အခန်း (၂၁) - သည်းမခံနိုင် သောအရာများ
ကီးလ် တစ်ယောက် လက်တွေ့လေ့ကျင့်ရေးကွင်းထဲက ထွက်သွားပြီးနောက် ကျောင်းသားအားလုံးရဲ့ သံသယမျက်လုံးတွေက ယု ဆီကို ရောက်ရှိလာပါတော့သည်။
ဘာလို့ ဒီကောင်က တိုက်ခိုက်စရာမလိုဘဲ အမြဲတမ်း အနိုင်ရနေရတာလဲ? စောစောက မီးတောက်ဝံပုလွေကရော ဘာလို့ သူ့စကားကို ဒီလောက် နားခံ နေရတာလဲ?
"ဟေ့ နှာဘူး! နင် ခုနက ဘာလုပ်လိုက်လို့ အဲ့ဒီဝံပုလွေက နင့်စကားကို ဒီလောက် နားထောင်သွားတာလဲ?!"
စပ်စုချင်စိတ် ပြင်းပြနေတဲ့ အီဂေးလ် က ယု နားကို ပထမဆုံး ပြေးလာကာ မေးလိုက်သည်။
"ဆရာမ ကီးလ်က ငါ့ရဲ့ မွေးရာပါ မှော်ပါရမီ
ကို ထုတ်ပြခိုင်းလို့ ပြလိုက်တာပါ"
"မွေးရာပါ ပါရမီမှော်"
ဟုတ်လား??"
အီဂေးလ်က ယု ကို မယုံဟန် ဖြင့်ကြည့်လိုက်သည်။ အီဂေးလ်ရဲ့ အသိအရ မွေးရာပါ ပါရမီမှော်ဆိုတာ လူတိုင်း ရှိနိုင်တဲ့ အရာမဟုတ်ပါဘူး။ ပထမဆုံး အရည်အချင်းပြည့်မီတဲ့ မှော်ဆရာဖြစ်ရမယ်၊ ဒုတိယအနေနဲ့ သင့်တော်တဲ့ လေ့ကျင့်မှုတွေနဲ့ မှော်အသိနိုးကြားမှု ဖြစ်ပေါ်စေမယ့် အခွင့်အရေးရှိရမယ်။ ပြောရရင် လွယ်သယောင်ရှိပေမဲ့ လက်တွေ့မှာတော့ နှစ်နဲ့ချီပြီး ကြာမြင့်သည့် အရာ ဖြစ်သည်။
ဒါပေမဲ့ မွေးကတည်းက တတ်မြောက်လာသူတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုလူမျိုးက အလွန်ရှားပါးလွန်းလှပါတယ်။ အီဂေးလ်ကိုယ်တိုင်လည်း မှော်ပညာမှာ ပါရမီသိပ်မပါတာကြောင့် ဒီအကြောင်းအရာတွေကို သိပ်တော့ နားမလည်ပေ။
"ယု မှာ က ဘယ်လို မှော်ပါရမီ မျိုး ရှိနေတာလဲ??"
ထိုစဉ်မှာပဲ နူးညံ့တဲ့ အသံလေးတစ်ခု ယုရဲ့ နားထဲကို စီးဝင်လာပါတယ်။ ယု တစ်ယောက် အိုင်းရှာ ကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ အချစ်ရည် ရွန်းတဲ့ မျက်၀န်း တွေနဲ့ ကြည့်လိုက်ရင်း ဖြေလိုက်သည်။
“နှာဘူးကောင်...”
အီဂေးလ် က ယု ရဲ့ ပုံစံကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ကျိန်ဆဲလိုက်မိသည်။
"ငါ့ရဲ့ မွေးရာပါ ပါရမီမှော်က 'သားရဲထိန်းချုပ်သူ' လို့ ခေါ်တယ်။ ဘယ်လိုဆင့်ခေါ်သတ္တဝါကိုမဆို ငါ့အမိန့်အောက် ရောက်သွားစေတဲ့ မှော်ပေါ့"
"ဟင်?? အဲ့ဒီလိုမှော်မျိုး တကယ်ရှိတာလား?"
ယု ရဲ့ ဖောရှော အဖြေကို ကြားလိုက်ရတဲ့ အိုင်းရှာ့ ကတော့ မျက်လုံးလေးအဝိုင်းသား ဖြင့် အံ့ဩတကြီး ဖြစ်သွားရှာသည်။
"ဪ... ဒါကြောင့် အဲ့ဒီနေ့က မီးတောက်ကျားကြီးက ဒီလောက် လိမ္မာနေတာကိုး..."
အီဂေးလ်က မီးတောက်ကျားကြီးရဲ့ ချစ်စရာကောင်းတဲ့ ပုံစံကို ပြန်တွေးမိပြီး ၀င်ပြောလိုက်သည်။
"သားရဲထိန်းချုပ်သူ ဟုတ်လား?? မင်းမှာ အဲ့ဒီလိုမှော်ရှိနေရင် မင်း အခုထိ လက်တွေ့အတန်းတွေမှာ လိမ်ညာပြီး အောင်မြင်ခဲ့တာပေါ့ ဟုတ်လား?"
ဒါပေမဲ့ အဲ့ဒီအချိန်မှာ ဘေးကနေ နားထောင်နေတဲ့ ကိုင်လ် ကတော့ မျက်မှောင်ကြုတ်ပြီး နားမလည်သလို ဟန်ဆောင်ကာ ယု ကို မေးလိုက်သည်။
ကိုင်လ်ရဲ့ စကားတွေက တခြားကျောင်းသားတွေရဲ့ စိတ်ကို ဆွပေးလိုက်သလို ဖြစ်သွားကာ မကျေမနပ် သံတွေ ထွက်လာတော့သည်။
"ဟုတ်သားပဲ! အဲ့ဒီလိုဆိုရင် ဒါက မတရားဘူးပေါ့"
"အတိအကျပဲ! မင်းမှာ ဆင့်ခေါ်သားရဲ တွေကို ထိန်းချုပ်နိုင်တဲ့အစွမ်း ရှိရင် ဘာလို့ အစောကြီးကတည်းက မပြောတာလဲ? ဝင်ခွင့်စာမေးပွဲတုန်းက မင်းကြောင့် ငါတို့တွေ သေမတတ် အရိုက်ခံခဲ့ရတာ!"
"ဒီအထူးတန်းမှာ နေနိုင်ဖို့ ငါတို့ ဘယ်လောက် ကြိုးစားခဲ့ရလဲ မင်းသိလား?? တောင့်မခံနိုင်လို့ ထွက်သွားရတဲ့ ကျောင်းသားတိုင်းဟာ အစွမ်းကုန် ကြိုးစားခဲ့ကြတာ။ ဒါပေမဲ့ မင်းကို ကြည့်ဦး၊ မင်းကတော့ အစကတည်းက အိုင်းရှာကို နှာဘူးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး တိုက်ခိုက်မှုတွေ ကို ရှောင်နေခဲ့တာပဲ!"
ကိုင်လ် ပြောလိုက်တဲ့ စကားကြောင့် အတန်းထဲက ကျောင်းသားတွေ ဒေါသ ပေါက်ကွဲကုန်သည်။
"ဟုတ်တယ်!! ဝင်ခွင့်တုန်းကလည်း မင်းက အိုင်းရှာကို နှောင့်ယှက်ဖို့ အခွင့်အရေးရအောင် ဝံပုလွေတွေကို တမင်ထိန်းချုပ်ထားတာ မဟုတ်လား!"
"ဒါပေါ့! ကျောင်းတက်တဲ့ ပထမဆုံးနေ့ကတည်းက မင်းရဲ့ မျက်နှာက နှာဘူးရုပ် ပေါက်နေတာ။ မင်းက ဒီအတန်းနဲ့ လုံးဝ မထိုက်တန်ဘူး!"
"သားရဲထိန်းချုပ်သူ? အဲ့ဒါက တော်တော်အစွမ်းထက်တဲ့ မွေးရာပါ မှော်ပါရမီ မလား?
“ မင်း ကျောင်းရဲ့ အကူအညီနဲ့ နောက်ပေါက်ကနေ ဝင်လာတာမလား?? မဟုတ်ရင် မင်းလို အသုံးမကျတဲ့ကောင်က ဒီအချိန်အထိ ဘယ်လိုလုပ် ရှိနေမှာလဲ?"
စွပ်စွဲသံတွေက တရစပ် ထွက်ပေါ်လာတော့သည်။
"နင်တို့ ပြောလို့ ပြီးကြပြီလား!! နင်တို့အားလုံးက ယု မှာ ဒီလိုမှော်အစွမ်းရှိလို့ မနာလိုဖြစ်နေကြတာ မဟုတ်လား!"
ယု ရဲ့ ဘေးမှာ ရပ်နေတဲ့ အီဂေးလ်က ဒီလိုဆဲဆိုသံတွေကို သည်းမခံနိုင်တော့ဘဲ ပြန်အော်လိုက်တာကြောင့် ပွက်လောရိုက် နေတဲ့ လူအုပ်ကြီး ခဏငြိမ်ကျသွားတော့သည်။
"အားလုံး စိတ်အေးအေးထားကြပါဦး။ မွေးရာပါမှော်ပါရမီ ဆိုတာ တတ်မြောက်ဖို့တောင်မှ တကယ်ကို ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လိုအပ်တာပါ"
အိုင်းရှာကတော့ လူတွေကြားထဲ စကားပြောရတာ ရှက်ရွံ့ ဟန်ဖြင့် အသံ တိုးတိုးလေး ဖြင့် ယု ကို ကာကွယ်ပြောပေးလိုက်သည်။
အိုင်းရှာက ယု ဘက်ကနေ ကာကွယ်ပြောပေးတာကို မြင်လိုက်ရတော့ ကိုင်လ်ရဲ့ စိတ်ထဲမှာ မနာလိုမှု မီးလျှံတွေ ဟုန်းဟုန်းတောက်လောင် လာတော့သည်။
ဘာလို့ အိုင်းရှာက သူ့လို ထူးချွန်တဲ့သူကို အဖက်မလုပ်ဘဲ အမှိုက်ကောင်ကို ကူညီနေရတာလဲ?
ကိုင်လ် တစ်ယောက် မကျေနပ်စွာဖြင့် ယု ကို လူကြားထဲ အရှက်ခွဲရန် ဆုံးဖြတ်လိုက်တော့သည်။
"ပြင်းထန်တဲ့ လေ့ကျင့်မှု ဟုတ်လား? အဲ့ဒါဆိုရင် သူက ဒီအစွမ်း ကို မသုံး ဘဲနဲ့လည်း ရန်သူကို အနိုင်ယူနိုင်တယ်လို့ ဆိုလိုတာလား?"
ကိုင်လ် ပြောလိုက်တဲ့ စကားကြောင့် အိုင်းရှာနဲ့ အီဂေးလ်တို့ ယု ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ အစကတည်းက ယု မှော်ပညာ အသုံးပြုတာကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပင်။
"ဒါပေါ့... ငါ တိုက်နိုင်ပါတယ်"
ယုက ပြုံးပြုံးလေးပဲ ပြန်ဖြေလိုက်သည်။
"အဲ့ဒီလိုဆိုရင်တော့... ငါ ကိုင်လ် ဘိုလီလိုက် က မင်းရဲ့ ပြိုင်ဘက် လုပ်ပေးမယ်။ မင်းသာ ငါ့ကို အနိုင်ယူနိုင်ရင် ငါ ဘာမှ ဆက်မပြောတော့ဘူး။ ဒါပေမဲ့ မင်း ရှုံးခဲ့ရင်တော့ မင်းဘာသာမင်း ဒီအတန်းကနေ ထွက်သွားပေးပါ၊ ပြီးတော့ ကြိုးစား ပြီး ထွက်သွား ခဲ့ရတဲ့ သူတွေကို ဒူးထောက်တောင်းပန်ရမယ်!"
ပြောပြီးပြီးချင်း မှာပင် ကိုင်လ်က သူ့ရဲ့ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လေးထောင့်ပုံစံ မှော်အစီအရင်တစ်ခု ဖန်တီးလိုက်သည်။ ဒါဟာ မြင့်မြတ်တဲ့ လက်နက်တွေကို ဆင့်ခေါ်တဲ့အခါမှာ အသုံးပြုတဲ့ “ဟင်းလင်းပြင် ကူးပြောင်းခြင်း” အစီအရင်ပင်ဖြစ်သည်။
လေအေး တစ်ချက် ဝှေ့ယမ်းသွားပြီး နောက် မှော်အစီအရင် ထဲမှ ပြင်းထန်တဲ့ လေစီးကြောင်းများ ပေါ်ထွက်လာသည်။ ထို လေစီးကြောင်းများ ကြားထဲကနေ မြစိမ်းရောင် တဖိတ်ဖိတ် တောက်နေတဲ့ ဓားရှည်တစ်လက်ကို ကိုင်လ် ဟာ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တော့သည်။