အခန်း (၆) - ငွေရောင်ဆံနွယ်နှင့် အလှလေး
"ဟာ တကယ်လုပ်တာဟ! ပြေးကြဟေ့!!!!!!"
"ကယ်ကြပါ... ကယ်ကြပါဦး!!"
ခဏတာအတွင်းမှာပဲ ကျောင်းသားအများစုဟာ လိပ်ပြာလွင့်မတတ် ကြောက်လန့်တကြားဖြင့် ဝင်လာခဲ့သည့် စင်္ကြံလမ်းကျဉ်းလေးအတိုင်း ပြန်ထွက်ပြေးကြတော့သည်။
"ကောင်းလိုက်တာ... သိပ်ကောင်းတာပဲ!!"
မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပေမဲ့ ယု ကတော့ အခွင့်အရေးကို လက်လွတ်မခံပဲ တိုးဝှေ့နေကြတဲ့ ကျောင်းသူလေးတွေကြားထဲ အတင်းတိုးဝင်ပြီး မိန်းကလေးတွေရဲ့ နူးညံ့တဲ့အထိအတွေ့ကို ခံစား နေလိုက်သည်။
ကျောင်းသား အချို့က တော့ မီးလျှံဝံပုလွေ တွေကို အသေအလဲတိုက်ဖို့ ပြင်ဆင်နေကြသည်။ထိုသူ များထဲတွင် ရေခဲနဂါးတိုက်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့သူ အချို့လည်း ပါဝင်ကြသည်။
'အရူးတစ်သိုက်ပဲ။ဒီလိုအခြေအနေမျိုးမှာ အစုလိုက်အပြုံလိုက် ထွက်ပြေးတာက ကိုယ့်ကိုယ်ကိုယ် ပစ်မှတ်ဖြစ်အောင် လုပ်နေသလိုပဲ။'
ထိုသို့ ပြောလိုက်သူမှာ စစ်ဝတ်စုံဝတ်ထားပြီး ရွှေရောင်ဆံပင်စုတ်ဖွားနှင့် ချောမောသော လူငယ်တစ်ဦး ဖြစ်သည်။ သူသည် လေမှော်ပညာကို အသုံးပြုကာ ဝံပုလွေ၏ မီးလျှံများကို တားဆီးထားသည်။
'ဟွန်း! ဒီထဲမှာ အစွမ်းအစ ရှိတဲ့သူတချို့ ပါသေးသားပဲ!'
ထိုစကားသံ နှင့်အတူ ကျောင်းသူတစ်ယောက်က မြေအခြေခံ မှော်ပညာကို သုံးပြီး ကျောက်တုံး အချို့ကို ဝံပုလွေရဲ့ ဗိုက်ကို အားပြင်းပြင်းနဲ့ ပစ်လွှတ် လိုက်သည်။
ထိုအချိန်တွင် ခန်းမထဲ၌ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် ကျောင်းသား အရေအတွက် မှာ ၃၀ ခန့်သာ ကျန်တော့သည်။ သူတို့သည် အဖွဲ့လေးဖွဲ့ခွဲကာ မီးလျှံဝံပုလွေ တစ်ကောင်ချင်းစီကို ရင်ဆိုင်နေကြသည်။
သို့သော် မီးလျှံဝံပုလွေမှာ သာမန်ဆင့်ခေါ်သားရဲ မဟုတ်ပေ။ စွန့်စားသူဟောင်းများ ပါဝင်နေသော်လည်း အခြေအနေမှာ အားနည်းနေဆဲ ဖြစ်သည်။ ၁၀ မိနစ်မပြည့်မီမှာပင် ကျောင်းသားအများစု မှာ ဒဏ်ရာရကုန်သည်။
"တောက်! ဒီကျောင်းသားသစ်တွေထဲမှာ ရေခဲနဂါးကို အတူနှိမ်နင်းခဲ့တဲ့သူတွေ ပါတယ်ဆို?! သူတို့ ဘယ်မှာလဲ?!"
ကျောင်းသားတစ်ဦးသည် ဝံပုလွေ၏ မီးလျှံများကို ရှောင်တိမ်းရင်း အော် မေးလိုက်သည်။ထို့ နောက် ဒဏ်ရာရနေသော ကောင်လေးတစ်ဦးထံ ပြေးသွားကာ ကုသမှော်ကို အသုံးပြုပေးလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်တော်က..."
ဒဏ်ရာရနေသော ကောင်လေးက သူ့ကိုကူညီပေးသူကို ရှက်ပြုံးလေးဖြင့် ကြည့်ကာ ပြောလိုက်သည်။
"တောက်! မင်းတို့က အလကားနေရင်း နာမည်ကောင်းဝင်ယူခဲ့တဲ့သူတွေပေါ့လေ?!ပျော်စရာ မကောင်းတော့ဖူး၊ဒီက နေ ထွက်သွားတော့မယ်"
ထိုကောင်လေးသည် ကုသပေးမှု ပြီးသည်နှင့် တံခါးပေါက်ရှိရာသို့ ပြေးထွက်သွားလိုက်သည်။
ထိုစဉ် မှာပင် မီးလုံးကြီးတစ်လုံးက ထွက်ပြေးရာ လမ်းကြောင်းသို့ ရောက်ရှိလာ လေသည်။
"မဖြစ်ဘူး!"
ကောင်လေးမှာ ထိတ်လန့်သွားသည်။ ပြင်းထန်လှသော ထိုမီးလုံးကြီးကို သူ ခုခံ နိုင်မည် မဟုတ်ပေ။
မီးလုံးကြီး လူငယ် ဆီ ရောက်ခါနီးမှာပင် ငွေရောင်ဆံနွယ်ရှည်တွေနဲ့ မိန်းကလေးတစ်ယောက်က ချက်ချင်းဆိုသလို ရှေ့မှ ပိတ်ရပ်လိုက်သည်။
ထို မိန်းကလေး ရဲ့နူးညံ့တဲ့မျက်နှာလေးက ကောင်းကင်တမန်လေးတစ်ပါးလိုပါပဲ။ ခရမ်းရောင်မျက်ဝန်းတွေက ခိုင်မာတဲ့ ယုံကြည်ချက်ကို ပြသနေပြီး၊ ဖြူစင်တဲ့ အသားအရေကတော့ အသစ်စက်စက်ကျထားတဲ့ နှင်းပွင့်တွေလို လှပသန့်စင်နေသည်။
သူမ ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာတင် ထူထဲလှသော ရေခဲဒိုင်းကြီးတစ်ခု ပေါ်လာသည်။ ရေခဲဒိုင်းမှာ မီးလုံးနှင့် ထိတွေ့ချိန်တွင် အရည်ပျော်သွားသော်လည်း မီးလုံးကြီးမှာလည်း ရေခဲ၏ အအေးဓာတ်ကြောင့် ပျောက်ကွယ်သွားသည်။
'ရေခဲဒိုင်း? ဒါက အလယ်အလတ်အဆင့် ရေခဲမှော်ပဲ...'
ကောင်လေးဟာ အံ့အားသင့်ပြီး ငေးကြည့်နေတုန်းမှာပဲ—
"ပြေးတော့! ငါ ဒီမှာ သူတို့ကို တားထားမယ်။"
ငွေရောင်ဆံပင်နှင့် မိန်းကလေးက ပြောပြောဆိုဆိုနဲ့ပဲ သူမရဲ့ လက်ထဲမှာ မှော်အစွမ်းတွေကို စုစည်းလိုက်သည်။
ချက်ချင်းပင် အေးစက်သော လေထုမှာ သူမ၏လက်ထဲတွင် ပုံစံပေါ်လာပြီး အအေးဓာတ်များ ထွက်ပေါ်နေသည့် ရေခဲဓားဖြူတစ်လက် ဖြစ်သွားတော့သည်။
"ဘယ်လောက်တောင် လှလိုက်တဲ့ မြင်ကွင်းလဲ...''.....ကယ်တင်ခံလိုက်ရသော ကောင်လေးမှာ ရေခဲဓားကို ကိုင်ထားသည့် ထိုမိန်းကလေးကို သတိလက်လွတ် ငေးကြည့်နေ မိတော့သည်။
"ဟုတ်တယ်... သိပ်လှတာပဲ..."
ထိုအချိန်တွင် အခြား ကျောင်းသား တစ်ယောက်လည်း မျက်တောင် မခတ်တမ်း ငွေရောင်ဆံပင်နှင့် မိန်းကလေးကို ငေးမောကြည့်နေ လေသည်။ ထိုသူမှာ ဇာတ်လိုက်ကျော် 'ယု' ပင် ဖြစ်တော့သည်။