အခန်း (၂၄) - ဆေးလ်ဖ်
အိုင်းရှာက မိန်းကလေးကို အင်္ကျီဖြင့် ဖုံးကွယ်ပေးလိုက်ပြီးနောက်တွင် အီဂေးလ်သည်လည်း ယု ၏ မျက်လုံးများကို အုပ်ထားသော လက်ကို ဖယ်ရှားပေးလိုက်လေသည်။
သို့သော် အိုင်းရှာနှင့် ယုတို့ အံ့အားသင့်သွားရသည်မှာ အီဂေးလ် လက်ဖယ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုမိန်းကလေးက အင်္ကျီကို ပြန်ချွတ်ချလိုက်ခြင်းပင် ဖြစ်သည်။
ရုတ်ချည်းဆိုသလို အလင်းတန်းများက မိန်းကလေးကို ဝန်းရံသွားပြီး အနုပညာဆန်လွန်းသော မြင်ကွင်းတစ်ခု ယု၏ အမြင်အာရုံထဲသို့ တိုးဝင်လာတော့သည်။
“ဖူးးးးး!!!!!”
ထိုမြင်ကွင်းက ပြင်းထန်လွန်းလှသဖြင့် ယု၏ ဦးနှောက်အတွင်းသို့ သွေးများ အရှိန်အဟုန်ဖြင့် တိုးဝင်သွားလေသည်။ အကျိုးဆက်အနေဖြင့် ပိုလျှံနေသော သွေးများသည် ယု၏ နှာခေါင်းမှတစ်ဆင့် ပန်းထွက်လာပြီး သူသည် ကျေနပ်အားရသော အပြုံးကြီးဖြင့် နောက်သို့ လန်ကျသွားတော့သည်။
“ဒါကို ကြည့်လို့မရဘူးလေ!!!”
မိန်းကလေးက အဝတ်အစားများကို ချွတ်ချလိုက်သည်နှင့် အိုင်းရှာက သူမကို အတင်း ပြန်လည်ဖုံးကွယ်ပေးလိုက်ပြန်သည်။
ကံကောင်းထောက်မစွာပင် မှော်အလင်းတန်းများ လုံးဝကွယ်ပျောက်မသွားသေးသဖြင့် မည်သူမျှ သေသေချာချာ မမြင်လိုက်ကြပေ။
“နှာဘူးကြီး!! နင် အသက် ရောရှိသေးရဲ့လား!!!”
ယု၏ နှာခေါင်းမှ သွေးများ အဆမတန် ပန်းထွက်လာသည်ကို မြင်သောအခါ အီဂေးလ်မှာ အလွန်လန့်ဖျပ်သွားပြီး သူ့နားသို့ အပြေးအလွှား သွားရောက်ကြည့်ရှုလေသည်။
“ငါ အသက်ရှိသေးတယ်... ရှိသေးတယ်... နောက်ဆုံးတော့ ငါ့ဘဝရဲ့ အဓိပ္ပာယ်ကို ရှာတွေ့သွားပြီ”
ယု သည် မြေပြင်ပေါ်၌ လဲလျောင်းနေရင်း နှာခေါင်းသွေးများကို သုတ်ကာ ကျေနပ်စွာ ပြုံးနေလေသည်။
“ကြည့်ရတာ ဘာမှမဖြစ်တော့ဘူး ထင်တယ်...”
ယု ၏ နောက်ပြောင်တတ်သော အပြုံးကို မြင်ရမှသာ အီဂေးလ်တစ်ယောက် စိတ်အေးသွားတော့သည်။
“ဒါနဲ့... ဒီမိန်းကလေးက ဘယ်သူလဲ?”
ရောက်ရှိနေသူအားလုံး၏ အာရုံမှာ ဆံပင်စိမ်းနှင့် မိန်းကလေးဆီသို့ ရောက်ရှိသွားကြသည်။
သို့သော် မိန်းကလေး၏ အေးစက်စက် အကြည့်များက မည်သူ့ကိုမျှ ဂရုမစိုက်ကြောင်း ဖော်ပြနေ၏။
သူမသည် ယု၏ ရှေ့သို့ တည့်တည့်လျှောက်သွားပြီးနောက် ဒူးတစ်ဖက်ထောက်ကာ ရုတ်တရက် ဝတ်ပြုလိုက်လေသည်။
“ကျွန်မနာမည်က ဆေးလ်ဖ် ပါ။ ဓာတ်ကြီးလေးပါးဘုရင် ကိုင်ဆောင်ခဲ့တဲ့ လေဓားတစ်လက်ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မရဲ့ သခင်အသစ်ကို ကြိုဆိုပါတယ်”
မိန်းကလေး၏ ကြည်လင်သော အသံကို ကြားလိုက်ရသည့်အခါ ယုမှာ ချက်ချင်းပင် လန်းဆန်းသွားတော့သည်။
“ဆေးလ်ဖ်? မင်းက စောစောက ဓားကြီးလား?”
အီဂေးလ်က မိန်းကလေးကို စပ်စုသည့်မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။ သို့သော် ဆေးလ်ဖ်ဟုခေါ်သော မိန်းကလေးမှာမူ ခေါင်းကိုသာ ငုံ့ထားပြီး အီဂေးလ်၏ မေးခွန်းကို လျစ်လျူရှုထားလေသည်။
ယုမှာ သွေးထွက်လွန်သဖြင့် ခေါင်းထဲ၌ မူးနောက်နေဆဲဖြစ်သော်လည်း အခြေအနေကို အနည်းငယ် ရိပ်မိလာခဲ့သည်။ သူမက သူ့ကို သခင်ဟု ခေါ်နေသည်မှာ သူ့စကားကို နားထောင်မည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
“ဟို... ဆေးလ်ဖ် ဟုတ်တယ်မလား?”
ယုက သူမအား စမ်းသပ်ကာ စကားစလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်။ ဘာများ အမိန့်ရှိပါသလဲ?”
ဆေးလ်ဖ်က ယု၏ အမိန့်ကို စောင့်ကြိုနေသကဲ့သို့ ချက်ချင်းပင် ပြန်လည်ထူးလိုက်၏။
“မင်းရဲ့ အဝတ်အစားတွေကို ပြန်ချွတ်ပြီး ငါ့ကို နောက်တစ်ခါလောက် ပြန်ကြည့်ခွင့်ပေးမလား?”
“ပြဿနာမရှိပါဘူး။ ကျွန်မလည်း သခင်နဲ့ တွေ့ဆုံတဲ့အခါ အဝတ်အစားတွေ ဝတ်ထားတာက အရမ်းရိုင်းရာကျတယ်လို့ ထင်ပါတယ်”
ပြောပြောဆိုဆိုဖြင့် ဆေးလ်ဖ်သည် သူမ၏ အင်္ကျီကို ဆွဲဟလိုက်ကာ ဝင်းမွတ်သော ပခုံးသားလေးများကို ထုတ်ပြလိုက်လေသည်။
“နေဦးလေ! နင်ကတော့ တစ်ခါလောက်ဖြစ်ဖြစ် လူလိုသူလို မစဥ်းစားတတ်ဘူးလား?! သူက မိန်းကလေးတစ်ယောက်လေ!”
အီဂေးလ်က ယု၏ မျက်လုံးများကို တစ်ဖန်ပြန်၍ အတင်းအုပ်လိုက်ပြန်သည်။ အိုင်းရှာသည်လည်း ဆေးလ်ဖ် အဝတ်အစားများ မချွတ်နိုင်စေရန် အမြန်ပင် တားဆီးလိုက်တော့၏။
“ငါ မကြည့်ရတော့ဘူးလား... လွှတ်စမ်းပါ!”
ယု၏ စကားသံများမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေလေသည်။ အကယ်၍ ထိုမြင်ကွင်းကို အနီးကပ် ထပ်မံမြင်တွေ့ရမည်ဆိုပါက သူသည် ပျော်ပျော်ကြီး သေနိုင်မည်ဟုပင် တွေးနေမိ၏။
“သခင်... ဒီအမျိုးသမီးရဲ့ တောင်းဆိုချက်ကို လိုက်နာပြီး အဝတ်အစားတွေ ဝတ်ထားတဲ့အတိုင်းပဲ စကားဆက်ပြောလို့ ရမလား?”
ဆေးလ်ဖ်သည် အီဂေးလ်၏ ဖမ်းချုပ်မှုမှ လွတ်မြောက်လာသော ယုကို အလွန်ပင် အားနာသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
သူမအဖို့ အဝတ်အစား ဝတ်ထားခြင်းမှာ အလွန်ပင် ရိုင်းစိုင်းသော လုပ်ရပ်တစ်ခု ဖြစ်နေပုံရ၏။
“အင်း... ဒီအတိုင်းပဲ ဝတ်ထားလိုက်ပါတော့။ အရင်ဆုံး ထလိုက်ဦး”
ပြင်းထန်လှသော မြင်ကွင်းကြောင့် ဦးနှောက်အတွင်း သွေးတိုးနေမှုများမှာ တဖြည်းဖြည်း လျော့ပါးသွားပြီ ဖြစ်သဖြင့် ယုသည် အခြေအနေကို ဆင်ခြင်တုံတရားဖြင့် စတင်စဉ်းစားနိုင်လာခဲ့ပြီ ဖြစ်သည်။
“ဒါနဲ့... မင်းက ဘာလို့ ငါ့ကို သခင်လို့ ခေါ်တာလဲ?”
ယုသည် ပြိုင်ပွဲတွင် နိုင်လျှင် ဓားကို ယူမည်ဟု ဆိုခဲ့သော်လည်း ဓားဝိညာဉ် ရှိနေလျှင်မူ ထိုသို့သော အလောင်းအစားများမှာ အသုံးမဝင်လှပေ။
အရာအားလုံးမှာ ဓားဝိညာဉ်ကိုယ်တိုင်၏ ဆန္ဒအပေါ်၌သာ မူတည်နေသောကြောင့် ဖြစ်သည်။
“အရင်က ပိုင်ရှင်ဟာ ပြိုင်ပွဲမှာ ဆေးလ်ဖ်ကို အသုံးချပြီး ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် အနိုင်ရသူဖြစ်တဲ့ သခင်ကပဲ ပိုင်ရှင်အသစ် ဖြစ်လာတာပါ”
ဆေးလ်ဖ်သည် ယု၏ မျက်လုံးများကို စိုက်ကြည့်ကာ အလေးအနက် ပြန်လည်ဖြေကြားလေသည်။ ဓားဝိညာဉ်ကိုယ်တိုင်က ထိုသို့ ဆိုလာပြီ ဖြစ်သဖြင့် အလောင်းအစားမှာ အတည်ဖြစ်သွားခဲ့ပြီ ဖြစ်၏။
“အဲ့ဒီလိုလား... ငါ့သဘောနဲ့ငါ မင်းကို ဒီကို ခေါ်လာမိတာ အားနာစရာကြီးပဲ”
ယုသည် ဤဓားကို လှပသော မြင့်မြတ်သည့် လက်နက်တစ်ခုဟုသာ ထင်မြင်ခဲ့သော်လည်း ဓားအတွင်း၌ လှပသော မိန်းကလေး ဓားဝိညာဉ် ရှိနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ဓားဝိညာဉ် ဆိုသည်မှာ အလွန်ပင် ရှာဖွေရခက်ခဲလှသော အရာမျိုး ဖြစ်သည်။ ဓားပေါင်း ထောင်သောင်းချီရှိသည့်တိုင်အောင် ဓားဝိညာဉ်ပါသော ဓားကို တွေ့ရန် ခဲယဉ်းလှသကဲ့သို့ ချစ်စဖွယ် မိန်းကလေးပုံစံရှိသော ဓားဝိညာဉ်ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ချေ။
“ဘာမှမဖြစ်ပါဘူး။ အရင်က သခင်ဟာ ကျွန်မခွင့်ပြုချက်မရှိဘဲ အလောင်းအစားအဖြစ် အသုံးချလိုက်တဲ့ ခဏမှာတင် ကျွန်မကို ပိုင်ဆိုင်ခွင့် ဆုံးရှုံးသွားခဲ့ပါပြီ”
ဆေးလ်ဖ်၏ အေးစက်စက် စကားလုံးများမှာ ကိုင်လ်အပေါ်၌ မည်သည့် ကရုဏာမျှ မရှိကြောင်း ဖော်ပြနေတော့သည်။
“နေဦး! ဓားတစ်လက်က လူသားအသွင် ပြောင်းနိုင်တယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး! မင်းသာ ဒီစွမ်းအားကို အစောကြီးကတည်းက ထုတ်ပြခဲ့ရင် ငါ ရှုံးမှာ မဟုတ်ဘူး”
အခြေအနေကို ဘေးမှ ရပ်ကြည့်နေသော ကိုင်လ်သည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။
“စိတ်မကောင်းပါဘူး။ ကျွန်မ လူသားအသွင် ပြောင်းနိုင်ခြင်း ရှိ၊ မရှိ ဆိုတာ ကျွန်မတို့အပေါ်မှာ မူတည်တာ မဟုတ်ဘဲ ကိုင်ဆောင်သူရဲ့ စွမ်းရည်ပေါ်မှာပဲ မူတည်တာပါ။ တစ်နည်းအားဖြင့် ပြောရရင် ရှင့်မှာ ကျွန်မရဲ့ တကယ့်စွမ်းအားကို ထုတ်သုံးနိုင်စွမ်း မရှိခဲ့တာပါ”
ဆေးလ်ဖ်သည် အရှက်တကွဲ ဖြစ်နေရှာသော ကိုင်လ်ကို အေးစက်စွာ စိုက်ကြည့်လျက် ပြန်လည်ပြောကြားလိုက်တော့သည်။
ဆေးလ်ဖ်၏ စကားမှာ ကိုင်လ်သည် ယုထက် ညံ့ဖျင်းသည်ဟု ဆိုလိုရုံသာမက ကိုင်လ်တို့ မိသားစုတစ်ခုလုံးသည်လည်း မျိုးဆက်နှင့်ချီ၍ ယုထက် နိမ့်ကျနေသည်ဟု ဆိုလိုက်ခြင်းပင် ဖြစ်သည်။ ကိုင်လ်သည် ငယ်စဉ်ကတည်းက ဤဓားမှာ အနှို
င်းမဲ့ မြင့်မြတ်သော လက်နက်ဟုသာ ကြားဖူးခဲ့သော်လည်း မိန်းကလေးအသွင် ပြောင်းနိုင်သည်ဟုမူ မည်သူမျှ မပြောခဲ့ကြပေ။ ဆိုလိုသည်မှာ ဆေးလ်ဖ်သည် ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် လူသားအသွင်သို့ ပြောင်းလဲခဲ့ခြင်းပင် ဖြစ်သည်။