အခန်း (၁၇) — မွေးရာပါ ဆွဲဆောင်မှု
လွန်ခဲ့သော ဆယ်မိနစ်ခန့်က
အီဂေးလ်ဟာ သူမရဲ့ ဧရာမ
ပုဆိန်ကြီးကို မြှောက်လိုက်ပြီး မီးတောက်ကျားဆီ အားပြင်းပြင်းနဲ့ ခုတ်ချလိုက်သည်။
အရှိန်တိုးမှော်ကို သုံးထားပေမဲ့ ပုဆိန်က အလွန်လေးလံလှ သော ကြောင့် မီးတောက်ကျားရဲ့ မြန်ဆန်တဲ့ လှုပ်ရှားမှုကို လိုက် မမီနိုင် ဖြစ်နေသည်။
မီးတောက်ကျားက လျင်မြန်စွာ ဘေးကို ရှောင်သွားပြီး ချက်ချင်း ပြန်ခုန်ဝင်လာသည်။
အီဂေးလ် မှာ ရှောင်ဖို့ အချိန် မမှီသဖြင့် ပုဆိန်လက်ကိုင် ရိုးကို ထောင်ပြီး ကျားကြီးရဲ့ ပါးစပ်ကို ခုခံလိုက်သည်။
သို့သော် မီးတောက်ကျား ၏ ပါးစပ်မှ အရှိန်ပြင်းသော မီးလျှံများ ချက်ချင်းပေါက်ကွဲထွက်လာပြီး လက်ကိုင်ကို ကိုက်လိုက်ရာ သံတုတ်ကြီးသည် အပူဒဏ်ကြောင့် အရည်ပျော်သွားပြီး ချက်ချင်း နှစ်ပိုင်း ကျိုးပြတ်သွား တော့သည်။
“သွားပြီ…”
အီဂေးလ်ရဲ့ မျက်နှာ ချက်ချင်း ဖြူစုတ်သွားတော့သည်။
သူမ အားအကိုးရဆုံး လက်နက်ကြီးဟာ
အလွယ်တကူပဲ ဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။
မီးတောက်ကျားက အရှိန် နဲ့ ထပ်မံ ခုန်အုပ်လာပြီး ချွန်ထက် သော သွားများဖြင့် ကိုက်ဖြဲ ရန် ပြင်လ်ုက်သည်။
အီဂေးလ် တစ်ယောက် ဘာမှ မတတ်နိုင်တော့ပဲ မျက်စိကိုသာ စုံမှိတ်လိုက် ကာ အကိုက်ခံရမည် ကို စောင့်မျော် နေလိုက် တော့သည်။
ဒါပေမဲ့—
စက္ကန့်အနည်းငယ် ကြာသည်ထိ ဘာမှ ဖြစ်မလာ သော ကြောင့် အီဂေးလ် ဇဝေဇဝါနဲ့
မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့် မိလိုက်သည်။
သူမ ရှေ့မှာ—
ဆံပင်အနက်ရောင် လူငယ်တစ်ယောက်ရဲ့ ကျောပြင်ကို မြင်လိုက်ရသည်။
“ဒါ… ဒါက ဘယ်လိုဖြစ်တာလဲ…?”
ယု က မီးတောက်ကျားရဲ့ တိုက်ခိုက်မှုကို ဘယ်လိုတားလိုက်သလဲဆိုတာ သူမ မသိပေမဲ့ ကျားကြီးရဲ့ အကြည့် တွေကို ကြည့်ပြီး တစ်ခုခုတော့ ဖြစ်သွားပြီဆိုတာ သူမ ရိပ်မိလိုက်သည်။
တကယ်တော့ ယု ကို မြင်တာ နဲ့ မီးတောက်ကျားဟာ တိုက်ခိုက်မှုကို အလိုလို ရပ်တန့်လိုက်တာပါ။ ဆင့်ခေါ်သတ္တဝါတစ်ကောင်အနေနဲ့ ယု ဆီ က "သေမင်းတမျှ ကြောက်စရာကောင်းတဲ့ အငွေ့အသက်"
ကို အလိုလို အာရုံခံမိလိုက်တာကြောင့် ပင်ဖြစ်သည်။
“ငါကတော့ မိန်းကလေးလှလှလေးတွေ ငမ်းနေရမယ့်အချိန်ကို စာကူးပြီး အချိန်မဖြုန်းချင်ဘူး နော်”
ယုက မီးတောက်ကျားကို စိုက်ကြည့်ရင်း ဖိအား အနည်းငယ် ထုတ်လွှတ်ကာ ပြောလိုက်သည်။လူသား တွေ အတွက် မသိသာပေ မယ့် မီးတောက်ကျားအတွက်တော့ ဒီဖိအားဟာ စိတ် ဝိညာဉ်ကိုတောင် တုန်လှုပ်စေသည့် အထိ ပြင်းထန်နေတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ မီးတောက်ကျားဟာ သူ့ဘဝအတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက် တော့သည်။
“မြောင်~~~~”
သာမန်ဆင့်ခေါ်သတ္တဝါတွေထဲမှာ ဘုရင်တစ်ဆူလို နေခဲ့တဲ့ မီးတောက်ကျားကြီးဟာ အခုတော့ ယုရဲ့ရှေ့မှာ ပက်လက်လှန်ပြီး သူ့ရဲ့ ဝမ်းဗိုက်ဖြူဖြူလေးကို ပြကာ ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်လို အသံလေးနဲ့ အော်နေတော့သည်။
“မင်းက အလိုက်သိသားပဲ!”
ယု ရယ်လိုက်ပြီး
ကျားကြီးရဲ့ ဗိုက်ကို ပွတ်ပေးလိုက်သည်။
တကယ်တော့—
ယုလည်း စိတ်ပူနေတာပါ။
သူ့စွမ်းအားတွေကို ချိတ်ပိတ် ထားတာကြောင့် တကယ် တိုက်ခိုက်လိုက်ရင်
ကီးလ် သတိထားမိသွားနိုင် ပေသည်။
“လိမ္မာတယ်~~”
ယု က ကျားရဲ့ မေးစေ့ကို ပွတ်ပေးလိုက်ရင်း ပြောလိုက်သည်။
ကျားဆိုပေမဲ့—
ကြောင်မျိုးနွယ်ပဲ မဟုတ်လား။
ကြောင်ကြီးတစ်ကောင်လို ချွဲနေတဲ့ အခြေအနေကို မြင်လိုက်တဲ့ အီဂေးလ်ကလည်း မနေနိုင်တော့ ပဲ
“ဟို… ငါရော ပွတ်ကြည့်လို့ ရမလား?”
စောစောက ဒေါသကြီးနေတဲ့ အီဂေးလ်ဟာ အခုတော့ ယုရဲ့ အနောက်မှာ ကပ်ပြီး တုန်တုန်ရင်ရင်နဲ့ မေး လိုက်သည်။
“ရပါတယ်…သူ က မကိုက် တတ် ပါဘူး”
“မြောင်~~”
မီးတောက်ကျားက အီဂေးလ်ကို ကြည့်ပြီး ချစ်စရာကောင်းအောင် အော်ပြလိုက် တော့သည်။
ဒါကို မြင်တော့ အီဂေးလ်တစ်ယောက် မထိန်းနိုင်တော့ဘဲ ကျားကြီးရဲ့ ဗိုက်တွေ၊ လည်ပင်းတွေကို ပွတ်သပ်ပေးနေတော့သည်။ ကျားကြီးကလည်း အလိုက်သင့်ပဲ အီဂေးလ်ရဲ့ မျက်နှာကို လျှာနဲ့ ပြန်လျက်ပေးနေ လိုက်သည်။
အခြေအနေက ထူးဆန်းနေတာကြောင့် ကီးလ်တစ်ယောက် သူတို့ဆီ လျှောက်လာရင်း မေးလ်ုက်သည်။
“နင်တို့ ဘာတွေ လုပ်နေကြတာလဲ…”
“ကြောင်... ကြောင် ချော့နေတာပါ ဆရာမ...”
ယုနဲ့ အီဂေးလ်တို့ ချက်ချင်း ထရပ်ကာ ဖြေ လိုက်ပေမဲ့ မီးတောက်ကျားကတော့ သူတို့ ခြေထောက်ကို ပွတ်သပ်ပြီး အမြီးတယမ်းယမ်း လုပ်နေတုန်း
ဖြစ်သည်။
ကီးလ် တစ်ယောက် ဆွံ့အ သွား တော့သည်။
ဒါက မီးတောက်ကျား လေ။
သာမန်ဆင့်ခေါ်သားရဲတွေထဲမှာ အဆင့်မြင့်ဆုံးနဲ့ မာန်မာန အကြီးဆုံး သားရဲတစ်ကောင်။သူ့သခင်ကလွဲပြီး ဘယ်လူသားကိုမှ ဒီလို ချွဲ လိမ့်မည် မဟုတ် ပေ။
“ဆရာမ ကီးလ်… ဒါဆို ကျွန်တော်တို့ အနိုင်ရပြီလား?”
အီဂေးလ်က စိုးရိမ်တကြီး မေးလိုက်ပေမဲ့ သူမရဲ့လက်ကတော့ ကျားကြီးရဲ့ခေါင်းကို ပွတ် နေဆဲ ဖြစ်သည်။
ကီးလ် အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။ကျားကို အနိုင်ယူခိုင်းတာကို ကြောင်တစ်ကောင်လို ယဉ်ပါးအောင် လုပ်လိုက်တာမျိုးက အရင် က မဖြစ်ဖူးခဲ့ပေ။
“ရပါတယ်... ကံကောင်းတာကလည်း စွမ်းရည်တစ်ခုပဲလေ။ မင်းတို့ကို ချစ်တဲ့ မီးတောက်ကျားနဲ့ တွေ့တာ မင်းတို့ ကံကောင်းလို့ပဲလို့ မှတ်လိုက်ပါမယ်။ ဒါပေမဲ့ နက်ဖြန်တော့ ဒီလို ကံကောင်းမှာ မဟုတ်ဘူးနော်”
အီဂေးလ် ယုရဲ့ ပခုံးကို အားရပါးရ ပုတ်ရင်း ပြောလိုက်သည်။
“ဝါး!!! မိုက်တယ် ...နင့်လို နှာဘူးက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး!"
“ဟေး... မိန်းမကြမ်း လေး၊ ငါ့ကို အဲ့ဒီလို မခေါ်နဲ့လို့ ပြောထားတယ်လေ!!”
ချစ်စရာကောင်းတဲ့ မိန်းကလေး တွေ ရှေ့မှာ အဲ့ဒီလို အခေါ်ခံရတာကို ယု တကယ်ကို စိတ်ပျက်မိလေ သည်။
“အေးပါ... အေးပါ! နောက်မခေါ်တော့ဘူး” အီဂေးလ်ကတော့ ပြုံးဖြီးဖြီး လုပ်ကာ ဖြေလိုက်သည်။
“ကဲ… မင်းတို့ အောင်မြင်သွားပြီဆိုတော့
နားချင်ရင် နား၊ လေ့ကျင့်ချင်ရင် လေ့ကျင့်ကြ”
ကီးလ် မီးတောက်ကျားကို ပြန်ပို့ဖို့
မှော်အစွမ်း သုံးတော့မယ့် အချိန်မှာ ..
“ဆရာမ… ဒီကျားကို
ခဏလောက် ဆော့ဖို့ ထား ပေး လို့ ရမလား ဟင်?”
အီဂေးလ် မေးလိုက်သည်။
ကီးလ် ခေါင်းကို ခါလိုက်ပြီး—
“ဟူး… နင်တို့ သဘောရှိသလို လုပ်ကြတော့”
ကီးလ် ဆီကခွင့်ပြုချက် ရတာနှင့်
ယုနဲ့ အီဂေးလ် တို့ဟာ
မီးတောက်ကျားကြီးနဲ့ ပျော်ပျော်ပါးပါး ဆော့ကစား နေလိုက်တော့သည်။