အခန်း (၁၅) – ငါ့အသင်းဖော်က မိန်းမကြမ်းလေး
မကြာခင်မှာပဲ ကီးလ်က မဲနှိုက်ပြီး ကျောင်းသား ၃၂ ယောက်ကို အဖွဲ့ ၁၆ ဖွဲ့ ခွဲလိုက် တော့သည်။
အဖွဲ့တစ်ဖွဲ့စီမှာ လူနှစ်ယောက်။
သူတို့ရဲ့ တာဝန်ကတော့ သတ်မှတ်ထားတဲ့ မီးတောက်ကျား တစ်ကောင်စီကို ရင်ဆိုင်ရမှာ ဖြစ်သည်။
ယု က သူ့လက်ထဲက မဲလိပ်လေးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားရင်း အိုင်းရှာဘက်ကို လှမ်းကြည့်လိုက်သည်။
ဒါပေမယ့်—ကံဆိုးစွာနဲ့ပဲ.....
အိုင်းရှာလက်ထဲက နံပါတ်က 1။
ယု လက်ထဲက နံပါတ်က တော့ 7 ဖြစ်နေသည်။
“ဘာလဲဟ… ငါ့ကို နောက်နေတာလား!”
သူက မဲလိပ်ကို စိုက်ကြည့်ရင်း နံပါတ် 7 အပေါ်က အလျားလိုက်အစင်းကို လက်မနဲ့ အသည်းအသန် ပွတ်နေလိုက်သည်။
“ဒါ ပျက်သွားရင် 1 ဖြစ်သွားမှာပဲ”
ထိုအချိန်—
ဘေးနားကနေ မိန်းကလေးအသံတစ်သံ ထွက်လာသည်။
“ဟေး… နင် နံပါတ် 7 မဟုတ်လား?”
ယု ခေါင်းမော့ကြည့်လိုက်သည်။
“ဟုတ်တယ်… ဒါပေမယ့် ငါ 1 ဖြစ်အောင် ကြိုးစားနေတုန်းပဲ”
ပြောရင်း နံပါတ်ကို ဆက်ပွတ်နေလိုက်သည်။
မိန်းကလေးက စိတ်မရှည် ဟန်ဖြင့် ပြောလ်ုက်သည်။
“နင် ရူး နေတာလား။ အဲဒါ ပွတ် နေလို့ ဘာထူးမှာလည်း”
“မြန်မြန်လာ။ ငါလည်း နံပါတ် 7 ပဲ”
ယု မော့ကြည့်လိုက်တဲ့အခါ ရန်လိုတဲ့ ပုံစံနဲ့ ပြောနေတဲ့ မိန်းကလေးကို တွေ့လိုက်ရသည်။
သူမက အရပ် သိပ်မရှည်ပေမဲ့ အသားညိုညိုလေးနဲ့ ကိုယ်လုံးကိုယ်ပေါက်က အချိုးအစား ပြေပြစ်လှသည်။ ဆံပင်တိုတိုလေးကို နောက်မှာ မြင်းမြီးပုံစံ စည်းထား ပြီး မျက်လုံးလေးတွေကတော့ တောက်ပ လွန်းလှသည်။
တကယ်တော့—
အပြောအဆိုသာ နည်းနည်းယဉ်ကျေးရင်
ယောက်ျားလေးတွေ ဝိုင်း၀ိုင်း လည်နေမည့် ပုံမျိုး ဖြစ်သည်။
အခုကြည့်ရတာတော့ ဘယ်လိုကြည့်ကြည့် ဒေါသကြီးပြီး ကြမ်းရမ်းမယ့် မိန်းကလေးမျိုး။ဒါကို တွေးမိလိုက်တာနဲ့ ယုရဲ့ မျက်လုံးတွေက အသက်မဲ့သွားပြီး မျှော်လင့်ချက် ကုန်ဆုံးသလို ဖြစ်သွား တော့သည်။
“ဟူး…”
ယု ဟာ ပခုံးလေးတွန့်ကာ သက်ပြင်း ချရင်းမိန်းကလေးရှိရာဘက်ကို လျှောက်သွားလိုက်သည်။
ယု ရဲ့ မျက်နှာပေးကို မြင်တော့ ထိုမိန်းကလေးက ချက်ချင်းပဲ ဒေါသထွက်ရင်း အော်လိုက် သည်။
“ဘာလဲ! ဘာကို သက်ပြင်းချနေတာ?”
“နင်လို နှာဘူး နဲ့ အဖွဲ့ကျတာ ငါကံဆိုးတာပဲ!”
“အိုင်းရှာမဟုတ်ရင်တောင်…”
“အနည်းဆုံး ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်တော့ ဖြစ်သင့်တာပေါ့”
“ဒါပေမယ့် အခုတော့ ဒီလို အကြမ်းပတမ်းမကြီးနဲ့မှ...”” ယု က မျက်နှာပျက်ပျက်နဲ့ ပြန်ပြော နေရင်း စကားမဆုံးခင် မှာပင်....
ဝှီး!
ကြီးမားတဲ့ ပုဆိန်ကြီးတစ်လက်က သူ့နှာဖျားနဲ့ တစ်စင်တီမီတာတောင် မကွာတဲ့ နေရာကနေ ဝှေ့ယမ်းဖြတ်သန်းသွားပြီး မြေပြင်ပေါ်ကို အရှိန်နဲ့ စိုက်ဝင်သွား လေသည်။
“ဆောရီးနော်”
“လက်ချော်သွားတာ”
ထိုမိန်းကလေးက ယူအိချိကို အရမ်းကို “ရင်းနှီးဖော်ရွေတဲ့” အပြုံးမျိုးနဲ့ ပြုံးပြရင်း ပြောလ်ုက်သည်။
“ဆရာမ ကီးလ်!! ကျွန်တော် အဖွဲ့ပြောင်းချင်ပါတယ်။ သူနဲ့ အတူနေရတာ ကျွန်တော့်အသက် အန္တရာယ်ရှိတယ်လို့ ခံစားနေရလို့ပါ”
ယု က ချက်ချင်း လက်ညှိုးထောင်ပြီး ကီးလ်ကို အော်ပြောလိုက် သည်။
“ကျွန်မလည်း အဖွဲ့ပြောင်းချင်ပါတယ်။ အမြဲတမ်း မိန်းမရူးနေတဲ့ ဒီလို အသုံးမကျတဲ့သူက ကျွန်မကို အနှောင့်အယှက်ပဲ ပေးမှာ”
ဝင်ခွင့်စာမေးပွဲတုန်းက အိုင်းရှာ ကို ကိုင်ခဲ့တဲ့ ကိစ္စရော၊ အတန်းချိန် မှာ ကြောင်တောင်တောင် မျက်နှာပေး နဲ့ ယု ပုံစံ တွေကြောင့်
အတန်းထဲက မိန်းကလေးတွေက သူ့ကို စိတ်ပျက် ရွံရှာ နေကြတာ ဖြစ်သည်။
“ခွင့်မပြုဘူး။ ကိုယ်နဲ့ အဆင်မပြေတဲ့သူနဲ့ အတူတူ အလုပ်လုပ်ရတာဟာ လိုအပ်တဲ့ စမ်းသပ်မှုတစ်ခုပဲ။ မင်းတို့တွေ ဆက်ပြီး ငြင်းခုံနေဦးမယ်ဆိုရင် ပြစ်ဒဏ်အနေနဲ့ စာကူးခိုင်းရလိမ့်မယ်”
ကီးလ်က သူတို့နှစ်ယောက်လုံးရဲ့ တောင်းဆိုမှုကို ခြွင်းချက် မရှိ ငြင်းပယ်လိုက်သည်။
“တောက်!!! နင်လို နှာခေါင်းသွေးထွက်အောင် နှာဘူးထနေတဲ့ ကောင်... နင့်ဘာသာနင် ဒီအတိုင်း ရပ်နေလိုက်။ ငါ အီဂေးလ် ဒီမီးတောက်ကျားကို တစ်ယောက်တည်း အနိုင်ယူပြမယ်။ ငါ့လမ်းကို လာမရှုပ် ရင်ရပြီ”
ပြောရင်းနဲ့ အီဂေးလ်ဟာ သူမရဲ့ ပုဆိန်ကြီးကို မြှောက်ပြီး လေဓာတ်အခြေခံမှော် — “လေလှိုင်းအသက်ရှူသံ” အစွမ်းကို သုံးလိုက်သည်။
သူမ၏ ခြေထောက်အောက်တွင် အစိမ်းရောင် လေဓာတ် မှော်အရှိန်အဝါ များ ပေါ်ထွက်လာပြီးနောက်
လေစီးကြောင်းများက သူမ၏ အရှိန်ကို ချက်ချင်း မြှင့်တင်ပေးလိုက်သည်။
ထို့နောက် အီဂေးလ် က မြန်ဆန်တဲ့ အရှိန်နဲ့ မီးတောက် ကျားကြီးဆီကို ဝုန်းခနဲ ပြေးဝင်သွားလိုက်တော့သည်။
အီဂေးလ်ကို မြင်သည့်အချိန်တွင်
အေးအေးဆေးဆေး ထိုင်နေခဲ့သည့် မီးတောက်ကျားလည်း
ချက်ချင်း မျက်လုံးဖွင့်၍
တိုက်ခိုက်ရန် အသင့်အနေအထားသို့ ပြောင်းလဲလိုက်သည်။
ယု ကတော့ စိတ်ပျက်လက်ပျက် ဖြင့် ဘေးမှာရပ်နေရင်း ခန်းမထဲမှာ အိုင်းရှာကို လိုက်ရှာနေ လိုက်သည်။
အီဂေးလ်နဲ့ မီးတောက်ကျားတို့ တိုက်ခိုက်နေချိန် ခန်းမရဲ့ တစ်ဖက်မှာတော့ ယု လိုက်ရှာ နေတဲ့ အိုင်းရှာဟာ တိုက်ဆိုင်စွာပင် ကိုင်လ် နဲ့ အတွဲကျနေ လေသည်။
အိုင်းရှာ ကို စိတ်၀င်စားနေသည့် ကိုင်လ် က တော့ အလွန်ဝမ်းမြောက်နေသည်။
“လှပတဲ့ မင်းသမီးလေး အိုင်းရှာ”
“မင်းနဲ့ အဖွဲ့ကျရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ” ကိုင်လ်က မျိုးရိုးမြင့်သူတစ်ယောက်ရဲ့ အမူအရာအတိုင်း အိုင်းရှာကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
အိုင်းရှာကတော့ ပုံမှန် သူစိမ်း ယောက်ျားလေးတွေနဲ့ စကားပြောလေ့ မရှိတဲ့ အတွက် ပြန် မပြောပဲ နှုတ်ဆိတ် နေ လေသည်။
ကိုင်
လ်ကတော့ အိုင်းရှာ တစ်ယောက် ရှက်လို့ စကားမပြောနိုင်တာလို့ ထင်ကာ ၀င့်ကြွားစွာဖြင့် မှော်စွမ်းအင်များကို စုစည်း
နေရင်း သူ့ရဲ့ အစွမ်းတွေကို ပြသဖို့ ဟန်ပြင် နေတော့သည်။