အခန်း (၄၇) - ကတိတည်ပါစေ
“မဖြစ်နိုင်ဘူး! ဒါ လုံးဝ မဖြစ်နိုင်တာ!”
ဂျက်စတာသည် သူ၏ စိတ်ထဲတွင် အသည်းအသန် အော်ဟစ်နေမိသည်။ မည်သူမဆို မိမိမျက်စိရှေ့တွင် မြင်နေရသည့် အရာကို ယုံကြည်ဝံ့မည် မဟုတ်ပေ။
လူတစ်ယောက်နှင့် ဓားတစ်လက်တည်းဖြင့် ‘ကပ်ဘေးအဆင့်’ ရှိသော အနက်ရောင်နဂါးကြီးကို တစ်ချက်တည်းနှင့် နှစ်ပိုင်းပြတ်အောင် ပိုင်းဖြတ်လိုက်နိုင်သည်တဲ့လား! ဤအရာအားလုံးမှာ အားနည်းသူတစ်ဦးက ကြောက်စိတ်ကြောင့် မက်နေသော အိပ်မက်ဆိုးတစ်ခုလိုပင်။
ထိုသို့ တွေးလိုက်ခြင်းက ဂျက်စတာအတွက် လက်တွေ့ဘဝထက်စာလျှင် စိတ်သက်သာရာ ရစေပါသည်။ သို့သော် သူခံစားနေရသော နာကျင်မှုများကမူ အလွန်ပင် ထင်ရှားလွန်းလှသည်။ ဂျက်စတာသည် ဤသည်မှာ လက်တွေ့ဘဝဖြစ်ကြောင်း သိလိုက်ရသည့် ခဏတွင် ကြောက်စိတ်ကြောင့် ထွက်လာသော ချွေးစေးများမှာ သူ၏ တစ်ကိုယ်လုံးကို စိုရွှဲသွားစေခဲ့ပြီ ဖြစ်သည်။
ယု က သူ၏ အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်ရသည့်အခါ ဂျက်စတာမှာ အလွန်အမင်း ထိတ်လန့်သွားကာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။ မိမိကိုယ်ကိုယ် ပါရမီရှင်တစ်ဦးဟု မှတ်ယူထားသော သူ၏ ဘဝတွင် ယခုကဲ့သို့ အရှက်ရဖွယ် အခြေအနေမျိုးမှာ ပထမဆုံးပင်။
“မင်း... မင်း... ဘာလုပ်မလို့လဲ? မင်း ခိုင်းတာမှန်သမျှ အကုန်လုပ်ပါ့မယ်!! ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့၊ တောင်းပန်ပါတယ်!”
ဂျက်စတာသည် ယု ကို အသည်းအသန် တောင်းပန်နေသော်လည်း ယု ကတော့ အစမှအဆုံး စကားတစ်ခွန်းမှ မပြောပေ။ ယု ၏ နီမြန်းနေသော မျက်လုံးများက ဂျက်စတာ၏ ရင်ထဲတွင် အတိုင်းအဆ မရှိကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။
ထိုခဏတွင် ဂျက်စတာသည် သူ၏ ခန္ဓာကိုယ်သာမက သူ၏ ဝိညာဉ်ပါ ထိုနတ်ဆိုး (ယု ) ၏ ချုပ်ကိုင်မှုကို ခံထားရသလို ခံစားလိုက်ရသည်။ ဂျက်စတာ၏ ရှေ့တွင် ရပ်နေသော ယု မှာ သူ၏ စွမ်းအား ကို ပြန်လည် ချိတ် ပိတ်ထားလိုက်ပြီ ဖြစ်သည်။
ကျန်ရှိနေသော စွမ်းအားအနည်းငယ်မှာလည်း မကြာမီ ပျောက်ကွယ်သွားတော့မည် ဖြစ်သော်လည်း ထိုအရာက အရေးမကြီးပေ။ ယခုအချိန်တွင် ယု ၏ အကြည့်မှာ ဂျက်စတာ၏ ဘယ်ဘက်လက်ညှိုးမှ လက်စွပ်ဆီသို့ လုံးလုံးလျားလျား ရောက်ရှိနေသည်။
ဟာ... ဒါက ‘ဟင်းလင်းပြင်လက်စွပ် လား? ဒါတွေက တန်ဖိုး အရမ်းကြီးတာ မဟုတ်လား? ဒါပေမဲ့ ဒီကောင်က ကိုင်လ်ရဲ့ ဦးလေးဆိုတော့ ပိုက်ဆံတော့ မရှားလောက်ပါဘူး။
ယု တွေးနေရင်းနှင့် သူ၏ မျက်လုံးများမှာ ဂျက်စတာ၏ လက်ပေါ်တွင် ကပ်နေသလို ဖြစ်နေသည်။ ဂျက်စတာမှာမူ အလွန်အမင်း ထိတ်လန့်သွားကာ မျက်နှာမှာ ဖြူလျော်သွားပြီး အသက်ကိုပင် ပြင်းပြင်းမရှူရဲတော့ပေ။
ယု သည် ဂျက်စတာ၏ လက်ညှိုးတွင် ဝတ်ဆင်ထားသော ငွေဖြူရောင် ကျောက်မျက်စီထားသည့် လက်စွပ်ကို ကြည့်ကာ ယုတ်မာသော အကြံတစ်ခု ချက်ချင်း ရလိုက်သည်။ ဤ “ဟင်းလင်းပြင်လက်စွပ်” ကို အလွန်ရှားပါးသော ဟင်းလင်းပြင် မှော်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ကျယ်ပြောလှသော ဟင်းလင်းပြင် နေရာလွတ်ကို လက်စွပ်လေးတစ်ခုအတွင်း ဖိသိပ်ထားနိုင်သဖြင့် ပစ္စည်းများစွာကို သိမ်းဆည်းထားနိုင်သည်။
ယု သည် ဂျက်စတာ၏ လက်ကို ဆွဲမလိုက်ပြီး သူ၏ လက်ညှိုးမှ လက်စွပ်ကို ဖြည်းဖြည်းချင်း ချွတ်ယူလိုက်သည်။ ဂျက်စတာမှာ ယု ၏ အပြုအမူကို ကြည့်ရင်း စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားရသည်။ ဤလက်စွပ်မှာ အလွန်တန်ဖိုးကြီးရုံသာမက ၎င်းအတွင်း၌ သူ၏ တစ်သက်တာလုံး စုဆောင်းထားသော “မှော်သုတေသနများ” နှင့် “ပိုင်ဆိုင်မှုများ” ရှိနေသောကြောင့် ဖြစ်၏။
ဂျက်စတာ၏ မှော်သုတေသနများမှာ အလွန်တန်ဖိုးရှိသဖြင့် မှော်အလုပ်ရုံတွင် ထားရန်မှာ မလုံခြုံဟု သူယူဆသည်။ ထို့ကြောင့် သူသည် ထိုအရာအားလုံးကို လက်စွပ်ထဲ ထည့်ကာ အမြဲတမ်း ဆောင်ထားလေ့ရှိသည်။ “အင်ပါယာ၏ ပညာရှိ” ဖြစ်သော သူ့ကို မည်သူမျှ ရန်မူဝံ့လိမ့်မည် မဟုတ်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုမူ နေ့ခင်းကြောင်တောင်မှာပင် ထိုလက်စွပ်ကို လူမြင်ကွင်း၌ အလုခံလိုက်ရချေပြီ။
“ဒါကို ငါ ယူသွားမယ်။ မင်းမှာ ဘာကန့်ကွက်စရာမှ မရှိဘူး မဟုတ်လား?”
ယု သည် လက်စွပ်ကို မြှောက်ကာ နေရောင်ထဲတွင် ပြကြည့်ပြီး ထိုကျောက်တုံး၏ အဆင့်အတန်းကို စစ်ဆေးလိုက်သည်။ အကယ်၍ နေရောင်တိုက်ရိုက် ကျရောက်သည့်အခါ တောက်ပသော အလင်းရောင် ထွက်ပေါ်လာပါက ၎င်းမှာ A-grade ဖြစ်သည်။ အကယ်၍ ဝေဝါးနေပါက အနိမ့်ဆုံးအဆင့် C ဖြစ်ပေလိမည်။
သို့သော် ဤလက်စွပ်မှာမူ ထူးခြားလှသည်။ ငွေဖြူရောင် ကျောက်မျက်မှာ နေရောင်နှင့် ထိတွေ့သည့်အခါ သက်တံရောင် အလင်းတန်းများ ဖြာထွက်လာ၏။ ယု မမှားဘူးဆိုလျှင် ဤသည်မှာ ကျိန်းသေပေါက် S-grade မှော်ကျောက်တုံးပင်!
ဂျက်စတာ ဤရတနာကို မည်သို့ ရခဲ့သည်ကို ယု မသိသော်လည်း ယနေ့မှစ၍ ဤအရာမှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်သွားချေပြီ!
“ရပါတယ်၊ ရပါတယ်! ဘာမှ မဖြစ်ပါဘူး! သဘောရှိယူပါ၊ မင်း ပျော်ရင် ပြီးတာပါပဲ။”
ဂျက်စတာသည် သူ၏ လက်စွပ် ပါသွားသည်ကို ကြည့်ရင်း ရင်ထဲတွင် တဆစ်ဆစ် နာကျင်နေမိသည်။ သို့သော် ထိုအရာကို ထုတ်မပြရဲပေ။ ပိုက်ဆံနှင့် သုတေသနများကို ပြန်ရှာနိုင်သော်လည်း အသက်ဆုံးရှုံးသွားပါက ပြန်ရှင်ရန် နည်းလမ်းမရှိတော့ပေ။
“ကောင်းပြီ။ ငါက ကတိတည်တဲ့လူပါ။ မင်းကို မသတ်ဘူးလို့ ငါ ကတိပေးထားတဲ့အတိုင်း တကယ် မသတ်ဘူး၊ အဲ့ဒီတော့ စိတ်အေးအေးထားပါ”
ယု ပြောပြီးနောက် မတ်တတ်ရပ်ကာ ကိုင်လ် လဲကျနေသည့် နေရာသို့ လျှောက်သွားသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါမှ ဂျက်စတာ၏ စိုးရိမ်နေသော စိတ်မှာ နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။ အသက်ရှင်နေသရွေ့ အခွင့်အရေးဆိုတာ ရှိပါသေးသည်။ ယနေ့ အသက်ရှင်အောင် နေနိုင်လျှင် ကျန်တာကို ဖြေရှင်းရတာ လွယ်ကူပါလိမ့်မည်။
ဂျက်စတာသည် အိပ်မက်ဆိုးကြီး ပြီးဆုံးတော့မည်ဟု ထင်နေစဉ်မှာပင် ယု က ကိုင်လ်ကို သူ၏ ရှေ့သို့ ဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။
“ဦးလေး!! ကျွန်တော့်ကို ကယ်ပါဦး!!” ကိုင်လ်မှာ မြေပြင်ပေါ်တွင် လဲကျနေပြီး မလှုပ်နိုင်သဖြင့် သူ၏ ဦးလေးကိုသာ အကူအညီ တောင်းနေရသည်။
“မင်း... မင်း ဘာလုပ်မလို့လဲ?” ယု ၏ ယုတ်မာသော အပြုံးနှင့် သူလုပ်နေသည့် အပြုအမူကို ကြည့်ပြီး ဂျက်စတာ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ချက်ချင်း ဝင်လာပြန်သည်။
သေဒဏ်မှ ကင်းလွတ်ခွင့် ရနိုင်သော်လည်း အပြစ်ဒဏ်မှတော့ လွတ်လိမ့်မည် မဟုတ်ပေ။ ကိုင်လ်နှင့် သူ၏တူ လုပ်ခဲ့သော အရာများမှာ ယု သည်းမခံနိုင်တော့သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ အိုင်းရှာကို သူတို့ကို မသတ်ဘူးဟု ကတိမပေးခဲ့ပါက ဤလူနှစ်ယောက်မှာ ခေါင်းပြတ်နေလောက်ပြီ ဖြစ်သည်။
ထိုခဏတွင် ယု သည် မြေပြင်ပေါ်သို့ ကျသွားခဲ့သော ကာမစိတ်ကြွဆေး ပုလင်းလေးကို ကိုင်ထားသည်။ သူသည် ဖန်ပုလင်း၏ အဆို့ကို ဖွင့်ကာ ပန်းရောင်အရည်များကို ကိုင်လ်၏ ပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်တော့သည်။
“တော်တော့!! မင်း ဘာလုပ်နေတာလဲ?! ကိုင်လ်က ကလေးပဲ ရှိသေးတာ! ပြီးတော့ မင်းတို့အားလုံးက ယောကျ်ားလေးတွေလေ!”
ဂျက်စတာသည် ယု ၏ အပြုအမူကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်သွားရသည်။ ဤယု မှာ ယောကျ်ားချင်း စိတ်ဝင်စားသူ လား?
“အိုဘုရားသခင်!! ဘာတွေ ဖြစ်ကုန်တာလဲ?!”
“မင်း တစ်ခုခု မှားယွင်း နားလည်နေပုံရတယ်။ ငါက ယောကျ်ားတွေကို စိတ်မဝင်စားဘူး” ဂျက်စတာ၏ ထိတ်လန့်နေသော မျက်နှာကို ကြည့်ပြီး ယု က အမြန် ရှင်းပြလိုက်သည်။
“စိတ်မဝင်စားဘူး? ဒါဆို... မင်း ဘာလုပ်နေတာလဲ?”
“ငါက မင်းတို့ကို ဆေးကုပေးနေတာလေ! မင်းတို့ဆီမှာ ရှိတဲ့ ဒီဆေးပုလင်းက အဆင့်မြင့်ဆုံးပဲ မဟုတ်လား။”
လူတွေကို ဆေးရှိန် ကြာရှည်စေရန်အတွက် “ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပြန်လည် ဖြည့်တင်းပေးခြင်း” နှင့် “ဒဏ်ရာများကို ကုသပေးခြင်း” စွမ်းရည်ရှိသော တန်ဖိုးကြီး ဆေးဖက်ဝင် အပင်များကို ထည့်သွင်းထားသည်။
“ဒါကို သောက်လိုက်ရင် မင်းတို့ ခန္ဓာကိုယ်တွေ မကြာခင် အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်လို့ ငါ ထင်တယ်”
ယု သည် ပြောပြောဆိုဆိုနှင့်ပင် ကိုင်လ်ကို ပြန်ချလိုက်ပြီးနောက် ရှေ့သို့တိုးကာ ဂျက်စတာ၏ ပါးစပ်ကို ညှစ်ဖွင့်ပြီး ကျန်နေသော ဆေးရည် တစ်ဝက်လုံးကို တစ်စက်မကျန် လောင်းထည့်လိုက်တော့သည်။ ဂျက်စတာမှာ ရုန်းကန်ရန် ကြိုးစားသော်လည်း အင်အား မရှိတော့ပေ။ ယခုအချိန်တွင် သူသည် ဗိုက်ဆာနေသော ဝံပုလွေနှင့် တိုးသည့် အားကိုးရာမဲ့ သိုးသူငယ်လေးတစ်ကောင်လို ဖြစ်နေသည်။
“ကဲ! ဒီအတိုင်းဆိုရင် နောက်မိနစ် ၂၀ လောက်နေရင် မင်းတို့ နှစ်ယောက်လုံး ခန္ဓာကိုယ် ပြန်ကောင်းလာလိမ့်မယ်၊ အသက်အန္တရာယ်လည်း လုံးဝ မရှိတော့ဘူး။ ဒါပေမဲ့...”
ယု သည် ကြောက်ရွံ့နေသော ထိုလူယုတ်မာ နှစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်မှာ—
“ခန္ဓာကိုယ် ပြန်ကောင်းလာတဲ့အခါမှာတော့ မင်းတို့ကိုယ်မင်းတို့ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေဖို့ လိုလိမ့်မယ်!”
ထိုသို့ပြောပြီးနောက် ယု သည် ဆေးပုလင်းခွံကို မြေပြင်ပေါ်သို့ ပစ်ချကာ အီဂေးလ် ပြေးသွားသည့် ဘက်သို့ လှည့်ထွက်သွားပါတော့သည်။
ဘာတွေ ဆက်ဖြစ်လာမည်ကို ဂျက်စတာ အသိဆုံး ဖြစ်သည်။ ဤဆေးသည် တန်ဖိုးကြီး ပစ္စည်းများကို သုံးထားသဖြင့် ထုတ်လုပ်စရိတ် အလွန်မြင့်မားသည်။ ၎င်းကို မှူးမတ်များနှင့် သူဌေးကြီးများ၏ “အိမ်မွေးတိရစ္ဆာန်” များကို လေ့ကျင့်ပေးရန် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ပြင်းထန်သော စိတ်ဓာတ်ရှိသည့် မှော်ဆရာတစ်ဦးပင်လျှင် ဤဆေးရှိန်အောက်တွင် ခဏချင်း အသိစိတ် လွတ်သွားနိုင်သည်။
ဤဆေးမှာ “ခန္ဓာကိုယ် အင်အား ပြန်ဖြည့်ခြင်း” နှင့် “ဒဏ်ရာကုသခြင်း” အာနိသင် အမှန်တကယ် ရှိသော်လည်း ခန္ဓာကိုယ် ပြန်ကောင်းလာသည့်အခါတွင်မူ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ယခုအချိန်တွင် တောနက်ကြီးထဲ၌ ကျေးငှက် သာရကာများနှင့် သားရဲများမှအပ မြေပြင်ပေါ်တွင် လဲနေသော ကိုင်လ်သာ ရှိသည်။ ထိုခဏတွင် ဂျက်စတာသည် မြေပြင်ပေါ်တွင် လဲနေသော ကိုင်လ်မှာ ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။ တစ်ဖက်တွင်လည်း ဂျက်စတာကို ကြည့်နေသော ကိုင်လ်၏ မျက်လုံးများမှာလည်း အချစ်ရည် သန်းကာ ပန်းရောင် အသည်းပုံလေးများအဖြစ်သို့ ပြောင်းလဲသွားပါ တော့သည်။