အခန်း (၄၉) - ဆေးလ်ဖ်၏ သခင်လေ့လာရေး မှတ်တမ်း
ဒီအပိုင်း ကတော့ Filler. အပိုင်းပါ မဖတ်ချင်ကျော်သွားလို့ရပါတယ်။
ဆေးလ်ဖ်၏ သခင်လေ့လာရေး မှတ်တမ်း
ဖေဖော်ဝါရီ ၃၀ ရက် (မွန်းလွဲပိုင်း) နေရာ - ဈေး
သခင်က ဆိုင်ထဲမှာ ထိုင်ပြီး ငွေရောင်ဆံပင်နဲ့ ကောင်မလေးကို ငေးကြည့်နေတယ်။ သူကြည့်နေတဲ့ ပုံစံက ကြောင်တောင်တောင်နဲ့ အသိဉာဏ် မရှိတဲ့လူတစ်ယောက်လိုပဲ။ သူကတော့ တကယ်ကို ကုလို့မရတော့တဲ့ လူစားမျိုးပါပဲ။
ဖေဖော်ဝါရီ ၃၀ ရက် (ညနေပိုင်း) နေရာ - အဆောင်
သခင်က သူ့ကို ပြုစုဖို့ ကျွန်ုပ်ကို ခိုင်းတယ်။ သူ့မျက်လုံးတွေထဲမှာ ကာမစိတ်တွေ ပြည့်နေတာပဲ။ တစ်နေကုန် ငွေရောင်ဆံပင်နဲ့ ကောင်မလေးကို ငေးကြည့်နေလို့ စိတ်တွေ ကြွနေတာ ဖြစ်ရမယ်။ အဲ့ဒီလိုဆိုမှတော့ ကျွန်ုပ်ကပဲ သူ့ကို ကူညီပေးရတော့မှာပေါ့။ (ကပ်ကြေး ထုတ်လိုက်သည်)
ဖေဖော်ဝါရီ ၃၁ ရက် (နံနက်ပိုင်း) နေရာ - အဆောင်
ဒီမနက် တစ်မနက်လုံး သခင်က ငွေရောင်ဆံပင်နဲ့ ကောင်မလေးရဲ့ မျက်နှာကိုပဲ လိုက်ကိုင်နေတယ်။ သူ ဘာတွေ စိုးရိမ်နေမှန်း တကယ်ကို မသိတော့ဘူး။ ရေချိုးခန်းထဲမှာတုန်းကတော့ သူ့ရဲ့ အိပ်မက်လှလှလေး အနှောင့်အယှက် ခံလိုက်ရလို့ စိတ်တိုနေပုံရတယ်။ အဲ့ဒီလိုဆိုရင်တော့ သူ၏ ဓားဝိညာဉ်အနေနဲ့ ကျွန်ုပ်မှာ သူ့ပြဿနာကို ဖြေရှင်းပေးဖို့ တာဝန်ရှိတာပေါ့။
ဒါပေမဲ့ ကျွန်ုပ်ကို သခင်က ငြင်းပယ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတာ ကျွန်ုပ် တကယ် နားမလည်ဘူး။ သခင့်ရဲ့ အသုံးတော်ခံဖို့ ငြင်းပယ်ခံရတဲ့ ဒီခံစားချက်က တကယ်ကို မနှစ်မြို့စရာပဲ။
ဖေဖော်ဝါရီ ၃၁ ရက် (နံနက်ပိုင်း) နေရာ - ပဋိညာဉ်မျှော်စင်
အခန်းထဲက ထွက်လာပြီးနောက် သခင်ဟာ စာသင်ခန်းရှေ့မှာ ဆံပင်နီနဲ့ ကောင်မလေးရဲ့ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရတယ်။ သူတို့က ဆရာတပည့် ပဋိညာဉ်ဖွဲ့ဖို့ မျှော်စင်တစ်ခုကို သွားကြပုံရတယ်။ မှော်အစီရင် စတင်လည်ပတ်တဲ့ အချိန်မှာ သခင်က ဆံပင်နီနဲ့ ကောင်မလေးရဲ့ ခြေထောက်ကို လှမ်းဖမ်းလိုက်လို့ သူမခမျာ တအင်းအင်း တအားအားနဲ့ အော်နေရှာတယ်။ ကြည့်ရတာ သခင်က ဒီဆံပင်နီမလေးကိုလည်း လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။
ဖေဖော်ဝါရီ ၃၁ ရက် (မွန်းလွဲပိုင်း) နေရာ - မှော်အလုပ်ရုံ
သခင်က ဆံပင်နီမလေးရဲ့ မှော်အလုပ်ရုံကို ရောက်သွားပြီး သူမကို လက်ထပ်ချင်တယ်လို့တောင် ကြေညာလိုက်သေးတယ်။ (ဒါကို တိတ်တဆိတ် မှတ်သားထားရမယ်၊ ဒါက သခင့်ရဲ့ ပန်းတိုင်တွေထဲက တစ်ခုပဲ။) ဒါပေမဲ့ ဆံပင်နီမလေးက ချက်ချင်း ဒေါသထွက်ပြီး သခင်ကို ရိုက်ထုတ်လိုက်တယ်။ ကံကောင်းလို့ ဒဏ်ရာက ပွန်းပဲ့ရုံတင်၊ မဟုတ်ရင် ကျွန်ုပ်ပါ ဒုက္ခရောက်တော့မှာ။
အဲ့ဒီနောက် သခင်က အလုပ်ရုံထဲမှာ တစ်ယောက်တည်း ပိတ်မိနေပြီး သန့်ရှင်းရေးတွေ လုပ်နေရတယ်။ မှော်ပစ္စည်းကို သုံးပြီး ဟင်းတစ်မျိုးတောင် ချက်လိုက်သေးတယ်။ အဲ့ဒီညနေ ဆံပင်နီမလေး ရောက်လာတဲ့အခါ သခင်က အဲ့ဒီဟင်းကို ကျွေးလိုက်တော့ သူမက အရမ်းမြိန်ယှက်စွာ စားပြီး တဖွဖွ ချီးကျူးနေတော့တာပဲ။ တကယ်ကို ဒေါသထွက်ဖို့ ကောင်းလိုက်တာ! ကျွန်ုပ်လည်း သခင်ချက်တဲ့ ဟင်းကို မြည်းကြည့်ချင်တာပေါ့။
ဖေဖော်ဝါရီ ၃၁ ရက် (ညနေပိုင်း) နေရာ - သခင့်အဆောင်
ကျွန်ုပ် အခန်းကို စောစောပြန်ပြီး သခင် ပြန်အလာကို စောင့်နေခဲ့တယ်။ မနက်ပိုင်းက သခင် စိတ်မကြည်တာ သိလို့ ညဘက်မှာ သူ့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးချင်လို့ပါ။
မှောင်မည်းနေတဲ့ထဲမှာ သခင်က ကျွန်ုပ်ရဲ့ ခန္ဓာကိုယ်ကို စမ်းသပ်ပွတ်သပ်လာတယ်၊ သခင့်ရဲ့ အသုံးတော်ခံရတာ တကယ်ကို ကောင်းတဲ့ ခံစားချက်ပဲ။ ဒါပေမဲ့ အဲ့ဒီလူက ကျွန်ုပ်မှန်း သိသွားတဲ့အခါ ချက်ချင်း ရပ်လိုက်တယ်။
ဒါ ဘာခံစားချက်လဲဆိုတာ ကျွန်ုပ်မသိပေမဲ့ အရမ်းကို နေလို့မကောင်းဘူး။ ဒါကြောင့် ဓားပုံစံ ပြန်မပြောင်းတော့ဘဲ စောင်ပုံထဲမှာပဲ ခွေပြီး အိပ်ပျော်သွားခဲ့တယ်။ ဘေးနားက သခင်ကတော့ တစ်ညလုံး မျက်စိကြောင်နေပုံရတယ်။
မတ်လ ၁ ရက် (နံနက်ပိုင်း) နေရာ - စာသင်ခန်း
သခင်က တစ်မနက်လုံး စာသင်ခန်းထဲမှာ အိပ်နေခဲ့တယ်။
မတ်လ ၁ ရက် (မွန်းတည့်ချိန်) နေရာ - ကျောင်းစာသောက်ဆိုင်
ငွေရောင်ဆံပင်နဲ့ ကောင်မလေးက သခင်နဲ့ ဆံပင်နီမလေး နီးစပ်နေတာကို သဝန်တိုနေပုံပဲ။ ယု က ဘာလို့ ကိုင်လ်လို လူယုတ်မာမျိုးနဲ့ ရုတ်တရက် ရင်းနှီးသွားတာလဲလို့ ကျွန်ုပ် တွေးနေမိတယ်။ ဘိုလတ် (Borlet) မိသားစုကို ဝိညာဉ်ဘုရင် ပေးသနားထားတဲ့ နတ်ဘုရားဓားအနေနဲ့ သူတို့မိသားစုရဲ့ စရိုက်အမှန်ကို ကျွန်ုပ် သိတာကြောင့် အခုထိ ကိုယ့်ကိုယ်ကိုယ် ထုတ်မပြသေးတာ။
ငွေရောင်ဆံပင်မလေးက သူမအပေါ် သစ္စာရှိတဲ့ သခင်ကို အခုလို ဆက်ဆံတယ်ပေါ့၊ ဒါကို ကျွန်ုပ် မှတ်ထားပါ့မယ်။
မတ်လ ၁ ရက် (မွန်းလွဲပိုင်း) နေရာ - ကျောင်းဝရန်တာ
“လူမည်းလေး” အီဂေးလ် ရဲ့ နှစ်သိမ့်မှုကြောင့် သခင့်ရဲ့ စိတ်အခြေအနေ တော်တော်လေး ပြန်ကောင်းလာတယ်။ လူမည်းလေးက စိတ်ဆတ်ပေမဲ့ သူ့သခင်အပေါ်တော့ တော်တော်လေး ကောင်းတယ်လို့ ပြောရမယ်။
သခင်က ငွေရောင်ဆံပင်မလေးကို တောင်းပန်ချင်နေတာ၊ ဒါပေမဲ့ ဆံပင်နက်မလေးနဲ့ အတူရှိနေတုန်း ဆံပင်နီမလေးနဲ့ ဆုံသွားတယ်။ ဆံပင်နီမလေးက မြေပြင်နဂါးကို သွားရှာမယ်ဆိုလို့ လိုက်သွားကြတာ တကယ်ကြီး ရှာတွေ့သွားတယ်! ဒီမြေပြင်နဂါးက သူတို့ကို တောထဲ ရောက်အောင် တမင် မြှူဆွယ်နေတာဆိုတာ သူတို့ မသိကြဘူးလား? ကျွန်ုပ် မမှားဘူးဆိုရင် ဒီနဂါးက ဂျက်စတာဆိုတဲ့ ကောင်ရဲ့ လက်ပါးစေ ဖြစ်ရမယ်။
ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သခင့်ရဲ့ အင်အားနဲ့ဆိုရင် ဒီကောင်ကို အသာလေး ချေမှုန်းနိုင်မှာပါ။
မတ်လ ၁ ရက် (မွန်းလွဲပိုင်း) နေရာ - တောနက်ထဲ
သခင့်ရဲ့ အသေဟန်ဆောင်တဲ့ အရည်အချင်းကတော့ ထိပ်တန်းပဲ ။ သူ အသက်ရှင်နေတာ ထင်ရှားနေရဲ့နဲ့ မြေကြီးထဲကနေ ထွက်မလာသေးဘူး။ ဂျက်စတာရဲ့ မြေကြီးတွေနဲ့ ပိတ်မိနေလို့ ဖြစ်ရမယ်။
သခင်က ပေါ်လာပြီး ဂျက်စတာနဲ့ ကိုင်လ်ကို ခဏချင်း သတ်ပစ်လိုက်တယ်။ ဒါက သခင့်ရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ၊ ကျွန်ုပ် သခင်ကို ရွေးချယ်တာ မမှားဘူးဆိုတာ သိလိုက်ရတယ်။
ဂျက်စတာက ထူးဆန်းတဲ့ မှော်ပညာကို သုံးပြီး မြေပြင်နဂါးကို စစ်မှန်တဲ့ နဂါးအဖြစ် ပြောင်းလဲလိုက်တယ်။ ဒါက မကောင်းဘူး၊ သခင် အန္တရာယ်ရှိနိုင်တယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ သခင်က ကျွန်ုပ်ကို ဆင့်ခေါ်လိုက်တယ်။ သခင့်ရဲ့ ဓားအနေနဲ့ ကျွန်ုပ် သူ့ကို ကာကွယ်ရမယ်။
သခင့်ရဲ့ စွမ်းအားက ကျွန်ုပ် ထင်ထားတာထက်တောင် ပိုသေးတယ်။ ဓားတစ်ချက်တည်းနဲ့ ဘယ်အရာကမှ သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါက ကျွန်ုပ်ရဲ့ စွမ်းရည်မဟုတ်ဘဲ သခင့်ရဲ့ စွမ်းအားပဲ။ သခင့်ရဲ့ လက်ထဲမှာ ရှိနေရတဲ့အတွက် ကျွန်ုပ်ရဲ့ ကိုယ်ရော စိတ်ပါ အဆင့်အတန်း မြင့်မားသွားသလို ခံစားရတယ်။
မတ်လ ၁ ရက် (ညနေပိုင်း) နေရာ - ကျောင်းအနီးရှိ တောအုပ်
သခင်က ငွေရောင်ဆံပင်မလေးရဲ့ ခွင့်လွှတ်မှုကို ရခဲ့ပေမဲ့ သူမ လုပ်ခဲ့တာတွေကို ကျွန်ုပ် မှတ်ထားဆဲပဲ။ သခင် အဲ့ဒီ “ချီ” ကို ပြန်ရအောင် ကျွန်ုပ် ကူညီပေးရမယ်။
----အထက်ပါအတိုင်း
ဒီနေ့လည်း ဆေးလ်ဖ်ဟာ သခင့်ဘေးမှာ တိတ်တဆိတ် ခိုအောင်းရင်း သခင့်ရဲ့
ဘေးကင်းရေးကို ကာကွယ်ပေးနေဦးမှာပါ။