! အားကျလိုက်တာကွာ! ငါလည်း ကိုင်ချင်လိုက်တာ!!"
"..."
ရုတ်တရက် ထွက်လာသော ကျောင်းသားတစ်ဦး၏ အသံကြောင့် အားလုံးက ဝိုင်းကြည့်လိုက်ကြသည်။
ယု ရှင်းပြဖို့ ကြိုးစားနေတုန်းမှာပင်
"တော်ကြတော့!! အားလုံး ငြိမ်ငြိမ်နေကြ!! စာမေးပွဲက ဒီမှာတင် ပြီးပြီ!!"
ဆံပင်အညိုရောင်နဲ့ ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကျလွန်းတဲ့ အမျိုးသမီးတစ်ယောက် ဝင်လာ လေ သည်။ သူမနဲ့အတူ ဆံပင်နီနီနဲ့ မိန်းကလေးတစ်ယောက်လည်း ပါလာ လေသည်။ ဝံပုလွေ လေးကောင်မှာလည်း ချက်ချင်းပင် မီးလျှံများအဖြစ် ပျောက်ကွယ်သွားလေတော့သည်။