အခန်း (၁၆) — အစွမ်းထက်ဆုံးသူ
ကိုင်လ်ရဲ့ ကိုယ်ထဲကနေ တဖြည်းဖြည်း ထွက်ပေါ်လာတဲ့ စွမ်းအားလှိုင်းကို ခံစားမိလိုက်တဲ့ မီး တောက် ကျား ဟာ စိုက်ကြည့်နေလိုက်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်နေလိုက်သည်။
“တကယ်ပဲ တစ်ယောက်တည်း တိုက်မလို့လား?”
အစောက တိတ်ဆိတ်နေတဲ့ အိုင်းရှာက စိုးရိမ်တကြီး မေးလိုက်သည်။
“စိတ်မပူနဲ့ ညီမလေး... အစ်ကိုကြီး ဘယ်လို ပညာပြမလဲဆိုတာကိုပဲ သေချာကြည့်နေလိုက်!"
ကိုင်လ်က အိုင်းရှာ့ကို ပြုံးပြရင်း ဘ၀င်မြင့် စွာ ပြောလိုက်သည်။
အဲဒီအချိန်မှာ—
မီးတောက်ကျားက ရုတ်တရက်
မြေပြင်ကို ကန်ကာ ကိုင်လ်ဆီကို ခုန်၀င်လာ လေသည်။
ကိုင်လ် ကလည်း လျင်မြန်စွာ ပင် လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး လေဓာတ်အခြေခံမှော်ဖြစ်တဲ့ “လေဓားသွား” နဲ့ တိုက်ခိုက်လိုက်သည်။
ထို အစွမ်းက အခြေခံမှော် ဖြစ်နေသော်လည်း အဆင့်မြင့်မှော်နီးပါးထိ ပြင်းထန်နေလေသည်။
ဒါဟာ ကိုင်လ်တို့ နယ်စားကြီးမျိုးရိုးမှာပဲ ရှိတဲ့ “အတားအဆီးကျော်ဖြတ်ခြင်း” ဆိုတဲ့ မျိုးရိုးလိုက်မှော်အစွမ်းကြောင့် ပင် ဖြစ်သည်။
ထို အစွမ်းသုံးလ်ုက်ပါက ဘယ်လိုအခြေခံမှော် မဆို နောက်ထပ်အဆင့်တစ်ခုကို တိုးတက်သွားနိုင် လေသည်။ ဒါကြောင့်ပဲ ကိုင်လ်တို့ မိသားစုကို လူတိုင်း ကြောက်ရွံ့ကြတာ ဖြစ်သည်။
ပြင်းထန်တဲ့ လေပွေလှိုင်းတွေက မီးတောက်ကျားကို ရိုက်ခတ်သွား တော့သည်။လေဓားသွားတွေကြောင့် မီးတောက်ကျားရဲ့ မာကျောတဲ့ အရေခွံပေါ်မှာ သွေးချင်းချင်းနီတဲ့ ဒဏ်ရာတွေ ဗလပွ ဖြစ်သွား တော့သည်။
မီးတောက်ကျားကလည်း အ လျော့မပေး ပဲ ဘေး ကို ရှောင်လိုက်ကာ ပါးစပ်ထဲကနေ မီးလုံးကြီးတစ်လုံးကို အမြောက်ဆန်လိုမျိုး
ကိုင်လ်ဆီကို ပြန်လည်ပစ်ခတ်လိုက်သည်။
“ကလေး အကွက် တွေပါကွာ!”
ကိုင်လ်က လေထုကို ဖိသိပ်ပြီး မီးလုံးကို လေဗုံးနဲ့ ပြန်လည်ခုခံလိုက်သည်။
မီးလုံးနဲ့ လေဗုံး တိုက်မိတဲ့အချိန်—
ဘုန်း!!
ပေါက်ကွဲသံကြီးနဲ့အတူ
အလင်းတန်းတွေ ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဆရာမ ကီးလ်လည်း ကိုင်လ်ရဲ့ အစွမ်းကို ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေသည်။
ဒါပေမဲ့—
လူတိုင်း အလင်းကြောင့် မျက်စိကျိန်းနေချိန်မှာ
မီးတောက်ကျားက အငိုက်ဖမ်းကာ ကိုင်လ်ကို ခုန်အုပ်လိုက် ကာ မြေပြင်ပေါ် ဖိချလိုက် လေသည်။
စောစောက မီးလုံးက အာရုံလွှဲလိုက်ခြင်း ဖြစ်ပြီး
တကယ့် ရည်ရွယ်ချက်ကအနီးကပ် တိုက်ခိုက်ဖို့ ဖြစ်သည်။
“ကိုင်လ်!”
အိုင်းရှာက ကူညီဖို့ ပြေးလာပေမဲ့ မီးတောက်ကျားက ပိုမြန်နေသည်။
ကျားကြီးကကျားကြီးက ကိုင်လ် ကို မြေပေါ်မှာ ဖိထားပြီး
အနီးကပ် မှုတ်ထုတ်ရန် မီးတောက်တွေ စုစည်းလိုက်သည်။
ကိုင်လ်က အတင်းရုန်းကာ ခုခံမှော်ကို အားကုန် သုံးလိုက်သည်။
နောက်တစ်စက္ကန့်—
ဖူးးး!!
မီးလျှံကြီးက ကိုင်လ်ကို ဝါးမြိုသွား တော့သည်။
အိုင်းရှာဟာ ထိတ်လန့်သွားပြီး ပါးစပ်ကို လက်နဲ့အုပ် လိုက်မိသည်။
ကျောင်းသားအများစုလည်း ကိုင်လ် သေပြီလို့ ထင်နေကြတုန်းမှာ ပင် ....
မီးခိုးတွေ ဖြည်းဖြည်း ပျောက်ကွယ်သွားချိန် မှာပဲ
မျက်နှာမှာ မီးခိုးတွေ စွဲပြီး အင်္ကျီတွေ စုတ်ပြတ်နေတဲ့
ကိုင်လ် ကို တွေ့လိုက်ရသည်။ကိုင်လ် တစ်ယောက် အချိန်မှီ
ခုခံ မှော် ကို ထုတ်ဖော်နိုင်ခဲ့တာကြောင့် အပြင်းအထန် ဒဏ်ရာ မရ ခဲ့ခြင်းဖြစ်သည်။
မီးတောက်ကျား ထပ်ခုန်လာဖို့ ပြင်တဲ့အချိန်မှာပဲ
ကိုင်လ်က အလျင်အမြန် လေဗုံး တစ်ခု ဖန်တီးပြီး ကျားရဲ့ မေးရိုးကို ပင့်ထိုးလိုက် လေသည်။ ဒီတိုက်ခိုက်မှုကြောင့် မီးတောက်ကျားဟာ သူကိုယ်တိုင် ထုတ်လွှတ်လိုက်တဲ့ မီးတောက်တွေကို ပြန်မျိုချမိသွား တော့သည်။
ဒုန်း!
မီးတောက်ကျား ဟာ အတွင်းဒဏ်ရာ အပြင်းထန်ရပြီး မြေပြင်ပေါ် လဲကျသွား တော့သည်။
ကိုင်လ် ဟာ ဂုဏ်ယူစွာဖြင့် အိုင်းရှာဆီကို လျှောက်လာရင်း မေးလိုက်သည်။
“ဘယ်လိုလဲ?”
“ငါနဲ့ အတွဲ ဖြစ်ရတာတော်တော် သက်သာတယ် မဟုတ်လား?”
“အင်း... ဟုတ်...”
အိုက်ရှာ ရဲ့ ရှက်စနိုး ပုံစံလေးကို ကြည့်ပြီး ကိုင်လ် တစ်ယောက် ကျေနပ်နေတုန်း... ကီးလ် ရဲ့ စကားကြောင့် သူ့မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားတော့သည်။
“ကိုင်လ်၊ အိုင်းရှာ”
“မင်းတို့က ဒီစမ်းသပ်မှုကို အောင်မြင်တဲ့
ဒုတိယမြောက် အဖွဲ့ပဲ”
“အခု နားလို့ရပြီ”
ကိုင်လ် ချက်ချင်း မျက်နှာပျက်သွားကာ..
“ဗျာ!?” “ဒုတိယ??”
“မှားနေတာ မဟုတ်ဘူးလား?”
“ဘယ်သူက ကျွန်တော့်ထက် မြန်ဦးမှာလဲ!”
ကိုင်လ် မယုံနိုင်စွာ မေးလိုက်သည်။
“မမှားပါဘူး”
“မင်းတို့က ဒုတိယအဖွဲ့ပဲ”
သူမ လက်ညှိုးနဲ့ ခန်းမတစ်ဖက်ကို ညွှန်ပြလိုက်ရင်း
ပြောလိုက်သည်။
ကီးလ် ညွှန်ပြရာနေရာမှာ တော့
ဧရာမ မီးတောက်ကျားကြီးတစ်ကောင်ဟာ မြေပြင်ပေါ်မှာ ပက်လက်လှန်ပြီး ကြောင်ကလေးတစ်ကောင်လို ခြေလက်တွေ ကားယားနဲ့ အ
ချော့ခံနေလေ သည်။
ထို ကျားကြီးကို ကြောင်တစ်ကောင်လို အသည်းယားပြီး ပွတ်သပ်နေကြသူတွေကတော့... တခြားသူမဟုတ်ပါဘူး။ ယု နဲ့ အီဂေးလ် တို့ နှစ်ယောက် ပင် ဖြစ်သည်။